ads

Slider[Style1]

Style2

Style3[OneLeft]

Style3[OneRight]

Style4

Style5

ရခိုင်ပြည်နယ် ဒုက္ခသည် ကျန်းမာရေး MSF စိုးရိမ်

ရခိုင်ပြည်နယ် ဒုက္ခသည် ကျန်းမာရေး MSF စိုးရိမ်
29 May 2013

ကိုသားညွန့်ဦး

မြန်မာနိုင်ငံ အနောက်ခြမ်း ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ခဲ့တဲ့ လူမှုအသိုင်းအ၀ိုင်း နှစ်ခုကို ခွဲခြားထားတဲ့ မူဝါဒကြောင့်၊ မူဆလင် လူမှုအသိုင်းအ၀ိုင်းတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှု အားနည်းလာပြီး ထိခိုက်မှုတွေ ရှိလာနေတယ်လို့ MSF နယ်ခြားမဲ့ ဆရာဝန်များအဖွဲ့က ထုတ်ပြန်ပါတယ်။
MSF မြန်မာဌာနေအဖွဲ့ဟာ အဲ့ဒီဒုက္ခသည်တွေကို အကူအညီ ပေးလျက်ရှိရာမှာ၊ သူတို့ ကြုံတွေ့ သိမြင်ရတဲ့ အခြေအနေတွေအပေါ်မှာ အခုလို ထုတ်ပြန် ပြောဆိုတာ ဖြစ်ပါတယ်။ ဒီသတင်း အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြထားပါတယ်။
MSF အဖွဲ့အနေနဲ့ မကြာသေးခင်က ပဋိပက္ခတွေကြောင့် တိမ်းရှောင်နေရတဲ့ ဒုက္ခသည်စခန်းတွေနဲ့ ပဋိပက္ခဖြစ်ခဲ့တဲ့ ဒေသတွေကို သွားရောက်ခဲ့ပြီး၊ သူတို့ တွေ့ရှိချက်တွေအရ အဲ့ဒီမှာ ကျေးရွာအချို့ဟာ ကျန်းမာရေး စောင့်ရှောက်မှု အပါအ၀င် အခြေခံ ၀န်ဆောင်မှုတွေ ဖြတ်တောက်ထား ခံရသလိုဖြစ်ပြီး၊ ကျေးရွာတွင်းနေ ပြည်သူတွေကိုလည်း သွားရေး လာရေးကအစ ပိတ်ပင်မှုတွေ ဖြစ်နေတယ်ဆိုတာကို တွေ့ရှိရတယ်လို့ MSF က ထုတ်ပြန်ထားပါ။
အာဏာပိုင်တွေဘက်က သွားရေးလာရေး တားမြစ်ကန့်သတ်မှုတွေ ရှိသလို၊ အချို့ကလည်း သူတို့ ကိုယ်တိုင် အပြင်ထွက် သွားလာဖို့ စိုးရိမ်ကြောက်လန့် နေကြတယ်လို့ MSF က ပြောပါတယ်။
943446_512603925456075_1276372075_n
ဒီအခြေအနေဟာ ကျန်းမာရေး အခြေအနေအပေါ်မှာပါ သက်ရောက်မှုတွေ ရှိလာတယ်လို့ MSF ရန်ကုန်ရုံးက ဒုတိယအကြီးအကဲ ဗစ်ကီ ဟော့ကင်း (Vickie Hawkins) က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။
“ဒီမူဝါဒကြောင့် ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်တွေကို ထိခိုက် သက်ရောက်တဲ့အပေါ်မှာ ကျမတို့ စိုးရိမ်ပူပင်မိပါတယ်။ အားလုံးသိတဲ့အတိုင်း ပဋိပက္ခကြောင့် ရခိုင်ပြည်နယ်တွင်းမှာ ထွက်ပြေး တိမ်းရှောင်နေရတဲ့ ဒုက္ခသည်တွေဟာ ၁ သိန်း ၄ သောင်းလောက် ခန့်မှန်းချေ ရှိပါတယ်။ ဒီလို ဒုက္ခသည်တွေအပြင် သွားလာမရအောင် ကျေးရွာတွေမှာ ပိတ်ခံထားရတဲ့ လူတွေလည်း ရှိပါတယ်။ သူတို့ဟာ ပြီးခဲ့တဲ့ ဇွန်လကတည်းကဆိုရင် အခြေခံ လိုအပ်ချက် ၀န်ဆောင်မှုတွေ မရကြတော့ပါဘူး။ ဒါဟာ ကျန်းမာရေးအတွက် စိုးရိမ်စရာ အခြေအနေပါ။ သားဖွားဆရာမတွေ မရတော့သလို ဆေးရုံ ဆေးခန်းတွေကိုလည်း သွားလို့ မရ ဖြစ်နေပါတယ်။ အထူးသဖြင့်တော့ အရေးပေါ် အခြေအနေမှာ မြို့နယ်ဆေးရုံတွေကိုပါ ဆက်သွယ်လို့မရတော့တာပါ။”
မြန်မာအစိုးရအနေနဲ့ ဒုက္ခသည်စခန်းတွေကို အကူအညီပေးရေး ကိစ္စတွေမှာ နိုင်ငံတကာကို ခွင့်ပြုထားသလို၊ နိုင်ငံတကာကလည်း ဒုက္ခသည်စခန်းတွေကို ပိုပြီး အာရုံထားကြတယ်လို့ MSF က ပြောပါတယ်။
အိမ်တွေ ပျက်စီးပြီး မိသားစု ဘ၀အခြေအနေတွေ ယိမ်းယိုင်ခဲ့တဲ့ ဒီဒုက္ခသည်တွေကို ကူညီဖို့ ပိုပြီး စိတ်ဝင်စားတာလည်း သဘာဝကျတယ်လို့ ပြောပါတယ်။ ဒါပေမဲ့လည်း ဒုက္ခသည်စခန်းတွေ အတွင်းမှာ မဟုတ်ဘဲ၊ အပြင်ဘက် ကျေးရွာတွေမှာ သွားလာမရ ပိတ်မိနေတဲ့ လူတွေမှာလည်း လိုအပ်ချက်တွေ ရှိနေတယ်ဆိုတာကို သတိ မပြုမိကြဘူးလို့ ဗစ်ကီ ဟော့ကင်း (Vickie Hawkins) က ဗွီအိုအေကို ပြောပါတယ်။
“ဒီဒုက္ခသည်တွေအတွက် အကူအညီတွေ လိုအပ်နေတယ်ဆိုတာကတော့ သံသယ ဖြစ်စရာကို မရှိပါဘူး။ ဒါပေမဲ့ ဒုက္ခသည်တွေအပြင် စခန်းတွေမှာ မဟုတ်တဲ့ ဒုက္ခတွေ့နေသူ အတော်များများ ရှိပါသေးတယ်။ အတော်များများက အဲ့ဒီ ဒုက္ခသည်စခန်းတွေကို ပိုပြီး အာရုံထားကြပါတယ်။ ဒါကြောင့် စခန်းတွေမှာရှိတဲ့ ဒုက္ခသည်တွေအပြင်၊ စခန်းမှာမဟုတ်ဘဲ ကျေးရွာတွေမှာ ပိတ်မိနေသူတွေကိုလည်း အာရုံထားကြဖို့ အရေးကြီးပါတယ်။ ဒီလူတွေအနေနဲ့ လုံခြုံရေးကြောင့် ဆိုပြီးတော့ မြို့နယ်ဆေးရုံ ဆေးခန်းတွေကို သွားရောက်ခွင့် မရဘူးဆိုရင်၊ အဲ့ဒီအစား ကျန်းမာရေး စောင့်ရှောက်မှုတွေ ဘယ်လို ပေးမလဲဆိုတာ အဖြေထုတ်ဖို့ လိုပါတယ်။”
စစ်တွေမြို့အပြင်ဘက်မှာတင် ဒုက္ခသည်မဟုတ်ဘဲ ကျေးရွာတွေမှာ ပိတ်မိနေတဲ့ မူဆလင် ၁ သိန်း ၂ သောင်းလောက် ရှိမယ်လို့ MSF က ခန့်မှန်းပါတယ်။ သူတို့အခြေအနေဟာ ဆိုးဆိုးရွားရွား ဖြစ်နေပြီး၊ ပြီးခဲ့တဲ့ ရက်ပိုင်း လပိုင်းတွေအတွင်း မြို့နယ်ပြည်သူ့ဆေးရုံကို မပို့နိုင်လို့ ရွာထဲမှာပဲ သေဆုံးခဲ့ရသူတွေလည်း ရှိခဲ့တယ်လို့ MSF က ထုတ်ပြန်ပါတယ်။
တချိန်တည်းမှာပဲ မိုးရာသီ ၀င်လာပြီမို့ ရောဂါဘယတွေနဲ့ အဟာရ ချို့တဲ့မှုတွေ တိုးများ ဖြစ်လာနိုင်ချေ အပေါ်မှာလည်း စိုးရိမ်စရာ ရှိတယ်လို့ MSF ရန်ကုန်ရုံး ဒုတိယအကြီးအကဲ ဗစ်ကီ ဟော့ကင်း (Vickie Hawkins) က ဗွီအိုအေကို ပြောပါတယ်။
“အခုဆိုရင် မိုးရာသီက စလာပါပြီ။ မိုးနဲနဲ စ ရွာတာကြောင့် ဒုက္ခသည်စခန်းတွေမှာ အပျက်အစီး အချို့ ရှိလာပါပြီ။ မကြာသေးခင်က အပူပိုင်း မုန်တိုင်းကြောင့် ရေလွှမ်းမိုးမှု အချို့လည်း ရှိပါတယ်။ ဒီလို ရာသီဥတု ဆိုးလာတာကြောင့် ကျန်းမာရေး အခြေအနေတွေအပေါ်မှာ ထိခိုက် သက်ရောက်မှု ရှိလာပါတယ်။ အခုဆို ၀မ်းရောဂါတွေ ဖြစ်လာတာကို တွေ့နေရပါပြီ။ ဒါ့အပြင် ကူးစက်ရောဂါတွေ ဖြစ်လာမှာကိုလည်း စိုးရိမ်မိပါတယ်။ အဟာရဓာတ် ချို့တဲ့မှုတွေ ဖြစ်လာနိုင်တာကိုလည်း စိုးရိမ်စရာရှိပါတယ်။”
MSF နယ်စည်းမခြား ဆရာဝန်များအဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်ထဲမှာ ဟိုး ဆယ်စုနှစ်တွေကတည်းက ကျန်းမာရေး အကူအညီပေးရေး လုပ်ငန်းတွေကို လုပ်ကိုင်ခဲ့ပြီး၊ အထူးသဖြင့်တော့ HIV/AIDS၊ TB အဆုတ်နာရောဂါ၊ ငှက်ဖျားရောဂါ ကုသရေးနဲ့ ကိုယ်ဝန်ဆောင် သားဖွားလုပ်ငန်းတွေကို အဓိကထား ကူညီဆောင်ရွက်ခဲ့တာပါ။
ဒါကြောင့်လည်း ပြီးခဲ့တဲ့ တစ်နှစ်ကျော်က လူမျိုးရေး အကြမ်းပဋိပက္ခတွေကြောင့် ရခိုင်ပြည်နယ်အတွင်းက အဲ့ဒီလို သူတို့ အလေးထားလုပ်ဆောင်နေတဲ့ ကျန်းမာရေးကိစ္စတွေမှာ ထိခိုက်သက်ရောက်မှုတွေ တွေ့လာရတယ်ဆိုပြီး ဒီကနေ့ပဲ ကြေညာထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ဗီအိုအေ မြန်မာ မှကူးယူဖေါ်ပြသည်။
ဖေါ်ပြပါပုံမှာ ရိုက်တာ သတင်းဌာနက ဖေါ်ပြထားသည့် ကိုဝန်ဆော်င် ရိုပာင်ဂျာ အမျိုးသမီး ရိုမာဟတ်သူး ပုံဖြစ်ပါသည်။အကျယ်ကို မြန်မာမွတ်စလင်မ်မီဒီယာတွင် ဖေါ်ပြထားသည့်
သောင်မတင်ရေမကျ မြန်မာမွတ်စလင်ဘ၀ ဆောင်းပါးတွင်ဖတ်ရှု့နိင်ပါသည်။

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ နယ်စပ်ရှိ ဒုက္ခသည်များ အတွက် မုန်တိုင်းအန္တရာယ် စိုးရိမ်နေရဆဲ ဖြစ်ကြောင်း UN သတိပေး


ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ နယ်စပ်ရှိ ဒုက္ခသည်များ အတွက် မုန်တိုင်းအန္တရာယ် စိုးရိမ်နေရဆဲ ဖြစ်ကြောင်း UN သတိပေး


ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ နယ်စပ်ရှိ ဒုက္ခသည်များ အတွက် မုန်တိုင်းအန္တရာယ် စိုးရိမ်နေရဆဲ ဖြစ်ကြောင်း UN သတိပေး

16 May 2013
သတင်း (ဘာသာပြန်)- စိုင်ဖုလ္လာဟ် – မူရင်း – AFP
စစ်တွေ။ ။ ကုလသမဂ္ဂ၏အဆိုအရ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာကမ်းရိုးတန်းဒေသရှိ မြေနိမ့်ပိုင်းများတွင် ဆိုင်ကလုန်းမုန်တိုင်း၏ ထိခိုက်လာမည့် အန္တရာယ် နည်းပါးသော်လည်း ၈ သန်းကျော်သော ဒေသခံပြည်သူများအတွက် စိုးရိမ်ဖွယ်ရာ ပြဿနာတစ်ရပ်ဖြစ်လျက်ရှိသည်။
ဆိုင်ကလုန်းမဟာဆန်သည် ဘင်္ဂလားပင်လယ်အော်ကို ဖြတ်သန်းပြီး အရှေ့မြောက်အရပ်သို့ဦးတည် ရွေ့လျားကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့တွင် သောကြာနေ့ မနက်ပိုင်း၌ မြေပြိုမှုများ ဖြစ်ပေါ်နိုင်ကြောင်း၊ အလားတူ မြန်မာဘက် ရခိုင်ပြည်နယ်တွင်လည်း မုန်တိုင်း၏ အပြင်းထန်ဆုံး အခြေအနေကို ရင်ဆိုင်ရဖွယ်ရှိကြောင်း ကုလသမဂ္ဂက ခန့်မှန်းထားသည်။
“ဆိုင်ကလုန်းမုန်တိုင်းအခြေအနေက အားနည်းသွားဖွယ်ရှိပါတယ်၊ ဆိုင်ကလုန်းအဆင့်(၁)ကို ကျဆင်းသွားပါပြီ”ဟု ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OCHA)က ကြေညာချက်တွင် ဖော်ပြထားသည်။
သို့သော် အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက်၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနယ်စပ်ရှိ ပြည်သူပေါင်း ၈.၂ သန်းကျော်အတွက် အသက်အန္တရာယ် ခြိမ်းခြောက်မှုများ ကျန်ရှိနေသေးကြောင်း၊ ဘင်္ဂလားဒေ့ရှ် စစ်တကောင်းနှင့် ကော့ဘဇားတို့တွင် ဒီရေတက်ခြင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းတို့ကို ဆိုးဆိုး ၀ါးဝါး တွေ့ကြုံနိုင်ကြောင်း သတိပေးထားသည်။
ကမ်းရိုးတန်းဒေသဖြစ်သော ကော့ဘဇားခရိုင်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ခိုလှုံနေသော ရိုဟင်ဂျာဒုက္ခသည် ၃ သိန်းကျော်တို့၏ ဒုက္ခသည်စခန်းများ တည်ရှိသည်။ ဆေးဝါးကူညီရေးအဖွဲ့ ၁၁၃ ဖွဲ့ကို တပ်လှန့်ဆော်သြထားပြီး အစိုးရ၀န်ထမ်းအားလုံးကိုလည်း ခွင့်ယူခွင့်ပိတ်ပင်ထား ခဲ့ကြောင်း ဒေသခံ အရာရှိများက ပြောကြားသည်။
“ဆိုင်ကလုန်းမုန်တိုင်းကို ရင်ဆိုင်ဖို့ ကျွန်တော်တို့ အားလုံး ပြင်ဆင်ထားပါတယ်”ဟု ကော့ဘဇားရှိ ရိုဟင်ဂျာဒုက္ခသည်စခန်း၌ တာဝန် ထမ်းဆောင်နေသော အစိုးရတရားသူကြီး ဖြစ်သူ မုဟမ္မဒ်ကန်ရုဇမန်းက AFP အား ပြောကြားသည်။
“တရားဝင် ရိုဟင်ဂျာ ဒုက္ခသည်တွေကိုရော၊ တရားမ၀င် ဒုက္ခသည်တွေကိုရော ဆိုင်ကလုန်းနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ကျယ်ကျယ်ပြန့်ပြန့် တပ်လှန့်နှိုးဆော် ထားပါတယ်၊ ပြီးတော့ ရိက္ခာ ခြောက်တွေကိုလည်း စုစည်းသိုလှောင်ထားသလို ဆေးဝါးကူညီရေးအဖွဲ့တွေနဲ့ အရေးပေါ်ကား တွေ စီမံထားပါတယ်၊ နောက်ပြီး မကျန်းမာတဲ့သူတွေနဲ့ ကိုယ်ဝန်သည်အမျိုးသမီးတွေကိုလည်း ဒုက္ခသည် စခန်းတွေကနေ ဆေးရုံကို ရွှေ့ပြောင်းပေးထားပါတယ်”ဟု ၎င်းက ထည့်သွင်း ပြောပြသည်။
ဘင်္ဂလားဒေ့ရှ်အစိုးရအနေနှင့် ကမ်းရိုးတန်းဒေသ ၁၃ ခုလုံး၌ ဆိုက်ကလုန်းနှင့်ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း ဘင်္ဂလားဒေ့ရှ် သဘာဝဘေးအန္တရာယ် ကာကွယ်မှု စီမံကိန်းဝန်ကြီး မဟ်မူးဒ်အလီက သတင်းထောက်များကို ပြောကြားသည်။
ကျွမ်းကျင်သူများ၏အဆိုရ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ရခိုင်ဒေသရှိ အာဏာပိုင်များထက် ဆိုင်ကလုန်းကာကွယ်ရေးအတွက် ကိုင်တွယ်ရာတွင် ပိုမိုကောင်းမွန်စွာ ပြင်ဆင်ထားရှိကြောင်း သိရသည်။
ဆိုင်ကလုန်းမုန်တိုင်းမှ လွတ်မြောက်ရန်ကြိုးစားသော ရိုဟင်ဂျာစက်လှေ တိမ်းမှောက်ပြီးနောက် ၅၈ ဦးပျောက်ဆုံးနေကြောင်း မြန်မာအစိုးရမီဒီယာများက ယမန်နေ့က ပြောကြားသည်။
မြန်မာပြည်၌ ပြီးခဲ့သည့်နှစ်က နှစ်ကြိမ်တိုင်ဖြစ်ပွားခဲ့သော လူပေါင်း ၂၀၀ကျော်သေဆုံးပြီး အိုးအိမ်များစွာ ပျက်ဆီးဆုံးရှုံးစေခဲ့သည့် အကြမ်းဖက်မှုအတွင်း ကိုင်တွယ်ခဲ့သော လုံထိန်း တပ်ဖွဲ့ဝင်များအပေါ် ယုံကြည်မှုကင်းမဲ့ခဲ့သောကြောင့် အခြားရိုဟင်ဂျာများစွာမှာ မိမိတို့ နေရာမှ ရွှေ့ပြောင်းပေးရန် ၀န်လေးနေကြကြောင်း သိရသည်။
အဆိုပါ မငြိမ်သက်မှု အကြမ်းဖက်မှုများတွင် မြန်မာ့လုံထိန်းတပ်ဖွဲ့ဝင်များ ပါဝင်ပတ်သက်ကျူးလွန်ခဲ့ကြောင့် လူ့အခွင့်ရေးအဖွဲ့များက စွပ်စွဲထားသည်။
မြန်မာအစိုးရအနေနှင့် အိုးအိမ်မဲ့ဒုက္ခသည် အနည်းဆုံး ၃၈၀၀၀ ကို မုန်တိုင်းလမ်းကြောင်းပေါ်မှ ရွှေ့ပြောင်းပေးရန် အင်္ဂါနေ့က စီစဉ်ခဲ့သော်လည်း အမှန်တကယ်ရွှေ့ပြောင်းပေးခံရသူ မည်၍မည်မျှ ရှိကြောင်း ရှင်းရှင်းလင်းလင်း မသိရချေ။
မြန်မာ့တပ်မတော်က ဘေးအန္တရာယ်ကျရောက်နိုင်သောသူများအား ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးရာတွင် စည်းရုံးလှုံ့ဆော်ခဲ့သော်လည်း အဆိုပါ ကြိုးပမ်းမှုမှာ အလွန်နောက်ကျနေကြောင်း၊ ယခုနှစ် မုတ်သုံရာသီတွင် ကြုံတွေ့ရနိုင်သော ဘေးအန္တရာယ်မှ လွတ်မြောက်ရန် ဒုက္ခသည် စခန်းများကို ရွှေ့ပြောင်းပေးသင့်ကြောင်း လူ့အခွင့်ရေး ဆော်သြသူများက လနှင့်ချီ၍ သတိပေးပြောဆိုခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မူရင်းသတင်း (AFP)
————–
SITTWE, Myanmar: A cyclone threatening to lash low-lying coastal areas of Bangladesh and Myanmar appears to have weakened, but still poses a risk to more than eight million people, according to the UN.
Cyclone Mahasen is moving northeastwards over the Bay of Bengal and expected to make landfall on Friday morning north of the Bangladeshi city of Chittagong, sparing Myanmar’s Rakhine state from its full fury, the UN said.
“The cyclone does appear to have weakened and it has been downgraded to a category 1 cyclone,” the UN Office for the Coordination of Humanitarian Affairs (OCHA) said in a statement released late on Tuesday.
But it may still bring “life-threatening conditions” for 8.2 million people in northeast India, Bangladesh and Myanmar, it warned, adding Bangladesh’s Chittagong and Cox’s Bazaar areas could face the worst of a tidal surge and heavy rains.
Cox’s Bazaar, a long strip of coastline, is home to ramshackle camps housing many of the estimated 300,000 Rohingya refugees living in Bangladesh.
Local officials said 113 medical teams had been mobilised to deal with the impact of the cyclone and leave had been cancelled for all government employees.
“We’ve made all the preparations to face the cyclone,” Mohammed Kamruzzaman, a government magistrate in charge of a Rohingya refugee camp in Cox’s Bazaar, told AFP.
“We have been using loudspeakers to alert both documented and undocumented Rohingya refugees of the dangers of the cyclone.
“We’ve also stockpiled dry food, kept medical teams and ambulances on stand-by and shifted the sick and pregnant women from the camps to hospitals.”
Bangladesh’s disaster management minister Mahmud Ali told reporters that the government had made “all-out preparations for the cyclone in all 13 coastal districts”.
Experts say Bangladesh is better prepared to handle cyclones than authorities across the border in Rakhine.
Myanmar state media late Tuesday said rescuers were searching for 58 missing Rohingya whose boat capsized after hitting rocks in a coastal waterway after they fled the cyclone’s path to escape to higher ground.
A number of other Rohingya in Myanmar have expressed reluctance to relocate, reflecting deep mistrust of security forces following two outbreaks of violence last year that left about 200 people dead and whole neighbourhoods razed.
Rights groups have accused Myanmar security forces of complicity in the unrest.
OCHA said Myanmar planned to move at least 38,000 internally displaced persons out of the cyclone’s track by Tuesday, but added that it was unclear how many had actually been relocated.
Myanmar’s army has been mobilised to help evacuate those most at risk. But some rights campaigners said the effort had come too late after months of warnings of the danger posed to the camps by this year’s monsoon.
- AFP/xq/fl

ကျွန်တော်တို့ကတော့ ဒီအတိုင်းသေရမှာပါ။ အလ္လာပ်ာကိုပဲ အားကိုးတယ် (မောင်တောမြို့မှ ရိုပာင်ဂျာတစ်ဦး)

ကျွန်တော်တို့ကတော့ ဒီအတိုင်းသေရမှာပါ။ အလ္လာပ်ာကိုပဲ အားကိုးတယ် (မောင်တောမြို့မှ ရိုပာင်ဂျာတစ်ဦး)



ကျွန်တော်တို့ကတော့ ဒီအတိုင်းသေရမှာပါ။ အလ္လာပ်ာကိုပဲ အားကိုးတယ် (မောင်တောမြို့မှ ရိုပာင်ဂျာတစ်ဦး)



MMM

သတင်း – SK (မြန်မာမွတ်စလင်မ်မီဒီယာ)။  ၁၅-ဧပြီ-၂၀၁၃
ရခိုင်မြောက်ပိုင်း စစ်တွေအထက်ဘက်ရှိ ရိုပာင်ဂျာများ အများစုနေထိုင်ရာ မောင်တော နှင့် ဘူးသီးတောင်မြို့များတွင် သက်ဆိုင်ရာ အာဏာပိုင်များက ရခိုင်ဗုဒ္ဓဘာသာများကိုသာ မပာာဆန် မုန်တိုင်းလွတ်သည့် ဘေးကင်း လုံခြုံရာနေရာများသို့ ပြောင်းရွေ့ပေးပြီး အစ္စလာမ် ဘာသာဝင်များကိုမှု ဘေးကင်း လုံခြုံရာသို့ ပြောင်းရွေ့ပေးထားခြင်း မရှိကြောင်းသိရသည်။
“ကျွန်တော်တို့ကတော့ ဒီအတိုင်းသေရမှာပါ။ အလ္လာပ်ာကိုပဲ အားကိုးတယ်၊ ဒီကမောဂ်တွေ (ရခိုင်ဗုဒ္ဓဘာသာဝင်များ) ကိုပဲပြောင်းပေးတာပါ မွတ်စလင်မ်တွေကို ပြောင်းပေးတာမျိုး မရှိပါဘူး ” ပာု မောင်တောမြို့မှ ရိုပာင်ဂျာတစ်ဦးက မြန်မာမွတ်စလင်မ် မီဒီယာသို့ ယမန်နေ့ညတွင် ပြောသည်။
ရခိုင်မြောက်ပိုင်း စစ်တွေရဲ့အထက် မောင်တော ဘူးသီးတောင်အထိ မေလ (၁၄-၁၆)ရက်ကာလ အတွင်း အထူးသတိထားဖို့လိုနေပါတယ်။ Disaster Potential Period လို့ဆိုကြပါစို့။ တစ်နာရီလေတိုက်နှုန်း မိုင်(၁၀၀-၁၁၀)ခန့်နှုန်းနဲ့ ပင်လယ်ပြင်မှာ လှိုင်းအမြင့် (၁၅)ပေခန့် ကမ်းစပ်တွေမှာ မုန်တိုင်း ဒီရေအမြင့် (၅-၇)ပေ ပေးနိုင်တဲ့ မဟာဆန်သူရဲ့ ခရီးစဉ်ဟာ ဒီကာလအတွင်း စစ်တကောင်း-မောင်တောဖက်ကို ချီတက်လာနေမှာ ဖြစ်ပါတယ်” ပာု မိုးဇလ ပညာရှင်ဒေါက်တာ ထွန်းလွင်၏ ဖေ့စ်ဘွတ် စာမျက်နှာတစ်ရပ်တွင် ဖေါ်ပြထားသည်။
“တကယ်လို့ အစိုးရအနေနဲ့ အန္တရာယ်ကျရောက်နိုင်တဲ့ သူတွေကို နေရာပြောင်းရွှေ့ကယ်တင်ဖို့ ပျက်ကွက်ခဲ့မယ်ဆိုရင် ကပ်ဘေးသင့်တဲ့ လူတွေဟာ
သဘာဝကြောင့် ရတဲ့ ဒုက္ခ မဟုတ်တော့ဘဲ လူရဲ့ ပယောဂကြောင့် ဒုက္ခရောက်သူတွေ ဖြစ်သွားပါလိမ့်မယ်” ဟု အာရှ လူ့အခွင့်ရေး စောင့်ကြည့်  လေ့လာရေး အဖွဲ့ ဒါရိုက်တာ ဘရတ်အဒမ်က ပြောကြောင်း ရိုက်တာသတင်း တစ်ရပ်တွင်ဖေါ်ပြထားသည်။
သက်ဆိုင်ရာ အာဏာပိုင်များ၏စီစဉ်ဆောင်ရွက်ပေးမှု မရရှိခဲ့သည့် ပေါက်တောမြို့မှ မုန်တိုင်းရှောင် ရိုဟင်ဂျာ ၁၀၀ ကျော် တင်ဆောင်လာသော စက်လှေတိမ်းမှောက်ခဲ့ပြီး အများစုမှာ ရေနစ်သေဆုံးခဲ့ရပြီးနောက် လူ့အခွင့်အရေး အဖွဲ့များက အထက်ပါ အတိုင်းဝေဖန်ခဲ့ခြင်းဖြစ်သည်။

မုန်တိုင်းဒဏ်မှ ကာကွယ်ရန် မွတ်စလင်တွေကို ဒုက္ခသည် စခန်းမှ ပြောင်းရွှေ့ပေးရေး နိုင်ငံတကာ အဖွဲ့အစည်းများ တိုက်တွန်း



မုန်တိုင်းဒဏ်မှ ကာကွယ်ရန် မွတ်စလင်တွေကို ဒုက္ခသည် စခန်းမှ ပြောင်းရွှေ့ပေးရေး နိုင်ငံတကာ အဖွဲ့အစည်းများ တိုက်တွန်း


မုန်တိုင်းဒဏ်မှ ကာကွယ်ရန် မွတ်စလင်တွေကို ဒုက္ခသည် စခန်းမှ ပြောင်းရွှေ့ပေးရေး နိုင်ငံတကာ အဖွဲ့အစည်းများ တိုက်တွန်း
MMM
ဘန်ကောက် ။မေ ၁၄
စိုင်ဖုလ္လာဟ် (မြန်မာမွတ်စလင်မ်မီဒီယာ) ဘာသာပြန်ဆိုသည်။
ရခိုင်ပြည်နယ်သို့ ၀င်ရောက်လာမည့် မုန်တိုင်းဘေးမှ လွတ်မြောက်ရန်အတွက် ဒုက္ခသည် မွတ်စလင်များကို ဘေးကင်းရာ ကုန်းမြေမြင့်များသို့
ရွှေ့ပြောင်းပေးရန် မြန်မာအစိုးရအား လူ့အခွင့်ရေးအဖွဲ့များက တိုက်တွန်းခဲ့သည်။
ပြီးခဲ့သည့် တနင်္လာနေ့က မုန်တိုင်းဘေးမှ လွတ်မြောက်ရန်အတွက် ကြိုးစားသည့်ရိုဟင်ဂျာ ၁၀၀ကျော် သယ်ဆောင်လာသော စက်လှေ တိမ်းမှောက်ခဲ့ပြီးနောက် အဆိုပါ သတိပေးချက် ထွက်ပါလာခြင်းဖြစ်သည်။
အိန္ဒိယသမုဒ္ဒရာတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမဟာစန်ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့အနီးတွင် မြေပြိုမှုများဖြစ်နိုင်မည်ဟု ကြိုတင် ခန့်မှန်းထားခဲ့ပြီး ရခိုင်ပြည်နယ်တွင်လည်း လေပြင်းများနှင့် မိုးသည်းထန်စွာ ရွာသွန်းမည်ဟု တွက်ချက်ထားကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့(OCHA) ကပြောကြားသည်။
“ချင်းပြည်နယ်မှာ မိုးကြီးပြီး မြေပြိုတာတွေ၊ရေကြီးတာတွေဖြစ်နိုင်တာကြောင့်ပိုပြီး စိုးရိမ်စရာ ဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့ ရာသီဥတုက အရမ်းဆိုးတဲ့အတွက် ကြိုတင်ပြင်ဆင် ရမယ့်ကာလမျိုးမှာ ခန့်မှန်းတွက်ချက်ဖို့နဲ့ ဘေးကင်းရာကို ပြောင်းရွှေ့ချထားဖို့လုပ်တဲ့အခါ လှေတွေနဲ့ ခရီးသွားရတာ အခက်အခဲရှိပါတယ်”ဟု OCHA နောက်ဆုံး ကြေညာချက်တွင် ဖော်ပြထားသည်။
ရခိုင်ပြည်တွင် နေထိုင်လျက်ရှိသော မွတ်စလင်များသည် ပြီးခဲ့သည့်နှစ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက် ပဋိပက္ခများကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။
ရိုဟင်ဂျာအများစုပါဝင်သော ဒုက္ခသည် ၁၄၀,၀၀၀ ကျော်သည် နေအိမ်များမှ အဓမ္မမောင်းထုတ်ခံခဲ့ရပြီး ယခုအခါ မုန်တိုင်းဒဏ်မခံနိုင်သော ယာယီတဲများတွင်သာ နေထိုင်နေကြရသည်။
လူသားချင်း စာနာမှုအေဂျင်စီများနှင့် လူ့အခွင့်ရေးအဖွဲ့များက မုတ်သုံမိုးနှင့် မုန်တိုင်းအန္တရာယ်များ အကြောင်းကို အစိုးရအား ထပ်တလဲလဲ
သတိပေးခဲ့သော်လည်း အစိုးရအနေနှင့် စိုးရိမ်မှုများကို ဂရုမစိုက်ခဲ့ပါဟု အာရှလူ့အခွင့်ရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ ဒါရိုက်တာ ဘရတ်အဒမ်က
ပြောကြောင်း ကြေညာချက်တွင် ဖော်ပြသည်။
“တကယ်လို့ အစိုးရအနေနဲ့ အန္တရာယ်ကျရောက်နိုင်တဲ့သူတွေကို နေရာပြောင်းရွှေ့ကယ်တင်ဖို့ ပျက်ကွက်ခဲ့မယ်ဆိုရင် ကပ်ဘေးသင့်တဲ့လူတွေဟာ
သဘာဝကြောင့်ရတဲ့ ဒုက္ခ မဟုတ်တော့ဘဲ လူရဲ့ ပယောဂကြောင့် ဒုက္ခရောက်သူတွေ ဖြစ်သွားပါလိမ့်မယ်”ဟု ၎င်းက ထည့်သွင်းပြောကြားသည်။
ပြီးခဲ့သည့် တနင်္လာနေ့က ပေါက်တောမြို့မှ မုန်တိုင်းရှောင် ရိုဟင်ဂျာ ၁၀၀ ကျော် တင်ဆောင်လာသော စက်လှေတိမ်းမှောက်ခဲ့ပြီး အများစုမှာ
ရေနစ်သေဆုံးဖွယ် ရှိကြောင်း သိရသည်။
တနင်္ဂလာနေ့က ရခိုင်ပြည်နယ် စစ်တွေမြို့မှ ၁၇ မိုင်အကွာတွင်ရှိသော ပေါက်တောမြို့နယ်တွင် နေရာရွှေ့ပြောင်းမှုအချို့ရှိခဲ့သည်။ သို့သော် ရေမြုပ်မည့် ဧရိယာများမှ ကုန်းမြင့်များသို့ ရွှေ့ပြောင်းပေးသည်ဆိုသော်လည်း အစိုးရအနေနှင့် မည်သို့သော အမိုးအကာများကို
စီမံထားသည်ကို ရှင်းရှင်း မသိရသေးကြောင်း ကုလသမဂ္ဂက ပြောဆိုသည်။
အစိုးရအနေနှင့် အန္တရာယ်ကျရောက်နိုင်သော စစ်တွေမြို့ပြင်ရှိ အိုးအိမ်မဲ့ဒုက္ခသည်များအား မုန်တိုင်းသတိပေးမှု မပြုလုပ်သည့်အပြင် ရိုဟင်ဂျာများကို လွတ်လွတ်လပ်လပ် ရွှေ့ပြောင်းခွင့်မပေးသည့်အတွက် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာမှုအဖွဲ့က ပြစ်တင်ဝေဖန်လိုက်သည်။
ဗုဒ္ဓဘာသာဝင် အများစုဖြစ်သော ရခိုင်လူမျိုးများနှင့်မတူဘဲ မွတ်စလင်များမှာ လွတ်လပ်စွာ ရွှေ့ပြောင်းခွင့်အပြင် အလုပ်အကိုင်ရှာဖွေခွင့်နှင့် ကျန်းမာရေး အခြေခံဝန်ဆောင်မှု ခံစားပိုင်ခွင့်တို့ တားမြစ်ပိတ်ပင်ခံထားရပြီး အကူအညီ အထောက်အပံ့များပေါ်တွင်သာ မှီခိုအားထားနေရသည်။
“အစိုးရအနေနဲ့ ရွှေ့ပြောင်းမှုတွေမှာ ကန့်သတ်တာတွေ၊ လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့တွေကို အမှန်တကယ် လိုအပ်နေသူတွေထံ
အရောက်သွားခွင့်မပေးတာတွေ ဖယ်ရှားပြီး လူမျိုးရေးမခွဲခြားဘဲ အကူအညီတွေ ပေးဖို့လိုပါမယ်” ဟု နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာမှု အာရှပစိဖစ် လက်ထောက်ဒါရိုက်တာ အစ္စဘဲလအာရာဒန် က ပြောကြားသည်။
“ရိုဟင်ဂျာတွေကို လုံခြုံမယ့် ကုန်းမြေမြင့်တွေဆီ လွတ်လွတ်လပ်လပ်သွားခွင့်ပြုတာဟာ သူတို့အတွက် မိုးသည်းထန်ပြီး ရေကြီးလာနိုင်မယ့်ဘေး ကနေ ရှောင်လွဲနိုင်ဖို့ အတွက် တစ်ခုတည်းသော အခွင့်အရေးဖြစ်ပါတယ်” ဟု ၎င်းက ထည့်သွင်းပြောကြားသည်။
ရိုဟင်ဂျာများအတွက် ပိုမိုစိတ်ချရသော နေရာများသို့ ယာယီရွှေ့ပြောင်းထားမှုတွင် အတင်းအကြပ်နေရပ်ပြန်ခိုင်းခြင်းနှင့် ပိုမိုအန္တရာယ်ရှိပြီး ဆိုးဝါးသောနေရာများဖြစ်မလာစေရန် လိုအပ်ကြောင်း ကုလသမဂ္ဂက သတိပေးပြောကြားသည်။
Thomson Reuters Foundation မှ As storm moves in, NGOs urge Myanmar to move Muslim IDPs out ကို စိုင်ဖုလ္လာဟ်(မြန်မာမွတ်စလင်မ်မီဒီယာ)ဘာသာပြန်ဆိုသည်။

ရိုပာင်ဂျာ အများစုနေသည့် နေရာ မုန်တိုင်းဖြတ်မည့်ဘေး ယခုအချိန်အထိ ကြိုတင်ပြင်ဆင်မှုမပေး


http://www.myanmarmuslim.net/wp-content/themes/MMNetThemes786.1/thumb.php?src=http://www.myanmarmuslim.net/wp-content/uploads/2013/05/strom-movement-12-may-e1368370470689.jpg&w=276&h=221&zc=1&q=100
ရိုပာင်ဂျာ အများစုနေသည့် နေရာ မုန်တိုင်းဖြတ်မည့်ဘေး ယခုအချိန်အထိ ကြိုတင်ပြင်ဆင်မှုမပေး


12 May 2013

MMM
ရန်ကုန် ၊ မေ ၁၁
မိုးကြယ်စင်  - မြန်မာမွတ်စလင်မ် မီဒီယာ
ရခိုင်မြောက်ပိုင်း စစ်တွေရဲ့အထက် မောင်တော ဘူးသီးတောင်အထိ မေလ (၁၄-၁၆)ရက်ကာလ အတွင်း အထူးသတိထားဖို့လိုနေပါတယ်ပာု မိုးဇလ ပညာရှင် ဒေါက်တာထွန်းလွင် ကသုံးသပ်ထားသော်လည်း ယနေ့အချိန် အထိ ရိုပာင်ဂျာများနေထိုင်သည့် မောင်တော၊ဘူးသီးတောင်မြို့များတွင် မုန်တိုင်းအတွက်ကြိုတင်ပြင်ဆင်ပေးခြင်းမရှိသေးဘူးလို့သိရပါတယ်။
ဒီမှာတော့ ဘာမှပြင်ဆင်ပေ်းထားတာမရှိဘူး ၊ဘင်္ဂလားဒေ့ရှ်ဘက်မှာတော့ ကမ်းခြေကလူတွေကို ပြောင်းရွေ့ပေးထားတယ်လို့သိရတယ်။ဒီဘက်ကမောင်းတောမှာတော့ ကမ်းခြေမှာက မွတ်စလင်မ်ရွာတွေပဲ အများဆုံးရှိတာလေ။ အဲဒီတော့ ဘာမှ ပြောင်းရွေ့ပေးတာမျိုး မရှိပါဘူးပာု မောင်တော ဒေသခံတစ်ဦးက မြန်မာမွတ်စလင်မ်မီဒီယာသို့ပြောပါတယ်။
“ဒီ မဟာဆန်သူရဲ့ အရှေ့မြောက်ခရီးစဉ်ရဲ့ ရှေ့မှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်း နဲ့ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းတို့တွေကတော့ target တွေပေါ့ဗျာ။ ဘယ်ဘက် ပိုသွား မလည်းဆိုတာကတော့ မဟာဆန်သူရဲ့ အဆုံးအဖြတ်သာ ဖြစ်ပါကြောင်းဗျာ။ လောလော ဆယ်တော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အိန်နီးချင်းကောင်းပီသစွာနဲ့ သူ့ပိုင်နက် စစ်တကောင်းမြို့ အနီးကို လာဖို့ ဗီဇာထုတ်ပေးလိုက်ပါပြီ။ ကျန်တာကတော့ ကံဇာတ်ဆရာစီမံရာအတိုင်းပါဘဲ။
ရခိုင်မြောက်ပိုင်း စစ်တွေရဲ့အထက် မောင်တော ဘူးသီးတောင်အထိ မေလ (၁၄-၁၆)ရက်ကာလ အတွင်း အထူးသတိထားဖို့လိုနေပါတယ်။ Disaster Potential Period လို့ဆိုကြပါစို့။ တစ်နာရီလေတိုက်နှုန်း မိုင်(၁၀၀-၁၁၀)ခန့်နှုန်းနဲ့ ပင်လယ်ပြင်မှာ လှိုင်းအမြင့် (၁၅)ပေခန့် ကမ်းစပ်တွေမှာ မုန်တိုင်းဒီရေအမြင့် (၅-၇)ပေ ပေးနိုင်တဲ့ မဟာဆန်သူရဲ့ ခရီးစဉ်ဟာ ဒီကာလအတွင်း စစ်တကောင်း-မောင်တောဖက်ကို ချီတက်လာနေမှာဖြစ်ပါတယ်” လို့ မိုးဇလ ပညာရှင် ဒေါက်တာထွန်းလွင် (MCCW) က သူရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။
01B13 ဟာ အမည်တပ် မုန်တိုင်း အားMAHASEN (Name origin: Sri Lanka) ပာု အမည်ပေးထားပြီး အဆိုပါ မုန်တိုင်းပာာ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့ကို ဖြတ်ကျော်မှာမို့ မောင်တောမြို့ဟာ လေဒဏ်(တစ်နာရီ ၁၀၀ -၁၀၅ မိုင်နှုန်း)၊ ရေဒဏ် (မုန်တိုင်းဒီရေအမြင့် ၅-၇ ပေခန့်၊ ပင်လယ်ပြင်လှိုင်းအမြင့် ၁၅ ပေခန့်) ကြုံတွေ့ရစေနိုင်ကြောင်းလည်း မိုးဇလ ပညာရှင် ဒေါက်တာထွန်းလွင် ကဆက်လက်ဖေါ်ပြထားသည်။
ယနေ့ အချိန်အထိမှု မောင်တောမြို့တွင် မိုးအုံကာ အပူပြင်းနေတယ်လို့ဒေသခံတစ်ယောက်ကပြောပါတယ်။

မြောက်ဦးနဲ့မင်းပြားမှာ ၁၄၄ ကို ပြန်လည် အသက်သွင်း



http://www.myanmarmuslim.net/wp-content/themes/MMNetThemes786.1/thumb.php?src=http://www.myanmarmuslim.net/wp-content/uploads/2013/05/144.jpg&w=467&h=278&zc=1&q=100

မြောက်ဦးနဲ့မင်းပြားမှာ ၁၄၄ ကို ပြန်လည် အသက်သွင်း

MMM
13 May 2013

သတင်း- (မိုးကြယ်စင်) ရန်ကုန်၊ မေ ၁၂
ရခိုင်ပြည်နယ်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်တွေမှာ ပုဒ်မ ၁၄၄ ကို ပြန်လည်အသက်သွင်းပြီး ဆွလာလ် ၀တ်ပြုမှုကို တစ်နေ့နှစ်ကြိမ်သာ ခွင့်ပြုတော့ မယ်လို့ ဒေသခံတွေ ထံမှသိရပါတယ်။
“ဗလီနှစ်ကြိမ်ပဲ တက်ခွင့်ပေးမယ်လို့ပြောပါတယ်။ ဇုဟိုရ် ရယ်၊ အဆွလ် ရယ်ပဲဖတ်ခွင့်ပေးတယ်။ ကျန်သုံးကြိမ်မပေးဘူး၊“ လို့ မင်းပြားဒေသခံ တစ်ဦးက မြန်မာမွတ်စလင်မ် မီဒီယာကိုပြောပါတယ်။
ဆွလာလ်ဝတ်ပြုကြိမ် ကန့်သတ်မှုကို မေလ (၁၀)ရက်နေ့ မနက်ပိုင်းမှာစတင်ခဲ့တာဖြစ်ပါတယ်။အဆိုပါ ကြေငြာချက်ကို လုံခြုံရေးနဲ့ န.စ.က တွေက ဗလီဂေါပကတွေမှတဆင့်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ ကန့်သတ်မှုရဲ့ အကြောင်းရင်းကတော့ ပုဒ်မ ၁၄၄ ကိုပြန်လဲ အသက်သွင်းခြင်းဖြစ်တယ်လို့ဆိုပါတယ်။ ည ၆ နာရီ ကနေ မနက် ၆ နာရီထိ ညမထွက်ရ အမိန့်ကြောင့် တားမြစ်ခြင်းဖြစ်တယ်လို့လဲ သိရပါတယ။် ဆွလာလ်ဝတ်ပြုမှုငါးကြိမ်မှာ ဇုဟိုရ်နဲ့ အဆွလ်သာ ၀တ်ပြုခွင့်ပြုပြီး ဖွဂျရ် ၊ မဂ္ဂဒစ် ၊ အီရှာ ဆွလာလ်တွေကို ၀တ်ပြုမှုတားမြစ်လိုက်တာဖြစ်ပါတယ်။
“ကန့်သတ်ထားတဲ့ အချိန်တွေမှာ ထွက်ရင်ပစ်မယ်လို့ပြောပါတယ်။ ဇွန်လ အရေးခင်းဖြစ်တုန်းကတော့ တင်းကြပ်ခဲ့တာ ရှိပါတယ်။ နောက်ပိုင်းပြန် ခွင့်ပြုခဲ့ပါတယ်။ အခုပြန်ပြီး တင်းကြပ်တဲ့သဘောပဲ ၊ ဒီညမထွက်ရအမိန့်က ရခိုင်တွေအပေါ် မသက်ရောက်ဘူး၊ ရိုဟင်ဂျာတွေအပေါ်ပဲ သက်ရောက်တယ်။ ရခိုင်တွေ အပြင်ထွက်ရင်ရတယ်။ ညသန်းခေါင် အပြင်ထွက်လူတွေသတ်ရင်ရတယ်။ ရိုဟင်ဂျာတွေ ကျန်းမာရေး ကိစ္စတွေကြောင့် ဆေးရုံးသွားရင်တောင် ဖမ်းပါတယ်။” လို့ မြောက်ဦးဒေသခံတစ်ဥိးကဆိုပါတယ်။
ဆွလာလ်ဝတ်ပြုကြိမ်ကန့်သတ်တဲ့နေရာတွေကတော့ မြောက်ဦးမြို့နယ်မှာ ဗူးတစ်လုံးကျေးရွာ၊ ရှီရှားရိုက် (ဆီးသီးရွာ) ၊ စောရ်ဖာရာ (ကိုင်းတော) ကျေးရွာ တွေပဲဖြစ်ပါတယ်။ မင်းပြားမြို့နယ် အာလိမ်းဖာရာ ကျေးရွာ၊ ဖူရာမ်ဖာရာ ကျေးရွာတို့ ပဲဖြစ်ပါတယ်။

” မြန်မာအစိုးရ မသိချင်ယောင်ဆောင်နေသည့် တည်ဆဲဥပဒေထဲက ပုဒ်မတစ်ခု ”


MMM

သတင်း – မိုးကြယ်စင် (ရန်ကုန်၊ ဧပြီ ၂၆)
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာ လူမျိုးစာရင်းကောက်ခံတဲ့ အခါမှာ ရိုဟင်ဂျာတွေအနေနဲ့ ဘင်္ဂါလီ လူမျိုးအဖြစ် လက်မှတ်ထိုးပေးရမယ် လို့ ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေပြောစကားအရ သိရပါတယ်။
“ဒီနေ့ စစ်ဆေးရေးဝင်မယ်လို့ပြောတယ်။ ၀င်တဲ့အခါမှာလဲ ကိုယ့်ကိုကို ဘဂါင်္လီလို့ လက်မှတ်ထိုးရမယ်တဲ့ လက်မှတ်မထိုးလဲ ရတယ်တဲ့၊ အသံနဲ့ပြောတော့ သူတို့ မှတ်တမ်းတင်ထားမယ်လို့ ပြောတယ်။
ပြီးတော့ ရွာတိုင်းက ဗလီဂေါပကတွေ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေကိုခေါ်ပြီး ဘင်္ဂါလီခံယူဖို့ ပြောတယ်။ မခံယူရင် မင်းတို့ကို ဖမ်းမယ် ဆိုပြီးလ.၀.က က လူတွေက ခြိမ်းခြောက်တယ်”လို့ စစ်တွေဒေသခံတစ်ဦးက ဆိုပါတယ်။
လူမျိုးစာရင်းကောက်ခံမှုမှာ ပါဝင်သူတွေကတော့ စစ်တွေမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင် လ.၀.က၊ စစ်တပ်မှ တာဝန်ရှိသူတွေ ပါဝင်တယ်လို့ သိရပါတယ်။ ရိုဟင်ဂျာရွာတွေမှာ လူမျိုးစာရင်းကောက်ခံဖို့ အတွက် လ.၀.က ၀န်ထမ်းပေါင်း သုံးထောင်ကျော် ချထားပေး တယ်လို့လည်း သိရပါတယ်။ စစ်တွေဒေသခံတွေ အနေနဲ့ ဘင်္ဂါလီ လူမျိုးအဖြစ် ခံယူဖို့အစီစဉ် မရှိဘူးလို့လည်း သိရပါတယ်။
ကျွန်တော်တို့ကို ဘင်္ဂါလီအဖြစ် အတင်းအကြပ်လက်ခံခိုင်းမယ်ဆိုရင် ကျွန်တော်တို့ငြင်းမှာပါ၊ ကျွန်တော်တို့ ဘင်္ဂလားဒေရှ့်က လာတာမဟုတ်ပါဘူး၊ ခင်ဗျာတို့ မြန်မာနိုင်ငံသားဖြစ်သလို၊ ကျွန်တော်တို့တွေလဲ မြန်မာနိုင်ငံသားပါ
လို့ စစ်တွေဒေသခံ တစ်ဦးကဆိုပါတယ်။
ရိုဟင်ဂျာရွာတွေမှာလဲ စစ်တပ်ကလုံခြုံရေးတွေ ချထားတယ်လို့ သိရပါတယ်။ ရွာတိုင်းမှာ လုံခြုံရေး ချထားတာဖြစ်ပါတယ်။ ရွာတိုင်းမှာ စစ်တပ်အင်အား ၇၀ ၀န်းကျင် ကနေ ၂၀၀ ၀န်းကျင်အထိ လူဦးရေအနည်းအများလိုက် ချထားပေးတယ်လို့ သိရပါတယ်။
“ကျွန်တော်တို့ရဲ့ ထွက်ပေါက်တွေကို ပိတ်ထားတယ်။ ပြီးတော့ မင်းတို့ဘယ်မှ မထွက်နဲ့စစ်စရာရှိသေး တယ်ဆိုပြီး ပြောတယ်။ လူမျိုးသက်မှတ်ရက် နီးလာပြီလေ၊ လပိုင်းပဲ လိုတော့တယ်။ အဲဒီအတွက် ကျွန်တော်တို့ကို ဘင်္ဂါလီ အဖြစ် အတင်းအကြပ်ခံယူ ခိုင်းနေတာဖြစ်တယ်လို့ ထင်တယ်။” လို့ ဒေသခံတစ်ဦးက သူ့ထင်မြင်ချက်ကိုပြောပြပါတယ်။

လူမျိုး စာရင်းကောက်ခံတဲ့နေရာမှာ ဘင်္ဂါလီလူမျိုး အဖြစ် လက်မှတ် ထိုးပေးရမယ်လို့ ခြိမ်းခြောက်


MMM

သတင်း – မိုးကြယ်စင် (ရန်ကုန်၊ ဧပြီ ၂၆)
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာ လူမျိုးစာရင်းကောက်ခံတဲ့ အခါမှာ ရိုဟင်ဂျာတွေအနေနဲ့ ဘင်္ဂါလီ လူမျိုးအဖြစ် လက်မှတ်ထိုးပေးရမယ် လို့ ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေပြောစကားအရ သိရပါတယ်။
“ဒီနေ့ စစ်ဆေးရေးဝင်မယ်လို့ပြောတယ်။ ၀င်တဲ့အခါမှာလဲ ကိုယ့်ကိုကို ဘဂါင်္လီလို့ လက်မှတ်ထိုးရမယ်တဲ့ လက်မှတ်မထိုးလဲ ရတယ်တဲ့၊ အသံနဲ့ပြောတော့ သူတို့ မှတ်တမ်းတင်ထားမယ်လို့ ပြောတယ်။
ပြီးတော့ ရွာတိုင်းက ဗလီဂေါပကတွေ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေကိုခေါ်ပြီး ဘင်္ဂါလီခံယူဖို့ ပြောတယ်။ မခံယူရင် မင်းတို့ကို ဖမ်းမယ် ဆိုပြီးလ.၀.က က လူတွေက ခြိမ်းခြောက်တယ်”လို့ စစ်တွေဒေသခံတစ်ဦးက ဆိုပါတယ်။
လူမျိုးစာရင်းကောက်ခံမှုမှာ ပါဝင်သူတွေကတော့ စစ်တွေမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင် လ.၀.က၊ စစ်တပ်မှ တာဝန်ရှိသူတွေ ပါဝင်တယ်လို့ သိရပါတယ်။ ရိုဟင်ဂျာရွာတွေမှာ လူမျိုးစာရင်းကောက်ခံဖို့ အတွက် လ.၀.က ၀န်ထမ်းပေါင်း သုံးထောင်ကျော် ချထားပေး တယ်လို့လည်း သိရပါတယ်။ စစ်တွေဒေသခံတွေ အနေနဲ့ ဘင်္ဂါလီ လူမျိုးအဖြစ် ခံယူဖို့အစီစဉ် မရှိဘူးလို့လည်း သိရပါတယ်။
ကျွန်တော်တို့ကို ဘင်္ဂါလီအဖြစ် အတင်းအကြပ်လက်ခံခိုင်းမယ်ဆိုရင် ကျွန်တော်တို့ငြင်းမှာပါ၊ ကျွန်တော်တို့ ဘင်္ဂလားဒေရှ့်က လာတာမဟုတ်ပါဘူး၊ ခင်ဗျာတို့ မြန်မာနိုင်ငံသားဖြစ်သလို၊ ကျွန်တော်တို့တွေလဲ မြန်မာနိုင်ငံသားပါ
လို့ စစ်တွေဒေသခံ တစ်ဦးကဆိုပါတယ်။
ရိုဟင်ဂျာရွာတွေမှာလဲ စစ်တပ်ကလုံခြုံရေးတွေ ချထားတယ်လို့ သိရပါတယ်။ ရွာတိုင်းမှာ လုံခြုံရေး ချထားတာဖြစ်ပါတယ်။ ရွာတိုင်းမှာ စစ်တပ်အင်အား ၇၀ ၀န်းကျင် ကနေ ၂၀၀ ၀န်းကျင်အထိ လူဦးရေအနည်းအများလိုက် ချထားပေးတယ်လို့ သိရပါတယ်။
“ကျွန်တော်တို့ရဲ့ ထွက်ပေါက်တွေကို ပိတ်ထားတယ်။ ပြီးတော့ မင်းတို့ဘယ်မှ မထွက်နဲ့စစ်စရာရှိသေး တယ်ဆိုပြီး ပြောတယ်။ လူမျိုးသက်မှတ်ရက် နီးလာပြီလေ၊ လပိုင်းပဲ လိုတော့တယ်။ အဲဒီအတွက် ကျွန်တော်တို့ကို ဘင်္ဂါလီ အဖြစ် အတင်းအကြပ်ခံယူ ခိုင်းနေတာဖြစ်တယ်လို့ ထင်တယ်။” လို့ ဒေသခံတစ်ဦးက သူ့ထင်မြင်ချက်ကိုပြောပြပါတယ်။

Top