Tuesday, April 08, 2025

ads

Slider[Style1]

Style2

Style3[OneLeft]

Style3[OneRight]

Style4

Style5


http://www.myanmarmuslim.net/wp-content/themes/MMNetThemes786.1/thumb.php?src=http://www.myanmarmuslim.net/wp-content/uploads/2013/05/strom-movement-12-may-e1368370470689.jpg&w=276&h=221&zc=1&q=100

ရိုပာင်ဂျာ အများစုနေသည့် နေရာ မုန်တိုင်းဖြတ်မည့်ဘေး ယခုအချိန်အထိ ကြိုတင်ပြင်ဆင်မှုမပေး


12 May 2013

MMM
ရန်ကုန် ၊ မေ ၁၁
မိုးကြယ်စင်  - မြန်မာမွတ်စလင်မ် မီဒီယာ
ရခိုင်မြောက်ပိုင်း စစ်တွေရဲ့အထက် မောင်တော ဘူးသီးတောင်အထိ မေလ (၁၄-၁၆)ရက်ကာလ အတွင်း အထူးသတိထားဖို့လိုနေပါတယ်ပာု မိုးဇလ ပညာရှင် ဒေါက်တာထွန်းလွင် ကသုံးသပ်ထားသော်လည်း ယနေ့အချိန် အထိ ရိုပာင်ဂျာများနေထိုင်သည့် မောင်တော၊ဘူးသီးတောင်မြို့များတွင် မုန်တိုင်းအတွက်ကြိုတင်ပြင်ဆင်ပေးခြင်းမရှိသေးဘူးလို့သိရပါတယ်။
ဒီမှာတော့ ဘာမှပြင်ဆင်ပေ်းထားတာမရှိဘူး ၊ဘင်္ဂလားဒေ့ရှ်ဘက်မှာတော့ ကမ်းခြေကလူတွေကို ပြောင်းရွေ့ပေးထားတယ်လို့သိရတယ်။ဒီဘက်ကမောင်းတောမှာတော့ ကမ်းခြေမှာက မွတ်စလင်မ်ရွာတွေပဲ အများဆုံးရှိတာလေ။ အဲဒီတော့ ဘာမှ ပြောင်းရွေ့ပေးတာမျိုး မရှိပါဘူးပာု မောင်တော ဒေသခံတစ်ဦးက မြန်မာမွတ်စလင်မ်မီဒီယာသို့ပြောပါတယ်။
“ဒီ မဟာဆန်သူရဲ့ အရှေ့မြောက်ခရီးစဉ်ရဲ့ ရှေ့မှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်း နဲ့ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းတို့တွေကတော့ target တွေပေါ့ဗျာ။ ဘယ်ဘက် ပိုသွား မလည်းဆိုတာကတော့ မဟာဆန်သူရဲ့ အဆုံးအဖြတ်သာ ဖြစ်ပါကြောင်းဗျာ။ လောလော ဆယ်တော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အိန်နီးချင်းကောင်းပီသစွာနဲ့ သူ့ပိုင်နက် စစ်တကောင်းမြို့ အနီးကို လာဖို့ ဗီဇာထုတ်ပေးလိုက်ပါပြီ။ ကျန်တာကတော့ ကံဇာတ်ဆရာစီမံရာအတိုင်းပါဘဲ။
ရခိုင်မြောက်ပိုင်း စစ်တွေရဲ့အထက် မောင်တော ဘူးသီးတောင်အထိ မေလ (၁၄-၁၆)ရက်ကာလ အတွင်း အထူးသတိထားဖို့လိုနေပါတယ်။ Disaster Potential Period လို့ဆိုကြပါစို့။ တစ်နာရီလေတိုက်နှုန်း မိုင်(၁၀၀-၁၁၀)ခန့်နှုန်းနဲ့ ပင်လယ်ပြင်မှာ လှိုင်းအမြင့် (၁၅)ပေခန့် ကမ်းစပ်တွေမှာ မုန်တိုင်းဒီရေအမြင့် (၅-၇)ပေ ပေးနိုင်တဲ့ မဟာဆန်သူရဲ့ ခရီးစဉ်ဟာ ဒီကာလအတွင်း စစ်တကောင်း-မောင်တောဖက်ကို ချီတက်လာနေမှာဖြစ်ပါတယ်” လို့ မိုးဇလ ပညာရှင် ဒေါက်တာထွန်းလွင် (MCCW) က သူရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။
01B13 ဟာ အမည်တပ် မုန်တိုင်း အားMAHASEN (Name origin: Sri Lanka) ပာု အမည်ပေးထားပြီး အဆိုပါ မုန်တိုင်းပာာ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့ကို ဖြတ်ကျော်မှာမို့ မောင်တောမြို့ဟာ လေဒဏ်(တစ်နာရီ ၁၀၀ -၁၀၅ မိုင်နှုန်း)၊ ရေဒဏ် (မုန်တိုင်းဒီရေအမြင့် ၅-၇ ပေခန့်၊ ပင်လယ်ပြင်လှိုင်းအမြင့် ၁၅ ပေခန့်) ကြုံတွေ့ရစေနိုင်ကြောင်းလည်း မိုးဇလ ပညာရှင် ဒေါက်တာထွန်းလွင် ကဆက်လက်ဖေါ်ပြထားသည်။
ယနေ့ အချိန်အထိမှု မောင်တောမြို့တွင် မိုးအုံကာ အပူပြင်းနေတယ်လို့ဒေသခံတစ်ယောက်ကပြောပါတယ်။

About MPN

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
«
Next
မုန်တိုင်းဒဏ်မှ ကာကွယ်ရန် မွတ်စလင်တွေကို ဒုက္ခသည် စခန်းမှ ပြောင်းရွှေ့ပေးရေး နိုင်ငံတကာ အဖွဲ့အစည်းများ တိုက်တွန်း
»
Previous
မြောက်ဦးနဲ့မင်းပြားမှာ ၁၄၄ ကို ပြန်လည် အသက်သွင်း

No comments:

Post a Comment


Top