ads

Slider[Style1]

Style2

Style3[OneLeft]

Style3[OneRight]

Style4

Style5


 မြေပုံ မွတ်စလင်မ်ဒုက္ခသည်စခန်း ဆေးဝါးကုသမှု မရစေရန် RNDP ပါတီဝင်အချို့ နှောက်ယှက်


မြေပုံ မွတ်စလင်မ်ဒုက္ခသည်စခန်း ဆေးဝါးကုသမှု မရစေရန် RNDP ပါတီဝင်အချို့ နှောက်ယှက်

သတင်း – SK (မြန်မာမွတ်စလင်မ် မီဒီယာ)
ရန်ကုန်     ဒီဇင်ဘာ ၂၈
မြေပုံမြို့၊ တောင်ပေါ်ရပ်ကွက် မြေပုံမွတ်စလင်ကယ်ဆယ်ရေးစခန်းသို့ အပတ်စဉ်ဆေးဝါးကုသခြင်း ၀န်ဆောင်မှု ပေးနေသည့် နယ်စည်းမခြား ဆရာဝန်များအဖွဲ့အား ရခိုင်းတိုင်းရင်းသားများတိုးတက်ရေးပါတီဝင်ဦးရေချမ်းနှင့် ဦးမောင်စောမြတို့က ခြိမ်းခြောက်ဟန့်တားမှုကြောင့် ယခုလ ၂၇ ရက်နေ့တွင် ဆေးဝါးကုသရန် ရောက်ရှိလာ ခြင်း မရှိတော့ကြောင်း ဒေသခံတစ်ဦးကmyanmarmuslim.net သို့ ပြောသည်။

“မြန်မာနိုင်ငံ ကြက်ခြေနီအသင်းရယ်၊ ကျန်းမာရေးမှူးများအသင်းရယ် တစ်ပတ် ၅ ရက် ဆေးလာကု ပေးတယ်။ နည်စည်းမခြားအဖွဲ့ကတော့ ကြာသပတေးနေ့တိုင်း လာတယ်။ မွတ်စလင်ဆိုရင် ဆေးရုံတက်ခွင့် မရတော့ အခုအချိန်အထိ တစ်နေ့တစ်ယောက်နှုန်းလောက် သေနေတယ်”ဟု မြေပုံမွတ်စလင်ကယ်ဆယ်ရေး စခန်းမှ ဒုက္ခသည်တစ်ဦးက ပြောသည်။
ဒုတိယအကြိမ် ထပ်မံဖြစ်ပွားခဲ့သည့် ရခိုင်ဗုဒ္ဓဘာသာ- ရိုဟင်ဂျာပဋိပက္ခအတွင်း ရိုဟင်ဂျာလူမျိုးများကို သာမက အစ္စလာမ်ဘာသာဝင် ကမန်တိုင်းရင်းသားများကိုပါ ရခိုင်ဗုဒ္ဓဘာသာများက အကြမ်းဖက်တိုက်ခိုက်မှု များ ပြုလုပ်ခဲ့သည်။ အထက်ပါ အကြမ်းဖက်ခံရမှုဖြစ်စဉ်ကြောင့် မြေပုံမြို့ တောင်ပေါ်ရပ်ကွက်ရှိ ကျပန်းအလုပ် သမားဦးရှုနာလီပိုင် အိမ်တစ်လုံးမှလွဲ၍ မြေပုံတစ်မြို့လုံးရှိ အစ္စလာမ်ဘာသာဝင် ကမန်တိုင်းရင်းသားများနှင့် ရိုဟင်ဂျာလူမျိုးများ၏ ပိုင်ဆိုင်မှုများအားလုံးအပါအ၀င် ဗလီဝတ်ကျောင်းတော် ၅ လုံး ဖျက်ဆီးခံခဲ့ရသည်။

“မနေ့က ရခိုင်စခန်းတွေဆီဆေးကု သွားတဲ့အချိန်မှာ ဦးရေချမ်းနဲ့ ဦးစောမြတို့က နယ်စည်းမခြား အဖွဲ့ကို ခြိမ်းခြောက်တယ်လို့ သိရပါတယ်ပာုကမန်တိုင်းရင်းသားတစ်ဦးကပြောသည်။
နိုင်ငံတော်အစိုးရ၏စာရင်းအရ မြေပုံမြို့ရှိ အစ္စလာမ်ဘာသာဝင်အိမ်ထောင်စု ၇၀၅ စုပိုင် နေအိမ် ၆၃ အိမ် ဖျက်ဆီးခံရပြီး လူဦးရေ ၃၈၄၄ ဦး အိုးအိမ်စွန့်ခွာကာ ဒုက္ခသည်များအဖြစ် ရောက်ရှိနေကြောင်း သိရသည်။
မြေပုံမြို့အားရိုပာင်ဂျာ (ရခိုင်အခေါ်  ဘင်္ဂါလီ)များက မီးရှို့ဖျက်ဆီးဟု မြန်မာမီဒီယာများတွင် ဖော်ပြခဲ့သော်လည်း အစိုးရစာရင်း အချက်အလက်အရ ရခိုင်ဗုဒ္ဓဘာသာ  အိမ်ခြေ ၄၄ အိမ်ရှိ ၂၆၉ ဦးသာလျှင် ဒုက္ခသည်စခန်းများတွင် နေထိုင်နေရကြောင်း သိရ သည်။

အစိုးရ၏စာရင်းဇယားများအရ မြေပုံမြို့ရှိ အစ္စလာမ်ဘာသာဝင်ဒုက္ခသည်ဦးရေမှာ ရခိုင်ဗုဒ္ဓဘာသာဝင် ဦးရေထက် ၁၄ ဆကျော် များပြားနေသည်။ ရခိုင်ပြည်နယ်သတင်းများကို အမျိုးသားရေးအမြင်(၀ါ) ဘက်လိုက်မှု ဖြင့် ဖော်ပြခဲ့မိကြောင်း သမ္မတဦးသိန်းစိန်ကိုယ်တိုင် ဗီအိုအေနှင့်အင်တာဗျူးတွင် ထုတ်ဖော်ပြောကြားခဲ့ရသည်။ မြန်မာ့မီဒီယာအများစုကမူ မြေပုံမြို့အကြမ်းဖက်မှုကို ရိုပာင်ဂျာ (ရခိုင်အခေါ်  ဘင်္ဂါလီ)များက ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

About MPN

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
«
Next
Newer Post
»
Previous
Older Post

No comments:

Post a Comment


Top