ads

Slider[Style1]

Style2

Style3[OneLeft]

Style3[OneRight]

Style4

Style5


MMM

သတင်း – မိုးကြယ်စင် (ရန်ကုန်၊ ဧပြီ ၂၆)
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာ လူမျိုးစာရင်းကောက်ခံတဲ့ အခါမှာ ရိုဟင်ဂျာတွေအနေနဲ့ ဘင်္ဂါလီ လူမျိုးအဖြစ် လက်မှတ်ထိုးပေးရမယ် လို့ ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေပြောစကားအရ သိရပါတယ်။
“ဒီနေ့ စစ်ဆေးရေးဝင်မယ်လို့ပြောတယ်။ ၀င်တဲ့အခါမှာလဲ ကိုယ့်ကိုကို ဘဂါင်္လီလို့ လက်မှတ်ထိုးရမယ်တဲ့ လက်မှတ်မထိုးလဲ ရတယ်တဲ့၊ အသံနဲ့ပြောတော့ သူတို့ မှတ်တမ်းတင်ထားမယ်လို့ ပြောတယ်။
ပြီးတော့ ရွာတိုင်းက ဗလီဂေါပကတွေ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေကိုခေါ်ပြီး ဘင်္ဂါလီခံယူဖို့ ပြောတယ်။ မခံယူရင် မင်းတို့ကို ဖမ်းမယ် ဆိုပြီးလ.၀.က က လူတွေက ခြိမ်းခြောက်တယ်”လို့ စစ်တွေဒေသခံတစ်ဦးက ဆိုပါတယ်။
လူမျိုးစာရင်းကောက်ခံမှုမှာ ပါဝင်သူတွေကတော့ စစ်တွေမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင် လ.၀.က၊ စစ်တပ်မှ တာဝန်ရှိသူတွေ ပါဝင်တယ်လို့ သိရပါတယ်။ ရိုဟင်ဂျာရွာတွေမှာ လူမျိုးစာရင်းကောက်ခံဖို့ အတွက် လ.၀.က ၀န်ထမ်းပေါင်း သုံးထောင်ကျော် ချထားပေး တယ်လို့လည်း သိရပါတယ်။ စစ်တွေဒေသခံတွေ အနေနဲ့ ဘင်္ဂါလီ လူမျိုးအဖြစ် ခံယူဖို့အစီစဉ် မရှိဘူးလို့လည်း သိရပါတယ်။

ကျွန်တော်တို့ကို ဘင်္ဂါလီအဖြစ် အတင်းအကြပ်လက်ခံခိုင်းမယ်ဆိုရင် ကျွန်တော်တို့ငြင်းမှာပါ၊ ကျွန်တော်တို့ ဘင်္ဂလားဒေရှ့်က လာတာမဟုတ်ပါဘူး၊ ခင်ဗျာတို့ မြန်မာနိုင်ငံသားဖြစ်သလို၊ ကျွန်တော်တို့တွေလဲ မြန်မာနိုင်ငံသားပါ
လို့ စစ်တွေဒေသခံ တစ်ဦးကဆိုပါတယ်။
ရိုဟင်ဂျာရွာတွေမှာလဲ စစ်တပ်ကလုံခြုံရေးတွေ ချထားတယ်လို့ သိရပါတယ်။ ရွာတိုင်းမှာ လုံခြုံရေး ချထားတာဖြစ်ပါတယ်။ ရွာတိုင်းမှာ စစ်တပ်အင်အား ၇၀ ၀န်းကျင် ကနေ ၂၀၀ ၀န်းကျင်အထိ လူဦးရေအနည်းအများလိုက် ချထားပေးတယ်လို့ သိရပါတယ်။
“ကျွန်တော်တို့ရဲ့ ထွက်ပေါက်တွေကို ပိတ်ထားတယ်။ ပြီးတော့ မင်းတို့ဘယ်မှ မထွက်နဲ့စစ်စရာရှိသေး တယ်ဆိုပြီး ပြောတယ်။ လူမျိုးသက်မှတ်ရက် နီးလာပြီလေ၊ လပိုင်းပဲ လိုတော့တယ်။ အဲဒီအတွက် ကျွန်တော်တို့ကို ဘင်္ဂါလီ အဖြစ် အတင်းအကြပ်ခံယူ ခိုင်းနေတာဖြစ်တယ်လို့ ထင်တယ်။” လို့ ဒေသခံတစ်ဦးက သူ့ထင်မြင်ချက်ကိုပြောပြပါတယ်။

About MPN

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
«
Next
Newer Post
»
Previous
Older Post

No comments:

Post a Comment


Top