ads

Slider[Style1]

Style2

Style3[OneLeft]

Style3[OneRight]

Style4

Style5

ရိုပာင်ဂျာ အရေး ဆောင်ရွက်ပေးနေသူ ပညာတတ် တစ်ဦးအား အာဏာပိုင်များ ရုတ်တရက်ဖမ်းဆီး


၁၅ ဇူလိုင်လ ၂၀၁၃
MMM
ရိုပာင်ဂျာ အရေး ဆောင်ရွက်ပေးနေသူ ပညာတတ် တစ်ဦးအား အာဏာပိုင်များ ရုတ်တရက်ဖမ်းဆီး

 ရှေ့နေ ဦးကျော်လှအောင်မှ အမေရိကန် သံအမတ်အား ဒေသတွင်း အခြေအနေများကို လိုက်လံရှင်းပြခဲ့စဉ်က
ရှေ့နေ ဦးကျော်လှအောင်မှ အမေရိကန် သံအမတ်အား ဒေသတွင်း အခြေအနေများကို လိုက်လံရှင်းပြခဲ့စဉ်က
ရိုဟင်ဂျာခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ရှေ့နေ ဦးကျော်လှအောင်ကို ယနေ့နေ့လယ် ၁၂း၁၀ အချိန်တွင် အာဏာပိုင်များမှ ဖမ်းဆီးခေါ်ဆောင် သွားတယ်လို့ သတင်းရ ရှိ ပါတယ်။
“စူပါကာစတန် ကားနဲ့ အရပ်ဝတ်၅ယောက်က လာဖမ်းခေါ်သွားတာ၊ လက်ထိပ်ခတ်ပြီး ကားပေါ် တင်ခေါ်သွားတာပဲ။“ လို့ စစ်တွေဒေသခံ တစ်ဦးက မြန်မာမွတ်စ်လင်မ် မီဒီယာသို့ ဖုန်းနဲ့ သတင်းပေးပို့ပါတယ်။
ရိုဟင်ဂျာခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ရှေ့နေဦးကျော်လှအောင်ကို ဇူလိုင်၁၅ရက်နေ့ နေ့လယ်၁၂နာရီဝန်းကျင်ခန့်မှာ စစ်တွေမြို့နယ် သက္ကပြင် ဒုက္ခသည် စခန်းကနေ အာဏာပိုင်တွေ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်တယ် လို့ သိရပါတယ်။ ရှေ့နေ ကျော်လှအောင်ဟာ အသက် ၇၄နှစ် ရှိပြီး နေမကောင်း ဖြစ်နေချိန်မှာ ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။ ရှေ့နေ ဦးကျော်လှအောင်ကို ဘယ့်အတွက် ဖမ်းဆီးတယ်၊ မည်သည့်နေရာကို ခေါ်ဆောင် သွားတယ် ဆိုတာ ကိုတော့ မသိရှိရသေးပါဘူး။ အာဏာပိုင်တွေ အနေနဲ့ ရှေ့နေ ဦးကျော်လှအောင်ကို ရှာဖွေနေတာ ကြာပြီလို့ ဒေသခံတွေပြောစကားအရ သိရပါတယ်။ ရှေ့နေ ဦးကျော်လှအောင်ဟာ ရိုဟင်ဂျာ အရေးဆောက်ရွက်နေသူ တစ်ဦးဖြစ်ပြီး ကုလသမဂ္ဂ ကိုယ်စားလှယ်တွေ လာရောက်တဲ့ အခါမှာလဲ စကားပြန် အနေနဲ့ ဆောင်ရွက်ပြီး ရိုဟင်ဂျာတွေရဲ့ အခြေနေတွေကို တင်ပြပေးခဲ့သူ တစ်ဦးလဲ ဖြစ်ပါတယ်။ မကြာခင်ရက်ပိုင်း ကလည်း ရှေ့နေ ဦးကျော်လှအောင်ရဲ့ အိမ်ကို ၀င်ရောက်ရှာဖွေခဲ့ပြီး ရှေ့နေ ဦးကျော်လှအောင်ကို မတွေ့ရှိတဲ့အခါ အိမ်ရှိ ပစ္စည်းတချို့ကို ဖျက်ဆီးသွားတယ် လို့ ဒေသခံတွေက ဆိုပါတယ်။

မိုးကြယ်စင်


သံတွဲမှ အကြမ်းဖက် ဖျက်ဆီးမှုများမှာ အကွက်ချ လုပ်ဆောင်မှုများဖြစ် (ဆက်သွယ်မေးမြန်းချက်)

ဇူလိုင် ၁၊ ၂၀၁၃
M-Media
ဇာဏီ
သံတွဲ ။ ။ ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် မနေ့ ဇွန်လ ၃၀-ရက်နေ့က အကြမ်းဖက်မှုဖြစ်ပွားစေရန် လှုံ့ဆော်ခဲ့ပြီး သံတွဲ အံတော်မြို့သစ်တွင် အကြမ်းဖက်မှုများ လုပ်ဆောင်ပြီး မွတ်စလင်မ်ပိုင် အိမ်များကို မီးရှို့ပြီး၊ အဝေးပြေးကားဂိတ်နှင့် ကားများကို ဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။
TanDwe
ယင်းကဲ့သို့ အကြမ်းဖက်မှုများ ထပ်မံဖြစ်ပေါ်လာရခြင်းနှင့်ပတ်သက်၍ အဖြစ်မှန်ကို သိရှိစေရန် သံတွဲမြို့ခံများနှင့် M-Media မှ ဆက်သွယ်မေးမြန်းထားတာ ဖြစ်ပါတယ်။
သံတွဲ မြို့ခံ (၃)ဦးရဲ့ ပြောပြချက်များဖြစ်ပါတယ်။
“သံတွဲမှာဖြစ်တဲ့ကိစ္စရပ်က မနှစ် ဇွန်လကတည်းက ရခိုင်မှာ စခဲ့သလို ပြန်လည်ပြီးဖြစ်အောင် စလုပ်တဲ့ အနေအထားပါ။ မနေ့ကဖြစ်သွားတာဆိုရင်လည်း သတင်းအမှားလွှင့်ပြီး ပြဿနာဖြစ်အောင် လုပ်တာပါ။ ဗုဒ္ဓဘာသာ မိန်းကလေးတစ်ယောက်ကို မွတ်စလင်မ် ဆိုင်ကယ် တက္ကစီသမားက မုဒိမ်းကျင့်တယ်ဆိုတာ မဟုတ်ပါဘူး။ အဲဒီ ဆိုင်ကယ် တက္ကစီမောင်းတဲ့ ကောင်လေးကတော့ ဟုတ်တယ်။ အဲ့ဒီကောင်လေး အမေက ဗုဒ္ဓဘာသာ၊ အဖေကတော့ အစ္စလာမ်၊ အဲ့ဒီကောင်လေးက အရင်ကတည်းက ဟိုလိုဒီလိုလိုပါပဲ ဘယ်ဘာသာကိုမှ တလေးတစားရှိခဲ့တာ မဟုတ်ပါ။ အဲဒါကိုမှ ရခိုင်တိုးတက်ရေးပါတီနဲ့ လူမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့တွေက တမင် အကွက်ချပြီးလုပ်ဆောင်သွားတာပါ။ အဲဒီကောင်လေးက ကောင်မလေးကို မုဒိမ်းကျင့်တာ မဟုတ်ဘဲ သူတို့အချင်းချင်း သဘောတူညီခဲ့ကြပြီး ဖြစ်သွားတာ။ ဒီကောင်လေးတစ်ယောက်တည်း မဟုတ်ဘူး တစ်ခြားကောင်လေးတစ်ယောက်လည်းပါတယ်။ ဒါပေမယ့် ဒီကောင်လေးက မုဒိမ်းကျင့်တယ်ဆိုပြီး ရဲစခန်းမှာသွားတိုင်တယ်ဗျ။ အဲဒီ အမျိုးသမီးက တိုင်တာလည်းမဟုတ်ဘူး။ ခုနကပြောတဲ့ ပါတီနဲ့ လူမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ကလူတွေက တိုင်တာ။ အဲဒါနဲ့ မနေ့က ညနေ ၄-နာရီ ၀န်းကျင်လောက်ကျတော့ ရဲစခန်းရှေ့မှာ လူ(၅၀)လောက်စုလာပြီး ၅-နာရီလောက်မှာ လူ(၁၅၀)လောက်ဖြစ်သွားတယ်။ အဲဒီလူတွေက ရဲတွေကို ပုံမှားပြောပြီး အော်ဟစ်ဆဲဆိုနေကြတယ်။
အဲလိုအခြေအနေကနေ ထပ်ဆိုးတာက ကျေးရွာတွေကို အမျိုးဘာသာ သာသနာစောင့်ရှောက်ဖို့ဆိုပြီး လူတွေခေါ်တယ်။ သူတို့မှာ ကွန်ရက်တွေရှိပါတယ်။ အဲဒီ ကွန်ရက်တွေကမှတဆင့် လူများလာပြီး အံတော်ဆိုတဲ့ရပ်ကွက်၊ သူက သံတွဲမြို့ရဲ့တဘက်ကမ်းမှာ ရှိတာပါ။ အဲဒီအချိန်မှာပဲ အံတော်ဘက်မှာ လူတွေက တအားဆိုးလာတယ်။ အံတော်မှာ ရခိုင်ကွန်ရက်တွေဖြစ်တဲ့ လေးဝတီကွန်ရက်၊ လူမျိုးဘာသာ သာသနာစောင့်ရှောက်ရေးကွန်ရက်တွေ၊ ရခိုင်လူငယ်ကွန်ရက်တွေကနေ ဧည့်စာရင်းမရှိပဲ ၀င်ရောက်နေထိုင်တဲ့ ရခိုင်တွေ တော်တော်များများရှိတယ်။ အဲဒီလူတွေကနေ သွေးထိုးလှုံ့ဆော်ပြီး အစ္စလာမ်ဘာသာဝင် ကုလားတွေကိုသတ်ဖို့၊ သူတို့ပိုင်ဆိုင်တာတွေယူဖို့၊ သူတို့က အမျိုးဘာသာ သာသနာစောင့်ရှောက်ကြဖို့ဆိုပြီး သွေးထိုးလှုံ့ဆော်တယ်။ အဲလို လုပ်ပြီး ည ၈-နာရီလောက်မှာ အံတော်က မွတ်စလင်မ်အိမ် ၁၂-အိမ်လောက်ကို ဖျက်ဆီးကြတယ်။ ည ၈း၂၀ နာရီလောက်မှာ ထွေအုပ်ကနေ ညမထွက်ရအမိန့်ပြောတယ်။ ပြောပြီးတဲ့အချိန်မှာ အံတော်မှာ မဖြစ်ပဲ သံတွဲမြို့ပေါ်က ဦးတင်မြအိမ်နဲ့ ဦးခင်မောင်ရဲ့ အိမ်ကို လူအယောက်(၃၀)လောက်က ခဲနဲ့ဝိုင်းထုတယ်။ ဦးခင်မောင်အိမ်ကို ခဲနဲ့ဝိုင်းထုတော့ အဲဒီမှာ စာသင်နေတဲ့ကျောင်းသားလေးတချို့ လောက်လေးဂွနဲ့ပြန်ပြီးပစ်တော့ အဲဒီလူစုက ထွက်ပြေးသွားတယ်။ အဲဒီအချိန်မှာ သံတွဲမြို့တော်ခန်းမမှာရှိနေတဲ့ ဗိုလ်ကြီးဦးဆောင်ပြီးရောက်လာပြီး မောင်းထုတ်တော့ အဲ့ဒီ အကြမ်းဖက်လူစု ထွက်ပြေးသွားတယ်။
ည ၈-နာရီခွဲလောက်မှာ အံတော်က အိမ် ၁-အိမ်ကို မီးစရှို့တယ်။ ရောက်နေတဲ့ ရဲတွေက ငါ့ညီတို့ တော်ပါတော့လို့ပြောတာလည်း မရဘူး။ ရဲကို သူတို့ကပြောတယ် ခင်ဗျားတို့အလုပ်မဟုတ်ဘူး၊ ကျုပ်တို့ကတော့ ရှို့မှာပဲဆိုပြီး ဆက်ပြီးလုပ်နေကြတယ်။ နောက်တစ်အိမ်မှာဆို လင်မယား ၂-ယောက်တည်းပဲရှိတယ်။ သူတို့ကို အပြင်ထွက်မရအောင် အပြင်ကနေ အက်ဆစ်တွေနဲ့လောင်းတယ်။ အပြင်ကနေ မီးရှို့တယ်။ စစ်တပ်ရှိပေမယ့် အထက် အမိန့်မရသေးဘူးလို့ဆိုပြီး နေနေတယ်။ ည ၉-နာရီကျော်ကျော်လောက်မှာပဲ မီးက ဆက်တိုက်လောင်လာတယ်။ မီးသတ်ကားက သွားပြီး မီးငြိမ်းတယ်။ မီးလောင်တာက ၅-အိမ်လောင်တယ်။ အစ္စလာမ်ဘာသာဝင် အိမ်ဆိုပြီး မီးရှို့မိသွားတာက ဗုဒ္ဓဘာသာ ၂-အိမ် ပါသွားတယ်။
အဲဒီအချိန်မှာ သံတွဲမြို့ပေါ်မှာတော့ဘာမှ မလုပ်ဘူး။ သူတို့တွေကတော့ ပတ်သွားနေတယ်။ စစ်တပ်က အရေးပေါ် အခြေအနေ ကြေညာပြီးတဲ့အချိန်မှာ လူစုခွဲတယ်၊ မောင်းထုတ်တယ်။ အံတော်ဘက်ခြမ်းမှာတော့ လုံးဝ လူစုခွဲလို့မရဘူး။ မနေ့ညက ၉-နာရီခွဲကနေ ည ၂-နာရီလောက်ထိ အဲဒီ လူအုပ်ကြီးက သူတို့ လုပ်ချင်တာ လုပ်တယ်။ စုစုပေါင်း ၇-အိမ် ၈-အိမ် လောက်ကို တစ်အိမ်တက်ဆင်း ဖျက်တယ် ဖြိုတယ်၊ မီးရှို့တယ်။
အဲလို လိုက်လုပ်နေရင်း ဗုဒ္ဓဘာသာအိမ်တွေနဲ့ ကပ်လျက်ရှိတဲ့ အိမ်တွေကိုကျ အိမ်ထဲက အတွင်းပစ္စည်းတွေကို ထုတ်တယ်။ မီးရှိုတယ်။ ကား ၄-စီး ဖျက်ဆီးခံရတယ်။ ဘေးနားမှာ ဗုဒ္ဓဘာသာကားဂိတ်ရှိတော့ မီးမရှို့ဘဲ ကားဂိတ်ကိုပဲ ဖျက်ဆီးကြတာ။ ကားတွေက ကောင်းကင်သစ္စာကားဂိတ်က ကား ၂-စီးနဲ့ တစ်ခြားကား ၂-စီးပါ။ ကောင်းကင်သစ္စာ ကားဂိတ်က ကားက ကုန်တင်ကားကြီး ၂-စီးပါ။ တစ်ခြားကတော့ ခရီးသည်တင်လူစီးကားပါ။
ဖျက်ဆီးခံရတဲ့ထဲက အိမ်တစ်အိမ်က ဒီနေ့ မနက်မှာတော့ သူ့အိမ်ကိုဝင်ချင်တယ်၊ ပစ္စည်းတွေယူချင်တယ်ဆိုတော့ အံတော်တံတားထိပ်က အရက်ဆိုင်မှာ လူ(၃၀)လောက်က စောင့်နေတယ်။ အံတော်ကို ပစ္စည်းလာယူရင် ပြဿနာလုပ်ဖို့ ဟန်ရေးပြနေတယ်။ ရဲက အိမ်ဖျက်ခံရတဲ့အိမ်ကို ပြောတယ်။ ပဋိပက္ခဖြစ်လိမ့်မယ် ခင်ဗျားတို့ မယူနဲ့ဆိုတော့ အဲဒါက မဖြစ်သင့်ဘူးလို့ထင်တယ်။
ကျွန်တော်တို့လိုချင်တာက တရားဥပဒေစိုးမိုးရေးရှိရမယ်လေ။ အဲဒါတွေကို နိုင်ငံတော် သမ္မတကြီးလည်း သိစေချင်တယ်။ မနေ့က အရေးပေါ် အခြေအနေ ကြေညာတာကလည်း ကျွန်တော်တို့အတွက်ပဲ ကြေညာတယ်။ ဗုဒ္ဓဘာသာတွေ သွားလာနေကြရင် ဘာမှ မပြောဘူး။ ကျွန်တော်တို့ကိုတော့ အပြင်ထွက်မရအောင် လုပ်ထားတယ်။ ဥပဒေက ကျွန်တော်တို့အတွက် မရှိဘူး။ အခုအခြေအနေအရ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအသင်းနဲ့ လေးဝတီကွန်ရက်ကပေါင်းပြီး ရဲတွေကိုပြောတယ်၊ သံတွဲမြို့ပေါ်ကို သူတို့ဖျက်ဆီးမှု လုပ်ချင်တယ်လို့ပြောတယ်။ အဲဒါကြောင့် ဒီနေ့အခြေအနေက သံတွဲမြို့ဟာ စိုးရိမ်ဖွယ်ဟာ အခြေအနေဖြစ်နေတယ်။”
“အကြမ်းအားဖြင့်ပြောရရင် ကောင်းကင်သစ္စာ-သံတွဲကားဂိတ်ဟာ သံတွဲမြို့သစ် အံတော်ရပ်ကွက်မှာရှိပါတယ်။ ပိုင်ရှင်တွေက သူတို့ပြောတဲ့ ဘင်္ဂါလီတွေ မဟုတ်ပါဘူး။ ကမန်မွတ်စလင်မ်နဲ့ မြန်မာမွတ်စလင်မ်ပိုင်တဲ့ဂိတ်ပါ။ အခု ဖျက်ဆီးခံလိုက်ရတဲ့ ကား ၂-စီးရဲ့ပိုင်ရှင်ကတော့ ကမန်မွတ်စလင်မ်ပါ။ ပြဿနာစဖြစ်တာက အမျိုးသမီးတစ်ယောက်နဲ့ ဆိုင်ကယ် ကယ်ရီသမားတစ်ယောက်ရဲ့ကိစ္စလို့ပြောပါတယ်။ ကားပိုင်ရှင်ရော ဂိတ်ပိုင်ရှင်ရောက ရန်ကုန်မှာ ရှိနေပါတယ်။ ဂိတ်မှာတော့ မန်နေဂျာရှိပါတယ်။ ကားတွေကို ခဲနဲ့ပေါက်တယ်။ မှန်တွေကို ရိုက်ခွဲတယ်၊ ဘီးတွေကိုလည်း ဓါးတွေနဲ့ ထိုးခွဲသွားတယ်။ ကားကိုလည်း ပိန်ရှုံ့သွားအောင် ထုရိုက်ပြီး လုံးဝ သုံးစားလို့မရအောင် လုပ်သွားပါတယ်။ မီးမရှို့တာက ကောင်းကင်သစ္စာကားဂိတ်ရဲ့ဘေးမှာ နောက်ထပ် ကားဂိတ်တစ်ခုရှိပါတယ်။ အဲဒီကားဂိတ်က အဝေးပြေးကုန်စည် မထသ ဥက္ကဋ္ဌရဲ့ ကားဂိတ်ပါ။ ဥက္ကဋ္ဌက အမေမွတ်စလင်မ် အဖေ ဗုဒ္ဓဘာသာက မွေးဖွားခဲ့ပြီး သူကတော့ ဗုဒ္ဓဘာသာကိုးကွယ်သူပါ။ အဲ့ဒီဂိတ်ကတော့ ဗုဒ္ဓဘာသာဖြစ်နေလို့ ဖျက်ဆီးမခံရပါဘူး။ အစ္စလာမ်ဘာသာဝင်ရဲ့ဂိတ်ကို ဖျက်ဆီးသွားပါတယ်။ ကားတစ်စီးကို မီးရှို့တယ်ဆိုရင် ပေါက်ကွဲမှုတွေရှိလာပြီး ဘေးနားကဂိတ်ကိုပါ ကူးစက်နိုင်လို့ မီးမရှို့တာဖြစ်နိုင်ပါတယ်။ သူတို့ဖျက်ဆီးပြီး ခဏနေတော့ ရဲ ၂-ယောက် ရောက်လာပြီး ကားတွေကို လာကြည့်တယ်။ ဓါတ်ပုံရိုက်ဖို့အတွက် ကားဂိတ်မန်နေဂျာကို မီးထိုးခိုင်းတယ်။ အဲဒါကို အကြမ်းဖက်လူအုပ်ကြီးက ဟိုမှာ ကုလားတစ်ယောက်ဆိုပြီး ၀ိုင်းရိုက်ဖို့လုပ်လို့ အဲဒီမန်နေဂျာလည်း ထွက်ပြေးပြီး ပုန်းနေရပါတယ်။
အခုလို ဖျက်ဆီးတာဟာ (၁) အချက် ကျွန်တော်တို့ စတင်တဲ့ကိစ္စမဟုတ်ပါဘူး။ (၂) အချက်သည် ကျွန်တော်တို့သည် ဘယ်တုန်းအခါကမှ သူတစ်ပါးကို ဖျက်ဆီးမှု မလုပ်ခဲ့ပါဘူး။ စိတ်ကူးလည်းမရှိပါဘူး။ ရိုးရိုးတန်းတန်း သမာအာဇီဝလုပ်စားပြီးနေတာပါ။ ဥပဒေကြောင်းနဲ့ မကင်းလွတ်တဲ့ အလုပ်ကိုလည်း မလုပ်ခဲ့ပဲနဲ့ ဘာဖြစ်လို့ လူစုလူဝေးနဲ့ ဂိတ်နဲ့ ကားဂိတ်က မိသားစုဝင်တွေပိုင်တဲ့ ကားတွေကို ဖျက်ဆီးရပါသလဲဆိုတာ သိချင်ပါတယ်။ ဘာကြောင့်လုပ်တာလဲဆိုတာပဲ မေးချင်ပါတယ်။ ဘာကြောင့်လုပ်တာလဲဆိုတာ သိချင်ပါတယ်။ မွတ်စလင်မ်တစ်ယောက်နဲ့ အခြားမှာဖြစ်တိုင်း ရှိတဲ့မွတ်စလင်မ်တိုင်းပိုင်တဲ့ ပစ္စည်းတွေကို လိုက်ဖျက်ဆီးရမယ်ဆိုရင်ရော လောကကြီးက တရားပါဦးမလား၊ ဥပဒေဆိုတာရော တရားပါဦးမလားလို့ ပြောချင်ပါတယ်။ ပစ္စည်းဆုံးရှုံးသွားရလို့ ၀မ်းမနည်းပါဘူး။ ဒါပေမယ့် သက်သက်မဲ့ ဖျက်ဆီးခံရတာတွေအတွက်တော့ စိတ်မကောင်းဘူး။ အကြမ်းဖက်ဖျက်ဆီးခံခဲ့ရတဲ့ မိသားစုဝင်တွေ စိတ်ကျေနပ်အောင် ဘာလုပ်ပေးနိုင်မလဲဆိုတာ သိချင်ပါတယ်။”
“မနေ့ညနေ ၆-နာရီလောက်က သိရပါတယ်။ အမှန်တကယ် ရည်ရွယ်ချက်က အဲ့ဒီ အကြမ်းဖက်လူစုက သံတွဲမြို့ထဲကို သွားတာ။ အံတော် ကွန်ကရစ်တံတားထိပ်မှာ ရဲတွေ ပိတ်ထားတော့ သူတို့ မြို့ထဲကို ၀င်မရဘူး။ ၀င်မရတဲ့အတွက်ကြောင့် နောက်ကို ပြန်လှည့်လာပြီး ကားဂိတ်နဲ့ ကားတွေကို ဖျက်ဆီးသွားပါတယ်။ ကျွန်တော်တို့ဂိတ်က ကုန်တင်ကား ၂-စီးနဲ့၊ တခြားက လူစီးကား ၂-စီးပါ။ ရဲစခန်းကိုတော့တိုင်ချက်ဖွင့်ထားပါတယ်။ မနေ့က ညနေ ၆-နာရီလောက်မှာ ဖြစ်တော့ ကျွန်တော်တို့ဂိတ်မှာ မန်နေဂျာနဲ့ ၀န်ထမ်းအလုပ်သမားလေး ၂-ယောက်ရှိပါတယ်။ သူတို့က အဲလိုဖြစ်နေတော့ အောက်မဆင်းရဲဘူး။ ဖျက်ဆီးတဲ့သူတွေလည်းပြန်သွားရော ရဲ ၂-ယောက် ရောက်လာပြီးတော့ ကားကိုဓါတ်ပုံရိုက်ဖို့ ဂိတ်မှူးကို ဓါတ်မီးနဲ့ထိုးခိုင်းတယ်။ အဲဒီအချိန်မှာ မီးရောင်မြင်တော့ လမ်းပေါ်ကမြင်တော့ ခုနက အကြမ်းဖက်ဖျက်ဆီးသူတွေက ပြန်ဝင်လာတယ်။ ပြန်ဝင်လာတော့ ရဲကပြောတယ် မင်းတို့ထင်သလိုမဟုတ်ဘူး။ ပြဿနာဖြစ်တဲ့ ကောင်လေးကို ငါတို့စစ်ပြီးပြီ၊ ကောင်မလေးကိုလည်း စစ်ပြီးပြီလို့ပြောတယ်။ မင်းတို့ထင်သလို မွတ်စလင်မ်ကြောင့်ဖြစ်တာ မဟုတ်ဘူး၊ မင်းတို့ သူများပစ္စည်းကို မဖျက်ဆီးနဲ့၊ ဖျက်ဆီးရင် ဥပဒေကြောင်းအရ အရေးယူခံရမယ်လို့ ချော့မော့ပြီး ပြန်လွှတ်လိုက်တယ်။ အကြမ်းဖက်သမားတွေက ကုလားတွေလည်း ရခိုင်စကားတတ်တာပဲလို့ပြောတယ်။ အဲဒီနောက်ပိုင်းတော့ ကားဂိတ်မှူးလည်း ထွက်ပြေးပြီး ပုန်းနေရတယ်။ မီဒီယာတွေမှာ ပြန့်နေသလို ကောင်မလေးကို မုဒိမ်းကျင့်တယ်ဆိုတာ မဟုတ်ဘူး။ တရားခံရဲ့စကားတွေနဲ့ လွဲနေတယ်။ အဲဒါကိုလည်း အမှန်ဖြစ်သင့်တာက ရဲစခန်းက စစ်ဆေးပြီး အရှိကို အရှိအတိုင်းထုတ်ပြန်သင့်တယ်။ မထုတ်ပြန်ဘဲ ထိန်ချန်ထားတာက ရိုးသားမှုမရှိဘူး။ မနေ့ကဆို အဲဒီ ကောင်မလေးရော၊ ကောင်လေးရော သူတို့ဆီမှာရှိနေတာပဲ။ စစ်ဆေးပြီး သတင်းအတိအကျထုတ်ပြန်ပေးလို့ရတယ်။ အဲဒါကို ဒီဟာကြောင့် မဟုတ်ပါဘူးဆိုတာ အတိအကျ မထုတ်ပြန်ပေးဘူး။ ဟုတ်တယ်ဆိုတာလည်း မပြောဘူး။ မနေ့ညကထိ ရဲတွေကိုမေးတော့ မဟုတ်ဘူးပဲပြောတယ်။ ဒီနေ့တော့ ဘယ်လိုပြောင်းသွားမလဲ မသိဘူး။
အခုအချိန်ထိ အဲဒီတရားခံတွေဟာ မီဒီယာတွေမှာရေးသလို ဟိုဘက်ဒီဘက် ပဋိပက္ခဖြစ်တာမဟုတ်ဘူး။ အခုလို အကြမ်းဖက်မှုတွေ စဖြစ်ကတည်းက အခုအချိန်ထိ ကျွန်တော်တို့တွေ တဘက်သတ် နိုင်ထက်စီးနင်းလုပ်ခံနေရတာ၊ ကျွန်တော်တို့ဘက်က ပြန်ခုခံတာလည်းမရှိဘူး၊ စလုပ်တာလည်းမရှိဘူး၊ သူတို့ပြောသလို ကိုယ့်အိမ်ကိုယ် မီးရှို့တယ်ဆိုတာလည်းမရှိဘူး။ ဘာပဲဖြစ်ဖြစ် တရားဥပဒေစိုးမိုးရေးအရ ဖြစ်စေချင်တယ်။ အခုလက်ရှိအနေအထားက သံတွဲမြို့ဟာ စိုးရိမ်ရေမှတ်ကို ရောက်နေပါတယ်။ အခုလက်ရှိ တောင်ကုတ်မှာလည်း လူစုနေတယ်၊ ကားတွေပေါ်မှာ စုတွေ သင့်စောင့်နေတယ်၊ အံတော်မှာလည်း လူစုနေတယ် ဒါကြောင့် စိုးရိမ်စရာ အခြေအနေဖြစ်နေပါတယ်”လို့ M-Media ရဲ့ ဆက်သွယ်မေးမြန်းမှုများကို ဖြေကြားပေးခဲ့ကြပါတယ်။

မနေ့က သံတွဲမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုကြောင့် လူနေအိမ် ၅-လုံး မီးရှို့ခံရပြီး အခြားလူနေအိမ် ၇-လုံး ဖျက်ဆီးခံရပါတယ်။ ကားဂိတ်တစ်ခုနဲ့ ကား(၄)စီးလည်း ဖျက်ဆီးခံခဲ့ရတယ်လို့ သံတွဲမြို့ အကြမ်းဖက်မှုရဲ့ ပျက်ဆီးဆုံးရှုံးမှုများကိုလည်း သိရပါတယ်။

ရိုက်တာ အထူး အစီရင်ခံချက် – မွတ်စလင် ဆန့်ကျင်ရေး ဘုန်းကြီးများကို အစိုးရမှ တရားဝင် အမွှန်းတင်

ရိုက်တာ  Special Report  ( http://www.reuters.com/article/2013/06/27/us-myanmar-969-specialreport-idUSBRE95Q04720130627)
ဘာသာပြန် – သာကီထက်ကောင်း
တည်းဖြတ် – အမ်-မီဒီယာ
Buddhist monk Wirathu, leader of the 969 movement, greets other monks as he attends a meeting on the National Protection Law at a monastery outside Yangon
Buddhist monk Wirathu (C), leader of the 969 movement, greets other monks as he attends a meeting on the National Protection Law at a monastery outside Yangon June 27, 2013.
Credit: REUTERS/Soe Zeya Tun
ရန်ကုန်၊ ရိုက်တာ။    ။ ၉၆၉ ဟုကျော်ကြားသော မြန်မာဗုဒ္ဓအစွန်းရောက်လှုပ်ရှားမှုမှာ အခြေခံလူတန်းစားတစ်ရပ်လုံးအတွက်ယုံကြည်ချက် အဖြစ် မိမိဖာသာ ရုပ်လုံးဖော်လျက်ရှိ၏။ ၄င်း၏အမာခံခေါင်းဆောင်ကြီး ဦးဝီရသူသည် မွတ်စ်လင်မ်ဆန့်ကျင်ရေး အကြမ်းဖက်မှု အတွက် စစ်အစိုးရဟောင်းမှ ထောင်သွင်း အကျဉ်းချခြင်း ခံခဲ့ရသူ ဖြစ်သလို  ယင်းဘုန်းတော်ကြီးက မိမိကိုယ်ကို “ဗမာဘင်လာဒင်” ဟု ခေါ်ဝေါ်ခဲ့ဖူးသည်။
၉၆၉ ၏ မူလမြစ်ဖျားခံရာကို ရိုက်တာသတင်းထောက်များမှ ခြေရာခံကြည့်သောအခါ တစ်ခါက မြန်မာပြည်၏အာဏာရှင်စနစ်၏ အရာရှိတစ်ဦးမှ စတင်ခဲ့ကြောင်း တွေ့ရသည်။  ယနေ့ ပြုပြင်ပြောင်းလဲရေးအစိုးရသည်လည်း ယင်းအာဏာရှင်စနစ် မျိုးဆက်ဟောင်းမှ တိုက်ရိုက်ဆင်းသက်လာခြင်းဖြစ်သည်။ ယခုတွင်မူ ၉၆၉ လှုပ်ရှားမှုတွင် အထက်တန်းအစိုးရအရာရှိများ၊ သြဇာရှိဘုန်းတော်ကြီးများသာမက နိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ အတိုက်အခံနိုင်ငံရေးပါတီ NLD မှ အဖွဲ့ဝင်တစ်ချို့ပင်လျှင် ထောက်ခံပါဝင်နေကြပေသည်။
ဦးဝီရသူမှ မွတ်စ်လင်မ်တို့၏ဆိုင်များကို သပိတ်မှောက်ရန်အပြင် ဘာသာခြားတို့နှင့်ထိမ်းမြားမှုပိတ်ပင်ဖို့ကိုပါ ဗုဒ္ဓဘာသာဝင်တို့အား နှိုးဆော်လျက်ရှိသည်။ သူသည် ဗလ်ီများကို “ရန်သူ့စစ်စခန်းများ”ဟု ခေါ်ဝေါ် သမုတ် နေပေသည်။ သူ့အားကြည်ညိုသူများအနက် သာသနာရေးဝန်ကြီးဌာနလည်း အပါအ၀င် ဖြစ်သည်။
“ ဦးဝီရသူရဲ့ဟောကြားချက်များဟာ မေတ္တာတရားကို ဖော်ကျူးခြင်း နဲ့ ဘာသာတရားများအကြားနားလည်မှုထားရှိရေး အကြောင်းတွေသာဖြစ်တယ်။ ဘာသာရေးအကြမ်းဖက်မှုဖြစ်လာအောင် သူကလှုံ့ဆော်နေတယ်ဆိုတာ မဖြစ်နိုင် ပါဘူး ” ဟု သာသနာရေးဝန်ကြီး ဦးဆန်းဆင့်က နိုင်ငံတကာမီဒီယာများနှင့် ပထမဆုံး အင်တာဗျူးလုပ်စဉ် ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။
မြန်မာစစ်တပ်၌ ဒုတိယဗိုလ်ချုပ်ကြီးဖြစ်ခဲ့သော ဦးဆန်းဆင့်သည် ၉၆၉ သံဃာများမှဦးဆောင်၍ မွတ်စ်လင်မ်တို့၏ စီးပွားရေးလုပ်ငန်းများအား သပိတ်မှောက်နေခြင်းကို မှားယွင်းချွတ်ချော်မှုဟု မမြင်သည့်အလား “ ကျွန်တော်တို့ဟာ ဈေးကွက် စီးပွားရေးစံနစ်ကို ကျင့်သုံးနေပါတယ်။ ဘယ်သူမှ ဒါကို တားလို့မရပါဘူး။ ဒီစံနစ်က ၀ယ်ယူသူများအပေါ်မှာပဲ မူတည်ပါတယ် ” ဟု ဆိုသည်။
သမ္မတဦးသိန်းစိန်သည်လည်း ၉၆၉ အပေါ် ပျော့ပြောင်းသည့်သဘောထားကို ပြသလာနေသည်။ သမ္မတရုံးကမူ ထိုကိစ္စနှင့်ပတ်သတ်၍ တစ်စုံတစ်ရာမှတ်ချက်ပေးပြောဆိုဖို့ ငြင်းဆိုခဲ့ပါသည်။ ထိုလှုပ်ရှားမှုနှင့်ပတ်သက်သောအငြင်းပွားဖွယ်များ ကြီးထွားလာသောအခါ တုန့်ပြန်ချေပသောအားဖြင့် ပြီးခဲ့သည့်တနင်္ဂနွေနေ့က “ ၉၆၉ သည် ငြိမ်းချမ်းရေးသင်္ကေတ ” ဖြစ်ကြောင်း၊  ဦးဝီရသူသည် ဗုဒ္ဓ၏သားတော်ဖြစ်ကြောင်း ဖော်ပြပါရှိသည့် ကြေညာချက်ကို သမ္မတရုံးမှ ထုတ်ပြန်ခဲ့သည်။
ဦးဝီရသူနှင့် အခြားသော ဘုန်းကြီးများမှာ မြန်မာနိုင်ငံအနှံ့အပြားတွင် ဖြစ်ပျက်ခဲ့သည့် လူမျိုးရေးအဓိကရုဏ်းများနှင့် နီးနီးကပ်ကပ်စပ်ဆက်နေပေသည်။ ရာစုနှစ်တစ်ဝက်နီးပါး အုပ်ချုပ်ခဲ့သည့် အာဏာရှင်အုပ်ချုပ်ရေးအောက်၌ မွတ်စ်လင်မ်ဆန့်ကျင်ရေးမှာ တအုံနွေးနွေးဖြစ်နေခဲ့သည်။ သို့သော် ၂၀၁၁ ခုနှစ်၊ မတ်လတွင် စစ်တပ်တစ်ပိုင်းလူထုတစ်ပိုင်း အစိုးရမှအာဏာရလာပြီးမှ အပြင်းထန်ဆုံးတိုက်ခိုက်မှု ဖြစ်ပွားလာသည်။
ယမန်နှစ်က ရခိုင်ပြည်နယ်၌ နှစ်ကြိမ်တိုင် ဖြစ်ပွားခဲ့သောအဓိကရုဏ်းတွင် အနည်းဆုံး လူ ၁၉၂ ဦးသေဆုံးခဲ့ပြီး၊ တစ်သိန်းလေးသောင်းအထိ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ ထိုသူတို့ထဲမှအများစုမှာ ဌာနီမဲ့ ရိုဟင်ဂျာမွတ်စ်လင်မ်များ ဖြစ်ကြသည်။ ရိုက်တာ၏ စုံစမ်းမှု တစ်ခုကဆိုသည်မှာ ပြီးခဲ့သည့်အောက်တိုဘာလအတွင်း မွတ်စ်လင်မ်တို့အား စံနစ်တကျပြင်ဆင် တိုက်ခိုက်ရာ၌ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများမှလှုံ့ဆော်ပေးခဲ့သော ရခိုင်အမျိုးသားရေးဝါဒီတို့က ဦးဆောင်ခဲ့ကြသည်။ ရံဖန်ရံခါ ဒေသတွင်းရှိလုံခြုံရေးတပ်ဖွဲ့ ၀င်များကလည်း ပါဝင်ကူညီပေးခဲ့ကြသည်ဟု ဆို၏။
ယခုနှစ် မတ်လအတွင်း မြန်မာနိုင်ငံအလယ်ပိုင်း မိတ္ထီလာမြို့အကြမ်းဖက်မှု၌ လူ ၄၄ ဦးထက်မနည်း သေကြေကာ တစ်သောင်းသုံးထောင် အိုးမဲ့အိမ်မဲ့ ဖြစ်ပွားခဲ့သည်။ ယခုတစ်ကြိမ်တွင်လည်း ဒုက္ခသည်အများစုမှာ မွတ်စ်လင်မ်များ ဖြစ်နေပြန်သည်။ ရိုက်တာ၏ ဧပြီလမှတ်တမ်း တင် ချက်တွင် သွေးဆူနေသော ဗုဒ္ဓဘာသာဝင်လူရမ်းကားတို့ကို သံဃာများဦးဆောင်လိုက်သည့်နောက်မှာမှ သတ်ဖြတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။ မေလတွင်လည်း မြန်မာနိုင်ငံ မြောက်ပိုင်း လားရှိုး မြို့၌ ဗုဒ္ဓဘာသာလူရမ်းကားတို့သည် မွတ်စ်လင်မ်ရပ်ကွက်များကို မီးရှို့ဖျက်ဆီး အကြမ်းဖက်ခဲ့ပြန်သည်။ သို့ဖြင့် တိုင်းပြည်တစ်ခုလုံး မငြိမ်သက်မှုသတင်းများ ကျယ်ပြန့်လာတော့သည်။
၉၆၉ နံပါတ်သည် ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ့ဂုဏ်တော်များကို ရည်ညွှန်းထားခြင်းဖြစ်၍ ပင်ကိုသဘာဝအားဖြင့် အန္တရာယ်ဖြစ်စေသောအရာ မဟုတ်။ သို့ရာတွင် ၉၆၉ ဘုန်းကြီးတို့သည် သွေးချောင်းစီးမွတ်စ်လင်မ်ဆန့်ကျင်ရေးလှိုင်းတံပိုး အတွက် စိတ်ဓာတ်မှိုင်းတိုက်လျက်သာရှိနေသောကြောင့် မြန်မာနိုင်ငံ၏ အရှိန်တက်စ ပြန်လည်ပြုပြင်ရေး လုပ်ငန်းစဉ်အား နှင်ထုတ်တွန်းဖယ်ရာရောက်သွားစေသည်။ နာမည်ကျော် ၉၆၉ ဘုန်းကြီးနောက်တစ်ဦးဖြစ်သော ဦးဝိမလဘိဝံသ ကလည်း မွတ်စ်လင်မ်တို့အား လှောင်အိမ်ထဲမှသားကောင်တို့ကို သုတ်ချီရန် ၀င်ရောက်လာသော ကျားအဖြစ် ခိုင်းနှိုင်းနေလေ့ရှိသည်။ “ စည်းကမ်းချက်မပြဋ္ဌာန်းယင် လူမျိုးနဲ့ဘာသာ ကွယ်ပျောက်သွားမယ်။ နိုင်ငံကိုပင်လျှင် ဆုံးရှုံးသွားနိုင်တယ် ” ဟု မကြာသေးမီက တရားပွဲတစ်ခုတွင် သူက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် နိုင်ငံတော်ဘာသာ ဟူ၍ တရားဝင် မရှိ။ သို့သော် အစဉ်အဆက်အုပ်ချုပ်သူများက ဗုဒ္ဓဘာသာအား ထိပ်တန်းတင်ဦးစားပေးကြသည်။ မွတ်စ်လင်မ်တို့သည် နိုင်ငံ့လူဦးရေ၏ ၄ ရာခိုင်နှုန်း(ခန့်မှန်း)သာရှိပြီး နိုင်ငံသား သန်း ၆၀ ၌ ဗုဒ္ဓဘာသာဝင်မှာ ၉၀ ရာခိုင်နှုန်း အထိ ရှိနေသည်။ သို့ပင်သို့ငြား စစ်အုပ်ချုပ်ရေးကာလအတွင်း သာသနာရေး ၀န်ကြီးဌာနအတွင်း၌ ဗုဒ္ဓဘာသာအတွက် အထူးသီးသန့်ဌာနတစ်ခုကိုလည်း ထပ်မံတိုးချဲ့ခဲ့သည်။
Wimala Biwuntha shows a 969 logo during the introduction speech ceremony in a monastery in Yangon
Wimala Biwuntha shows a 969 logo during the introduction speech ceremony in a monastery in Yangon Credit: REUTERS/Soe Zeya Tun
အသုံးချ ဓားစာခံများ
မြန်မာ့နိုင်ငံရေးတွင် ဘုန်းတော်ကြီးတို့သည် အခန်းကဏ္ဍများစွာတွင် ဆက်စပ်ပါဝင်နေသည်။ ၂၀၀၇ ခုနှစ်က စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ပြီး ဒီမိုကရေစီကိုထောက်ခံသော ရွှေဝါရောင်တော်လှန်ရေးတွင် သံဃာများသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသည်။ လက်ရှိသမ္မတဦးသိန်းစိန်နှင့်သူ့အစိုးရအဖွဲ့ဝင် ထိပ်တန်းအရာရှိများအပါအ၀င် စစ်ဗိုလ်ချုပ်များက သူတို့အား နှိပ်ကွပ်ခဲ့ကြသည်။ ယခု ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေးမျှော်မှန်းလုပ်ငန်းစဉ်လမ်းညွှန်ချက်၌ လွတ်လပ်စွာပြောဆိုခွင့်နှင့် စုရုံးခွင့် ပေးထားလေရာ ပြည်တွင်းရှိ ၅ သိန်းဝန်းကျင် သံဃာတော်များမှာ (လက်လွတ်စပယ်ပြောဆိုဖို့) လွတ်လပ်ရေးရကြတော့သည်။ ဆန္ဒရှိသလို နေရာတိုင်းသို့ ဗုဒ္ဓတရားတော်သာမက ၉၆၉ လမ်းစဉ်သင်ကြားရေးအတွက် သွားလာနိုင်ကြတော့သည်။
သံဃာတော်တို့သည် မြန်မာနိုင်ငံ၏ ဖူးငုံပွင့်စ ဒီမိုကရေစီစံနစ်၌ ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲအတွက် ခါတော်မှီနိုင်ငံရေးအင်အားစုအဖြစ် ပေါ်ထွက်လာသည်။ ၄င်းတို့၏ အသစ်သော လွှမ်းမိုးနိုင်မှုအင်အားမှာ လျှို့ဝှက်ကြံစည်ထားသည့် သီဝရီတစ်ခုအား ပေါ်ထွက်လာစေ၏။ ယင်းသီဝရီမှာ ယခင် စစ်အုပ်စုတွင်းရှိ အမျက်သိုအမာခံတို့က ၉၆၉ လှုပ်ရှားမှုအား ကိုင်တွယ်ထိန်းချုပ်ထားပြီး ပြန်လည်ပြုပြင်တည်ဆောက်ခြင်းကို လမ်းချော်စေရန် ရ့ည်စူးပြီး တည်ငြိမ်ငြိမ်းချမ်းရေး ပျက်ပြားစေဖို့ လုပ်ဆောင်ကြရုံသာမက ဒေါ်စုကြည်၏ NLD ပါတီအား ရွေးကောက်ပွဲ၌ အနိုင်မရစေဖို့လည်း တားဆီးနေကြသည်ဟူ၏။
ဤအတွေးကို ခိုင်မာစေဖို့ရန် အထောက်အထား မရှိသော်လည်း အစိုးရအာဏာပိုင်အချို့ကမူ ယင်းအချက်ဖြစ်နိုင်ဖွယ်ရှိနေကြောင်း ပြောနေကြပေသည်။
“ တစ်ချို့သူတွေက ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ဖို့ စိတ်အားထက်သန်ကြတယ်။ ပြုပြင်ရေးကို မလိုချင်သူ အချို့လည်း ရှိနေကြတယ်။ ဒါကြောင့် အကြမ်းဖက်ဖြစ်ရပ်နဲ့ပတ်သက်ပြီး ပြုပြင်ပြောင်းလဲမှုကိုမလိုလားသူအချို့ပါဝင်ပတ်သက်နိုင်ပါတယ် ” ဟု သမ္မတဦးသိန်းစိန်၏အနီးကပ်အကြံပေးနှစ်ဦးအနက် တစ်ဦးဖြစ်သူ ဦးစိုးသိန်းမှ ရိုက်တာသတင်းဌာနသို့ ပြောပြခဲ့သည်။
၉၆၉ ကို သြဇာကြီးမားသော အမာခံအုပ်စုဝင်များမှ ကိုင်တွယ်ထိန်းချုပ်ထားခြင်း မဟုတ်လျှင်ပင် – ရာထူးရာခံကြီးမားသူများနှင့်အောက်ခြေအလွှာများထဲမှ ကျယ်ပြန့်သော ထောက်ခံ ကျားကန်မှု ရှိနေသည်မှာ အမှန်ဖြစ်၏။ ထိုအလွှာထဲတွင်မူ ၉၆၉ လှုပ်ရှားမှုမှာ သစ္စာခံပမာ စွဲမြဲနေပြီး ကြီးထွားလာလျက်ရှိသည်။
အာဏာပိုင်များမှ မျက်နှာလွှဲခဲပစ်ထောက်ခံမှုပေးထားကြောင်း ၉၆၉ ဘုန်းတော်ကြီး ဦးဝိမလ၏ အောက်ပါစကားအရ သိရှိနိုင်သည်။ “ အမျိုးဘာသာသာသနာကို ကာကွယ်ဖို့ ဟောပြောခွင့်ကိုပေးထား ကတည်းက ဘုန်းကြီးတို့ကို ထောက်ခံနေတယ်လို့တွေးမိတယ် ”။
ရန်ကုန်ကိုယ်စားပြု မြန်မာမွတ်စလင်အဖွဲ့အစည်း ကလည်း ထိုအတိုင်း သဘောမျှလျက်ရှိသည်။ မွတ်စလင်ကျောင်း ဆရာတစ်ဦးဖြစ်သူ ဦးမျိုးဝင်းမှ “ မွတ်စ်လင်မ်ဆန့်ကျင်ရေးလုပ်ရပ်တွေက ကြီးထွားလာနေတယ်။ အစိုးရဖက်ကလည်း တားမြစ်ခြင်း မရှိဘူး ” ဟု ဆိုပြီး ၉၆၉ ကို Ku Klux Klan (အမေရိကန်နိုင်ငံရှိ လက်ယာစွန်းရောက် လျှို့ဝှက်အကြမ်းဖက်လှုပ်ရှားရေးဂိုဏ်း) နှင့်ခိုင်းနှိုင်းပြခဲ့၏။
သာသနာရေးဝန်ကြီး ဦးဆန်းဆင့်က ၄င်းလှုပ်ရှားမှုမှာ နိုင်ငံတော်မှ တရားဝင်ထောက်ပံ့ပေးထားခြင်းမရှိ ဟု ဆိုသော်လည်း “သူတို့ဟောပြောနေတာက ပြဿနာတွေကို ဖန်တီးနေတာမဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ် ” ဟူ၍ ဦးဝီရသူ နှင့်  ယုံကြည်ချက်တူသူ အပေါင်းအပါဘုန်းကြီးများကို ကာကွယ်ပေးခဲ့သည်။
ဒေသခံအာဏာပိုင်များကမူ ထိုလှုပ်ရှားမှုအား ရပ်တည်ကူညီပေးလျက်ရှိနေသည်။ ၉၆၉ ရုပ်ပုံမှာ ယခုတွင် မြန်မာပြည်၌ သတိထားမိဖို့ အလွယ်ဆုံးတံဆိပ်တစ်ခု ဖြစ်လို့နေပေပြီ။ ၄င်း ၉၆၉ တံဆိပ်ကို ဗုဒ္ဓဘာသာဝင်ရှေးဟောင်းဧကရာဇ်တစ်ပါးဖြစ်သည့် အာသောကမင်းကြီးကို ကိုယ်စားပြုထားသော ခြင်္သေ့လေးကောင်ပုံပါဝင်ကာ မြန်မာဂဏန်းသင်္ချာပုံစံဖြင့် ၉၆၉ ကို ရေးသားထားကာ ၂၄ ပစ္စည်းစက်ဝိုင်းဖြင့် ၀ိုင်းရံထားသည်။
ထိုအမှတ်တံဆိပ်ပါ စတစ်ကာများကိုလည်း တရားပွဲများတွင် အခမဲ့ဝေငှလျက်ရှိသည်။ ၄င်းကို ဆိုင်များ၊ အိမ်များ၊ အငှားယာဉ်များ နှင့် မြန်မာတို့အထွဋ်အမြတ်အထားဆုံး ရွှေတိဂုံစေတီ၏ အမှတ်တရလက်ဆောင်ပစ္စည်းဆိုင်များ၌ ကပ်ထားကြသည်။ မတည်ငြိမ်မှုဖြစ်ပွားခဲ့သမျှနေရာဒေသများတွင်လည်း ၄င်းတံဆိပ်ကို မမြင်ချင်အဆုံး ဖြစ်နေသည်။
ယင်းသင်္ကေတကို အာဏာပိုင်အချို့က အထူးလေးစားကြောင်းတွေ့ရသည်။ မွတ်စ်လင်မ်ဆန့်ကျင်ရေးဖြစ်ပွားခဲ့သော ပဲခူးတိုင်းတရားရုံးတစ်ခုတွင်  ကွမ်းယာဆိုင်မှ ၉၆၉ တံဆိပ်ခွာယူခဲ့သော မွတ်စ်လင်မ်တစ်ဦးကို ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့သည်။ မြန်မာနိုင်ငံ၏ကိုလိုနီခေတ်ရာဇသတ်ဥပဒေတစ်ခုဖြစ်သော “သာသနာတော်အားညှိုးနွမ်းစေမှု ” ဖြင့် စီရင်ခဲ့ခြင်းဖြစ်သည်။
ဘူမိနက်သန်
၉၆၉ လှုပ်ရှားမှုသည် ဘာသာရေးယုံကြည်ချက်ကို အစကောက်၍ နိုင်ငံတော်နှင့် နွှယ်ခဲ့သည်။ ဘာသာရေးအသိုင်းအ၀ိုင်းပြင်ပ၌ ယခုအခါ လူအများမေ့လျော့နေပြီဖြစ်သော ဘုန်းကြီးလူထွက်၊ အစိုးရအရာရှိနှင့် စာများစွာရေးခဲ့သူ ဦးကျော်လွင်၏ တီထွင်ချက်ကို (မိမိတို့ ကူးယူအသုံးချနေခြင်းဖြစ်ကြောင်း) ဦးဝိမလ၊ ဦးဝီရသူ နှင့် အခြား ၉၆၉ သံဃာများမှ ရည်ညွှန်းဖော်ပြကြပေသည်။
မြန်မာအာဏာရှင်ဟောင်းများက ၁၉၈၈ ခုနှစ်၊ ဒီမိုကရေစီအရေးအခင်းအား ရက်စက်စွာ နှိပ်ကွက်ပြီးနောက် ဗုဒ္ဓအယူ ဦးစားပေးထွန်းကားပြန့်ပွားရေးအတွက် ဦးကျော်လွင်ကို လက်သပ်မွေးခဲ့သည်။ ရဟန်းသံဃာများအပါအ၀င် လက်နက်မဲ့ ဆန္ဒပြသူများကို စစ်တပ်မှ ပစ်ခတ်ခဲ့ရာ ထောင်ချီပြီး ဒဏ်ရာရသေကြေပျက်စီးခဲ့ရသည်။ နောင်သောအခါ မိမိတို့၏  မုန်းတီးရွံရှာမှုကိုပြသသောအားဖြင့် သံဃာတော်များသည် ၀ါတွင်းသုံးလလုံးလုံး စစ်အာဏာပိုင်မိသားစုတို့၏ လှူဖွယ်ဝတ္ထုများအား လက်ခံရန်  ငြင်းဆိုခဲ့ကြသည်။
၎င်းနောက်တွင် စစ်တပ်သည် ပုန်ကန်သူဘုန်းတော်ကြီးများအား အနုနည်းဖြင့်ကိုင်တွယ်ရန် နှင့် ၄င်းတို့၏သိက္ခာဆည်ရန် (၄င်းတို့မှ ရွေးချယ်ခံထားအပ်သော အဖွဲ့ဝင်များသာပါဝင်သည့် သံဃာအဖွဲ့အစည်းဆန်သော စိတ်ကြိုက်) ဗုဒ္ဓဘာသာပုံစံမျိုးဖြင့် ကိုင်တွယ်ဖြေရှင်းခဲ့သည်။ သံဃာများကို မှတ်ပုံတင်စေပြီး ၄င်းတို့၏ လှုပ်ရှားဆောင်ရွက်မှုများမှာ ကန့်သတ်ထိန်းချုပ်ခံရသည်။ နိုင်ငံပိုင်မီဒီယာမှလည်း စစ်ဗိုလ်ချုပ်များမှ ဘုန်းတော်ကြီးကျောင်းများ မွမ်းမံခြင်းကို လှည့်ပတ်ကြည့်ရှုခြင်း သို့မဟုတ် ကျောင်းထိုင်များအား အလှူပေးအပ်ခြင်းအကြောင်းများကို နေ့စဉ်လိုလို ထုတ်လွှင့်တင်ပြခဲ့သည်။
၁၉၉၁ ခုနှစ်တွင် သာသနာရေးဝန်ကြီးဌာနအတွင်း သာသနာ့စည်ပင်ပြန့်ပွားရေးဌာနခွဲတစ်ခုကို ဖန်တီးကာ ဦးကျော်လွင်အား ဌာနမှူးအဖြစ် ခန့်အပ်ခဲ့သည်။ Sasana ဆိုသည်မှာ ထေရ၀ါဒနှင့်ဆက်နွယ်နေသော ပါဠိဘာသာအရ သာသနာကို ဆိုလိုခြင်းဖြစ်ပြီး မြန်မာပြည်တွင် ထိုစကားလုံးသည် ဗုဒ္ဓဘာသာဆိုသည့်စာလုံးနှင့်ဖလှယ်၍ အသုံးပြုနိုင်ပေသည်။ နောက်တစ်နှစ်တွင် သာသနာ့စည်ပင်ပြန့်ပွားရေးဌာန Department for the Promotion and Propagation of Sasana – DPPS မှ “ဗုဒ္ဓဘာသာဝင်ကောင်းတစ်ဦးအဖြစ် နေထိုင်နည်း”စာအုပ်ကို ပုံနှိပ်ထုတ်ဝေခဲ့၏။ ဦးကျော်လွင်၏ သန့်စင်ထုတ်နုတ်ထားသည့် လက်ရာများအနက်တစ်ခုဖြစ်သည်။ ၂၀၀၀ ခုနှစ်၌ ယင်းစာအုပ်ကိုပင် “အကောင်းမြတ်ဆုံးဗုဒ္ဓ၀ါဒီ”အမည်ဖြင့် ထပ်မံထုတ်ဝေသောအခါ ယင်းစာအုပ်မျက်နှာဖုံးတွင် ၉၆၉ အမှတ်တံဆိပ်အား  အစောဆုံးဖော်ပြထားသည်ကို တွေ့ခဲ့ရသည်။
ဦးကျော်လွင်သည် ၁၉၉၂ ခုနှစ်တွင် အနားယူခဲ့သည်။ လက်ရှိဌာနမှူးမှာ စစ်အရာရှိဟောင်းတစ်ဦးဖြစ်သော ဦးခိုင်အောင်ဖြစ်သည်။ ဦးကျော်လွင်ကွယ်လွန်ပြီးနောက် ၄င်း၏ဇနီးနှင့်သားတို့မှာ ရန်ကုန်မြို့လယ်ရှိ သူပိုင်အိမ်၌ပင် နေထိုင်နေဆဲဖြစ်သည်။ အိမ်၏ဧည့်ခန်းနံရံကပ်စင်တွင် ဦးကျော်လွင်၏စာအုပ်များ စီတန်းထားပြီး၊ ဘုန်းတော်ကြီးနှင့်ဝိပဿနာတရား လမ်းညွှန်သူဘ၀က မှတ်တမ်းတင်ထားသည့် ဓာတ်ပုံများကို မှန်ဘောင်သွင်းလျက် တွေ့ရသည်။ ဦးကျော်လွင်နှင့် ဗိုလ်ချုပ်မှူးကြီးခင်ညွန့်တို့ အတူတစ်ကွ စကားဖောင်ဖွဲ့ရယ်မောနေသည့် နောက်ထပ် ဓာတ်ပုံတစ်ခုကိုလည်း တွေ့ရသည်။ ဦးခင်ညွန့်သည် စစ်ထောက်လှမ်းရေး ဦးစီးချုပ်နှင့် မြန်မာနိုင်ငံ၏ အရေးအကြီးဆုံးသူတစ်ဦးအနက်မှ တစ်ဦး ဖြစ်ခဲ့ဖူးသည်။
ဦးကျော်လွင်၏ သားဖြစ်သူ မော်တော်ကားသွင်းကုန်လုပ်ငန်းရှင် အောင်လွင်ထွန်း(၃၈ နှစ်)မှ ပြောကြားသည်မှာ သူ့ဖခင်သည် အခြားသော စစ်ခေါင်းဆောင်များနှင့် အနီးကပ်ဆက်ဆံရေးရှိခဲ့ပြီး မြန်မာ့ဝါအရင့်ဆုံး ဗိုလ်ချုပ်ကြီးစောမောင်မှ သူ့အား “အကောင်းမြတ်ဆုံး ဗုဒ္ဓ၀ါဒီ”စာအုပ်ကို ရေးသားရန် ပုဂ္ဂိုလ်ရေးအရ ညွှန်ကြားခဲ့သည်ဟု ဆိုသည်။ အာဏာရှင်ဟောင်း ဦးသန်းရွှေနှင့်လည်း မကြာခဏတွေ့ဆုံ၍ ဘာသာရေးကိစ္စဆွေးနွေးခဲ့သည်။ ဦးသန်းရွှေသည် ၂၀၁၁ ခုနှစ်၊ မတ်လတွင် အနားယူပြီးချိန်မှစ၍ ယနေ့တိုင်လူမြင်ကွင်းမှ ကွယ်ပျောက်နေသည်။
“အကောင်းမြတ်ဆုံး ဗုဒ္ဓ၀ါဒီ” စာအုပ်မှာ အရောင်းမရှိတော့သဖြင့် အောင်လွင်ထွန်းမှ ပြန်လည်ပုံနှိပ်ရန်စီစဉ်လျက်ရှိသည်။ သူသည် ယနေ့ခေတ် ၉၆၉ လှုပ်ရှားမှုနှင့်တစ်ကွ မွတ်စ်လင်မ်ဆန့်ကျင်ရေးသပိတ်ကို ထောက်ခံသူတစ်ဦးဖြစ်သည်။  “အခုချိန်မှာ လူတော်တော်များများက ဒီစာအုပ်ကို မေးမြန်းနေကြတယ်။ ၉၆၉ လှုပ်ရှားမှုဟာ ကျွန်တော်တို့ဘာသာကို ကာကွယ်ပေးတဲ့ စည်းရိုးတံတိုင်းတစ်ခုနဲ့ အလားသဏ္ဍာန်တူပါတယ် ” ဟု သူက ဆိုခဲ့သည်။
ဦးကျော်လွင်၏ဇနီး(အမည်မဖော်လို – ၆၅ နှစ်)ကလည်း ၉၆၉ အား ထောက်ခံအားပေးလျက်ရှိသည်။ မွတ်စ်လင်မ်နှင့် ထိမ်းမြားသော ဗုဒ္ဓဘာသာဝင်များကို မင်္ဂလာအခမ်းအနားတွင် ဗုဒ္ဓရုပ်ပုံအား ခြေဖြင့်နင်းရန် ခိုင်းစေကြောင်း၊ ၄င်းအပြင် တိရစ္ဆာန်တို့အား လှီးဖြတ်ခြင်းဓလေ့သည် မွတ်စ်လင်မ်တို့အား လွယ်လင့်တကူ လူသတ်လာအောင် လမ်းကြောင်းပေးခြင်း ဖြစ်ကြောင်း သူမက ပြောဆိုလေ့ရှိခဲ့သည်။
DPPS ဌာနအကြီးအကဲဖြစ်စဉ်ကာလအတွင်း ဦးကျော်လွင် တွေ့ဆုံခဲ့သည့် သံဃာတစ်ဦးမှာ ယဉ်ကျေးမှုမြစ်ဖျားခံရာမြို့အဖြစ် ထင်ရှားသည့် မန္တလေးမြောက်ဖက်ရှိ ကျောက်ဆည်မြို့မှ ၀ိစိတ္တာ ဘိဝံသ ဖြစ်သည်။ သူ့အား ဦးဝီရသူ ဟု ပို၍ လူသိများကြပြီး ယခုအခါ (အမုန်းတရား) မီးခိုးမှိုင်းတိုက်မှုအပြင်းထန်ဆုံး ၉၆၉ အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်နေ၏။
ဦးဝီရသူ နှင့် ဦးကျော်လွင်တို့သည် ၁၉၉၂ ခုနှစ်တွေ့ဆုံမှုနောက်ပိုင်း ထိတွေ့ဆက်ဆံမှု မပြတ်ခဲ့ပေ။ “ အခြားသူတွေ မလုပ်ရဲတဲ့  သာသနာ့ကာကွယ်ရေးနဲ့ထွန်းကားရေးကို သူ လုပ်နေတယ် ” ဟုဆိုကာ ဖခင်ဦးကျော်လွင်က ဦးဝီရသူအား ကြည်ညိုမှုကြီးမားခဲ့ကြောင်း သားဖြစ်သူ အောင်လွင်ထွန်း၏အဆိုအရ သိရသည်။
ဦးကျော်လွင်သည် ၂၀၀၁ ခုနှစ်၊ အသက် ၇၀ ၌ ကွယ်လွန်သည်။ ၄င်းနှစ်မှာပင် ဦးဝီရသူက ၉၆၉ အကြောင်း စတင် ဟောပြောပြီး၊ မွတ်စ်လင်မ်ဆန့်ကျင်ရေးအကြမ်းဖက်မှု နက်နက်ရှိုင်းရှိုင်းပင် တိုးပွားလာကြောင်း U.S.State Department မှ အစီရင်ခံ တင်ပြထားသည်။ ၂၀၁၁ ခုနှစ်၊ မတ်လတွင် အာဖဂန်နစ္စတန်၊ ဘာမီယန်ရှိ ဗုဒ္ဓရုပ်ပွားတော်များကို တာလီဘန်များ ဖျက်ဆီးခြင်း၊ စက်တင်ဘာလတွင် အမေရိကန်၌  အလ်ကိုင်ဒါ၏တိုက်ခိုက်ခြင်းများကြောင့် မွတ်စ်လင်မ် ဆန့်ကျင်ရေးလှုပ်ရှားမှုများ ပိုမိုထကြွလာခဲ့သည်။
၂ နှစ်ကြာပြီးနောက် မွတ်စ်လင်မ်ဆန့်ကျင်ရေး လက်ကမ်းစာစောင်များဖြန့်ဝေကာ ကျောက်ဆည်အရေးအခင်း ဖြစ်ပွားစေမှုဖြင့် ဦးဝီရသူအား ဖမ်းဆီးထိန်းသိမ်းပြီး ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခဲ့သည်။ ဗုဒ္ဓဘာသာဝင်လူရမ်းကားတစ်စုမှ မွတ်စ်လင်မ် ၁၀ ဦးထက်မနည်း သတ်ဖြတ်ခဲ့ကြောင်း တရားဝင်သတင်းထုတ်ပြန်ခဲ့၏။
၎င်းမှာ ၉၆၉ ၏ ပထမဆုံး သွေးချောင်းစီးစေခြင်းတည်း။
၉၆၉ နှင့် ၇၈၆
ဦးဝီရသူကား ၂၀၁၁ တွင် နိုင်ငံရေးအကျဉ်းသားလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်မှလွတ်လာခဲ့သည်။ ယင်းမှစ၍ ကိုယ့်ကိုကိုယ် ဘင်လာဒင်ဟု ကင်ပွန်းတပ်ထားသည့် ဦးဝီရသူမှာ ၉၆၉ နောက်ခံနှင့် စစ်ရိပ်စစ်ငွေ့သန်းနေသောမျက်နှာပိုင်ရှင် ဖြစ်လာပေတော့သည်။ ဤအတောအတွင်းမှာပင် ၉၆၉ လှုပ်ရှားမှုကြီးက မြန်မာပြည်ဝယ် ပထမဆုံး ဗုဒ္ဓဘာသာဝင်များဟု မိမိတို့ဖာသာ ဂုဏ်ယူလေ့ရှိကြသည့် လူများနေထိုင်ရာ ပင်လယ်ကမ်းခြေနှင့် ထိစပ်နေသည့် မွန်ပြည်နယ်တွင် ဘုန်းကြီးများ၏ သာသနာ့ အင်အား ကို မောင်းနှင်လျက် ရှိနေပေတော့သည်။
ပြီးခဲ့သည့်နှစ် အဓိကရုဏ်းများဖြစ်ကတည်းက ၄င်း ၉၆၉ တို့သည် နိုင်ငံအနှံ့ ကွန်ယက်ကြီးတစ်ခုကို ဖွဲ့စည်းခဲ့သည်။ မွန်ပြည်နယ်မြို့တော်ဖြစ်သည့် မော်လမြိုင်တွင် မွတ်စလင်မ်ပိုင် အဝေးပေးကားလိုင်းကို ဆန့်ကျင်သပိတ်မှောက်ရာ၌ ၉၆၉ တို့ ဦးဆောင်ခဲ့သည်။ ထိုသည်မှာစ၍ ၉၆၉တို့၏ နိုင်ငံအနှံ့ ဆန့်ကျင်ဆန္ဒပြမှုတို့မှာ ၄င်း၏ ဗဟိုချက်မ (ရယ်ရွယ်ချက်) ဖြစ်လာပေတော့သည်။
မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးရယူနိုင်ခဲ့ပြီးနောက် အဆင့်မြင့်အုပ်ချုပ်ရေးနေရာများတွင် မွတ်စ်လင်မ်တို့ကို တွေ့ခဲ့ကြရသည်။ ၁၉၆၂ ခုနှစ် စစ်တပ်မှ အာဏာသိမ်းပြီး၊ အရာရှိရာထူးများ၌ မွတ်စ်လင်မ်တို့အား မခန့်အပ်ခြင်း၊ ခန့်အပ်ခံရသူများကိုလည်း ရာထူးတိုးမြှင့်မပေးခြင်းတို့ပြုလုပ်လာသည့်အခါ အခြေအနေအပြောင်းအလဲ ဖြစ်သွားခဲ့သည်။ မွတ်စ်လင်မ်တို့သည် စီးပွားရေးလုပ်ငန်းများကို လွှမ်းမိုးခြယ်လှယ်ထားသည်၊ ရရှိလာသည့်အမြတ်အစွန်းကို အသုံးပြု၍ ဗလီဝတ်ကျောင်းများကို တည်ဆောက်ကြသည်၊ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများကို ငွေဖြင့်ဝယ်ယူ သိမ်းပိုက်ကာ အစ္စလာမ့်တရားကိုဖြန့်ချိကြသည် ဟူသော အစွဲကို လူသိများထင်ရှားလာအောင် စစ်တပ်ကသွတ်သွင်းဖြန့်ချိခဲ့ကြ၏။
မွတ်စ်လင်မ်စီးပွားရေးအပေါ် လက်ရှိသပိတ်မှောက်မှုနှင့်စပ်လျဉ်း၍ ထိုသည့်အချက်များက ၄င်းသပိတ်မှောက်သူများအဖို့ (၄င်းတို့၏လုပ်ရပ်များအတွက်) တရားမျှတနေကြောင်း သဘောရရှိပေသည်။ ၉၆၉ နောက်လိုက်နှင့်ရှေ့နေတစ်ဦးဖြစ်သူ မဇာနည်ဝင်းထွန်း(၃၁ နှစ်) က မွတ်စ်လင်မ်တို့သည် ဗုဒ္ဓဘာသာဝင်တို့၏စီးပွားရေးကို အချိန်အတန်ကြာကပင် ဖယ်ကြဉ်ထားခဲ့ကြကြောင်း နှင့် “ ကျွန်မတို့က စပြီး သပိတ်မှောက်ခဲ့တာ မဟုတ်ဘူး၊ သူတို့က စလုပ်ခဲ့တာ။ ဒါကြောင့် ကျွန်မတို့က သူတို့ရဲ့နည်းလမ်းကို ပြန်အသုံးချလိုက်တာဘဲ ” ဟူ၍ ပြောပြခဲ့၏။
ထိုသို့ ပြောပြခြင်းအားဖြင့် သိရသည်မှာ သူမက ၇၈၆ နံပါတ်အား ညွှန်းဆိုလိုက်ဖြစ်ကြောင်းပင်။ တောင်အာရှသားမွတ်စ်လင်မ်များက မိမိတို့၏နေအိမ်နှင့်လုပ်ငန်း များတွင် ယင်းနံပါတ်ကို ဖော်ပြထားလေ့ရှိကြသည်။ ၄င်းသည် “ အလွန်တရာ စာနာထောက်ထားတော်မူသော အနန္တကရုဏာတော်ရှင် အလ္လာဟ်အရှင်မြတ်၏ နာမံတော်ဖြင့် (အစပြုပါ၏) ” ဟူသော ဗျာဒိတ်စကားရပ်အား ကိန်းဂဏန်းဖြင့် ကိုယ်စားပြုထားခြင်းသာဖြစ်သည်။ သို့သော် ဂဏန်းနံပါတ်၌ အစွဲကြီး အကျကောက်တတ်လေ့ရှိသည့် မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာဝင်များက ထိုနံပါတ်သုံးခုပေါင်းလဒ်သည် ၂၁ ဖြစ်သဖြင့်၊ ၂၁ ရာစုတွင် မွတ်စ်လင်မ်တို့မှ ကမ္ဘာကြီးကို ကြီးစိုးလွှမ်းမိုးရန် ကြံစည်ချက်တစ်ရပ်ဟု ပြောဆိုလျက်ရှိသည်။
ဗုဒ္ဓဘာသာဝင်အချို့မှ ၄င်းစကားအပေါ် အဘယ်ကြောင့် ယုံကြည်စွဲမြဲသွားသည်ကို နားလည်နိုင်စေမည့် အခြေအနေများ ရှိပါ၏။ ဥပမာ – ဘာသာရေးဆိုင်ရာနှင့်အစားအသောက်ဆိုင်ရာထုံးတမ်းဓလေ့ရ မွတ်စလင်မ်များအနေဖြင့် ဗုဒ္ဓဘာသာစားသောက်ဆိုင် များသို့ အမြဲတစေ သွားရောက်လေ့မရှိခြင်း၊ မွတ်စလင်မ်များသည် အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို ထိန်းချုပ်လုပ်ကိုင်နေခြင်း များဖြစ်သည်။ ရန်ကုန်မြို့၌ အဆောက်အဦးများပြန်လည်တည်ဆောက်ရေးခေတ်ထနေသော ယခုအခါသမယတွင် Naing Group ၊ Motherland ၊ Fatherland စသော မွတ်စ်လင်မ်ပိုင်ဆောက်လုပ်ရေးကုမ္ပဏီများက ကျော်ကြားထင်ရှားလာမှုများလည်း ရှိနေသည်။
မည်သို့ပင်ဆိုစေကာမူ အကြီးမားဆုံး ဆောက်လုပ်ရေးသဘောတူညီချက်တို့ပါဝင်နေသည့် ဒေါ်လာ ဘီလီယံ သန်းနှင့်ချီသော ရင်းနှီးမြုပ်နှံမှု ပရောဂျက်များအား လက်ဝါးကြီးအုပ်ထားသူများမှာ အာဏာရှင်စစ်အုပ်စုဟောင်းတို့နှင့် ဆက်နွှယ်နေသူများ သာ ဖြစ်နေပေသည်။ ထိုသူတို့အားလုံးမှာ ဗုဒ္ဓဘာသာဝင်များသာ ဖြစ်ကြသည်။
အဆောက်အဦပြီးစီးသွားလျှင် ၉၆၉ နောက်လိုက်များမှ တိုက်ခိုက်လာမည်ကို ကြောက်ရွံ့၍ ရန်ကုန်မြောက်ပိုင်းခရိုင်ရှိ ဗုဒ္ဓဘာသာဝင်များသည် မွတ်စ်လင်မ်ပိုင်ဆောက်လုပ်ရေးကုမ္ပဏီများနှင့်ပြုလုပ်ထားသော ကန်ထရိုက်စာချုပ်ကို ဖျက်သိမ်းလိုက်ရကြောင်း သိရသည်။ ဤသည်ကို လက်ရှိအာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင် ပြောကြားခဲ့ခြင်းဖြစ်သလို ၄င်းက ဆက်လက်၍ “ မြို့နယ်တစ်ခုကနေ နောက်ထပ်မြို့နယ်တွေဆီ ဒီကိစ္စမျိုး ကူးစက်သွားမှာကို ကျွန်တော် စိုးရိမ်မိပါတယ် ” ဟု ပြောကြားခဲ့သည်။
မလုံခြုံသော ဘ၀များ
၉၆၉ နောက်လိုက် မဇာနည်ဝင်းထွန်းအဖို့ မွတ်စ်လင်မ်များကိုဖယ်ကြဉ်ခြင်းမှာ လူမျိုးစုငြိမ်းချမ်းရေးအတွက် သေချာသော နည်းလမ်းတစ်ခုဖြစ်သည်ဟု ခံယူထားသည်။ မွတ်စ်လင်မ်ရွှေဆိုင်ပိုင်ရှင်တစ်ဦး နှင့် ဗုဒ္ဓဘာသာဝင်ရွှေရောင်းသူအကြား အငြင်းပွားရာမှ စတင်ပေါ်ပေါက်သော မိတ္ထီလာအကြမ်းဖက်မှုကို သူမက ထောက်ပြ၍ ဤသို့ပြောဆိုခဲ့သည်။ “ တကယ်လို့ သူတို့တွေသာ ကိုယ့်လူမျိုးအချင်းချင်းဆိုင်ကနေ ၀ယ်ယူခဲ့ယင် ဒီပြဿနာဖြစ်ပွားလာခဲ့မှာ မဟုတ်ဘူး ”။
ခွဲခြားဆက်ဆံမှုသာလျှင် လူမျိုးရေး ပဋိပက္ခအတွက် အဖြေဖြစ်သလို ယင်းသည် အမျိုးသားရေးမူဝါဒကို ထင်ဟပ်စေကြောင်း သူမက တရားသေ လက်ခံထား၏။ ရခိုင်ပြည်နယ် နှင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် အကြမ်းဖက်မှုဖြစ်ပွားပြီးနောက် အိုးမဲ့အိမ်မဲ့ ဖြစ်သွားရသော မွတ်စ်လင်မ်စုစုပေါင်း ၁၅၃,၀၀၀ အနည်းဆုံးရှိနေကြသည်။ အများစုမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ထိန်းသိမ်းထားသောဒုက္ခသည်စခန်းများ၌ ရောက်နေပြီး မိမိတို့၏မူလဘ၀အခြေအနေသို့ ပြန်လှည့်နိုင်ရန်မျှော်လင့်ချက် မရှိသလောက် ဖြစ်နေပေသည်။
ထင်ရှားသည့် ဘုန်းတော်ကြီးများထဲမှ အနည်းငယ်သာ ၉၆၉ လှုပ်ရှားမှုအား လူသိရှင်ကြား ဝေဖန်ရဲကြသည်။ ဖေ့စ်ဘွတ်အသုံးပြုသူအချို့က ၉၆၉ စတစ်ကာကပ် အငှားယာဉ်များကို မစီးရန် လှုံ့ဆော်ကြသည်။ မိတ္ထီလာသွေးချောင်းစီးမှုဖြစ်ချိန်မှစတင်ပြီး ရန်ကုန်လမ်းဘေးဈေးသည်အချို့မှ ၉၆၉ ဗီစီဒီခွေများကို ချင့်ချိန် ရောင်းချမှုပြုလာကြသည်။ တနည်းအားဖြင့် လူအများ၏ တုန့်ပြန်မှု နုတ်ပိတ်ခံရခြင်းလည်း ဖြစ်သည်။
မွန်ဘုန်းကြီး ဦးဝိမလသည် အခြားသံဃာတော်များ၏ ဝေဖန်မှုအပေါ် “ ကောင်းတဲ့အလုပ်ကို တားမြစ်ဖို့ သူတို့ မကြိုးစားသင့်ဘူး ” ဟု အရေးမပါသည့်သဘောဖြင့် ပြန်လည်ပြောကြားခဲ့သည်။ ဇွန်လလယ်ပိုင်းက ရန်ကုန်မြို့အနီးတွင် ကျင်းပသော ရာနှစ်ချီသည့် သံဃာများတက်ရောက်သည့် အစည်းအဝေးသို့ သူနှင့် ဦးဝီရသူတို့ တက်ရောက်ခဲ့၏။
ယင်းအစည်းအဝေးတွင် ဗုဒ္ဓဘာသာအမျိုးသမီးများအား မွတ်စ်လင်မ် အမျိုးသားများနှင့်အိမ်ထောင်မပြုစေရေးအဆိုတစ်ရပ်ကို ဦးဝီရသူမှ တင်သွင်းသည်။ ဦးဝီရသူ၏ပိတ်ပင်တားမြစ်ချက်အဆိုကို ဦးဓမ္မပီယမှ ထောက်ခံခဲ့ပြန်သည်။ ယင်းကား ၉၆၉ သည် သြဇာတိက္ကမရှိသည့် သံဃာထုသို့ ထိုးဖောက်ဝင်ရောက်ခြင်း ပြယုဂ်လည်းမည်ပေသည်။ ဦးဓမ္မပီယသည် အာရှဒေသတွင်းရှိ အခြားဗုဒ္ဓဘာသာတက္ကသိုလ်ကြီးများနှင့်ချိတ်ဆက်ထားသော ရန်ကုန်မြို့၊ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓဘာသာ သာသနာပြုတက္ကသိုလ်မှ အမေရိကန် ပညာရေးသင်ယူဖူးသည့် ပရော်ဖက်ဆာ ဆရာတော်ကြီးဖြစ်သည်။
ဦးဓမ္မပီယက ၉၆၉ အား ငြိမ်းချမ်းသောလှုပ်ရှားဆောင်ရွက်မှုဖြစ်၍ မြန်မာလူမျိုးတို့ကို အပြောင်းအလဲကာလရှိ မငြိမ်သက်မှုများမှ လွတ်မြောက်စေမည်ဟု ဖော်ပြလိုက်သည်။ “ ဘုန်းကြီးတို့အတွက် ၉၆၉ ပြဿနာကို
ပြဿနာလို့ မသတ်မှတ်ဘူး။ ဗုဒ္ဓဘာသာဟာ ငြိမ်းချမ်းရေးနဲ့ သဟဇာတဖြစ်ရေးလမ်းစဉ်တွေထဲ ထာဝစဉ် ရှင်သန်သွားမှာဖြစ်တယ် ” ဟု ရိုက်တာသို့ပြောကြားခဲ့သည်။
ဒီအရပ်မှာ ဗလီ အလိုမရှိ
၉၆၉ နှင့်အပြိုင် ကြီးကြီးကျယ်ကျယ်လှုပ်ရှားနိုင်သည်မှာ NLD ပါတီတစ်ခုတည်းသာဖြစ်သည်။ ၄င်းတို့နှစ်ခု ပတ်သက်မှုမှာ ထိပ်တိုက်ဆန့်ကျင်မှုရှိသလို အပြန်အလှန်အသုံးချမှုမျိုးလည်း ရှိနေသည်။ NLD ပါတီနှင့် ဒေါ်စုကြည်၏အတွင်းစည်း၌ မွတ်စ်လင်မ်တို့မှ စိုးမိုးခြယ်လှယ်ထားကြောင်း ဦးဝီရသူ၏ ပြောကြားချက် မတ်လနှောင်းပိုင်းတွင် YouTube ရောက်ရှိခဲ့သည်။ “ဘယ်မြို့ဘယ်ဒေသက NLD ရုံးကိုကြည့်ကြည့် မုတ်ဆိတ်တွေကို တွေ့ရပါလိမ့်မယ် ”။ ဦးဝိမလ၏နောက်လိုက်တို့က ဒေါ်စုကြည်သည် ဘာသာရေး ကိုင်းရှိုင်း သော်လည်း မိမိတို့အိမ်ရှိ သူမ၏ဓာတ်ပုံများကို ဖယ်ရှားလိုက်ပြီ ဖြစ်ကြောင်း၊ ယမန်နှစ် ရခိုင်ပြည်နယ်အကြမ်းဖက်မှု၌ ဗုဒ္ဓဘာသာဝင်များဖက်မှ ကာကွယ်ပြောဆိုပေးမှုမရှိသည့်အပေါ် ဆန္ဒပြခြင်းဖြစ်ကြောင်း ရိုက်တာသို့ ပြောကြားခဲ့သည်။ ဒေါ်စုကြည်၏ နှုတ်ဆိတ်နေခဲ့ခြင်းက မွတ်စ်လင်မ်တို့ကိုလည်း အမျက်ထွက်စေခဲ့သည်။
ရန်ကုန်မြို့တွင် NLD အဖွဲ့ဝင်များသည် ၉၆၉ ၏ လက်ဝေခံအလုပ်များလုပ်နေကြောင်း မြန်မာမွတ်စ်လင်မ်အဖွဲ့အစည်းက စွပ်စွဲထားသည်။ NLD ပါတီ၏ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကလည်း “ တစ်ချို့ NLD ပါတီဝင်တွေက ၉၆၉ ထဲမှာ ပါဝင်နေတာတော့အမှန်ဘဲ။ ဒါပေမယ့် ပါတီဝင်တွေရဲ့ လွတ်လပ်မှုနဲ့အခွင့်အရေးကို NLD က ၀င်ရောက်စွက်ဖက်မှာ မဟုတ်ပါဘူး။ လူမှုရေးနဲ့ပတ်သက်လို့ သူတို့ဆန္ဒအတိုင်း လုပ်ခွင့်ရှိပါတယ် ” ဟု ပြောဆိုခဲ့သည်။
အငှားယာဉ်မောင်းဖြစ်သူ မင်းသက်လင်း (၃၆ နှစ်) သည်လည်း ထိုအခွင့်အရေးအတိုင်း ပြုလုပ်သည်။ သူ့ကား၏ ရှေ့ဖက်၊ နောက်ဖက်မှန်များပေါ်တွင် ၉၆၉ စတစ်ကာများ ကပ်ထား၏။ သူသည် မွတ်စ်လင်မ်ဆန့်ကျင်ရေးဖြင့် ကျော်ကြားသော အလုပ်သမားအများစုနေရာ ရန်ကုန်တိုင်း ၊ သာကေတမြို့နယ်၏ NLD ခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။
ဖေဖော်ဝါရီလတုန်းက သာကေတရှိ ဗုဒ္ဓဘာသာဝင်များသည် မင်းသက်လင်း၏အိမ်အနီးမှ အစ္စလာမ်ဘာသာရေးကျောင်း တစ်ခုကို ဗလီဝတ်ကျောင်းအဖြစ် တိတ်တဆိတ် ပြောင်းလဲဆောက်လုပ်နေသည်ဟုဆိုကာ ဖြိုချခဲ့ကြသည်။ အဆောက်အဦး ဖြိုချဖျက်ဆီးနေချိန်အထိ အဓိကရုဏ်းထိန်းသိမ်းရေး ရဲတို့ကို တာဝန်ချပေးထားခဲ့သည်။
နောက်တစ်လအကြာ ဦးဝိမလနှင့်မွန်ဘုန်းကြီး ၂ ဦးတို့သည် သာကေတသို့ရောက်လာပြီး ၉၆၉ တရားပွဲ ၃ ရက် ကျင်းပပြုလုပ်ခဲ့သည်။ ဗုဒ္ဓဘာသာဝင်များထံဝေငှသော “ဓမ္မဆေးဝါး” အမည်တပ်လှုံ့ဆော်စာရွက်ထဲတွင် “ တိုက်ခိုက်မှုကို မစွန့်လွှတ်နှင့် ” ဟု တွန်းအားပေးထားသည်ကို တွေ့ရ၏။ ယခုသော် ထိုစာသင်ကျောင်းအား ချိတ်ပိတ်ထားပြီး ရဲများဖြင့် အစောင့်ချထားသည်။ “ ဒီမှာ ဗလီရှိနေတာကို လူတွေက မလိုလားဘူး ” ဟု မင်းသက်လင်းက ဆိုသည်။
သူ၏ စကားအရ ၉၆၉ လှုံ့ဆော်ရေးတေးသီချင်းဖြစ်သည့် “ဘာသာရေး သွေးအမြဲတစေ တအုံ့နွေးနွေး ဖြစ်နေဖို့” ဆိုသည်မှာ သောသောညံသွားခဲ့သည်ဟုဆိုသည်။ အနီးရှိ ဘုန်းတော်ကြီး စာသင်ကျောင်းကလည်း ကျောင်းသားများကိုလက်ခံစဉ် ထိုသီချင်းအား ဖွင့်ထားခဲ့ပေသည်။
( သာကီထက်ကောင်း )
ရိုက်တာ သတင်းဌာမှ  Special Report Myanmar gives official blessing to anti-Muslim monks ကို သာကီထက်ကောင်း မှ မြန်မာလိုဘာသာပြန်ဆိုပါသည်။

သံဃာများထဲမှ အဆိပ်တစ်ခွက် (By Francis Wade)

သံဃာများထဲမှ အဆိပ်တစ်ခွက် (By Francis Wade)

မေ-၃၁-၊၂၀၁၃
M-Media
ဘာသာပြန်- သာကီထက်ကောင်း




floramo-wade02

မန္တလေးမြို့၊ သစ်ရွက်များဝေဆာသော လမ်းတစ်လမ်း၏ နောက်ဝယ် မွတ်စ်လင်မ်ဆန့်ကျင်ရေးလှုပ်ရှားမှု နှင့် မြန်မာနိုင်ငံအား ဦးဏှောက်ဆေးကြောနေသော ဘူမိနက်သန်ဗဟိုဌာနတစ်ခု တည်ရှိနေသည်။ ၄င်း၏ခေါင်းဆောင် သည်ကား အမူအယာကောင်း၍ သင်္ကန်းရုံထားကာ၊ မြန်မာနိုင်ငံကို အစ္စလာမ်က အန္တရာယ်ပေးခြိမ်းခြောက်နေကြောင်း ဖော်ပြထားသော လက်ကမ်းစာရွက်/စာစောင်များ ဝေငှလျက်ရှိသည်။ တစ်ဖက်မှာတော့ နေအိမ်အဆောက်အဦများကို ဓမ္မတေးများ ထွင်းဖောက်လွှမ်းမိုးနေပေသည်။
နားလည်ရခက်သော ပန်းချီကားတစ်ချပ်တည်း။ နိုင်ငံတွင်းရှိ မွတ်စ်လင်မ်လူ့အဖွဲ့အစည်းကို အကြောင်းရှာ အပုပ်ချရေး လှုပ်ရှားမှုခေါင်းဆောင်၊ ၄င်းပြင် သူ၏နောက်လိုက်များက ထောင်ပေါင်းများစွာသော မွတ်စ်လင်မ်တို့ကို ဒုက္ခသည်စခန်းသို့ တွန်းပို့ထားသူမှာ ဦးဝီရသူ ဖြစ်၏။ သူသည် ကျော်စော စာရင်းဝင် သံဃာတစ်ဦးဖြစ်ကာ သူအုပ်ချုပ်နေသည့် မစိုးရိမ်ကျောင်းတိုက်သည်လည်း တစ်ခါတုန်းက အစိုးဆန့်ကျင်ရေး ဗဟိုစုရပ်တစ်ခု ဖြစ်ခဲ့သည်။ ဗုဒ္ဓ၀ါဒကို ငြိမ်းချမ်းရေး အမြုတေအဖြစ် လက်ခံကြသူများအဖို့ ဦးဝီရသူမှာ အစွန်းရောက်အောင် လှုံ့ဆော်နေသူတစ်ဦး အဖြစ် ရှုမြင်ကြသည်။
ဧပြီလအတွင်း မစိုးရိမ်ကျောင်းတိုက်တွင် သူနှင့်တွေ့ဆုံမေးမြန်းစဉ်က “ မိမိ၏ ဆန်းစစ်လေ့လာမှုအရ မြန်မာနိုင်ငံတွင်ဖြစ်ပွားသော မုဒိန်းမှု၏ ၁၀၀ ရာခိုင်နှုန်းသည် မွတ်စ်လင်မ်တို့၏ လက်ချက်ဖြစ်ပြီး ဗုဒ္ဓဘာသာဝင် တစ်ဦးတစ်လေမျှ ယင်းကဲ့သို့မပြု ”ဟူ၍ သူက ကျွန်ုပ်အား ပြောပြခဲ့သည်။  သူ၏ မှတ်ချက်ပေးမှုများမှာ မွတ်စ်လင်မ်များအပေါ်အကြမ်းဖက်မှုအမျိုးမျိုး အတွက် ဆက်လက်မီးမွှေးနေသည့်နှယ် ဖြစ်နေ၏။ ထိုအချိန်က မွတ်စ်လင်မ် ဆန့်ကျင်ရေးအကြမ်းဖက်မှုသည် မြန်မာနိုင်ငံအ လယ်ပိုင်းမိတ္တီလာမြို့၌ နောက်ဆုံးဖြစ်ပွားခဲ့သည်။ မတ်လ လနှောင်းပိုင်းက မွတ်စ်လင်မ်ပိုင်ရွှေဆိုင် တစ်ဆိုင်နှင့် ဗုဒ္ဓဘာသာဝင် လင်မယားနှစ်ဦးအကြား ဖြစ်ပွားပြီးသည့်နောက် ဘုန်းတော်ကြီးတစ်ပါးကို မွတ်စ်လင်မ်အုပ်စုတစ်စုမှ သတ်ဖြတ်ခဲ့သည်ဟု ဆိုသည်။ ထိုအချိန်မှစ၍ မိတ္ထီလာမြို့မှာ ကပ်ဆိုက်တော့၏။ နှစ်ရက်တာ အကြမ်းဖက်မှုများကြောင့် အနည်းဆုံး လူ ၄၀ သေဆုံးပြီး လူပေါင်း ၁၂၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ ယမန်နှစ် ရိုဟင်ဂျာမွတ်စ်လင်မ် ၁၂၅၀၀၀ ဦးကို မွေးရပ်မြေမှနှင်ထုတ်ခဲ့သည့် ရခိုင်ပြည်နယ် အကြမ်းဖက်မှုနှင့်တူညီနေသည်။ ရခိုင်ပြည်နယ်မြို့တော် စစ်တွေရှိ မွတ်စ်လင်မ်ရပ်ကွက်များအားလုံး ပြာပုံ ဘ၀ရောက်ခဲ့ပုံနှင့်လည်း သဏ္ဍာန်တူဖြစ်နေသည်။  မကြာသေးမီက ထုတ်ပြန်လိုက်သော လူ့အခွင့်အရေးစောင့်ကြည့်လေ့လာမှုအဖွဲ့ HRW ၏ မြန်မာနိုင်ငံ လူမျိုးစုသုတ်သင်ရေး အစီရင်ခံစာကြောင့် လက်ရှိ ဒုက္ခသည်စခန်းများ၌ ရောက်နေသော မိတ္ထီလာ မွတ်စ်လင်မ်တို့အတွက် ပို၍စိုးရိမ်စရာဖြစ်လာသည်။
၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရကာစ သမိုင်းဟောင်းတစ်ခုကို ရည်ညွှန်းလျက် မြန်မာနိုင်ငံတွင် မွတ်စ်လင်မ် ဆန့်ကျင်ရေးလှုပ်ရှားမှုကြီး ပွင့်ထွက်လာမှုအပေါ် ဦးဝီရသူမှ ဂုဏ်ယူဝံ့ကြွားစွာ စကားဆိုနေဆဲဖြစ်သည်။ ဗြိတိသျှများထွက်ခွာသွားပြီး ကိုလိုနီခေတ်လွန် အမျိုးသားရေးလှုပ်ရှားမှုသည် အိန္ဒိယလူမျိုးများအပေါ် မြှားဦးလှည့်ခဲ့သည်။ ဗြိတိသျှတို့သည် လုပ်သားများအဖြစ်လည်းကောင်း၊ ဌာနဆိုင်ရာဝန်ထမ်းများအဖြစ်လည်းကောင်း အိန္ဒိယလူမျိုးများကို မြန်မာနိုင်ငံသို့ သိန်းဂဏန်းအထိ ခေါ်သွင်းလာခဲ့သည်။ ယင်း အိန္ဒိယသားအများစုမှာ မွတ်စ်လင်မ်များဖြစ်ကြသည်။ ထိုစဉ်က ၀န်ကြီးချုပ်ဦးနုသည် ဗမာမွတ်စ်လင်မ် ကွန်ကရက်အား ဖျက်သိမ်းစေခြင်းဖြင့် မုန်းတီးမှုကို ကြီးထွားလာစေခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် ဦးနုထံမှ အာဏာလွှဲပြောင်းရယူလိုက်သော ဗိုလ်ချုပ်နေ၀င်းသည် မြန်မာနိုင်ငံ၏ပထမဦးဆုံး အာဏာရှင်ဖြစ်လာသည်။ ၄င်းနောက် မွတ်စ်လင်မ်တို့အား အစိုးရပိုင်းနေရာများတွင် ထည့်သွင်းရန် တားမြစ်ပိတ်ပင်ခဲ့သည်။
floramo-wade04
ဦးဝီရသူသည် လှုံ့ဆော်မှု လမ်းကြောင်း၏ထွက်ကုန်များကို ကောင်းစွာ ကြိုမြင်ထားသူဖြစ်၏။ မွတ်စ်လင်မ်တို့အား ဗုဒ္ဓဘာသာဝင်တို့ကိုတိုက်ခိုက်နေသည့် ခြသေ့င်္ဆိုးကြီးများ သဖွယ် ရုပ်လုံးဖော်လိုက်သည်။ ရိုဟင်ဂျာတို့သည် ဗြိတိသျှတို့နှင့်ပူးပေါင်း၍ ဂျပန်တို့အား တိုက်ထုတ်ခြင်းမှာ အပြည်ပြည်ဆိုင်ရာ မွတ်စ်လင်မ်အုပ်စုများ၏ အထောက်အပံ့ဖြင့် မြန်မာနိုင်ငံအား အစ္စလာမ်နိုင်ငံအဖြစ်ပုံသွင်းရန် ၁၉၄၂ ခုနှစ်ကတည်းက လျှို့ဝှက်ကြံစည်ချက် ဖြစ်ကြောင်း ဟောပြောလျက်ရှိသည်။ ယင်းဟောပြောချက်များကို ထောင်ပေါင်းများစွာသော DVD များဖြင့် ထုတ်လုပ်ဖြန့်ချိလျက်ရှိသည်။ ယမန်နှစ်က ရိုဟင်ဂျာ ၈ သိန်းခန့်ကို ပြန်လည်နေရာချထားရန် ကုလသမဂ္ဂ၏ တောင်းဆိုချက်ကို တုန့်ပြန်သောအားဖြင့် သံဃာတော် ရာပေါင်းများစွာကို ၄င်းဦးဝီရသူမှ ဦးဆောင်ကာ သမ္မတဦးသိန်းစိန်အား ထောက်ခံဆန္ဒပြပွဲပြုလုပ်ခဲ့သည်။ မရှေးမနှောင်းမှာပင် မွတ်စ်လင်မ်များနှင့် ထိမ်းမြားလက်ထပ်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းမပြုရဟူသည့် တားမြစ်ချက်ဖြင့် မွတ်စ်လင်မ်တို့အပေါ် ထိထိရောက်ရောက်သပိတ်မှောက်ရန် ၄င်းမှ ဗုဒ္ဓဘာသာဝင်များကို စေခိုင်းသည်။
သူသည် စစ်အုပ်ချုပ်ရေးကိုဆန့်ကျင်သော ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး၌ ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြသည့် သံဃာတော် ထောင်ပေါင်းများစွာအနက် ပါဝင်ခဲ့သူမဟုတ်။ မြန်မာ့ ဘုန်းတော်ကြီး အသိုင်းအ၀ိုင်းကိုလည်း ကိုယ်စားပြုခဲ့သူ မဟုတ်။ ယင်းတော်လှန်ရေးတွင် သံဃာများစွာ သတ်ဖြတ်ခံရသည်။ ရက်စက်စွာနှိမ်နှင်းခံလိုက်ရသည့် ၄င်းတို့၏ အနစ်နာခံထုတ်ဖော်ချက်များက ယနေ့ကမ္ဘာ့သူရဲကောင်းလုပ်ရပ်များအဖြစ် သတ်မှတ်ခံရသည်။ ထိုစဉ်က ထောင်နန်းစံနေသော ဦးဝီရသူမှာ ၄င်းတို့နှင့် ပူးပေါင်းပါဝင်နိုင်ခြင်းမရှိခဲ့။ သူသည်  ဘာသာရေးအဓိကရုဏ်း ဖန်တီးမှုကြောင့် ၂၀၀၃ ခုနှစ်တွင် ဖမ်းဆီးထိန်းသိမ်းခံရပြီး ၂၀၁၀ ခုနှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်ထွက်လာ၏။
သူ၏ ပစ်မှတ်ကား မြန်မာနိုင်ငံ၏ မွတ်စ်လင်မ်များသာ ဖြစ်၏။
ဦးဝီရသူသည် ၁၁ ရာစု မြန်မာနိုင်ငံ၏ ဘာသာရေးသန့်စင်ရှင်းလင်းမှုဖက်သို့ ဆွဲခေါ်သောနည်းလမ်းကို အသုံးပြုထားသည်။ ယင်းကာလ၌ အနော်ရထာဘုရင်သည် ထေရ၀ါဒဗုဒ္ဓဘာသာကို ဗမာလူမျိုးတို့၏ဘာသာတရား အဖြစ် ပြောင်းလဲကျင့်သုံးစေခဲ့သည်။ စေတီပုထိုးနှင့် ဘုန်းတော်ကြီးကျောင်း ရာပေါင်းများစွာ တည်ဆောက်ခဲ့သည်။  သို့နှင့် ဗုဒ္ဓ၀ါဒသည် ဗမာလူမျိုးအသိုင်းအ၀ိုင်းနှင့် ခွဲခြားမရအောင်ဖြစ်လာပြီး ကချင်၊ မွန် နှင့် အိန္ဒိယလူမျိုးတို့နှင့် ထိပ်တိုက်တိုးခဲ့သည်။ ဘုန်းတော်ကြီး ကျောင်းပညာရေးစံနစ်သည် ဗုဒ္ဓ၀ါဒအား ထိန်းသိမ်းဖော်ဆောင်ရန်ဖြစ်ပြီး၊ ရဟန်းသံဃာများမှာ မြန်မာဘုန်းကြီးကျောင်းများကို အထွဋ်အမြတ်ထားအောင် လူငယ်များကို ညွှန်ကြားသည့် လူမှုကိုယ်စားလှယ်များ ဖြစ်လာကြသည်။ တစ်စစဖြင့် ထေရ၀ါဒဗုဒ္ဓဘာသာသည် အခြားလူမျိုးနွယ်များအပေါ် သြဇာလွှမ်းမိုးလာသည်။ ဥပမာ ရှမ်းဘုရင်တို့သည် ဘုန်းတော်ကြီးကျောင်းတိုးပွားမှုအတွက် ပံ့ပိုးကူညီရာ၌ အထူး ရေပန်းစားခဲ့သည်။
ယင်းသို့ အာဏာနှင့်ဘာသာပေါင်းစပ်ထားသော အမျိုးသားရေးဝါဒသည် ရာစုနှစ်များစွာ အခြေတည်လာခဲ့သည်။ ဗြိတိသျှအုပ်ချုပ်ရေးကိုအဆုံးသတ်စေမည့် ၁၉၂၀ ခုနှစ်များကာလ ရှေ့ပြေးလှုပ်ရှားမှုများတွင်လည်း သံဃာများ ပါဝင်ခဲ့ကြသည်။ ယနေ့မှာတော့ ယင်းဝါဒကို မွတ်စ်လင်မ်ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် အစွန်းရောက်သံဃာများက ပုံသွင်းလိုက်ကြသည်။ ၉/၁၁ အကြမ်းဖက်မှုသည် ကမ္ဘာ့မွတ်စ်လင်မ်တို့၏ ဆိုးသွမ်းမှုဖြစ်ကြောင်း ရုပ်လုံးဖော်သည်။ အစ္စလာမ့်လမ်းစဉ်သည် အဓမ္မဘာသာ သွတ်သွင်းမှုဖြစ်ကြောင်း ကြောက်လန့်ရွံရှာသွားအောင် မှိုင်းတိုက်ကြသည်။ စင်စစ်၌ မြန်မာစစ်စစ်ဖြစ်ရန် ဗုဒ္ဓဘာသာဝင်ဖြစ်ရမည် ဟူသော အဓမ္မစံနစ်ကို ၄င်းတို့ကိုယ်တိုင်မှ ကျင့်သုံးနေကြသည်။ မြန်မာနိုင်ငံမြောက်ပိုင်းနှင့်အရှေ့ပိုင်းရှိ ခရစ်ယာန်ဘာသာဝင်လူနည်းစုများကို ဖိနှိပ်ညှင်းပန်းခြင်းက ဤ၀ါဒ၏ အနှစ်သာရကို ထုတ်ပြနေခြင်းဖြစ်သည်။ အစိုးရအနေနှင့် ဗုဒ္ဓဘာသာဝင်မဟုတ်သူများကို မြန်မာနိုင်ငံမှ ရှင်းထုတ်၍ (ဗုဒ္ဓဘာသာဟူသည့်) အလံတစ်ခုတည်းအောက်၌ စုစည်းရန် ကြိုးပမ်းနေခြင်းတည်း။
floramo-wade11
ယင်းလူမျိုးကြီးဝါဒအတွေးအခေါ်များသည် မြန်မာရဟန်းသံဃာများအကြား ကျယ်ကျယ်ပြန့်ပြန့်ခေတ်စားသွားသည်။
“ ကျွန်တော့်ကို မွတ်စ်လင်မ်ဆန့်ကျင်ရေးအတွက် မကြာခဏ မှိုင်းလာတိုက်ကြပါတယ် ” ဟု ၂၀၀၇ ရွှေဝါရောင်အရေးအခင်းဦးဆောင်၍အကျဉ်းကျခဲ့သူ ဘုန်းတော်ကြီးဟောင်း ဦးဂမ္ဘီရက မတ်လနှောင်းပိုင်း တစ်ညနေခင်း၌ မိတ္ထီလာမြို့တွင် ကျွန်ုပ်အား ပြောပြခဲ့ပါသည်။ ကျွန်ုပ်တို့ဆုံတွေ့သောနေရာနှင့်ကပ်လျက် ဘုန်းကြီးကျောင်း၌ ဦးဝီရသူသည် ယမန်နှစ် ဒီဇင်ဘာလက လာရောက်ခဲ့သည်ဟုသိရသည်။ ထိုအချိန်မှစတင်၍ မြို့တစ်မြို့လုံးမှာ ၉၆၉ နံပါတ်ပါ စတေကာများ ပလူပျံသွားခဲ့သည်။ ဗုဒ္ဓဂုဏ်တော်ကိုးပါး၊ ဓမ္မဂုဏ်တော်ခြောက်ပါး၊ သံဃာ့ဂုဏ်တော် ကိုးပါးကို ထင်ဟပ်စေသည် ဟုဆိုကာ သာသနာရေးဝန်ကြီးဌာနမှ ဗုဒ္ဓဘာသာဝင်ဝန်ကြီးများက ယင်းနံပါတ်အား မြန်မာနိုင်ငံတွင် သွတ်သွင်းလိုက်ခြင်းဖြစ်သည်။ ၄င်းနောက်တွင်တော့ မွတ်စ်လင်မ်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို လုပ်ဆောင်လာကြတော့သည်။ ဗုဒ္ဓကျမ်းဂန်များကိုလေ့လာခြင်း၊ ဖခင်ဖြစ်သူနှင့်ဆွေးနွေးခြင်းတို့မှ တဆင့် မွတ်စ်လင်မ်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ မှားယွင်းသောလမ်းစဉ်ဟု သိရှိလာပြီးနောက် မိမိမှ စွန့်လွှတ်ကျောခိုင်းလိုက်ပါကြောင်း ဦးဂမ္ဘီရက ဆိုသည်။ သူ့အား အဓမ္မလူဝတ်လဲစေ၍ ဘုန်းတော်ကြီးကျောင်းများသို့ ၀င်ရောက်ခြင်းကို ပိတ်ပင်ထားစေကာမူ မွတ်စ်လင်များကိုအကြမ်းဖက်မှုကဏ္ဍ၌ သံဃာတော်များ၏ ပါဝင် ပတ်သက်မှုအပေါ် ဝေဖန်ပြောဆိုသူများ အနက် ထင်ရှားနေဆဲဖြစ်သည်။
သို့သော် ဦးဝီရသူမှာကား လှုံ့ဆော်နေဆဲပင်။ သူ၏ဟောပြောမှု DVDများ၊ ၉၆၉ စတစ်ကာများနှင့်တစ်ကွ ဗုဒ္ဓ၀ါဒကို ကာကွယ်ရန်ညွှန်ကြားချက်ပေးထားသည့်စာအုပ်များကို သူ့နောက်လိုက်တို့က မန္တလေးမြို့၏ လူစည်ကားရာဈေးများ တွင် လိုက်လံဝေငှနေကြသည်။ သို့ပါသော်လည်း ဦးဝီရသူကိုယ်တိုင်ကမူ သူ၏အမုန်းပွားဟောပြောမှုများကို ဖုံးကွယ်ထား၏။ “ တကယ်လို့များ (မိတ္ထီလာမှာ မွတ်စ်လင်မ်တွေကိုတိုက်ခိုက်တဲ့) သံဃာတွေဟာ ဦးဇင်းရဲ့စကားကို နားထောင်ခဲ့ယင် အကြမ်းဖက်မှုဖြစ်လာမှာမဟုတ်ဘူး ” ဟု သူက ပြောဆိုတတ်၏။ သို့သော် အင်တာဗျူးတိုင်း၌ သူ၏ မှတ်ချက်မှန်သမျှမှာ မွတ်စ်လင်မ်တို့အား ဒေါသူပုန်ထအောင် ဆွနေသည်ချည်းဖြစ်နေပြန်၏။ “ ရခိုင်ပြည်နယ်မှာ နေ့စဉ်နဲ့အမျှ မွတ်စ်လင်မ်တွေက တစ်အိမ်တက်ဆင်း ဗုဒ္ဓဘာသာဝင်တွေကို လိုက်သတ်နေကြတယ်။ ပစ္စည်းတွေ ခိုးယူလုယက်တာမဟုတ်ဘဲ သတ်ဖြတ်ဖို့သက်သက်ဖြစ်တယ် ” ဟုပြော၏။ သူသည် သူကိုယ်တိုင်ဆင်ယင်ခြယ်သထားသည့် နံရံတစ်ခု၏ရှေ့တွင် အင်တာဗျူးလုပ်ရန် နေရာရွေးလေ့ရှိ၏။ အင်တာဗျူးလုပ်စဉ်တစ်လျှောက်လုံး သူ့အနီးရှိလူများက ကျွန်ုပ်အား ဓာတ်ပုံနှင့်ဗီဒီယိုရိုက်ခဲ့ကြ၏။ များမကြာမီ သူ၏ ဖေ့စ်ဘွတ်စာမျက်နှာပေါ် ဤအကြောင်းခြင်းရာများကို တင်လိုက်၏။ အကယ်၍ မြန်မာနိုင်ငံရှိ လူအားလုံးတို့သည် မိမိကဲ့သို့ဖြစ်ပါက ငြိမ်းချမ်းရေးဖြစ်ထွန်းမည်ဟုလည်း ဆိုထားရာ – ဂျာနယ်လစ်များသည် သူ့ထံလာ၍ တရားနာခြင်း၊ သူ၏၀ိညာဉ်ရေး၌ခိုလှုံခြင်းဟု ၄င်းဖာသာအထင်ရောက်နေပုံရပေသည်။
floramo-wade16
ဘုန်းကြီးကျောင်းမှ ထွက်လာသောအခါ ဥပဒေဘွဲ့ရဆရာမတစ်ဦးဖြစ်သော ကျွန်ုပ်၏စကားပြန်မှ “ မွတ်စ်လင်မ်တွေရဲ့ သတင်းအချက်အလက်တွေကို ဒီလောက်သိထားတာ အံ့သြစရာဘဲ။ လေးစားဖို့ကောင်းလိုက်တာ ” ဟု ပြောဆိုခဲ့၏။ အင်တာဗျူးပြီး နှစ်ရက်အကြာ ကျွန်ုပ်နှင့်ဦးဝီရသူအား မိတ်ဆက်ပေးခဲ့သူက “ ဦးဝီရသူရဲ့ CD ကို ကျွန်တော်ကြည့်ပြီးပြီ။ ကျွန်တော်အရမ်းစိတ်ဆိုးတယ်ဗျာ။ သူတို့ဟာက အကြမ်းဖက်ဝါဒဘဲဗျ ” ဟူ၍ စာရေးသတင်းပို့လာလေသည်။
ဦးဝီရသူသည် သံဃာတော်တစ်ပါးဖြစ်ပါလျက်  သူတစ်ပါးခံစားမှုကိုမျက်ကွယ်ပြုပြီး ယင်းသို့သော လီဆည်စကားများစွာဖြင့် ပံ့ပိုးကူညီသူများရအောင် ဆွဲဆောင်တတ်သည်။ ဘာသာရေးပုဂ္ဂိုလ်တစ်ဦး၏  စကားများမှာ မှားယွင်းချွတ်ချော်နေသည်ဟု မည်သူထင်နိုင်မည်နည်း ?  အထူးသဖြင့် ဗုဒ္ဓ၀ါဒသည် ကိုယ်ကျင့်တရားအတွက် အဆင့်အမြင့်ဆုံးဟု ရာစုပေါင်းများစွာ သွန်သင်မှုကိုခံယူလာကြသော မြန်မာလူထု၏အမြင်၌  မည်သို့ရှိမည်နည်း ?
စစ်အုပ်ချုပ်ရေးစတင်ချိန်မှစပြီး သံဃာတို့၏ဦးတည်ချက်မှာ ဘယ်အရာဖြစ်သွားသည်ကို ဆန်းစစ်ရန် အချိန်တန်ပေပြီ။ ဗိုလ်ချုပ်နေ၀င်းလက်ထက်တွင် သံဃာတော်များသည် မြန်မာနိုင်ငံပေါ်ထားရှိသောအမြင်များ မတူညီကြ။ မတူကွဲပြားမှုကိုလက်ခံကြသည့် သံဃာတော်များအား သင်္ကန်းချွတ်ကာ လူဝတ်လဲစေခဲ့သည်။ ရဟန်းသံဃာများအနက် စစ်အုပ်ချုပ်ရေးကို ရပ်တည်ထောက်ခံပေးသည့် ဘုန်းတော်ကြီးများအား အဆင့်မြှင့်တင် နေရာပေးခဲ့သည်။ ၄င်းကို ဗုဒ္ဓ၀ါဒအားကယ်တင်ခြင်းဟု အမည်တပ်ခဲ့သည်။ လက်နက်ကိုင်တိုင်းရင်းသားအုပ်စုများ၊ နိုင်ငံတကာသြဇာ နှင့် အခြား ဘာသာတရားများပြန့်ပွားမှုတို့ကို ဖြိုခွင်းရန်မှာ စစ်အုပ်ချုပ်ရေး၏လိုအပ်ချက်ဖြစ်သဖြင့် ယင်းသို့ပြုခြင်းဖြစ်သည်။
အချိန်ကြာလာသည်နှင့်အမျှ မြန်မာနိုင်ငံ၏ပြည်တွင်းစစ်နှင့်စီးပွားရေးပျက်ကပ်ကြောင့် မြန်မာလူငယ်အမြောက်အများသည် ဆင်းရဲမွဲတေမှုမှလွတ်ကင်းရန် သာသနာ့ဘောင်ထဲသို့ ၀င်လာကြသည်။ ၄င်းမှာ သာသနာရေးယုံကြည်ချက်ကြောင့် မဟုတ်ချေ။ ရလဒ်မှာ သံဃာတော်များ မလိုအပ်ဘဲ အဆမတန်များပြားလာခြင်း နှင့် လိုအပ်ပါက ဘာသာရေးအခွံစွပ်အမိန့်ပေးနိုင်ခြင်း တို့ဖြစ်ပွားသွားစေသည်။ ရဟန်းသံဃာများအကြား စာရိတ္တပျက်စီးမှုက ကြီးထွားကျယ်ပြန့်လာသည်။ ယမန်နှစ် ဖေဖော်ဝါရီလတွင် မိမိ၏မူလကျောင်းတိုက်သို့ ပြန်လည်ဝင်ရန် ကြိုးစားခဲ့သော ဦးဂန္ဘီရအား ထပ်မံဖမ်းဆီးခဲ့သည်။ ရန်ကုန်မြို့ရှိ ဘုရားကျောင်းကန်တစ်ခုသို့ရဲများက သူ့အား ခေါ်ဆောင်သွားသည်။ ၄င်း၌ မဟာသံဃာ့နာယကဆရာတော်များကို တွေ့ရသည်။ မဟာသံဃာ့နာယကအဖွဲ့ကို ၁၉၈၀ ခုနှစ်တွင် နိုင်ငံတော်မှ ဖွဲ့စည်းပေးပြီး သာသနာရေးဝန်ကြီးဌာနအောက်၌ ထားရှိလျက် စစ်ဗိုလ်ချုပ်များနှင့်အနီးကပ်ဆက်ဆံမှုရှိသူတို့ကိုသာ ခန့်အပ်ထားသည်။ နောက်တစ်နေ့တွင် အစိုးရပိုင် မြန်မာ့အလင်းသတင်းစာ၌ ဦးဂန္ဘီရအား တရားဝင်အရေးယူရန် အစိုးရအားတိုက်တွန်းသည့်အကြောင်း ပါလာခဲ့သည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ ဘာသာရေး နှင့် အမျိုးသားရေးကိုပေါင်းစပ်ထားမှုက အကွက်ချဝါဒဖြန့်မှုနှင့်အတူ ရခိုင်ပြည်နယ်၌ ယမန်နှစ်တွင် ပွင့်ထွက်သွားသည်။ ပြည်တွင်းပြည်ပရှိဗမာလူမျိုးတို့၏ ထောက်ခံကူညီမှုများဖြင့် ရိုဟင်ဂျာဆန့်ကျင်ရေးလှုပ်ရှားမှုကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြသည်။ သို့သော် ယင်းသူတို့အများစုမှာ ရိုဟင်ဂျာ လူ့အဖွဲ့အစည်းဝင် မည်သူတစ်ဦးနှင့်မျှ ပတ်သက်ဆက်ဆံဖူးကြသည်မဟုတ်ဘဲ ခါးသည်းစက်ဆုပ်ဖွယ်ရာအမြင်ကို ဆုပ်ကိုင်၍ ၄င်းတို့အား လူမဆန်စွာဆက်ဆံအောင် အားပေးခဲ့ကြသည်။ ရိုဟင်ဂျာတို့ကို အခြေခံလူ့အခွင့်အရေးမရရှိစေခြင်းဖြင့် အစိုးရက အရှိန်အဟုန်ကို မြှင့်တင်ခဲ့ကြပြီး ညည်းတွားသံများထွက်လာစေသည်။ ၄င်းနောက်တွင်တော့ သူတို့အား အလိုမရှိသူများစာရင်းသွင်းလိုက်လေသည်။
သို့ရာတွင် ဗုဒ္ဓဘာသာဝင် မဟုတ်သူများသည် ပြဿနာကောင်များသာဖြစ်သကဲ့သို့ ငြိမ်းချမ်းရေးအမြင်အား လှည့်ပတ်ဆော့ကစားဟောပြေနေသောပုဂ္ဂိုလ်၏ ခြေထောက်အောက်၌ မိတ္ထီလာမွတ်စ်လင်မ်များ ပြားပြားဝပ်ခဲ့ရသည်။ ရခိုင်ပြည်နယ်နှင့်မိတ္ထီလာမျှသာ ရပ်တန့်မသွားဘဲ ရန်ကုန်နှင့်မိုင်၆၀မျှသာကွာဝေးသော ဥက္ကံအထိ မွတ်စ်လင်မ်ဆန့်ကျင်ရေးအကြမ်းဖက်မှုလှိုင်း ရိုက်ခတ်သွားသည်။ မြောက်ပိုင်းကချင်ပြည်နယ်ရှိ ဖားကန့်သို့တိုင် ဂယက်ရိုက်ခဲ့သည်။
ယခုသော် မိတ္ထီလာမှာ မွတ်စ်လင်မ်များအတွက် အကန့်သတ်ခံနယ်မြေဖြစ်နေသည်။ ဘာသာတရားနှစ်ခု၏ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခဲ့သော ရပ်ဝန်းကြီးသည် ယခုအခါ အသက်နှုတ်ရာ စစ်မက်ဇုံအလား ဖြစ်နေ၏။ ဖြိုဖျက်ခံလိုက်ရသည့် အဆောက်အဦများ၊ အပျက်အစီးပုံများအကြား ကျွန်ုပ် ဖြတ်သန်းထွက်လာခိုက် လမ်းပေါ်တွင် လူတစ်စုနှင့် ပက်ပင်းတိုးခဲ့သည်။ ၄င်းတို့သည် ဧည့်သည်များကိုအလိုမရှိကြောင်း ပေါ်လွင်နေခဲ့သည်။
မြို့နေလူထုသည် (အများအားဖြင့်)ကျောင်းများ၊ တက္ကသိုလ်နယ်မြေများရှိ ဒုက္ခသည်စခန်းသို့ ရွှေ့ပြောင်းခံရသည်။ အစိုးရမှတရားဝင်စီစဉ်ပေးမှုမဟုတ်သော မိတ္ထီလာပြင်ပ ယာယီဒုက္ခသည်စခန်းတစ်ခုတွင် လူပေါင်း ၃၄၀၀ ရှိပြီး ရိက္ခာနပ်မမှန်ကြသည့်အပြင် စခန်းဝန်းကျင်၌ မြွေများကလည်း ပေါသေးသည်။ မေလကုန်လွန်လျှင် ကျောင်းသူကျောင်းသားများအဖို့ ကျောင်းပိတ်ရက်ရှည် ကုန်ဆုံးပြီ။ ဒုက္ခသည်များအား စခန်းမှထွက်စေရန် လိုအပ်လာပြီ။ မီးလောင်ပြင်ရပ်ကွက်များအား ပြန်လည်ပြင်ဆင်တည်ဆောက်မှုကို အရိပ်အယောင်မျှ မမြင်ရသေး။ လူ့အသိုင်းအ၀ိုင်းကြီးနှစ်ရပ်ကို မစုစည်းမိအောင် ခွဲခြမ်းထားရှိဆဲ။ မေလနောက်ပိုင်း ဒုက္ခသည်များ၏လုံခြုံမှုဟူသည်
အန္တရာယ်၏အနံ့ ထွက်ပေါ်လျက်ပင်။

***    Francis Wade ၏ Poison in the Sangha ဆောင်းပါးကို သာကီ ထက်ကောင်း မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည်။ Francis Wade သည် ထိုင်းနိုင်ငံအခြေစိုက် ဂျာနယ်လစ်တစ်ဦးဖြစ်ပြီး ၂၀၀၉ ခုနှစ်မှစ၍ မြန်မာနှင့်အာရှပစိဖိတ်ရေးရာကို လေ့လာရေးသားသည်။ သူ၏လက်ရာများကို The Guardian ၊  Al Jazeera English ၊  Asia Times Online နှင့် New Internationalist တို့၌ တွေ့မြင်နိုင်သည်။ ဆောင်းပါးအထောက်အကူပြုဓာတ်ပုံပံ့ပိုးသူ Vincenzo Floramo သည် အလွတ်တန်းသတင်းဓာတ်ပုံဆရာဖြစ်ပြီး၊ လက်ရှိတွင် ထိုင်းနိုင်ငံနှင့်မြန်မာနိုင်ငံ၌ အခြေစိုက်သည်။ သူ၏လက်ရာများကို The Guardian ၊ The Bangkok Post ၊ Witness Journal ၊ Life Force Magazine ၊ Der Spiegel ၊ Irrawaddy နှင့်  Io Donna တို့တွင် တွေ့ရမည်ဖြစ်သည်။   ***

လားရှိုးမှာ အကြမ်းဖက်မီးရှို့မှုတွေရပ်တံ့၊ ထွက်ပြေးတိမ်းရှောင်နေသည့် မွတ်စလင် နေအိမ်များကို ဖျက်ဆီး လုယက်နေ

သတင်း – ဆုံမှတ်
43
Photo-FB
လာရှိုး။    ။ ယနေ့ မေလ ၃၀ရက်နေ့ နံနက် (၁၁)နာရီတွင် လာရှိုးမြို့တွင် အစ္စလာမ် ဘာသာဝင်များ အကြမ်းဖက်ခံရမှု အခြေအနေနှင့် ပတ်သက်၍ လတ်တလော အခြေအနေအား M-Media မှ ဆက်သွယ်မေးမြန်းခဲ့ပါသည်။
“အခုတော့ မီးရှို့တာကို ရပ်ပြီး ပထမတစ်ရက်၊ နှစ်ရက်တုန်းက ဘာမှ မဖြစ်ဘဲ ကျန်နေသေးတဲ့ အစ္စလာမ်ဘာသာဝင် အိမ်တွေကို စာရင်းလိုက်ကောက်ပြီး လိုက်လံ ဖျက်ဆီး လုယက် ယူဆောင်နေပါတယ်၊ အစ္စလာမ်ဘာသာဝင်တွေလည်း သူတို့ရဲ့ နေအိမ်တွေကို စွန့်ခွာပြီး ရပ်ကွက်ရုံးတွေမှာ ခိုလှုံနေရပါတယ်၊ ကျွန်မတို့ (၉)ရပ်ကွက် ရပ်ကွက်ရုံးကဆို ကာကွယ်ပေးထားပါတယ်၊ ကျွန်မတို့က ဆွေးမျိုးသားချင်းတွေ ရှိတဲ့ မြို့တွေ၊ ရွာတွေကို သွားချင်တယ်ဆိုရင်လည်း ခရီးသွားလာဖို့ ကိစ္စတွေကို ကူညီဆောင်ရွက်ပေးပါတယ်၊ ဟုတ်ကဲ့ အဲဒီလို လိုက်လံ အကြမ်းဖက် ဖျက်ဆီးသူတွေက ကားတွေ၊ ဆိုင်ကယ်တွေ၊ ဘုန်းကြီးတွေ၊ အပြင်လူတွေ လူအင်းအားတော်တော်များပါတယ်၊  ဟုတ်ကဲ့ ရဲတွေရော၊ စစ်သားတွေရော ရှိပါတယ်၊ အကြမ်းဖက်သူတွေရဲ့ အနောက်ကိုတော့ လိုက်ပြီး ကြည့်ပေးကြပါတယ်၊ အကြမ်းဖက် သူတွေက လူအင်အား များတော့ သူတို့လည်း ၀င်မထိန်းရဲကြဘူး၊ ဟုတ်ကဲ့ စစ်သားတွေမှာ လက်နက်တွေတော့ ကိုင်ဆောင်ထားတာ တွေ့ပါတယ်၊ သေနတ် ပစ်ဖောက်ခြောက်လှန့်တာမျိုးတော့ မလုပ်ပါဘူး၊ လာရှိုးမှာ ရှိတဲ့ အစ္စလာမ်ဘာသာဝင်တော်တော်များများကတော့ အခြား မြို့တွေကို တိမ်းရှောင် ထွက်ခွာသွားကြပါပြီ”

ကျောက်နီမော် မွတ်စလင်ရွာကို အကြမ်းဖက်ရန် ကြိုးစားမှု နောက်ဆက်တွဲ (ဆက်သွယ်မေးမြန်းချက်)

M-Media
သတင်း – ဆုံမှတ်
ကျောက်နီမော်။    ။ချောင်းဝ အုပ်စု ကျေးရွာတွင် မေလ ၂၈ရက်နေ့က မသီတာထွေး သေဆုံးမှု တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရခိုင်အမျိုးသား တိုးတက်ရေး ပါတီမှ အလယ်တန်း စာသင်ကျောင်းဆောင် အဆောက်အဦးသစ် ဆောက်လုပ် လှူဒါန်းခဲ့ကြောင်း နှင့် ချောင်းဝရွာ ဇာတိဖြစ်သူ သံတွဲမြို့မှ ဘိုကလေးဆရာတော် တို့မှ တရားလာရောက် ဟောကြားခဲ့ကြောင်း သတင်းရရှိသည်။
Kyauknimaw, Rakhine, Burma
ယင်းနောက် မေလ ၂၉ရက်နေ့ ည(၇)နာရီ ၄၅ မိနစ်ချိန်တွင် ကျောက်နီမော်ကျေးရွာသို့ မီးရှို့ဖျက်ဆီးရန် လူအုပ်ကြီးရောက်လာခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်ရပ်နှင့် ပတ်သပ်၍  ကျောက်နီမော် ကျေးရွာနေ ဒေသခံ တစ်ဦးအား M-Media မှ ထပ်မံ ဆက်သွယ် မေးမြန်းခဲ့ပါတယ်။
“ မေလ ၂၉ရက်နေ့ ညက သူတို့တွေ ၀င်လာတော့ စစ်တပ်က သေနတ်နှစ်ချက် ဖောက်ပြီး တားခဲ့ပါတယ်၊  ည၁၂နာရီကျော် တစ်နာရီ ထိုးခါးနီးလောက်မှ သူတို့တွေ ဆုတ်ခွာသွားကြတယ်လို့ ကြားတယ်၊ အခု ဒီဘက်မှာ တာဝန်ကျတဲ့ ဒုတပ်မှူးကြီး ကိုယ်တိုင် ကျောက်ထရံရွာထိပ်မှာ ထိုင်ပြီး ကင်းစောင့်ပေးတယ်လို့ သိရတယ်၊ ကျောက်ထရံရွာရယ်၊ ရွာသာရွာရယ်၊ ကျောက်နီမော် ရွာရယ်က ရွာတန်းရှည် ရွာကြီးပါ၊ ထိပ်ဆုံးက ကျောက်ထရံရွာပါ၊ အဲဒီရွာ အားလုံးက မွတ်စလင်တွေကြီးပဲ နေတဲ့ ရွာတန်းကြီးပါ၊ အရင်တုန်းကတော့ ရခိုင် ဗုဒ္ဓဘာသာ နည်းနည်း ရှိပါတယ်၊ နောက် ဒီလို ကိစ္စတွေ ဖြစ်လာတော့ သူတို့လည်း ရခိုင် ရွာတွေဘက်ကို ပြောင်းသွားကြတယ်။
မသီတာထွေး တစ်နှစ်ပြည့် အထိမ်းအမှတ် ကျောင်းလှူပြီးတော့ ချောင်းဝရွာ ဇာတိဖြစ်တဲ့ ဘိုကလေးဆရာတော်က စည်းရုံးရေး တရားဟောခဲ့ပါတယ်၊ ရခိုင် ဘုန်းကြီး တစ်ပါးလည်း တော်တော်လေးကို ဆွပေးတဲ့ တရားကို ဟောခဲ့တယ်လို့ ကြားတယ်၊ အဲဒီ စည်းရုံး တရားပွဲမှာ ရခိုင်အမျိုးသားတော်တော်များများက လက်ခံတယ်၊ ထောက်ခံတယ်၊ တချို့ ရခိုင်အမျိုးသား တွေက လက်မခံဘူး၊ ဘယ်လို ပြန်ပြောကြလဲ ဆိုရင် သူတို့ ကရွာတွေကို မီးရှို့လို့ စစ်တပ်က တစ်ယောက် ပစ်သတ်ခံရတယ်၊ တစ်ယောက် အဖမ်းခံခဲ့ရတယ် အဲဒီလူတွေ အတွက် ဘယ်သူက လိုက်လုပ်ပေးလို့လည်း ဆိုပြီး ပြန်ပြောတယ် လို့ကြားတယ်။
ဒါပေမယ့် ဒီကိစ္စကို ဖြစ်အောင် လုပ်မယ်လို့ ဘိုကလေးဆရာတော်နှင့် အတူပါလာတဲ့ ရခိုင်ဘုန်းကြီးက လှုံဆော်တယ်၊ စည်းရုံးတယ်၊ အရေးအကြောင်းဆို သင်္ဃန်းစီးလို့ရအောင် ရခိုင်မြောက်ပိုင်းက လူဝတ် ကတုံးနဲ့ ၄၊ ၅ယောက် ပါလာတယ်လို့ ပြောတယ်၊ ဆင်းရဲတဲ့ သူတွေကတော့ တော်တော် ထောက်ခံကြတယ်၊ စိတ်ဓာတ်တော်တော် တက်ကြွကြတယ်၊ လုပ်ဖို့ အတွက်ကို၊ ကျောက်ဖြူမှာ သူတို့ လုပ်တုန်းက မွတ်စလင်တွေ တော်တော်များများ ထွက်ပြေး တိမ်းရှောင်ကြတော့ သူတို့ တသက်မှာ တစ်ခါမှ မမြင်ဘူးတဲ့ ပစ္စည်းဥစ္စာတွေ တော်တော်များများ ရလိုက်ကြတယ်၊ အဲဒါတွေနဲ့ ချမ်းသာသွားကြတဲ့ သူတွေလည်း သူတို့ထဲမှာ အများကြီး ရှိတယ်။
သူတို့ရဲ့ အစီအစဉ်က ကျွန်တော်တို့ရွာတွေကို သူတို့ဝင်လာလို့ ရွာခံတွေက ထွက်ပြေးမယ်ဆိုရင် ပစ္စည်းတွေ ယူမယ်၊ ရွာခံတွေက မထွက်ပြေးဘူးဆိုရင် မီးရှို့မယ် ၊နောက် ကျွန်တော်ရွာက ရေလုပ်ငန်းလုပ်ပြီး လုပ်ကိုင် စားသောက်ကြတာပါ၊ သဘောင်္တွေက ဒီမှာ မုန်တိုင်းကြောင့် လေနည်းနည်း ကြမ်းတော့ သဘောင်္တွေက တစ်စီးနဲ့ တစ်စီးကပ်နေတော့ သူတို့က ဓာတ်ဆီလောင်ပြီး မီးရှို့မယ့် အစီအစဉ်ထိ လုပ်ထားကြပါတယ်”
ယင်းဖြစ်ရပ်တွေဟာ ရပ်တန့်သွားခြင်း မရှိပဲ ဆက်လက် ပေါ်ပေါက်နေမူနှင့် ပတ်သပ်၍ ကိုယ်တိုင်ကြုံတွေ့ခံစားနေရသူ ဒေသခံတစ်ဦးရဲ့ သူရဲ့အမြင် ကို M-Media မှ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
“ ဟုတ်ပါတယ်၊ ဒီကိစ္စတွေက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ကို သူတို့တွေ လုပ်နေကြတာပါ၊ အစိုးရက အဓိက စည်းရုံး နေတဲ့ သူတွေကို ထိထိရောက်ရောက် ဖမ်းဆီးအရေးယူမူ မပြုလုပ်တဲ့ ကာလပတ်လုံး ရပ်တန့်သွားဖို့ မရှိဘူးလို့ မြင်ပါတယ်၊အဓိက စည်းရုံးရေး တရား၊ မဖြစ်ဖြစ်အောင် စိတ်တွေကို ဆွပေးတဲ့ မြှောက်ပေးနေတဲ့ တရားဟောနေသူတွေ၊ စည်းရုံးနေတဲ့ သူတွေကို ဖမ်းဆီးမှသာလျှင် ငြိမ်းအေးသွားမယ်လို့ ကျွန်တော် မြင်ပါတယ်” ဟု M-Media သို့ပြောသည်။

ရခိုင်ပြည်နယ် ဒုက္ခသည် ကျန်းမာရေး MSF စိုးရိမ်

ရခိုင်ပြည်နယ် ဒုက္ခသည် ကျန်းမာရေး MSF စိုးရိမ်
29 May 2013

ကိုသားညွန့်ဦး

မြန်မာနိုင်ငံ အနောက်ခြမ်း ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ခဲ့တဲ့ လူမှုအသိုင်းအ၀ိုင်း နှစ်ခုကို ခွဲခြားထားတဲ့ မူဝါဒကြောင့်၊ မူဆလင် လူမှုအသိုင်းအ၀ိုင်းတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှု အားနည်းလာပြီး ထိခိုက်မှုတွေ ရှိလာနေတယ်လို့ MSF နယ်ခြားမဲ့ ဆရာဝန်များအဖွဲ့က ထုတ်ပြန်ပါတယ်။
MSF မြန်မာဌာနေအဖွဲ့ဟာ အဲ့ဒီဒုက္ခသည်တွေကို အကူအညီ ပေးလျက်ရှိရာမှာ၊ သူတို့ ကြုံတွေ့ သိမြင်ရတဲ့ အခြေအနေတွေအပေါ်မှာ အခုလို ထုတ်ပြန် ပြောဆိုတာ ဖြစ်ပါတယ်။ ဒီသတင်း အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြထားပါတယ်။
MSF အဖွဲ့အနေနဲ့ မကြာသေးခင်က ပဋိပက္ခတွေကြောင့် တိမ်းရှောင်နေရတဲ့ ဒုက္ခသည်စခန်းတွေနဲ့ ပဋိပက္ခဖြစ်ခဲ့တဲ့ ဒေသတွေကို သွားရောက်ခဲ့ပြီး၊ သူတို့ တွေ့ရှိချက်တွေအရ အဲ့ဒီမှာ ကျေးရွာအချို့ဟာ ကျန်းမာရေး စောင့်ရှောက်မှု အပါအ၀င် အခြေခံ ၀န်ဆောင်မှုတွေ ဖြတ်တောက်ထား ခံရသလိုဖြစ်ပြီး၊ ကျေးရွာတွင်းနေ ပြည်သူတွေကိုလည်း သွားရေး လာရေးကအစ ပိတ်ပင်မှုတွေ ဖြစ်နေတယ်ဆိုတာကို တွေ့ရှိရတယ်လို့ MSF က ထုတ်ပြန်ထားပါ။
အာဏာပိုင်တွေဘက်က သွားရေးလာရေး တားမြစ်ကန့်သတ်မှုတွေ ရှိသလို၊ အချို့ကလည်း သူတို့ ကိုယ်တိုင် အပြင်ထွက် သွားလာဖို့ စိုးရိမ်ကြောက်လန့် နေကြတယ်လို့ MSF က ပြောပါတယ်။
943446_512603925456075_1276372075_n
ဒီအခြေအနေဟာ ကျန်းမာရေး အခြေအနေအပေါ်မှာပါ သက်ရောက်မှုတွေ ရှိလာတယ်လို့ MSF ရန်ကုန်ရုံးက ဒုတိယအကြီးအကဲ ဗစ်ကီ ဟော့ကင်း (Vickie Hawkins) က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။
“ဒီမူဝါဒကြောင့် ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်တွေကို ထိခိုက် သက်ရောက်တဲ့အပေါ်မှာ ကျမတို့ စိုးရိမ်ပူပင်မိပါတယ်။ အားလုံးသိတဲ့အတိုင်း ပဋိပက္ခကြောင့် ရခိုင်ပြည်နယ်တွင်းမှာ ထွက်ပြေး တိမ်းရှောင်နေရတဲ့ ဒုက္ခသည်တွေဟာ ၁ သိန်း ၄ သောင်းလောက် ခန့်မှန်းချေ ရှိပါတယ်။ ဒီလို ဒုက္ခသည်တွေအပြင် သွားလာမရအောင် ကျေးရွာတွေမှာ ပိတ်ခံထားရတဲ့ လူတွေလည်း ရှိပါတယ်။ သူတို့ဟာ ပြီးခဲ့တဲ့ ဇွန်လကတည်းကဆိုရင် အခြေခံ လိုအပ်ချက် ၀န်ဆောင်မှုတွေ မရကြတော့ပါဘူး။ ဒါဟာ ကျန်းမာရေးအတွက် စိုးရိမ်စရာ အခြေအနေပါ။ သားဖွားဆရာမတွေ မရတော့သလို ဆေးရုံ ဆေးခန်းတွေကိုလည်း သွားလို့ မရ ဖြစ်နေပါတယ်။ အထူးသဖြင့်တော့ အရေးပေါ် အခြေအနေမှာ မြို့နယ်ဆေးရုံတွေကိုပါ ဆက်သွယ်လို့မရတော့တာပါ။”
မြန်မာအစိုးရအနေနဲ့ ဒုက္ခသည်စခန်းတွေကို အကူအညီပေးရေး ကိစ္စတွေမှာ နိုင်ငံတကာကို ခွင့်ပြုထားသလို၊ နိုင်ငံတကာကလည်း ဒုက္ခသည်စခန်းတွေကို ပိုပြီး အာရုံထားကြတယ်လို့ MSF က ပြောပါတယ်။
အိမ်တွေ ပျက်စီးပြီး မိသားစု ဘ၀အခြေအနေတွေ ယိမ်းယိုင်ခဲ့တဲ့ ဒီဒုက္ခသည်တွေကို ကူညီဖို့ ပိုပြီး စိတ်ဝင်စားတာလည်း သဘာဝကျတယ်လို့ ပြောပါတယ်။ ဒါပေမဲ့လည်း ဒုက္ခသည်စခန်းတွေ အတွင်းမှာ မဟုတ်ဘဲ၊ အပြင်ဘက် ကျေးရွာတွေမှာ သွားလာမရ ပိတ်မိနေတဲ့ လူတွေမှာလည်း လိုအပ်ချက်တွေ ရှိနေတယ်ဆိုတာကို သတိ မပြုမိကြဘူးလို့ ဗစ်ကီ ဟော့ကင်း (Vickie Hawkins) က ဗွီအိုအေကို ပြောပါတယ်။
“ဒီဒုက္ခသည်တွေအတွက် အကူအညီတွေ လိုအပ်နေတယ်ဆိုတာကတော့ သံသယ ဖြစ်စရာကို မရှိပါဘူး။ ဒါပေမဲ့ ဒုက္ခသည်တွေအပြင် စခန်းတွေမှာ မဟုတ်တဲ့ ဒုက္ခတွေ့နေသူ အတော်များများ ရှိပါသေးတယ်။ အတော်များများက အဲ့ဒီ ဒုက္ခသည်စခန်းတွေကို ပိုပြီး အာရုံထားကြပါတယ်။ ဒါကြောင့် စခန်းတွေမှာရှိတဲ့ ဒုက္ခသည်တွေအပြင်၊ စခန်းမှာမဟုတ်ဘဲ ကျေးရွာတွေမှာ ပိတ်မိနေသူတွေကိုလည်း အာရုံထားကြဖို့ အရေးကြီးပါတယ်။ ဒီလူတွေအနေနဲ့ လုံခြုံရေးကြောင့် ဆိုပြီးတော့ မြို့နယ်ဆေးရုံ ဆေးခန်းတွေကို သွားရောက်ခွင့် မရဘူးဆိုရင်၊ အဲ့ဒီအစား ကျန်းမာရေး စောင့်ရှောက်မှုတွေ ဘယ်လို ပေးမလဲဆိုတာ အဖြေထုတ်ဖို့ လိုပါတယ်။”
စစ်တွေမြို့အပြင်ဘက်မှာတင် ဒုက္ခသည်မဟုတ်ဘဲ ကျေးရွာတွေမှာ ပိတ်မိနေတဲ့ မူဆလင် ၁ သိန်း ၂ သောင်းလောက် ရှိမယ်လို့ MSF က ခန့်မှန်းပါတယ်။ သူတို့အခြေအနေဟာ ဆိုးဆိုးရွားရွား ဖြစ်နေပြီး၊ ပြီးခဲ့တဲ့ ရက်ပိုင်း လပိုင်းတွေအတွင်း မြို့နယ်ပြည်သူ့ဆေးရုံကို မပို့နိုင်လို့ ရွာထဲမှာပဲ သေဆုံးခဲ့ရသူတွေလည်း ရှိခဲ့တယ်လို့ MSF က ထုတ်ပြန်ပါတယ်။
တချိန်တည်းမှာပဲ မိုးရာသီ ၀င်လာပြီမို့ ရောဂါဘယတွေနဲ့ အဟာရ ချို့တဲ့မှုတွေ တိုးများ ဖြစ်လာနိုင်ချေ အပေါ်မှာလည်း စိုးရိမ်စရာ ရှိတယ်လို့ MSF ရန်ကုန်ရုံး ဒုတိယအကြီးအကဲ ဗစ်ကီ ဟော့ကင်း (Vickie Hawkins) က ဗွီအိုအေကို ပြောပါတယ်။
“အခုဆိုရင် မိုးရာသီက စလာပါပြီ။ မိုးနဲနဲ စ ရွာတာကြောင့် ဒုက္ခသည်စခန်းတွေမှာ အပျက်အစီး အချို့ ရှိလာပါပြီ။ မကြာသေးခင်က အပူပိုင်း မုန်တိုင်းကြောင့် ရေလွှမ်းမိုးမှု အချို့လည်း ရှိပါတယ်။ ဒီလို ရာသီဥတု ဆိုးလာတာကြောင့် ကျန်းမာရေး အခြေအနေတွေအပေါ်မှာ ထိခိုက် သက်ရောက်မှု ရှိလာပါတယ်။ အခုဆို ၀မ်းရောဂါတွေ ဖြစ်လာတာကို တွေ့နေရပါပြီ။ ဒါ့အပြင် ကူးစက်ရောဂါတွေ ဖြစ်လာမှာကိုလည်း စိုးရိမ်မိပါတယ်။ အဟာရဓာတ် ချို့တဲ့မှုတွေ ဖြစ်လာနိုင်တာကိုလည်း စိုးရိမ်စရာရှိပါတယ်။”
MSF နယ်စည်းမခြား ဆရာဝန်များအဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်ထဲမှာ ဟိုး ဆယ်စုနှစ်တွေကတည်းက ကျန်းမာရေး အကူအညီပေးရေး လုပ်ငန်းတွေကို လုပ်ကိုင်ခဲ့ပြီး၊ အထူးသဖြင့်တော့ HIV/AIDS၊ TB အဆုတ်နာရောဂါ၊ ငှက်ဖျားရောဂါ ကုသရေးနဲ့ ကိုယ်ဝန်ဆောင် သားဖွားလုပ်ငန်းတွေကို အဓိကထား ကူညီဆောင်ရွက်ခဲ့တာပါ။
ဒါကြောင့်လည်း ပြီးခဲ့တဲ့ တစ်နှစ်ကျော်က လူမျိုးရေး အကြမ်းပဋိပက္ခတွေကြောင့် ရခိုင်ပြည်နယ်အတွင်းက အဲ့ဒီလို သူတို့ အလေးထားလုပ်ဆောင်နေတဲ့ ကျန်းမာရေးကိစ္စတွေမှာ ထိခိုက်သက်ရောက်မှုတွေ တွေ့လာရတယ်ဆိုပြီး ဒီကနေ့ပဲ ကြေညာထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ဗီအိုအေ မြန်မာ မှကူးယူဖေါ်ပြသည်။
ဖေါ်ပြပါပုံမှာ ရိုက်တာ သတင်းဌာနက ဖေါ်ပြထားသည့် ကိုဝန်ဆော်င် ရိုပာင်ဂျာ အမျိုးသမီး ရိုမာဟတ်သူး ပုံဖြစ်ပါသည်။အကျယ်ကို မြန်မာမွတ်စလင်မ်မီဒီယာတွင် ဖေါ်ပြထားသည့်
သောင်မတင်ရေမကျ မြန်မာမွတ်စလင်ဘ၀ ဆောင်းပါးတွင်ဖတ်ရှု့နိင်ပါသည်။

အကြမ်းဖက်သမားများ ဗလီနှင့် စာသင်ကျောင်းကို မီးရှို့မှု လုံခြုံရေးတပ်ဖွဲ့များ အကာအကွယ်မပေးခဲ့ (ဆက်သွယ်မေးမြန်းချက်)

M-Media
KK
9
“ဟုတ်ကဲ့ပါ။ အမှတ်(၉)ရပ်ကွက်ဆိုတာ ဘူတာရပ်ကွက်ပါ။ ဗလီရှိပါတယ်။ မွတ်စလင်မ်အိမ်ခြေတော်တော်နည်းပါတယ်။ အဲဒီဘက်က မွတ်စလင်မ်အိမ်တချို့ကိုလည်း ခုနကပဲ ဖျက်နေပါတယ်။ အခုတော့ အဆက်အသွယ်မရဘူးဖြစ်နေတယ်။
နောက်ပြီးတော့ ရထိုက်ဟိုတယ်ရှေ့မှာ ရေခဲသေတ္တာရောင်းတဲ့ဆိုင်ရှိတယ် ပန်းသေးဆိုင်ပါ။ အဲဒီတစ်ဆိုင်လုံးကိုလည်း ဖျက်ဆီးသွားပြီ။ နောက် လားရှိုးဓါတ်ပုံတိုက်ကိုလည်း ဖျက်ဆီးသွားလိုက်ပြီ။ ဒါက အမှတ်(၃)ရယ် အမှတ်(၂)ရပ်ကွက်ရယ်ပါ။ ပြီးတော့ လားရှိုးမှာ မွတ်စလင်မ်အခမဲ့ဧည့်ရိပ်သာတစ်ခုရှိတယ်။ အဲဒါကိုလည်း ခုနက ခဲတွေနဲ့ လာပေါက်သွားတယ်။
ဒီဘက်အပေါ်ဘက်ကတော့ တော်တော်များများ မီးရှို့ခံနေရတယ်။ အခုနောက်ပိုင်းတော့ အိမ်ကြီးတွေကို မီးမရှို့တော့ဘူး။ ပစ္စည်းတွေကို လုနေတယ်။ ရဲတွေရော စစ်တပ်ရောချထားတယ်။ အထက်က အမိန့်မရလို့ဆိုပြီး သူတို့ ဘာမှတော့ မလုပ်ဘူး။ ဒီအတိုင်း နေနေတာ။ ဟုတ်ကဲ့ ဗလီနားမှာပါ။ ဗလီကို ကာကွယ်ပေးတာမဟုတ်ပါဘူး။ ဗလီရှေ့က ဘဏ်ကို ကာကွယ်ပေးထားတာပါ။ ဟုတ်ပါတယ် ကမ္ဘောဇဘဏ်ပါခင်ဗျာ။ ဗလီရှေ့တည့်တည့် မျက်နှာချင်းဆိုင်မှာပါ။
ကျွန်တော့် မိသားစုလည်း အခု အဲ့ဒီနားကနေ ထွက်သွားလိုက်ပါပြီ။ ထွက်သွားတဲ့ မွတ်စလင်မ်တွေကို လမ်းမှာ ရန်ရှာခံကြရတယ်ပြောပေမယ့် အခု အဆက်အသွယ်မရဘူးဖြစ်နေတယ်။ ဖုန်းတွေကလည်း တစ်မြို့လုံး ဖြတ်တောက်ခံလိုက်ရတယ်။ ဆက်သွယ်ရေးဧရိယာအားလုံး ပြတ်တောက်နေတယ်။ တစ်ခြားတော့ ပြဿနာမရှာဘူး။ အထက်ဘက်တွေက ကောင်းကြတယ်။
လာဖျက်ဆီးကြသူတွေက လားရှိုးမြို့ပေါ်ကလားလို့မေးတော့ ဗလီမဖျက်ခင်မှာ အာဏာပိုင်အဖွဲ့အစည်းကလာပြီး ဗလီထဲမှာရှိနေကြတဲ့ ၀တ်ပြုသူတွေကို ထွက်ခိုင်းတယ်။ ထွက်ခိုင်းပြီး ၁၀-မိနစ်လောက်နေတော့ လူအုပ်ကြီးရောက်လာတယ်။
ဗလီကို မီးရှို့တာက ၇-နာရီ ၀န်းကျင်လောက်ကပါ။ အာဏာပိုင်က ဗလီထဲကလူတွေကို ထွက်သွားခိုင်းတာက ၆-နာရီခွဲကျော်ကျော်ကပါ။ အဲဒီဖြစ်စဉ် အစအဆုံးမှာ ရှိနေတဲ့ ကျွန်တော့်သူငယ်ချင်းတစ်ယောက်လည်းရှိပါတယ်။ သူဆိုရင် အကြမ်းဖက်ခံရတဲ့ အခြေအနေ အားလုံးကို မြင်လိုက်ရတဲ့ မျက်မြင်သက်သေတစ်ယောက်ပါ။”လို့ M-Media ကို ပြောပြလာပါတယ်။
ဂျာမေ့ဗလီကြီး မဖျက်ဆီးခံရမီအချိန်ကတည်းက ဗလီအတွင်းရှိနေပြီး မီးလောင်ချိန်၌လည်း ဗလီမှာ ပိတ်မိနေသူအား M-Media မှ ထပ်မံဆက်သွယ် မေးမြန်းခဲ့ပါတယ်။
“ဟုတ်ကဲ့ပါခင်ဗျာ။ ဟုတ်ပါတယ် ကျွန်တော် ဈေးနားမှာပဲ ရှိနေတာပါ။ ကျွန်တော် လွန်ခဲ့တဲ့ နာရီဝက်လောက်ကပဲ ရပ်ကွက်ထဲကို ပြန်ရောက်ပါတယ်။ စဖြစ်တာက ညနေ (၄)နာရီခွဲလောက်မှာ ညနေက ဖြစ်တဲ့သတင်းကို ကျွန်တော်သိလိုက်တယ်။ အမျိုးသမီးတစ်ဦး မီးရှို့ခံလိုက်ရတယ်ဆိုတဲ့သတင်းပါ။ ရဲစခန်းကို လူအုပ်ကြီးသွားပြီး တရားခံကို တောင်းတယ်လို့ကြားတယ်။ အဲလိုကြားတဲ့အချိန်မှာပဲ ကျွန်တော့်မိတ်ဆွေတစ်ယောက်က ဗလီကိုပြန်သွားစောင့်ပါဆိုပြီး ကျွန်တော့်ကို ဖုန်းဆက်တယ်။ ဒါနဲ့ ကျွန်တော် ဗလီမှာ ပြန်သွားစောင့်တယ်။ ညနေ ၅-နာရီထိ ကျွန်တော် ဗလီမှာ ရှိနေသေးတယ်။ ကျွန်တော် ဗလီမှာ ရှိနေတဲ့အချိန်မှာ ညနေ (၆)နာရီခွဲလောက်မှာ ဘုရားဝတ်ပြုဖို့ လူတွေ ဗလီကို ၀င်လာကြတယ်။ အဲဒီအချိန်မှာ ခယက ကနေ ဖုန်းလှမ်းဆက်တယ်။ ဗလီထဲက လူတွေ အားလုံးထွက်လိုက်ပါ။ ဗလီထဲကလူတွေ အားလုံးရှောင်ပေးပါလို့ လှမ်းဆက်တယ်။
အဲဒါနဲ့ ကျွန်တော် ကျန်တဲ့ တချို့ကို ပြောတယ်။ ခယကက လူတွေထွက်ပေးဖို့ ဖုန်းဆက်တယ် ထွက်ပေးကြပါဆိုတော့ တချို့လည်းထွက်ပေးတယ်။ တချို့လည်း ထွက်ချိန်မရတော့ဘူး။ အဲဒီအချိန်မှာပဲ အပြင်မှာ လူအုပ်ကြီးကရောက်နေပြီ။ ဖုန်းဆက်တာက ခ၀တ ဥက္ကဌက မွတ်စလင်မ်ဘာသာရေးအသင်းဥက္ကဋ္ဌကို ဆက်တယ်။ ဘာကြောင့်လို့ပြောလဲဆိုတော့ ဒီလူအုပ်စုကြီးက ဗလီဘက်ကို လာနေပြီ သူတို့နိုင်အောင်ထိန်းမယ်၊ ကျွန်တော်တို့လူတွေ ဖယ်ပေးပါလို့ပြောတယ်။ အဲဒါနဲ့ ဥက္ကဌက ဖုန်းလှမ်းဆက်တယ်။ ကျွန်တော်ကလည်း ဗလီထဲက လူတွေကို ပြန်ပြောလိုက်တယ်။ တချို့လည်း ထွက်ဖို့စီစဉ်တယ်။ တချို့ကလည်း မထွက်ဘူးလို့ပြောတယ်။ ဒါပေမယ့် ပြောတာပဲရှိတယ် ဘယ်သူမှ ထွက်ချိန်မရဘူး။ အဲဒီမှာပဲ ခဲတွေနဲ့ စပြီးထုသံကြားရတယ်။ ခဏလေးမှာပဲ လူအုပ်စုက တော်တော်များလာတယ်။ အပြင်က အသံတွေက တော်တော်ကြားနေရတယ်။ အဲဒီအချိန်မှာ ကျွန်တော် ဈေးဘက်ကို ထွက်လိုက်တယ်။ ဗလီထဲမှာ လူ ၃၀-လောက် နေခဲ့တယ်။ ပထမဆုံး ဗလီက ၅-ခန်းတွဲ ဆိုင်ခန်းတန်လျားလေးကစပြီးမီးလောင်တယ်။ ဟုတ်တယ် အဲဒီကို အရင်စရှို့တာပါ။ ဈေးဆိုင်ခန်းလေးတွေပါ။ အဲဒီမှာ မီးသတ်အဖွဲ့တွေက ဈေးကို မီးမကူးအောင် ရေပက်နေတယ်။ ဗလီဘက်ကိုတော့ မပက်ပါဘူး။ အဲဒီကနေ ခဏနေတော့လူသံတွေ ငြိမ်သွားတယ်။ သူတို့တွေက မိဘမဲ့ကလေးကျောင်းဘက် ထွက်သွားတယ်။ မိဘမဲ့ကလေးကျောင်းကို မီးရှို့တယ်။ ဟုတ်ပါတယ် ဗလီကို ရှို့ပြီးမှ ကျောင်းကို သွားရှို့တာပါ။ အဲလို လုပ်နေတုန်းမှာပဲ အဲဒီ အုပ်စုက ဗလီဘက်ကို ပြန်လာပြီး နောက်တစ်ကြိမ် ပြန်ရှို့တယ်။
ကျောင်းကို မီးရှို့တာ ကလေးတွေ သေတယ်လို့တော့ ကျွန်တော် မကြားမိဘူး။ ဘာလို့လဲဆိုတော့ ဖြစ်စဉ်တစ်ခုလုံးမှာ ဗလီထဲမှာ ကျွန်တော်ရှိနေတယ်။ ညနေ (၆)နာရီခွဲ ၀တ်ပြုပြီးတော့ ကျောင်းက ကျောင်းသားတချို့ ဗလီကို ကာကွယ်ဖို့ဆိုပြီး ဗလီထဲ ရောက်လာတယ်။ အဲဒီမှာ လူ ၃၀-လောက်ဖြစ်သွားတာ။ ကျွန်တော်က အားလုံးထွက်လိုက်ပါ လူခြုံရေးတွေ သူတို့တာဝန်ယူတယ်ပြောတယ်လို့ပြောလိုက်တယ်။ သူတို့က တာဝန်ယူမယ်ပြောလို့ ကျွန်တော်တို့က တကယ် တာဝန်ယူမယ်ထင်တာ။ တကယ်ကမ်းလက်တွေ့ကျတော့ သူတို့ ဘာတာဝန်မှ မယူဘူး။ တော်တော် ရက်စက်တဲ့လူတွေဗျာ။
ဟုတ်ကဲ့မေးပါ။ နေ့လည်က အမျိုးသမီး မီးရှို့ခံရတဲ့ကိစ္စမှာ ပထမ ကြားတာက မွတ်စလင်မ်က ရှို့တယ်လို့ ပြောတယ်။ နောက်ပိုင်းမှာကျ အဲဒါ မွတ်စလင်မ်မဟုတ်ဘူး ဂေါ်ရခါးလို့ပြောတယ်။ ပြီးတော့ အဲဒီ မီးရှို့တဲ့ကောင်လေးက ဆေးကြောင်နေတယ်လို့ပြောတယ်။ ဘယ်ဟာ အမှန်လဲတော့ ကျွန်တော်လည်း သေချာစုံစမ်းနေပါတယ်။”လို့ M-Media ကို တိုက်ရိုက်ပြောပြလာပါတယ်။

လားရှိုးမြို့ နောက်ဆုံးအခြေအနေ (၃း၀၀ နာရီ)

M-Media
KK
မနေ့ညက ဖျက်ဆီးခဲ့သော ဘူတာရပ်ကွက်ရှိ ဘူတာဗလီကိုလည်း ဒီနေ့မနက်ပိုင်းမှာ ဖျက်ဆီးလိုက်ပြီဖြစ်ပါတယ်။ ဘူတာရပ်ကွက်ဟာ ဗုဒ္ဓဘာသာအများစုနေထိုင်ရာရပ်ကွက်ဖြစ်ပြီး ရပ်ကွက်အတွင်း နေထိုင်သည့် မွတ်စလင်မ်များမှာလည်း လက်လုပ်လက်စားများသာ ဖြစ်ပါတယ်။


21


အကြမ်းဖက်သများ မီးရှို့ဖျက်ဆီးမှုကြောင့် ဗလီဝတ်ကျောင်းတော်အား မီးလောင်နေပုံ
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်၏ facebook
ဒီနေ့မနက်ပိုင်းမှာပဲ လားရှိုးမြို့ရှိ မွတ်စလင်မ်များနေထိုင်ရာ ရပ်ကွက်များကို အကြမ်းဖက်ဖျက်ဆီး တိုက်ခိုက်လုယက်ရန် ကြိုးစားမှုများ ဆက်လက်ရှိနေပါတယ်။ ၁၂-ရပ်ကွက်ကို မီးရှို့ရန်အတွက် အကြမ်းဖက်သမားများ ဆင်းလာကြသော်လည်း ရပ်ကွက်က ပြန်လည် ခုခံမယ့် အနေအထားရှိတာကြောင့် အကြမ်းဖက်သမားများ ပြန်လည်ထွက်ပြေးသွားကြပါတယ်။
မွတ်စလင်မ်များနေထိုင်ရာ ရပ်ကွက်များကို လိုက်လံဖျက်ဆီးမှုများ ပြုလုပ်ရန် ကြိုးပမ်းနေကြဆဲဖြစ်ပါတယ်။ ရပ်ကွက်အတွင်းမှ စိုးရိမ်ထိတ်လန့်နေကြသော မွတ်စလင်မ်များဟာလည်း နီးစပ်ရာ အခြားနေရာများသို့ ပြောင်းရွေှ့နေထိုင်မှုများ ရှိနေကြပါတယ်။
ဘုန်းကြီးကျောင်းအများစုရှိရာ ရပ်ကွက်(၄)တွင်နေထိုင်သော မွတ်စလင်မ်များသည်လည်း ရပ်ကွက်အတွင်း မနေထိုင်ရဲကြဘဲ အခြားနေရာများသို့ ပြောင်းရွှေ့နေကြပါတယ်။ ရပ်ကွက်အတွင်းတွင် ပြဿနာ တစ်စုံတစ်ရာ မပေါ်ပေါက်စေရေးအတွက် ရပ်ကွက်မှ ၀ိုင်းဝန်း စောင့်ကြည့်နေကြတယ်လို့လည်း သိရပါတယ်။
ရပ်ကွက်(၇)ရှိ အောက်ဗလီကို အကြမ်းဖက်သမားများ လာရောက်ဖျက်ဆီးခဲ့သည့်အတွက် ယခုအခါ အောက်ဗလီလည်း ပျက်ဆီးသွားပြီဖြစ်ပါတယ်။ အောက်ဗလီကို အကြမ်းဖက်သမားများက စတင်မီးရှို့စဉ်တွင် မီးရှို့ပါက အခြားအိမ်များသို့လည်း မီးကူးစက်နိုင် မီးမရှို့ရန် ရပ်ကွက်မှ ပြောသည့်အတွက် ၀ိုင်းဝန်းရိုက်နှက် ဖျက်ဆီးလိုက်ကြပါတယ်။ ယခုအခါ စစ်တပ်ရောက်ရှိလာပြီး လုံခြုံရေးချထားပြီး အပျက်အစီးများကို စောင့်ကြည့်နေကြောင်း သိရပါတယ်။
လားရှိုးမြို့မှာ လုံခြုံရေးချထားသော်လည်း လုံခြုံရေးမှ ရပ်ကွက်အတွင်း လုံခြုံရေးကို တာဝန်ယူမှုမရှိတာကြောင့် လားရှိုးမြို့ရှိ မွတ်စလင်မ်အားလုံး စိုးရိမ်ထိတ်လန့်နေပြီး ယခုကဲ့သို့ အကြမ်းဖက်မှုများကို တာဝန်ရှိသူများမှ အမြန်ဆုံးဖြေရှင်းပေးစေလိုကြောင်းလည်း သိရှိရပါတယ်။
ယမန်နေ့ညက ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုသည် စိတ်ဝေဒနာသည် တစ်ဦးဟု ယူဆရသူ ကိုနေဝင်းမှ မီးရှို့မည်ဟု ခြိမ်းခြောက်ပြောဆိုမှုကြောင့် ရဲမှ ဖမ်းဆီးထားခဲ့ပြီး ပြန်လွှတ်ပေးလိုက်သည့် အချိန်တွင် မီးရှို့မှုဖြစ်ပွားခဲ့ရာမှအစပြုကာ ဘာသာရေး အကြမ်းဖက်မှု အသွင် ကူးပြောင်းလာပြီး ယခုလို အကြမ်းဖက်မှု ကြီးထွားလာရခြင်းမှာ လားရှိုးမြို့ ရဲတပ်ဖွဲ့၏ တာဝန်မကင်းကြောင်းလည်း မြို့ခံတချို့က ပြောကြပါတယ်။
၂၀၁၂-ခု ဇွန်လတွင် ရခိုင်ပြည်နယ်မှစတင်ပြီး မြန်မာနိုင်ငံတွင် ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက်မှုများ ဆက်လက်လုပ်ဆောင်လာရာ ၂၀၁၃-ခု မတ်လအတွင်း မိတ္ထီလာမြို့၊ ပဲခူတိုင်းအနောက်ခြမ်း၊ ရန်ကုန်တိုင်းနှင့် ယခုအခါ ရှမ်းပြည်နယ်(မြောက်ပိုင်း)အထိပါ ကူးစက် ပျံ့နှံ့လာခဲ့ပြီး ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ဧရာဝတီတိုင်းတို့တွင်လည်း အကြမ်းဖက်မှုများ ဖြစ်ပွားရန် လှုံ့ဆော်နေကြပါတယ်။
ယခုကဲ့သို့ အကြမ်းဖက်မှုများဖြစ်ပေါ်လာနေသည့်အတွက် မြို့နယ်အများစုတွင် ပဋိပက္ခကာကွယ်တားဆီးရေးအဖွဲ့များဖွဲ့ပြီး အေးချမ်းသာယာအောင် ပြည်သူများမှ တစ်ဘက်တစ်လမ်းမှ ကြိုးစားဖန်တီးနေသော်လည်း အကြမ်းဖက်မှုဖြစ်ပွားစေရန် တမင်စနစ်တကျအကွက်ချစီစဉ်ပြီး လုပ်ဆောင်နေမှုများကြောင့်သာ အကြမ်းဖက်မှုများဆက်လက်ဖြစ်ပွားနေခြင်း ဖြစ်ပါတယ်။
ဤအကြမ်းဖက်မှုများ ဖြစ်ပွားရာ ပြည်နယ် တိုင်းများသည် ၉၆၉ တရားပွဲပြုလုပ်ပြီးချိန်တိုင်းတွင် ဖြစ်ပွားလာခြင်း ဖြစ်သည်ကို လေ့လာသိရှိရသည့်အတွက် ၉၆၉ တရားပွဲများကို တားဆီးပြီး အကြမ်းဖက်သူများကို ထိရောက်စွာ အရေးယူသင့်နေပြီဖြစ်ကြောင်း ဗုဒ္ဓသာသနာကို လေးစားမြတ်နိုးစွာ လိုက်နာကျင့်ကြံသူ ဗုဒ္ဓဘာသာဝင်များမှလည်း ပြောကြားမှုများ ရှိလာနေပါတယ်။
ယခု နေ့လည်ပိုင်းအထိ လားရှိုးမြို့ အခြေအနေမှာ ငြိမ်သက်မှုမရှိဘဲ မွတ်စလင်မ်များမှာလည်း ကျီးလန့်စာစားနေနေကြရပါတယ်လို့ M-Media မှ ဆက်သွယ်မေးမြန်းချက်များအရ သိရှိရပါတယ်။

မူဆယ် ၉၆၉ တရားပွဲ အပြီး သွေးထိုး လှုံဆော်မှုရဲ့ နောက်ဆက်တွဲ ရလဒ် လားရှိုး အကြမ်းဖက်မှု

M-Media
သတင်း – ဆုံမှတ်
မူဆယ်မြို့၊ ရှမ်းကွင်း၌ ပြီးခဲ့တဲ့ ရက်တစ်ပတ်လုံး မေလ ၂၀-ရက်နေ့မှ ၂၄-ရက်နေ့ အထိ “၉၆၉ တရားပွဲ” ဟု တရားဝင်ကြေညာ၍ ဗီနိုင်း ပိုစတာအကြီးကြီးဖြင့် ဗမာဘုန်းကြီးများ တရားပွဲ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။


1


Photo Wirthu FB
အဆိုပါ တရားပွဲတွင် ဗမာဘုန်းတော်ကြီးများ ဟောကြားခဲ့ပြီး ဗုဒ္ဓဟူးနေ့က ဦးပညာဝရ၊ ကြာသပတေးနေ့က ဦးဝီရသူ၊ သောကြာနေ့က ဦးဇ၀န ဆရာတော်တို့ ဟောကြားခဲ့ကြောင်း သိရသည်။
ယင်းတရားပွဲတွင် ဆရာတော် ဦးပညာဝရ၊ ဦးဝီရသူ၊ ဦးဇ၀နတို့မှ လူမျိုး ဘာသာ မုန်းတီးရေး၊ ပုတ်ခတ်ရေး၊ သွေးထိုး လှုံဆော်ရေး တရားများ ဟောကြား ခဲ့သည်။ လူဦးရေ (၃၀၀)ခန့် အဆိုပါ တရားပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ယင်း ဖြစ်ရပ်နှင့် ပတ်သက်၍ ဒေသခံ တစ်ဦးအား M-Media မှ ဆက်သွယ်မေးမြန်းရာ “ တရားပွဲက ၉၆၉ တရားပွဲ ဆိုပြီး တရားဝင် ကြေညာပြီးတော့ကို လုပ်တာပါ၊ နောက်ဆုံး (၃)ရက်မှာ သွေးထိုးလှုံဆော်ရေး တရားတွေ ဟောခဲ့ပါတယ်၊ ရှမ်းတိုင်းရင်းသားတွေက သူတို့ရဲ့ ၉၆၉ တရားပွဲတွေကို သိပ်စိတ်မ၀င်စားကြဘူး။ အဲဒါကို ၀ီရသူက မကျေနပ်ဘူး၊ ရှမ်းတိုင်းရင်းသားတွေက ကိုယ့်အမျိုးကို မချစ်ဘူး၊ ကိုယ့်အမျိုးကိုယ် ကာကွယ်စောင့်ရှောက်ရမယ်ဆိုတာကိုလည်း နားမလည်ဘူး” လို့ပြောသွားတယ်၊
လွန်ခဲ့သောတစ်ပတ်အလွန်က တောင်ကြီးမြို့ နှင့် အနီးတဝိုက်ရှိပတ်ဝန်းကျင်မြို့ များတွင် ၉၆၉ တရားပွဲများကို ဘုန်းကြီးကျောင်းအများစုတွင် ကျင်းပခဲ့ကြပြီး ဆင်းရဲသားရပ်ကွက်အချို့ ရှိ လက်ဖက်ရည်ဆိုင်များတွင် မွတ်စလင်မုန်းတီးဆန့် ကျင်ရေးစာအုပ်များနှင့် မွတ်စလင်ဆိုင်များကို သပိတ်မှောက်ကြရန် လှုံဆော်သော စာရွက်များဖြန့် ဝေလျက်ရှိသည်။
၉၆၉တရားပွဲများ ရှမ်းပြည်တွင် လာရောက် ကျင်းပနေသော်လည်း ရှမ်းဘုန်းတော်ကြီးများကလည်း ဗုဒ္ဓတရားတော်များ ကိုဟောကြားသည့် တရားပွဲ သက်သက် ကျင်းပဖို့ရှိကြောင်း သိရသည်။

အကြမ်းဖက်သမားများ ဗလီနှင့် စာသင်ကျောင်းကို မီးရှို့မှု လုံခြုံရေးတပ်ဖွဲ့များ အကာအကွယ်မပေးခဲ့ (ဆက်သွယ်မေးမြန်းချက်)



မေ-၂၈၊၂၀၁၃
M-Media
KK
9

“ဟုတ်ကဲ့ပါ။ အမှတ်(၉)ရပ်ကွက်ဆိုတာ ဘူတာရပ်ကွက်ပါ။ ဗလီရှိပါတယ်။ မွတ်စလင်မ်အိမ်ခြေတော်တော်နည်းပါတယ်။ အဲဒီဘက်က မွတ်စလင်မ်အိမ်တချို့ကိုလည်း ခုနကပဲ ဖျက်နေပါတယ်။ အခုတော့ အဆက်အသွယ်မရဘူးဖြစ်နေတယ်။
နောက်ပြီးတော့ ရထိုက်ဟိုတယ်ရှေ့မှာ ရေခဲသေတ္တာရောင်းတဲ့ဆိုင်ရှိတယ် ပန်းသေးဆိုင်ပါ။ အဲဒီတစ်ဆိုင်လုံးကိုလည်း ဖျက်ဆီးသွားပြီ။ နောက် လားရှိုးဓါတ်ပုံတိုက်ကိုလည်း ဖျက်ဆီးသွားလိုက်ပြီ။ ဒါက အမှတ်(၃)ရယ် အမှတ်(၂)ရပ်ကွက်ရယ်ပါ။ ပြီးတော့ လားရှိုးမှာ မွတ်စလင်မ်အခမဲ့ဧည့်ရိပ်သာတစ်ခုရှိတယ်။ အဲဒါကိုလည်း ခုနက ခဲတွေနဲ့ လာပေါက်သွားတယ်။
ဒီဘက်အပေါ်ဘက်ကတော့ တော်တော်များများ မီးရှို့ခံနေရတယ်။ အခုနောက်ပိုင်းတော့ အိမ်ကြီးတွေကို မီးမရှို့တော့ဘူး။ ပစ္စည်းတွေကို လုနေတယ်။ ရဲတွေရော စစ်တပ်ရောချထားတယ်။ အထက်က အမိန့်မရလို့ဆိုပြီး သူတို့ ဘာမှတော့ မလုပ်ဘူး။ ဒီအတိုင်း နေနေတာ။ ဟုတ်ကဲ့ ဗလီနားမှာပါ။ ဗလီကို ကာကွယ်ပေးတာမဟုတ်ပါဘူး။ ဗလီရှေ့က ဘဏ်ကို ကာကွယ်ပေးထားတာပါ။ ဟုတ်ပါတယ် ကမ္ဘောဇဘဏ်ပါခင်ဗျာ။ ဗလီရှေ့တည့်တည့် မျက်နှာချင်းဆိုင်မှာပါ။
ကျွန်တော့် မိသားစုလည်း အခု အဲ့ဒီနားကနေ ထွက်သွားလိုက်ပါပြီ။ ထွက်သွားတဲ့ မွတ်စလင်မ်တွေကို လမ်းမှာ ရန်ရှာခံကြရတယ်ပြောပေမယ့် အခု အဆက်အသွယ်မရဘူးဖြစ်နေတယ်။ ဖုန်းတွေကလည်း တစ်မြို့လုံး ဖြတ်တောက်ခံလိုက်ရတယ်။ ဆက်သွယ်ရေးဧရိယာအားလုံး ပြတ်တောက်နေတယ်။ တစ်ခြားတော့ ပြဿနာမရှာဘူး။ အထက်ဘက်တွေက ကောင်းကြတယ်။
လာဖျက်ဆီးကြသူတွေက လားရှိုးမြို့ပေါ်ကလားလို့မေးတော့ ဗလီမဖျက်ခင်မှာ အာဏာပိုင်အဖွဲ့အစည်းကလာပြီး ဗလီထဲမှာရှိနေကြတဲ့ ၀တ်ပြုသူတွေကို ထွက်ခိုင်းတယ်။ ထွက်ခိုင်းပြီး ၁၀-မိနစ်လောက်နေတော့ လူအုပ်ကြီးရောက်လာတယ်။
ဗလီကို မီးရှို့တာက ၇-နာရီ ၀န်းကျင်လောက်ကပါ။ အာဏာပိုင်က ဗလီထဲကလူတွေကို ထွက်သွားခိုင်းတာက ၆-နာရီခွဲကျော်ကျော်ကပါ။ အဲဒီဖြစ်စဉ် အစအဆုံးမှာ ရှိနေတဲ့ ကျွန်တော့်သူငယ်ချင်းတစ်ယောက်လည်းရှိပါတယ်။ သူဆိုရင် အကြမ်းဖက်ခံရတဲ့ အခြေအနေ အားလုံးကို မြင်လိုက်ရတဲ့ မျက်မြင်သက်သေတစ်ယောက်ပါ။”လို့ M-Media ကို ပြောပြလာပါတယ်။
ဂျာမေ့ဗလီကြီး မဖျက်ဆီးခံရမီအချိန်ကတည်းက ဗလီအတွင်းရှိနေပြီး မီးလောင်ချိန်၌လည်း ဗလီမှာ ပိတ်မိနေသူအား M-Media မှ ထပ်မံဆက်သွယ် မေးမြန်းခဲ့ပါတယ်။
“ဟုတ်ကဲ့ပါခင်ဗျာ။ ဟုတ်ပါတယ် ကျွန်တော် ဈေးနားမှာပဲ ရှိနေတာပါ။ ကျွန်တော် လွန်ခဲ့တဲ့ နာရီဝက်လောက်ကပဲ ရပ်ကွက်ထဲကို ပြန်ရောက်ပါတယ်။ စဖြစ်တာက ညနေ (၄)နာရီခွဲလောက်မှာ ညနေက ဖြစ်တဲ့သတင်းကို ကျွန်တော်သိလိုက်တယ်။ အမျိုးသမီးတစ်ဦး မီးရှို့ခံလိုက်ရတယ်ဆိုတဲ့သတင်းပါ။ ရဲစခန်းကို လူအုပ်ကြီးသွားပြီး တရားခံကို တောင်းတယ်လို့ကြားတယ်။ အဲလိုကြားတဲ့အချိန်မှာပဲ ကျွန်တော့်မိတ်ဆွေတစ်ယောက်က ဗလီကိုပြန်သွားစောင့်ပါဆိုပြီး ကျွန်တော့်ကို ဖုန်းဆက်တယ်။ ဒါနဲ့ ကျွန်တော် ဗလီမှာ ပြန်သွားစောင့်တယ်။ ညနေ ၅-နာရီထိ ကျွန်တော် ဗလီမှာ ရှိနေသေးတယ်။ ကျွန်တော် ဗလီမှာ ရှိနေတဲ့အချိန်မှာ ညနေ (၆)နာရီခွဲလောက်မှာ ဘုရားဝတ်ပြုဖို့ လူတွေ ဗလီကို ၀င်လာကြတယ်။ အဲဒီအချိန်မှာ ခယက ကနေ ဖုန်းလှမ်းဆက်တယ်။ ဗလီထဲက လူတွေ အားလုံးထွက်လိုက်ပါ။ ဗလီထဲကလူတွေ အားလုံးရှောင်ပေးပါလို့ လှမ်းဆက်တယ်။
အဲဒါနဲ့ ကျွန်တော် ကျန်တဲ့ တချို့ကို ပြောတယ်။ ခယကက လူတွေထွက်ပေးဖို့ ဖုန်းဆက်တယ် ထွက်ပေးကြပါဆိုတော့ တချို့လည်းထွက်ပေးတယ်။ တချို့လည်း ထွက်ချိန်မရတော့ဘူး။ အဲဒီအချိန်မှာပဲ အပြင်မှာ လူအုပ်ကြီးကရောက်နေပြီ။ ဖုန်းဆက်တာက ခ၀တ ဥက္ကဌက မွတ်စလင်မ်ဘာသာရေးအသင်းဥက္ကဋ္ဌကို ဆက်တယ်။ ဘာကြောင့်လို့ပြောလဲဆိုတော့ ဒီလူအုပ်စုကြီးက ဗလီဘက်ကို လာနေပြီ သူတို့နိုင်အောင်ထိန်းမယ်၊ ကျွန်တော်တို့လူတွေ ဖယ်ပေးပါလို့ပြောတယ်။ အဲဒါနဲ့ ဥက္ကဌက ဖုန်းလှမ်းဆက်တယ်။ ကျွန်တော်ကလည်း ဗလီထဲက လူတွေကို ပြန်ပြောလိုက်တယ်။ တချို့လည်း ထွက်ဖို့စီစဉ်တယ်။ တချို့ကလည်း မထွက်ဘူးလို့ပြောတယ်။ ဒါပေမယ့် ပြောတာပဲရှိတယ် ဘယ်သူမှ ထွက်ချိန်မရဘူး။ အဲဒီမှာပဲ ခဲတွေနဲ့ စပြီးထုသံကြားရတယ်။ ခဏလေးမှာပဲ လူအုပ်စုက တော်တော်များလာတယ်။ အပြင်က အသံတွေက တော်တော်ကြားနေရတယ်။ အဲဒီအချိန်မှာ ကျွန်တော် ဈေးဘက်ကို ထွက်လိုက်တယ်။ ဗလီထဲမှာ လူ ၃၀-လောက် နေခဲ့တယ်။ ပထမဆုံး ဗလီက ၅-ခန်းတွဲ ဆိုင်ခန်းတန်လျားလေးကစပြီးမီးလောင်တယ်။ ဟုတ်တယ် အဲဒီကို အရင်စရှို့တာပါ။ ဈေးဆိုင်ခန်းလေးတွေပါ။ အဲဒီမှာ မီးသတ်အဖွဲ့တွေက ဈေးကို မီးမကူးအောင် ရေပက်နေတယ်။ ဗလီဘက်ကိုတော့ မပက်ပါဘူး။ အဲဒီကနေ ခဏနေတော့လူသံတွေ ငြိမ်သွားတယ်။ သူတို့တွေက မိဘမဲ့ကလေးကျောင်းဘက် ထွက်သွားတယ်။ မိဘမဲ့ကလေးကျောင်းကို မီးရှို့တယ်။ ဟုတ်ပါတယ် ဗလီကို ရှို့ပြီးမှ ကျောင်းကို သွားရှို့တာပါ။ အဲလို လုပ်နေတုန်းမှာပဲ အဲဒီ အုပ်စုက ဗလီဘက်ကို ပြန်လာပြီး နောက်တစ်ကြိမ် ပြန်ရှို့တယ်။
ကျောင်းကို မီးရှို့တာ ကလေးတွေ သေတယ်လို့တော့ ကျွန်တော် မကြားမိဘူး။ ဘာလို့လဲဆိုတော့ ဖြစ်စဉ်တစ်ခုလုံးမှာ ဗလီထဲမှာ ကျွန်တော်ရှိနေတယ်။ ညနေ (၆)နာရီခွဲ ၀တ်ပြုပြီးတော့ ကျောင်းက ကျောင်းသားတချို့ ဗလီကို ကာကွယ်ဖို့ဆိုပြီး ဗလီထဲ ရောက်လာတယ်။ အဲဒီမှာ လူ ၃၀-လောက်ဖြစ်သွားတာ။ ကျွန်တော်က အားလုံးထွက်လိုက်ပါ လူခြုံရေးတွေ သူတို့တာဝန်ယူတယ်ပြောတယ်လို့ပြောလိုက်တယ်။ သူတို့က တာဝန်ယူမယ်ပြောလို့ ကျွန်တော်တို့က တကယ် တာဝန်ယူမယ်ထင်တာ။ တကယ်ကမ်းလက်တွေ့ကျတော့ သူတို့ ဘာတာဝန်မှ မယူဘူး။ တော်တော် ရက်စက်တဲ့လူတွေဗျာ။
ဟုတ်ကဲ့မေးပါ။ နေ့လည်က အမျိုးသမီး မီးရှို့ခံရတဲ့ကိစ္စမှာ ပထမ ကြားတာက မွတ်စလင်မ်က ရှို့တယ်လို့ ပြောတယ်။ နောက်ပိုင်းမှာကျ အဲဒါ မွတ်စလင်မ်မဟုတ်ဘူး ဂေါ်ရခါးလို့ပြောတယ်။ ပြီးတော့ အဲဒီ မီးရှို့တဲ့ကောင်လေးက ဆေးကြောင်နေတယ်လို့ပြောတယ်။ ဘယ်ဟာ အမှန်လဲတော့ ကျွန်တော်လည်း သေချာစုံစမ်းနေပါတယ်။”လို့ M-Media ကို တိုက်ရိုက်ပြောပြလာပါတယ်။

ကလေး ၂ ယောက် ဥပဒေသည် လူအခွင့်အရေးကို ချိုးဖောက်ခြင်းသာဖြစ်ဟု ဒေါ်စုကြည် ဝေဖန်

မေလ ၂၇ ရက်၊ ၂၀၁၃
M-Media
သတင်းအရင်းအမြစ် – အင်တာနက်

2013-05-27T113335Z_1_CBRE94Q0W4600_RTROPTP_2_MYANMAR-POLITICS



သတင်းထောက်များနဲ့ တွေ့ဆုံနေတဲ့ ဒေါ်အောင်ဆန်းစုကြည်
မွတ်စလင်များအရေးနဲ့ပတ်သတ်ပြီး မှတ်ချက်ပေးမှုနည်းပါးတဲ့ ဒေါ်အောင်ဆန်းစုကြည်က ရိုဟင်ဂျာတွေကို ကလေးနှစ်ယောက်သာ ယူခွင့်ရှိတဲ့ ဥပဒေပြဌာန်း ကန့်သတ်တာနဲ့ပတ်သတ်ပြီး ဒါဟာလူအခွင့်အရေးကို ဆန့်ကျင်တာဖြစ်တယ်လို့ ယနေ့ ဝေဖန်ပြောကြားလိုက်ပါတယ်။
အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယခင်အာဏာရှင်အစိုးရ အဆိုပြုခဲ့တဲ့ အဲဒီအငြင်းပွားဖွယ်ရာ ဥပဒေကို လက်ရှိအာဏာပိုင်တွေက အတည်ပြုပြဌာန်းလိုက်တဲ့အပေါ်မှာ သူမအနေနဲ့ ဆန့်ကျင်ကြောင်း ယနေ့သတင်းထောက်များကို ရန်ကုန်မြို့မှာ ပြောကြားခဲ့တာဖြစ်ကြောင်း ရိုက်တာက ဆိုပါတယ်။
“ဒီလိုမျိုး ခွဲခြားမှုမျိုးရှိနေတာ မကောင်းပါဘူး၊ ဒါက လူအခွင့်အရေးနဲ့လည်း လိုက်လျောညီထွေ မရှိလှပါဘူး” ဟု ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်က သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။
ရခိုင်ပြည်နယ်အစိုးရကတော့ ဒီဥပဒေကို မွတ်စလင်အများစုရှိရာ ဒေသနှစ်ခုမှာ အတည်ပြုပြီးဖြစ်တယ်လို့ အေအက်ဖ်ပီကို ရခိုင်ပြည်နယ်အစိုး ရ ပြောခွင့် ရပုဂ္ဂိုလ် ဦးဝင်းမြိုင်က ပြောကြားခဲ့သလို ယခင်ကတော့ အုပ်စုအချင်းချင်း ပဋိပက္ခတွေကြောင့် အတည်ပြုဖို့ နှောင့်နှေးနေ တာ ဖြစ်တယ်လို့ လည်း သူက ဆိုပါတယ်။
လူအခွင့်အရေး စောင့်ကြည့်မှုအဖွဲ့ကတော့ ဒီဥပဒေကို “စက်ဆုပ်ဖွယ် ဥပဒေ၊ လူသားမဆန်တဲ့ ဥပဒေ” စတဲ့ စကားလုံးတွေ သုံးပြီး ဝေဖန်ခဲ့သလို ဒီဥပဒေက လူ့အခွင့်အရေးနဲ့ လုံးဝဥဿုံဆန့်ကျင်နေတယ်လို့လည်း ဆိုပါတယ်။
ဧပြီလ ၂၉ ရက်နေ့မှာ ထွက်ခဲ့တဲ့ ရခိုင်ပဋိပက္ခစုံစမ်းရေးကော်မတီအစီရင်ခံစာမှာတော့ တကယ်လို့ အစိုးရကသာ ဒီလိုမျိုး ကလေးယူခွင့် ကန့်သတ်တဲ့ ဥပဒေ ကို ကာယကံရှင်များရဲ့ သဘောဆန္ဒမပါဘဲ ပြဌာန်းခြင်းမျိုးကနေ ရှောင်ရှားသင့်ကြောင်း၊ အကယ်၍ အဲဒီလိုမျိုးသာ ပြဌာန်းခဲ့မယ်ဆိုရင် လူအခွင့်အရေး စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီတော့မှာ မဟုတ်ဘူးလို့ ရေးသားဖော်ပြထားပါတယ်။ ဒါပေမယ့် အစိုးရကတော့ စုံစမ်းရေးကော်မတီရဲ့ အကြံပေးချက်ကို ထုံးစံအတိုင်း လျစ်လျူရှုခဲ့တာပါလို့ လေ့လာသူတွေက ဝေဖန်ကြပါတယ်။
အဲန်အလ်ဒီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကတော့ အစိုးရအနေနဲ့ ၁၉၈၂ ဥပဒေကို ပြင်ဆင်ပြီး ရိုဟင်ဂျာတွေကို ကန့်သတ်ချုပ်ခြယ် မှုတွေ ဖြေလျော့ပေး သင့်တယ်လို့ ဒီမေလ အတွင်းမှာပဲ ရိုက်တာကို ပြောကြားခဲ့ပါသေးတယ်။

“ရခိုင်တွေမှာ အဖြေမရှိဘူး၊ သူတို့က ရိုဟင်ဂျာတွေကို မောင်းထုတ်ပစ်ချင်တယ်၊ ဒါက မဖြစ်နိုင်တဲ့ကိစ္စပဲ” လို့ ဦးဥာဏ်ဝင်းက ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂ ဗုဒ္ဓနေ့ ဆောင်ပုဒ်၊ ဒေါက်တာ စိုင်းမောက်ခမ်း၊ ဒလိုင်းလားမားနှင့် ဝီရသူ


မောင်သမာဓိ

vesak2013
ဆောင်ပုဒ် အရွေးတော်သော ကုလသမဂ္ဂ။
ရေလှူသည့် အကျိုး ၁၀ ပါးရှိသည်ဟု ဟောကြားထားသော ဗုဒ္ဓဘာသာ ထွန်းကားသည့် မြန်မာနိုင်ငံ၌ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး၊ မေတ္တာသုတ်ရွတ်ဆိုပွဲတွင် တက်ကြွစွာ ပါဝင်ခဲ့ကြသော သံဃာတော်များနှင့် ထိုသံဃာတော် များထံ ရေသန့်ဘူး ကပ်လှူခဲ့သော အစ္စလာမ် ဘာသာဝင်များကို သာသနာ ညစ်နွမ်းစေမှု ပုဒ်မ တတ်၍ ထောင်ဒဏ် ၂ နှစ် လျှော့ရက်မရှိ ချ၏။ ထိုသံဃာတော်တို့သည် သံဃာအတုအယောင်များဖြစ်သည်ဟု န.အ.ဖ အစိုးရက သမုတ်၏။
ရခိုင်၊ မိတ္ထီလာ၊ ပဲခူး အနောက်ခြမ်း ဘာသာရေး ပဋိပက္ခများတွင် တုတ် ဓါး လက်နက် ကိုင်ဆွဲ၍ ပါနာတိပါတာကျူးလွန်ခြင်းဖြင့် ပါရာဇိတကံ ကျရောက်နေသော သံဃာတော်များကို ပြုပြင်ပြောင်းလဲရေး အမည်ခံ အစိုးရ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များက အကာ အကွယ်  ပေး၏။
ကမ္ဘာတွင် နာဇီလက်သစ်ဟု နာမည်ဆိုးနှင့် ကြော်ကြားနေသော ၉၆၉ ဂိုဏ်း စတစ်ကာကို ခွာသူများ အား သာသနာ ညစ်နွမ်းစေမှု ပုဒ်မဖြင့် ထောင်ဒဏ် ၂နှစ် အပြစ်ပေးသောကြောင့် ထိုပုဒ်မဖြင့် အပြစ်ပေးခံရသူ များကို နိုင်ငံရေး သမားအဖြစ် သတ်မှတ်သင့်၏။
`        ထိုသို့သော အခြေ အနေတွင် ဗုဒ္ဓသာသနာကို ညစ်နွမ်းစေသည့် တရားခံ အစစ်အမှန်ကို သိသော ကုလသမဂ္ဂသည် အလွန် အဓိပ္ပါယ် ပြည့်ဝသော ကုလသမဂ္ဂ ဗုဒ္ဓနေ့ ဆောင်ပုဒ်ကို ချမှတ် ပြဌာန်းလိုက်ပါသည်။
TGR_6932
သာဓု သုံးကြိမ်ခေါ်ပါသည်။   
၂၀၁၃ ခုနှစ်၊ ကုလသမဂ္ဂ ဗုဒ္ဓနေ့ အခမ်းအနား၏ ဆောင်ပုဒ်မှာ (Education and Global Citizenship: A Buddhist Perspective) ဟူ၍ဖြစ်သည်။ လူသားတွေကို မှား မှန်၊ ဆိုးကောင်း၊ ချင့်ချိန်နိုင်ဖို့ ပညာဥာဏ် ဖွံ့ဖြိုး ခြင်း (Education) နှင့် ဇာတိဒေသပထဝီဝင်၊ အသားအရောင်၊ လူမျိုး၊ ဘာသာ၊ လိင်၊ ရာထူး၊ ဆင်းရဲ ချမ်းသာ စသည် ဖြင့် မခွဲခြားဘဲလူသားအားလုံး ကမ္ဘာ့ မိသားစု တစ်ခုတည်းအဖြစ် ချစ်ချစ်ခင်ခင် အတူတကွ နေထိုင် ခြင်း (Global Citizenship) တို့သည် ခွဲခြားမရဘဲ တစ်သားတည်း ဒွန်တွဲနေပါသည်ဆိုသော အယူအဆသည် ဂေါတမဗုဒ္ဓ၏ အမြင်၊ ဗုဒ္ဓ၏ ဒဿန၊ ဗုဒ္ဓ၏ တရား​ဓမ္မ တစ်ခုသာ ဖြစ်သည် ဟုဆောင်ပုဒ်က ဆိုလေသည်။
ကောင်းလေစွ၊ ကောင်းလေစွ၊ ကောင်းလေစွ။
ထိုဆောင်ပုဒ်ကိုဖတ်ရှုပြီးသောအခါ ဥာဏ်ပညာအားဖြင့်သာ မတူကွဲပြားသူများအကြား ယှဉ်တွဲနေထိုင် နိုင်မည်ဟုနားလည်ပါသည်။ ပညာဥာဏ် မရင့်သန်သော၊ တနည်းအားဖြင့် ဥာဏ်ပညာအမြှော်အမြင်(Wisdom) မလွှမ်းမိုးသော ပတ်ဝန်းကျင်တွင် ကမ္ဘာ့လူသား တို့သည် မိသားစုတစ်ခုတည်းအသွင် ဖွဲ့ရန် မဖြစ်နိုင်ဟုအဓိပွါယ် ရသော ဗုဒ္ဓနေ့ ဆောင်ပုဒ်ကို လောဂျစ်နည်းဖြင့် အနုလုံ ပဋိလုံ အပြန်အလှန် စဉ်းစားတွေးခေါ်ကြည့်သော် လူမျိုးရေး၊ ဘာသာ ရေး ပဋိပက္ခများမကြာခဏ ဖြစ်ပေါ်နေသော မြန်မာနိုင်ငံသည် မည်သို့သော နိုင်ငံမျိုးအဖြစ် ကမ္ဘာပေါ်တွင် ထင်ရှား ကျော်ကြားနေမည်နည်း။
ဒေါက်တာစိုင်းမောက်ခမ်း ပြောသောဗုဒ္ဓ၏ မေတ္တာပမာဏ အတိုင်းအတာ။
TGR_6676
ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း သည် မေ ၂၂ နံနက်ပိုင်းတွင် ကုလသမဂ္ဂ အဖွဲ့ရုံး၌ ကျင်းပသည့် ၁၀ ကြိမ်မြောက် ကုလသမဂ္ဂ ဗုဒ္ဓနေ့ (ကဆုန်လပြည့်နေ့) အထိမ်းအမှတ် အခမ်းအနား ဒုတိယနေ့သို့ တက်ရောက် မိန့်ခွန်းပြော ကြားရာတွင် လူသားအားလုံးသည် တစ်ခုတည်းသော ကမ္ဘာသူ ကမ္ဘာသား မိသားစု အမြင်များ ရှိလာကြရန် အမှန် တကယ်လိုအပ်ပါကြောင်း၊ ဗုဒ္ဓ၏ အဆုံးအမများမှာ အတ္တကိုပယ်ဖျောက်ရန် သွန်သင်ဆုံးမထားပါကြောင်း မိမိတို့ နှင့်အတူအမြဲရှိနေသော ဒုက္ခကိုလည်း ရှုမြင်ရမည်ဖြစ်ပါကြောင်း၊ အသေအချာ ဆန်းစစ်ကြည့်လျှင် ဗုဒ္ဓ၏ အဆုံး အမများသည် အသားအရောင်၊ ကျား မ၊ ယုံကြည်မှုနှင့် လူမှု အဆင့်အတန်းမရွေး ကမ္ဘာ့လူသားအားလုံးအပေါ် တူညီစွာ လွှမ်းခြုံထားသည့် မေတ္တာတရားများပင် ဖြစ်ပါကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။
မည်သည့်ဘာသာဝင်မျှ ငြင်းဆိုရန် မရှိသောဒဿန (Universal Truth) နှစ်ခု။
သင်ယူပါ၊ သင်ပေးပါ၊ ကိုယ်တိုင်ကျင့်ကြံအားထုတ်ပါဟု အဓိပ္ပါယ်ရသော ပရိယတ္တိ၊ ပရိပ္ပတ်၊ ပရိဝေဒ သာသနာ့တာဝန်ကြီး သုံးရပ် ပြဌာန်းထားသည့်အတွက်လည်းကောင်း၊ ပညာ၊ သဒ္ဒါ၊ သမ္မာ၊ ဝိရိ ဟူသော သုတ္တံ တရားများအရလည်းကောင်း၊ ဗုဒ္ဓသည် ပညာရေး (Education) ကိုလိုလားသူ၊ အားပေးသူဖြစ်ကြောင်း လေ့လာ ဘူးသူတိုင်း သိရှိပြီးဖြစ်၍ တစ်စုံတစ်ရာ ငြင်းဆိုရန် မရှိပါ။
ဤနေရာတွင် ပညာဆိုသည်မှာ အမှား အမှန်၊ အကောင်းအဆိုးကို ပိုင်းခြားဝေဖန်နိုင်သည့် ဥာဏ်ပညာ (Wisdom) ကိုဆိုလိုခြင်း ဖြစ်သည်။ တနည်းအားဖြင့် ဘာသာရေးပညာ တစ်ခုတည်းကို ဆိုလိုခြင်းမဟုတ်ဘဲ ဥပဒေပညာ၊ လူ့အခွင့်အရေး ပညာ၊ နိုင်ငံတကာဆက်ဆံရေးပညာ၊ စီးပွားရေးပညာ၊ ပထဝီ သမိုင်းစသည် ပညာရပ် အသီးသီးကိုဆိုလိုသည်ဟု နားလည်ပါသည်။
လူ့ဘုံ ၁ ခုတည်းကိုသာမက ငရဲ ၄ ဘုံ၊ နတ်ပြည် ၆ ဘုံ၊ ဗြဟ္မ ဘုံ၂၀ ရှိ နတ်ဗြဟ္မာ သတ္တဝါအပေါင်းကို ထည့်သွင်းစဉ်းစားသော ဗုဒ္ဓသည် လူသားအားလုံးအပေါ် မခွဲမခြား မေတ္တာထား သည် ဆိုသည့် အချက်ကိုလည်း မည်သူမျှ ငြင်းရန်၊ သံသယဝင်ရန် အကြောင်း မရှိပါ။
သံသယဝင်သည်မှာ ဗုဒ္ဓဘာသာ အမည်ခံ ၉၆၉ ဂိုဏ်းသား နာဇီ သံဃာတို့၏ လူသားတို့ အပေါ်တွင် ထားရှိပါသည် ဆိုသည့် မေတ္တာ တရားကိုသာ ဖြစ်၏။
မည်သူမပြု မိမိမှု။
ဗုဒ္ဓ၏ ကမ္ဘာ့မိသားစုတစ်ခုဝါဒ (Global Citizenship) ကိုဆန့်ကျင်၍ အိမ်များ၊ စီးပွားရေးလုပ်ငန်းများ နှင့် အငှားယာဉ်များတွင် စီးပွားရေးပိတ်ဆို့လိုသော၊ ကမ္ဘာ့မိသားစုအကြား ခွဲခြားဆက်ဆံလိုသော ရည်ရွယ်ချက် ဖြင့် စတစ်ကာများ လိုက်လံကပ်နေကြသော ဝီရသူနှင့် အပေါင်းအပါများ တည်ထောင်ထားသည့် ၉၆၉ ဂိုဏ်းသား များသည် ဗုဒ္ဓဘာသာဝင်များ မဖြစ်နိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ဗုဒ္ဓ သင်ပြလမ်းညွှန်ခဲ့သော ဥာဏ်ပညာမျိုး မရှိသူများ ဖြစ်နေသောကြောင့် ဖြစ်သည်။ အမှန်တကယ်တော့ လက်တွေ့တွင် ထိုအုပ်စုသည် ကမ္ဘာပေါ်၌ ပေါ် ထွန်းသမျှ ဘာသာတရားများအကြား ဗုဒ္ဓဘာသာ၏ ပုံရိပ် (Image) ကိုကျဆင်းစေသည် အထိ ဗုဒ္ဓဝါဒကို ဆန့် ကျင် နေသူများ ဖြစ်ပေသည်။
ကုလသမဂ္ဂ ဗုဒ္ဓနေ့ ဆောင်ပုဒ်တွင် ဥာဏ်ပညာအခြေခံဖြင့်သာ လူသားအားလုံးသည် ကမ္ဘာ့မိသားစု တစ်ခု တည်း အသွင် ဖေါ်ဆောင်နိုင် မည် ဟုဆို၏။
ပညာဥာဏ် မရှိသောဝီရသူ၏ ဘာသာရေးလူမျိုးရေး ပဋိပက္ခများ ဖြစ်ပွားစေရန် ပေါ်ပေါ်ထင်ထင် လှုံ့ ဆော်နေမှုကို မသိချင်ယောင် ဆောင်နေကြသော အစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော် ကိုယ်စားလှယ်ကြီးများ၏ ပညာဥာဏ် အဆင့်အတန်းသည် မည်သို့ရှိမည်ကို စာရှုသူ အနေဖြင့် ခန့်မှန်းကြည့်နိုင်ပါသည်။ ထိုမှတဖန် ထိုသူတို့ အုပ်ချုပ်သော မြန်မာနိုင်ငံ၏ အနာဂတ်ကို မှန်းဆ ကြည့်ပါက တိုးတက်မှုဗလာနှင့် ဆုတ်ယုတ်မှု အန​န္တ ကိုသာ တွေ့ရပါလိမ့်မည်။
ခရိုနီတို့၏ စီးပွားရေးလက်ဝါးကြီးအုပ်မှုကို လက်မခံဘဲလွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ရှိသည့် ဈေးကွက် စီးပွား စနစ် ကျင့်သုံးနေပါသည် ဆိုသော မြန်မာနိုင်ငံတွင် ၉၆၉ ဂိုဏ်းသားများသည် စီးပွားရေး ပိတ်ဆို့မှုများကို တရား ဝင် လုပ်ဆောင်ခွင့် ရကြ၏။
အသေဝနာစ ဘာလနံ၊ ပူစာစ ပူဇနေယနံ၊ ပါရာဇိတကံ၊
အကြမ်းဖက်မှုများတွင် တုတ် ဓါး လက်နက်ကိုင်ဆွဲ၍ လုယက်သတ်ဖြတ် ခဲ့ကြသည့် မြန်မာ သံဃာ တော်များကို တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမားက ဝေဖန် ရှုံ့ချသော အင်တာနက် သတင်းများ အောက် တွင် ဗုဒ္ဓဘာသာ အစွန်းရောက်တို့၏ မဖွယ်မရာ ကော်မန့်များသည် ဗုဒ္ဓဟောကြားခဲ့သော (ပူစာစ ပူဇနေယနံ) ကိုးကွယ် ဆည်းကပ် ပူဇော်ထိုက်သူကို ပူဇော်ရ၏ ဟူသည့် မေတ္တာ သုတ်နှင့် အကြီးအကျယ် လွဲချော်နေ၏။
နာဇီလက်သစ် ဂိုဏ်းဖွဲ့ကာ ခိုးဆိုး လုယက် သတ်ဖြတ်မှုများကို ဦးဆောင်နေသော ဝီရသူနှင့် ဘာသာ ရေး လူမျိုးရေး ပဋိပက္ခများ ဖြစ်ပွားရန် လှုံ့ဆော်ခြင်းဖြင့် ဗုဒ္ဓနေ့ဆောင်ပုဒ် (Global Citizenship) ကို ဆန့်ကျင် နေသော မွန်ပြည်နယ်ပေါင်မြို့နယ် မုတ္တမမြို့ မြစေတီနန်းဦးစာသင်တိုက် ဆရာတော်တို့အား ဗုဒ္ဓဘာသာကို စောင့်ရှောက် ကာကွယ်သူ မျိုးချစ် များအဖြစ် ကိုးကွယ် ဆည်းကပ် ထောက်ပံ့ ကာကွယ်ပေးနေသူများသည် ဗုဒ္ဓ ဟောကြားခဲ့သော (အသေဝနာစ ဘာလနံ) လူမိုက်တို့နှင့် မပေါင်းအပ်ဟူသော ဗုဒ္ဓ၏ မေတ္တာသုတ်ကို ဖေါက်ဖျက် ကျူးလွန်သူများသာ ဖြစ်ကုန်၏။ ပါရာဇိတကံ ကျရောက်ပြီးသူတို့သည် ရဟန်း မဟုတ်တော့ပါ။
ဗုဒ္ဓနေ့ ဆောင်ပုဒ်ကို လေးလေးနက်နက် အကောင်အထည် ဖေါ်ကြပါစို့။
ဒေါက်တာစိုင်းမောက်ခမ်း၏ မိန့်ခွန်းနိဂုံးတွင် ယခုနှစ် ကုလသမဂ္ဂဗုဒ္ဓနေ့၏ ဆောင်ပုဒ်အပေါ် ဆွေးနွေး ချက်များသည် ဗုဒ္ဓဘာသာဝင် မိသားစုများကိုသာမက တစ်ကမ္ဘာလုံးကို အကျိုးဖြစ်ထွန်းစေမည်ဟု ယုံကြည်ပါ ကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။
ကြုံကြိုက်သည့် အခိုက် အာဏာပိုင်များကို မေးလိုသည်မှာ ကုလသမဂ္ဂဗုဒ္ဓနေ့ ဆောင်ပုဒ် (Education and Global Citizenship) ကို ဆန့်ကျင်နေသော မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် မွတ်ဆလင် တစ်ဦး တစ်လေ တွေ့မိပါသလား ခင်ဗျား။
ဗုဒ္ဓနေ့ ဆောင်ပုဒ်အတိုင်းလိုက်နာသော နိုင်ငံများတွင် အကျိုးဖြစ်ထွန်းမည်မှာ မြေကြီး လက်ခတ် မလွဲ သေချာသော် လည်း မြန်မာနိုင်ငံတွင်း မှီတင်းနေထိုင်ကြသော ဗုဒ္ဓဘာသာဝင်များ၏ အကျိုးကို အမှန်တကယ် လိုလား ပါက ပညာဥာဏ် နုံနည်း လှသော ဘာလနံ ဝီရသူနှင့် အပေါင်းအပါတစ်သိုက်ကို ဦးစွာပထမ ဖမ်းဆီး ဟန့်တား မှသာလျှင် ကုလသမဂ္ဂ ဗုဒ္ဓနေ့ဆောင်ပုဒ်ကို လိုက်နာရာနှင့် အကောင်အထည်ဖေါ်ရာ ကျမည် ဖြစ် ကြောင်း လေးစားစွာဖြင့် တင်ပြအပ်ပါသည် ခင်ဗျား။
မောင်သမာဓိ
၁၃၇၅ ခု ကဆုန်လပြည့် (ဗုဒ္ဓနေ့)

Top