MMM
13 May 2013
သတင်း- (မိုးကြယ်စင်) ရန်ကုန်၊ မေ ၁၂
ရခိုင်ပြည်နယ်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်တွေမှာ ပုဒ်မ ၁၄၄ ကို ပြန်လည်အသက်သွင်းပြီး ဆွလာလ် ၀တ်ပြုမှုကို တစ်နေ့နှစ်ကြိမ်သာ ခွင့်ပြုတော့ မယ်လို့ ဒေသခံတွေ ထံမှသိရပါတယ်။
“ဗလီနှစ်ကြိမ်ပဲ တက်ခွင့်ပေးမယ်လို့ပြောပါတယ်။ ဇုဟိုရ် ရယ်၊ အဆွလ် ရယ်ပဲဖတ်ခွင့်ပေးတယ်။ ကျန်သုံးကြိမ်မပေးဘူး၊“ လို့ မင်းပြားဒေသခံ တစ်ဦးက မြန်မာမွတ်စလင်မ် မီဒီယာကိုပြောပါတယ်။
ဆွလာလ်ဝတ်ပြုကြိမ် ကန့်သတ်မှုကို မေလ (၁၀)ရက်နေ့ မနက်ပိုင်းမှာစတင်ခဲ့တာဖြစ်ပါတယ်။အဆိုပါ ကြေငြာချက်ကို လုံခြုံရေးနဲ့ န.စ.က တွေက ဗလီဂေါပကတွေမှတဆင့်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ ကန့်သတ်မှုရဲ့ အကြောင်းရင်းကတော့ ပုဒ်မ ၁၄၄ ကိုပြန်လဲ အသက်သွင်းခြင်းဖြစ်တယ်လို့ဆိုပါတယ်။ ည ၆ နာရီ ကနေ မနက် ၆ နာရီထိ ညမထွက်ရ အမိန့်ကြောင့် တားမြစ်ခြင်းဖြစ်တယ်လို့လဲ သိရပါတယ။် ဆွလာလ်ဝတ်ပြုမှုငါးကြိမ်မှာ ဇုဟိုရ်နဲ့ အဆွလ်သာ ၀တ်ပြုခွင့်ပြုပြီး ဖွဂျရ် ၊ မဂ္ဂဒစ် ၊ အီရှာ ဆွလာလ်တွေကို ၀တ်ပြုမှုတားမြစ်လိုက်တာဖြစ်ပါတယ်။
“ကန့်သတ်ထားတဲ့ အချိန်တွေမှာ ထွက်ရင်ပစ်မယ်လို့ပြောပါတယ်။ ဇွန်လ အရေးခင်းဖြစ်တုန်းကတော့ တင်းကြပ်ခဲ့တာ ရှိပါတယ်။ နောက်ပိုင်းပြန် ခွင့်ပြုခဲ့ပါတယ်။ အခုပြန်ပြီး တင်းကြပ်တဲ့သဘောပဲ ၊ ဒီညမထွက်ရအမိန့်က ရခိုင်တွေအပေါ် မသက်ရောက်ဘူး၊ ရိုဟင်ဂျာတွေအပေါ်ပဲ သက်ရောက်တယ်။ ရခိုင်တွေ အပြင်ထွက်ရင်ရတယ်။ ညသန်းခေါင် အပြင်ထွက်လူတွေသတ်ရင်ရတယ်။ ရိုဟင်ဂျာတွေ ကျန်းမာရေး ကိစ္စတွေကြောင့် ဆေးရုံးသွားရင်တောင် ဖမ်းပါတယ်။” လို့ မြောက်ဦးဒေသခံတစ်ဥိးကဆိုပါတယ်။
ဆွလာလ်ဝတ်ပြုကြိမ်ကန့်သတ်တဲ့နေရာတွေကတော့ မြောက်ဦးမြို့နယ်မှာ ဗူးတစ်လုံးကျေးရွာ၊ ရှီရှားရိုက် (ဆီးသီးရွာ) ၊ စောရ်ဖာရာ (ကိုင်းတော) ကျေးရွာ တွေပဲဖြစ်ပါတယ်။ မင်းပြားမြို့နယ် အာလိမ်းဖာရာ ကျေးရွာ၊ ဖူရာမ်ဖာရာ ကျေးရွာတို့ ပဲဖြစ်ပါတယ်။

 
 Posts
Posts
 
 
 

 
No comments: