ads

Slider[Style1]

Style2

Style3[OneLeft]

Style3[OneRight]

Style4

Style5


ဒီဇင်ဘာ ၁၄ ၊ ၂၀၁၂
ရခိုင်ဒေသတွင်ဖြစ်ပွားခဲ့သော ပဋိပက္ခများအတွက် သံသယရှိသူ လူပေါင်း ၁၀၀၀ ထက်မနည်းကို သာမက လက်နက်ပေါင်း ၅၀၀၀ နီးပါးကိုလည်း အစိုးရထိန်းသိမ်းလိုက်သည် ဟု မြန်မာတိုင်းမ်စ် က ဖော်ပြသည်။
ထိုအချက်အလက်များကို ဒီဇင်ဘာ ၈ တွင် နိုင်ငံခြားရေး ၀န်ကြီးဌာန ၌ကျင်းပခဲ့သော သတင်းစာရှင်း လင်းပွဲ တွင် နယ်စပ်ဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး သိန်းဌေးက ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒု-ဗိုလ်ချုပ်ကြီး သိန်းဌေးက မြို့နယ် ၁၂ မြို့နယ်မှ လူပေါင်း ၁၁၂၁ ဦးကို ထိန်းသိမ်းပြီးဖြစ်ကြောင်း၊ ထိုအထဲတွင် ရခိုင် ၂၃၃ ဦး၊ ရိုဟင်ဂျာ ၈၄၉ ဦး၊ ဟိန္ဒူ ၂၇ ဦး၊ မာရမာကြီး ၄ ဦးနှင့် မြန်မာ ၈ ဦးတို့ ပါဝင်ကြောင်း ပြောကြားခဲ့သည်။

“လူတွေကို ထိန်းသိမ်းလိုက်သလို တရားဥပဒေစိုးမိုးဖို့အတွက် လက်နက်တွေကိုလည်း ထိန်းသိမ်းထားပါတယ်။” ဟု ဒု-ဗိုလ်ချုပ်ကြီး သိန်းဌေး က ပြော သည်။ လက်နက်စုစုပေါင်းအရည်အတွက်မှာ ၄၈၀၂ လက်ဖြစ်ပြီး ထိုအထဲတွင် သေနတ်၊ ဓား၊ လှံ၊ ဒူးလေး၊ မြှား၊ လောက်လေးဂွနှင့် ဂျင်ကလိ တို့ပါဝင်ကြောင်း၊ ယင်းလက်နက်များကို မြို့နယ် ၁၁ မြို့နယ်မှ သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း၊ ဒု-ဗိုလ်ချုပ်ကြီး သိန်းဌေးကမူ ထိုလက်နက်များ ကို ဒေသခံများ က ရိုးရာအမဲလိုက်မှုများအတွက် အသုံးပြုခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
“တချို့လူတွေမှာ သေနတ်တွေရှိနေတာ သမရိုးကျပဲ။ ဒါပေမယ့် ဒီသေနတ်တွေကို ပဋိပက္ခဖြစ်တဲ့အချိန်မှာ သုံးခဲ့ကြတယ်။ ကျွန်တော်တို့က တရားဥပဒေစိုးမိုးဖို့ လုပ်ဆောင်ရမယ်ဆိုတော့ ဒါမျိုးလက်နက်အားလုံးကို ပိတ်ပင်ရမှာပဲ” ဟု ဒု-ဗိုလ်ချုပ်ကြီး သိန်းဌေးပြောခဲ့သည်။
အစိုးရ၏ မကြာသေးမီကာလ တရားဝင်စာရင်းဇယားများအရ လူပေါင်း ၂၀၀ အသတ်ခံရပြီး အိမ်ခြေ ၁၀၆၈၉ ၊ ဗလီ ၄၅ လုံး၊ ဘုရားကျောင်း ၁၄ ခုနှင့် မူလတန်းကျောင်း ၃ ကျောင်းတို့ ပျက်ဆီးခဲ့ရကြောင်း သိရသည်။
“စုံစမ်းစစ်ဆေးနေတုန်းပါ။ ဘယ်သူ့ကို ပြစ်တင်မရလဲဆိုတဲ့ သက်သေအတိအကျရရင်တော့ ကျွန်တော်တို့ ကြေညာသွားမှာပါ” ဟု ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောသည်။

About MPN

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
«
Next
Newer Post
»
Previous
Older Post

No comments:

Post a Comment


Top