“ကျောက်နီမော် အခြေအနေ အေးချမ်းသွားပြီလား” M-Media ဆက်သွယ်မေးမြန်းချက်
နိုဝင်ဘာ ၈၊ ၂၀၁၂
M-Media
သတင်း – ထွန်းတောက်
M-Media
သတင်း – ထွန်းတောက်
ကျောက်နီမော်။ ။ အောက်တိုဘာလအတွင်း ရခိုင်တွင် တကျော့ပြန်ဖြစ်ပွားခဲ့သော ကိစ္စရပ်များရဲ့ နောက်ဆက်တွဲ အဖြစ် ကျောက်နီမော်ရွာတွင် မွတ်စလင်မ်များ ကြုံတွေ့ခံစားနေရသော အခြေအနေများကို ကျောက်နီမော် ရွာသား တစ်ဦးနဲ့ ဆက်သွယ် မေးမြန်းခဲ့တာဖြစ်ပါတယ်။
မေး - ကျောက်နီမော်မှာ အခုလက်ရှိ ဘယ်လိုအခြေအနေရှိပါသလဲ။
ဖြေ - ကျောက်နီမော်မှာ အောက်တိုဘာလစဖြစ်ခဲ့တဲ့ ကိစ္စပြီးတဲ့ ရက်ပိုင်းအတွင်းမှာပဲ စစ်သား (၂၀၀) ၀န်းကျင်လောက်ရှိတဲ့ တပ်ရင်း တစ်ခုချထားပါတယ်။
ဖြေ - ကျောက်နီမော်မှာ အောက်တိုဘာလစဖြစ်ခဲ့တဲ့ ကိစ္စပြီးတဲ့ ရက်ပိုင်းအတွင်းမှာပဲ စစ်သား (၂၀၀) ၀န်းကျင်လောက်ရှိတဲ့ တပ်ရင်း တစ်ခုချထားပါတယ်။
မေး - ဘယ် တပ်ရင်းလဲခင်ဗျ။
ဖြေ - ခ.မ.က-၃၄၆ တပ်ရင်းပါ။
ဖြေ - ခ.မ.က-၃၄၆ တပ်ရင်းပါ။
မေး - ဒါဆို အခုလောလောဆယ်မှာ အေးအေးချမ်းချမ်းရှိနေတယ်ပေါ။
ဖြေ - ဒါပေမယ့် အခုက အမျိုးမျိုးဖြစ်နေကြတယ်။ အခုပဲ ရခိုင်တွေ ၀င်လာတော့မယ်။ ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတော့ ကျွန်တော်တို့တွေလည်း စိတ်အေးချမ်းသာစွာ မနေရဘူး။ ကျီးလန့်စာစားဖြစ်နေရတယ်။ ညဘက်ဆိုလည်း ကိုယ့်အစီအစဉ်နဲ့ကိုယ် ကင်းစောင့်နေကြရတယ်။ ပြီးတော့ဗျာ ဖုန်းတွေလည်းလာတယ်။ ရမ်းဗြဲတို့၊ ကျောက်ချောင်းတို့ကနေ။
မေး - ဘာဖုန်းတွေလာတာလဲ။ ရမ်းဗြဲတို့ ကျောက်ချောင်းတို့ဆိုတာ ကျောက်နီမော်နဲ့ ဘယ်လောက်ဝေးလဲ။
ဖြေ - ရမ်းဗြဲက ကျောက်နီမော်နဲ့ မိုင်(၂၀)လောက်ဝေးတယ်၊ ကျောက်ချောင်းက ကျောက်နီမော်ကနေ (၁၅)မိုင်လောက်ဝေးတယ်။ အဲဒီကနေ ရခိုင်တွေက ဖုန်းတွေဆက်တယ်။ အခုပဲ ကျောက်နီမော်ကို ရခိုင်တွေ ၀င်လာတော့မယ်ဆိုတဲ့ သတိပေးတာလိုလို၊ ကျောက်နီမော်က အခုထိ ဘာမှမဖြစ်ဘူးလားဆိုတဲ့ ခြိမ်းခြောက်တာမျိုးလိုတွေ ဖုန်းဆက်ကြတယ်။ ကျွန်တော်တို့မှာ စားဝတ်နေရေးအတွက် ပူပင်သောက ရောက်ရပါတယ်။

မေး - စားဝတ်နေရေးအတွက် ဘယ်လိုပူပင် သောကရောက်နေရတာပါလဲ။
ဖြေ - ဟုတ်တယ်။ ကျွန်တော်တို့တွေမှာ စားစရာရိက္ခာ မရှိကြတော့ဘူး။ ပြီးတော့ အခုဆို ကုန်သွယ်ရေး လုံးဝမရှိတော့ဘူး။ ကျွန်တော်တို့ မွတ်စလင်မ်တွေကို ရခိုင်ဗုဒ္ဓဘာသာဆိုင်တွေက လုံးဝမရောင်းတော့ဘူး။
ဖြေ - ဟုတ်တယ်။ ကျွန်တော်တို့တွေမှာ စားစရာရိက္ခာ မရှိကြတော့ဘူး။ ပြီးတော့ အခုဆို ကုန်သွယ်ရေး လုံးဝမရှိတော့ဘူး။ ကျွန်တော်တို့ မွတ်စလင်မ်တွေကို ရခိုင်ဗုဒ္ဓဘာသာဆိုင်တွေက လုံးဝမရောင်းတော့ဘူး။
မေး - အဲဒါဘာဖြစ်လို့လဲ။ ကျောက်နီမော်က ဟိုးအရင်ကတည်းက ရခိုင်ဗုဒ္ဓဘာသာဝင်နဲ့ ကမန်မွတ်စလင်မ်တွေ ခင်မင်ရင်းနှီးခဲ့ကြတယ်ဆို။
ဖြေ - ဟုတ်ပါတယ်။ ဟိုးအရင်ကတည်းက ချစ်ချစ်ခင်ခင် နေခဲ့ကြတာပါ။ ဒါပေမယ့် အခု ဘယ်လိုဖြစ်လာလဲဆိုတော့ တချို့ရခိုင်တွေက ရောင်းပေးချင်ကြတယ်။ ဒါပေမယ့် အခု ကျောက်နီမော်မှာ ဗျာလ လို့ခေါ်တဲ့ ရခိုင် မျိုးချစ်အဖွဲ့ဆိုတာက ရခိုင်ဗုဒ္ဓဘာသာ ဆိုင်တွေကို လိုက်ပြီးပြောတယ်။ မွတ်စလင်မ်တွေကို လုံးဝမရောင်းဖို့၊ ရောင်းရင် အဲဒီ ရခိုင်ဆိုင်တွေ၊ အိမ်တွေကိုပါ မီးရှို့မယ်ပြောတယ်။ ဒါကြောင့် သူတို့တွေကလည်း မရောင်းတော့ဘူး။ ကုန်သွယ်ရေးလမ်းကိုလည်း ပိတ်ဆို့ထားကြတယ်။

မေး - ဟုတ်ကဲ့၊ ကျောက်နီမော်ကို ကုန်သွယ်ရေးက ဟိုးအရင်က ဘယ်လို ကုန်သွယ်ကြသလဲ။
ဖြေ - အရင်ကတော့ ပြည်ကနေ တောင်ကုတ်ကို ဖြတ်ပြီးမှ ကျောက်နီမော်ကိုလာတယ်။ ပြည်ကနေ တောင်ကုတ်ကို ကားနဲ့ရောက်တယ်။ တောင်ကုတ်ကနေ ကျောက်နီမော်ကို မော်တော်နဲ့တဆင့် ပြန်လာတာ။ အခုတော့ အဲဒီမော်တော်လမ်းကိုလည်း ပိတ်ထားကြတယ်။

မေး - အဲဒီမှာ စစ်တပ်ရှိနေတယ်ဆိုတော့ စစ်တပ်ကရော အဲဒါတွေကို ဘာမှ မလုပ်ပေးဘူးလား။
ဖြေ - မလုပ်ပေးဘူးခင်ဗျ။ စစ်တပ်ကပြောတယ် သူတို့က ပြဿနာတွေ မဖြစ်လာအောင် ကာကွယ်ပေးဖို့ပဲ။ အခုလို စားနပ်ရိက္ခာတွေ ဖြတ်တောက်ခံ နေရတာအတွက် သူတို့ လုပ်ပေးနိုင်စွမ်းမရှိဘူးတဲ့။
ဖြေ - မလုပ်ပေးဘူးခင်ဗျ။ စစ်တပ်ကပြောတယ် သူတို့က ပြဿနာတွေ မဖြစ်လာအောင် ကာကွယ်ပေးဖို့ပဲ။ အခုလို စားနပ်ရိက္ခာတွေ ဖြတ်တောက်ခံ နေရတာအတွက် သူတို့ လုပ်ပေးနိုင်စွမ်းမရှိဘူးတဲ့။
မေး - ဒါဆို အခု စားသောက်ရေးအတွက် ဘယ်လိုလုပ်နေကြသလဲ။
ဖြေ - အခုက ကူးသန်းရောင်းဝယ်ရေးရော၊ သွားလာလို့ မရတာရောကြောင့် စီးပွားရေး ခက်လာတယ်။ ကျောက်နီမော်မှာက ရေလုပ်သားတွေ ပိုက်သမားတွေ များတယ်လေ။ သူတို့လည်း ပိုက်မချရဘူး။ ဒီတော့ အခြေခံလူတန်းစား မွတ်စလင်မ်တွေ ထမင်းငတ်ကုန်ပြီ။ ဟိုနေ့တွေကတည်းက ဆန်ပြတ်သွားလို့ ထမင်းမစားရတဲ့ သူတွေ ရှိလာတယ်။ မြို့ခံ မွတ်စလင်မ်တွေက သူတို့မှာရှိတဲ့ ဆန်တွေကိုစုပြီး ဆန်ပြုတ်ပုံစံ ပဲတွေနဲ့ ရောကြိုပြီး ကျွေးပေးကြတယ်။

မေး - ကျောက်နီမော်မှာ အခု မွတ်စလင်မ် အိမ်ခြေနဲ့လူဦးရေ ဘယ်လောက်ရှိလဲ။
ဖြေ - အိမ်ခြေက(၁၀၀၀)ကျော်၊ လူဦးရေ(၇၀၀၀)ကျော်ရှိတယ်။ အဲဒါက ကျောက်နီမော် တောင်ပိုင်း၊ မြောက်ပိုင်း၊ အလယ်ပိုင်း၊ ချမ်းမြေ့ရိပ်ငြိမ်၊ ရွာသာယာနဲ့ ကျောက်ထရံရွာအပါဝအင်ပေါ့။
ဖြေ - အိမ်ခြေက(၁၀၀၀)ကျော်၊ လူဦးရေ(၇၀၀၀)ကျော်ရှိတယ်။ အဲဒါက ကျောက်နီမော် တောင်ပိုင်း၊ မြောက်ပိုင်း၊ အလယ်ပိုင်း၊ ချမ်းမြေ့ရိပ်ငြိမ်၊ ရွာသာယာနဲ့ ကျောက်ထရံရွာအပါဝအင်ပေါ့။
မေး - ဟုတ်ကဲ့။ အခုလောလောဆယ် ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုအခြေအနေရှိလဲခင်ဗျ။
ဖြေ - ကျန်းမာရေးက တချို့က ရောဂါသည်တွေရှိတယ်ဗျ။ နေမကောင်း ဖျားနာတာလည်းဖြစ်ကြတယ်။ ကျောက်ကပ်ရောဂါ၊ နှလုံးရောဂါသည်တွေလည်း ရှိတယ်လေ။ ဆေးတွေလည်း ၀ယ်ရခက်ခဲနေတယ်။ ပြီးတော့ မွေးလူနာတွေလည်းရှိတယ်။ အရင်ကတော့ မွေးလူနာအတွက် ကျောက်ဖြူတို့ သံတွဲတို့ကို သွားကြတယ်။ အခုတော့ ကျောက်နီမော်ကနေ ဘယ်မှကို သွားလို့မရဘူးလေ။ ကျောက်နီမော် ဆေးရုံမှာက ဆရာဝန် တစ်ယောက်ပဲရှိတာ။ အဲဒီဆရာဝန်ကလည်း ဒီပြဿနာတွေရဲ့ ခေါင်းဆောင်ဖြစ်နေတယ်။ ကျွန်တော်တို့တွေ သွားလို့မရဘူး။ ဒီတော့ ရှိတဲ့ ရမ်းကုတွေနဲ့ပဲ ကုနေရတာပေါ့ဗျာ။

မေး - ဒါဆို ကျောက်နီမော်ကလူတွေက အခု ဘယ်ကိုမှ သွားလို့မရဘူးလား။
ဖြေ - ဟုတ်ကဲ့ မရဘူးခင်ဗျ။ မွတ်စလင်မ်တွေ ဘယ်ကိုမှ သွားလာလို့မရဘူး။ မနေ့ကလည်း သံတွဲကနေ စက်လှေနဲ့ ဆန်တွေဝင်လာတယ်။ ကျွန်တော်တို့အတွက် မဟုတ်ပါဘူး။ အဲဒီစက်လှေနဲ့ လိုက်မယ်ဆိုတော့ မွတ်စလင်မ်တွေကို ပေးမလိုက်ဘူး။ မလိုက်ရဘူးတဲ့။
မေး - ဘယ်သူတွေက ပေးမလိုက်တာလဲ။ ဘာကြောင့် မလိုက်ရတာလဲ မေးကြည့်လား။
ဖြေ - မေးတယ်။ လ၀က၊ စစ်တပ်၊ စရဖ၊ နစကနဲ့ ရဲက ပေးမလိုက်တာ။ သူတို့ကပြောတယ် မွတ်စလင်မ်တွေ သွားလာခွင့် မရသေးဘူး လို့ပြောတယ်။ အဲလို သွားလာခွင့် မပေးတာ မွတ်စလင်မ်တွေအတွက် တော်တော်လေး ဒုက္ခရောက်ပြီး အခက်အခဲဖြစ်နေပါတယ်။ တချို့ဆို ရန်ကုန်ပြန်ခွင့် မရလို့ အလုပ် ထွက်ရတာမျိုးတွေရှိလာတယ်။
မေး - အဲဒါက ဘယ်လိုမျိုးလဲခင်ဗျ။
ဖြေ - တချို့ကလေးတွေက ရန်ကုန်မှာ ကျောင်းတက်၊ အလုပ်လုပ်တယ်။ တချို့လည်း နိုင်ငံခြားထွက်ရတော့မှာ။ သူတို့က သူတို့ဇာတိကို ခဏပြန်လာတဲ့အချိန် ဒီမှာ အခုလိုတွေဖြစ်သွားတော့ သူတို့လည်း ရန်ကုန်ကို ပြန်သွားလို့မရတော့ဘူး။ ဒီတော့ သူတို့တွေလည်း ကျောင်းလည်း မတက်ရ၊ အလုပ်လည်းထွက်ရ၊ နိုင်ငံခြားလည်း မထွက်ရတော့ဘူးလေ။ ဒီတော့ ကျွန်တော်တို့ မွတ်စလင်မ်တွေရဲ့ ဘ၀ဟာ အစစအရာရာမှာ ဖိနှိပ်ခံနေရပြီး ဆုံးရှုံး နစ်နာမှုတွေ ရှိနေပါတယ်။ တော်တော်လေး ဒုက္ခခံစားနေရပါတယ်။ ဘယ်လိုဆက်ဖြစ်လာဦးမလဲ မသိသေးပါဘူးဗျာ။
မေး – တစ်ခြားဘာများပြောချင်သေးလဲခင် ဗျ။
ဖြေ – ဟုတ်ကဲ့။ အခု ရခိုင်မှာ လက်ရှိဖြစ်နေတာနဲ့ ပတ်သက်ပြီးတော့  မီဒီယာတွေမှာ ရေးနေ၊ ပြောနေတာတွေက တဘက်သက်ဖြစ်နေတယ်။ ရခိုင်တွေဘက်က တဘက်သက်လိုက် ပြောနေကြတယ်။တကယ် တမ်းမှာ ခံစားနေရတာက မွတ်စလင်မ်တွေပါ။ ဒီတော့ ဒီမှာ တကယ် ဖြစ်နေတာတွေကို တကယ် သိချင်တယ်ဆိုရင် အဝေးကနေ မမြင်ရဘဲ အထင်အမြင်တွေနဲ့ ပြောနေတာထက် ရခိုင်ကို လာပြီး လက်တွေ့ လေ့လာလှည့်ပါလို့ ပြောချင်ပါတယ်။
ဖြေ – ဟုတ်ကဲ့။ အခု ရခိုင်မှာ လက်ရှိဖြစ်နေတာနဲ့ ပတ်သက်ပြီးတော
မေး - ဟုတ်ကဲ့။ အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။
ဖြေ - ဟုတ်ကဲ့ပါ။ ကျွန်တော်တို့ ခံစားနေရတာတွေကို ပြောခွင့်ရလို့ ကျွန်တော်တို့ကလည်း ကျေးဇူးတင်ပါတယ်ခင်ဗျာ။
အဲဒါကတော့ ကျောက်နီမော် ရွာသားတစ်ဦးနဲ့ M-Media မှ ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။
No comments: