ads

Slider[Style1]

Style2

Style3[OneLeft]

Style3[OneRight]

Style4

Style5


နိုဝင်ဘာ ၂၄၊ ၂၀၁၂
M-Media
ရဲရင့်သစ္စာ
၂၀.၁၁.၂၀၁၂ issue News Watch(စောင့်ကြည့်သတင်းဂျာနယ်) မှာ ဆောင်းပါးရှင် သရဝဏ် (ပြည်) – အမည်ရင်း ဦးညီညီ  ဆို တဲ့ ပုဂ္ဂိုလ် က “အာဖဂန်နစ္စတန်တွင် ဗုဒ္ဓဘာသာပျောက်ကွယ်သွားခြင်းအကြောင်း” https://www.facebook.com/NewsWatchJournal/posts/448696681834805 ခေါင်းစဉ် နဲ့ဆောင်းပါး တစ်ပုဒ်ရေးသားခဲ့ပါတယ်။ အဲဒီ ဆောင်းပါးမှာ သမိုင်းဆိုင်ရာ အချက်အလက် အတော်များများ လွဲမှားနေရုံမက၊ ကမ္ဘာ့ဘာသာကြီး တစ်ရပ်လည်းဖြစ် ၊ မြန်မာနိုင်ငံ မှာ ရှိနေတဲ့ ဘာသာကြီးတွေထဲ တစ်ရပ်လည်းဖြစ်တဲ့ “အစ္စလာမ်” ဘာသာ[ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) အခန်း (၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ။ စာမျက်နှာ ၁၅၁] နဲ့ ပတ်သက်ပြီး စာဖတ်သူများ အထင်အမြင်လွဲမှားစေဖို့ တမင်တကာ ရည်ရွယ်ချက် ရှိရှိ ထိပါး ရေးသားခဲ့တာဖြစ်ကြောင်းလေ့လာတွေ့ရှိခဲ့ရပါတယ်။ ဆောင်းပါးရှင် သရဝဏ် (ပြည်) ဟာ သူ့ရဲ့ ဆောင်းပါးရေးသားရာမှာ အဓိက ကိုးကားခဲ့တဲ့ အရင်းအမြစ် ဟာ Dr. Sripali Vaiamon ဆိုသူရေးသားတဲ့ ဆောင်းပါး “Buddhist History of Afghanistan and South India” ဖြစ်ပါတယ်။ သရဝဏ် (ပြည်) ဟာ အဲဒီဆောင်းပါးကို ကိုးကားရုံတင်မကပါ။ အချို့စာပိုဒ်တွေ ကို အပိုဒ်လိုက် ဘာသာပြန်ပြီး သူ့ရဲ့ ဆောင်းပါးမှာ ထည့်ရေးထားတာဖြစ်ပါတယ်။

သမိုင်းအပေါ်မှာ သစ္စာ တည်ချင် တဲ့ ကျွန်တော် ရဲရင့်သစ္စာ က သရဝဏ် (ပြည်) ဆိုသူရဲ့ အထက်ဖော်ပြပါ ဆောင်းပါးပါအလွဲအမှားတွေ ၊ ထိပါးမှုတွေ ကို ထောက်ပြ ပေးသွားပါ့မယ်။ ကျွန်တော် ထောက်ပြတဲ့ အချက်တွေကို သရဝဏ် (ပြည်) နဲ့ တကွ News Watch(စောင့်ကြည့်သတင်းဂျာနယ်) က ဘယ်ပညာရှင်မဆို ပြန်လည် ဆွေးနွေးနိုင်ကြောင်း နဲ့ အကယ်၍များကျွန်တော့်ထောက်ပြချက်တွေ ကို ရက်ပေါင်း (၃၀) အတွင်း ပြန်လည် ကန့်ကွက် မဆွေးနွေးနိုင်ရင် သရဝဏ် (ပြည်) အနေနဲ့ရော၊ News Watch (စောင့်ကြည့်သတင်းဂျာနယ်) အနေနဲ့ရော လွဲမှားတဲ့ အချက်တွေ အတွက် ဂျာနယ် က တစ်ဆင့် တရားဝင် တောင်းပန်စေလိုပါတယ်။ အဲဒီလို မှ မပြုမူ ဆိုရင်တော့ တရားဥပဒေ အရ တရားစွဲဆို သွားမှာဖြစ်ကြောင်း လေးစား စွာ ကတိပေး ပြောကြားလိုပါတယ်။ အလွဲအမှားတွေကို ထောက်ပြခြင်းအမှု စတင်ပါပြီ။
၁။ သရဝဏ် (ပြည်) – အစ္စလာမ်ဝါဒ မထွန်းကားမီ အာဖဂန်နစ္စတန်တွင် အဓိကကိုးကွယ်သော ဘာသာမှာ ဗုဒ္ဓဘာသာဖြစ်ပါသည်။

ရဲရင့်သစ္စာ- အစ္စလာမ်ဝါဒ မထွန်းကားမီ အာဖဂန်နစ္စတန်တွင် အဓိက ကိုးကွယ်တဲ့ ဘာသာ က ဗုဒ္ဓဘာသာ တစ်ခုတည်းမဟုတ်ပါ။ ဗုဒ္ဓဘာသာ ဟာ အစ္စလာမ်ဘာသာ မထွန်းကားမီ အာဖဂန်နစ္စတန်မှာ ရှိတဲ့ ဘာသာကြီးတွေထဲက တစ်ခုဖြစ်ကြောင်း သရဝဏ် (ပြည်) အကိုးအကားပြုထားတဲ့ Wikipedia မှာ ဖော်ပြထားပါတယ်။http://en.wikipedia.org/wiki/Buddhism_in_Afghanistan မှာသွားရောက်လေ့လာနိုင်ပါတယ်။ အစ္စလာမ်ဝါဒ မထွန်းကားမီ အာဖဂန်နစ္စတန်တွင် အဓိက ကိုးကွယ်တဲ့ ဘာသာ က ဗုဒ္ဓဘာသာ တစ်ခုတည်းဖြစ်ပါတယ် လို့ သရဝဏ် (ပြည်) က တိုက်ရိုက်ရေးမထားပါဘူး။ သို့တစေလည်း စာဖတ်သူ တွေအနေနဲ့ ထင်ယောင်ထင်မှားဖြစ်သွားအောင်ရေးထားခြင်း ဖြစ်ပါတယ်။ အများကို ဗဟုသုတ ရစေလိုတဲ့ ရည်ရွယ်ချက်နဲ့ public media တစ်ခုမှာ သမိုင်းဆောင်းပါး ရေးသူ ဟာ အဲဒီလို ထင်ယောင် ထင်မှားဖြစ်စေမည့် အရေးအသားမျိုးကို မရေးသင့်ပါဘူး။ တကယ်လို့ သရဝဏ် (ပြည်) ဟာ စာရေး သီကုံးရာမှာ အတွေ့အကြုံနည်းပါးလို့ မှားတာဆိုရင် ပြန်လည်တောင်းပန်ခြင်း အမှုကို ပြုသင့်ပါတယ်။ ပြန်လည်တောင်းပန်ခြင်း အမှုမပြုရင်တော့ unethical writing “ကျင့်ဝတ်နှင့်မညီသော ရေးသားမှု”လို့ ကျွန်တော် အမည်တပ်ရပါလိမ့်မယ်။
၂။ သရဝဏ် (ပြည်) – ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို အာဖဂန်နစ္စတန်နိုင်ငံ ကဘူးခရိုင် ဂန်ဒါရာတွင် ထည်ထားခဲ့ကြသည်။ ယခုအခါ ထိုဒေသကို ကန်ဒါဟာ ခေါ်ကြသည်။
ရဲရင့်သစ္စာ- ရှေးခေတ် အာဖဂန်နစ္စတန် ကဘူးခရိုင် က ဂန်ဒါရာ (Gandhara) သည် ယနေ့ခေတ် ကန်ဒါဟာလို့ခေါ်တဲ့ ဒေသ ဖြစ်ကြောင်းရေးထားခြင်း ဟာ အလွဲကြီးလွဲမှားနေပြန်ပါတယ်။ Gandhara ဟာ အာဖဂန်နစ္စတန် အရှေ့ဖက် မှာ တည်ရှိခဲ့ကြောင်း http://en.wikipedia.org/wiki/Gandhara မှာ လေ့လာကြည့်နိုင်ပါတယ်။ ယနေ့ခေတ် ကန်ဒါဟာ (Kandahar) ဟာ အာဖဂန်နစ္စတန် တောင်ပိုင်းမှာ ရှိကြောင်း http://en.wikipedia.org/wiki/Kandahar မှာလေ့လာကြည့်ပါ။ ကဘူး (Kabul) ဟာ အာဖဂန်နစ္စတန် အရှေ့ပိုင်းမှာရှိကြောင်းကိုလည်း http://en.wikipedia.org/wiki/Kabul မှာ လေ့လာ ကြည့်ပါ။ သရဝဏ် (ပြည်) အနေနဲ့ ဖြစ်နိုင်ရင် ကမ္ဘာ့မြေပုံ တစ်ခုကိုဆောင်ထားပြီး၊ စာရေးသားခြင်းမပြုမီ အရင်လေ့လာသင့်တယ်လို့ အကြံပေးလိုပါတယ်။ နိုင်ငံတကာဆက်ဆံရေးပညာ ဝိဇ္ဇာ ဘွဲ့ရ တစ်ယောက်ဖြစ်တဲ့ သရဝဏ် (ပြည်) က ကမ္ဘာ့ မြို့တွေအကြောင်း အလွဲတွေရေးနေရင် နိုင်ငံ့ဂုဏ်ဆောင် သမိုင်းဝင် ရန်ကုန်တက္ကသိုလ်ကြီး အပါအဝင် တက္ကသိုလ်ကြီးတွေ က နိုင်ငံတကာဆက်ဆံရေး ပညာရှင်တွေ ပါ ထိခိုက်နိုင်ရုံ မက နိုင်ငံတော်ကြီး တစ်ခုလုံးရဲ့ ဂုဏ်သိက္ခာပါ ထိခိုက်ဖွယ်ရာရှိလာနိုင်လို့ဒီလို အကြံပေးရခြင်းဖြစ်ပါတယ်။
၃။ သရဝဏ် (ပြည်) -မကြာသေးမီ အချိန်ပိုင်းက ရှာဖွေတွေ့ရှိချက်များအရ အာဖဂန်နစ္စတန်နိုင်ငံ လော်ဂျာပြည်နယ်(ကဘူးမြို့တောင်ဘက်)တွင် ဗုဒ္ဓ၏ ဓါတ်တော်မွေတော် ၄၂ ဆူကို တူးဖော်တွေ့ရှိခဲ့ပါသည်။
ရဲရင့်သစ္စာ- အာဖနစ္စတန် မှာ လော်ဂျာ ဆိုတဲ့ပြည်နယ် မရှိပါဘူး။ လိုဂရ် ပြည်နယ် (Logar Province) ဘဲရှိပါတယ်။ ဗုဒ္ဓ ၏ ဓါတ်တော်မွေတော် ၄၂ ဆူကိုတူးဖော် တွေ့ရှိခဲ့တဲ့ နေရာ ဟာ လိုဂရ် ပြည်နယ်ဖြစ်ပါတယ်။အဲဒီ လိုဂရ် အသံထွက်ကို သရဝဏ် (ပြည်) က ကျကျနန မလေ့လာဘဲ ရေးသားမိတဲ့ အတွက် ဒီလိုလွဲမှားရခြင်းဖြစ်မှာပါ။ ဂျာနယ် တစ်ခုရဲ့ ဆောင်းပါးရှင် တစ်ဦး အနေနဲ့ နိုင်ငံခြားဘာသာ စကားဝေါဟာရတွေကို ခေါ်ဝေါ်ရေးသားရာမှာ အသံထွက် မှန် ဖို့အလွန် အရေးကြီးပါတယ်။ ထင်ရာမြင်ရာ အသံထွက်တွေ လျှောက်ရေးရင် စာဖတ်သူတွေ ကို အသိအမှား ပေးနေသလိုဖြစ်ပါတယ်။ အဲဒါကြောင့်လေ့လာပါ သရဝဏ် (ပြည်)။
၎။ သရဝဏ် (ပြည်) – မြတ်ဗုဒ္ဓ၏ ပထမဆုံး ဥပသကာနှစ်ပါးဖြစ်သော တဖုဿနှင့် ဘလိက ကုန်သည် ညီနောင်နှစ်ပါးသည် သူတို့၏ ဇာတိမြို့ဖြစ်သော ဘာသ်မြို့တွင် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းကိုဆောက်လုပ်လှူဒါန်းခဲ့ရာ——-
ရဲရင့်သစ္စာ- Tapassu နဲ့ Bhallika တဖုဿနှင့် ဘလိက တို့ရဲ့ ဇာတိမြို့ ဟာ Balkh ဖြစ်ပါတယ်။ “ဗလ်ခ်” လို့အသံထွက်ရပါတယ်။ ဘာသ် မဟုတ်ပါဘူး။
၅။ သရဝဏ် (ပြည်) – ထိုကိစ္စနှင့် ပတ်သက်၍ ပါကစ္စတန်၊ သီရိလင်္ကာ၊ ဂျပန်တို့မှ ကိုယ်စားလှယ် အဖွဲ့များလွှတ်ကာ ထိုသို့မလုပ်ဖို့ စေ့စပ်ဆွေးနွေးခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
ရဲရင့်သစ္စာ- တာလီဘန် တွေ ဗာမီယန် ရုပ်ပွါးတော်ကြီး နှစ်ဆူ ကို ဒိုင်းနမိုက် နဲ့ ဖြိုခွဲမယ် လုပ်တုန်းက အစ္စလာမ် နိုင်ငံတွေ ဖြစ်ကြတဲ့ ဆော်ဒီအာရေးဗျ ၊ ပါကစ္စတန် နဲ့ UAE နိုင်ငံ တို့ ဟာ အစ္စလာမ် နိုင်ငံ ၅၇ နိုင်ငံစုပေါင်းဖွဲ့စည်းထားတဲ့ OIC (ယခင် Organization of Islamic Conference၊ ယခု Organization of Islamic Cooperation) နဲ့အတူ တရားဝင် ကမ္ဘာသိ ကန့်ကွက်ခဲ့ကြပြီး၊ ရုပ်ပွါးတော်ကြီးတွေ ကို ဒိုင်းနမိုက်နဲ့ ဖြိုခွဲအပြီးမှာတော့ ဆော်ဒီအာရေဗျ နဲ့ UAE နိုင်ငံ တို့ က တာလီဘန်တွေရဲ့ လုပ်ရပ်ဟာ ရက်စက်ကြမ်းကြုတ် တဲ့ လုပ်ရပ်ဖြစ်ကြောင်း တရားဝင် ကမ္ဘာသိ ဆိုခဲ့ကြပါတယ်။ အဲဒီ အကြောင်းတွေ ကိုသရဝဏ် (ပြည်) က ဆောင်းပါးမှာ ထည့်မရေးတဲ့ အတွက် မရိုးသားရာရောက်နေကြောင်း (သို့) သမိုင်းဆောင်းပါးတစ်စောင်ရေးနိုင်ရန် အရည်အချင်းမှီသူမဟုတ်ကြောင်း။
၆။ သရဝဏ် (ပြည်) – ထိုဒေသတွင်တော့ အုပ်ချုပ်သူ ပြည်နယ်ဘုရင်ခံများသည် ဂျာလာလာဘတ် အနီးရွာများတွင်ဟိန္ဒူ၊ မူဆလင်၊ အာဖဂန် မိန်းမများစွာကိုယူကာ အစ္စလာမ်ဘာသာ တိုးတက်အောင် လုပ်ခဲ့ကြသည်ဟု အေဒီ ၉၈၂ ရေးသားသော ဟူဒတ်အယ်အလမ် (Hudud-al-Alam)ဆိုသော စာအုပ်တွင် ဖော်ပြခဲ့သည်။
ရဲရင့်သစ္စာ- အထက်ပါ စာပိုဒ် ကို သရဝဏ် (ပြည်) က ဘယ်ကျမ်း စာအုပ်ထဲ က ကူးရေးထားလဲ မသိပါ။ သရဝဏ် (ပြည်) အနေနဲ့ “ဟုဒူဒုလ်အာလမ်” စာအုပ်ကိုမြင်ဖူးခဲ့ခြင်း ရှိမှာတောင်မဟုတ်ကြောင်းကျွန်တော်အသေအချာဆိုဝံ့ပါတယ်။သရဝဏ် (ပြည်) က ကျမ်းကိုး အဖြစ် ဖော်ပြထား တဲ့ Wikipedia : Islamic conquest of Afghanistanhttp://en.wikipedia.org/wiki/Islamic_conquest_of_Afghanistan ကို လေ့လာကြည့်လိုက်တော့ Willem Vogelsang ရဲ့ “The Afghans” စာအုပ် ကို ကိုးကားပြီးဒီလိုရေးထား တာ တွေ့ရပါတယ်။
” In a book called Hudud-al-Alam, written in 982, it mentions a village near Jalalabad, Afghanistan, where the local king used to have many Hindu, Muslim and Afghan wives” ဘာသာပြန်ပြရရင်-
[ ၁၉၈၂ နှစ် မှာ ရေးသားခဲ့တဲ့ "ဟုဒူဒုလ်အာလမ်" (ကမ္ဘာ့နယ်စည်းများ) စာအုပ်မှာ ဖော်ပြထားတာ က အာဖဂန်နစ္စတန်ဂျလာလ်အာဘားဒ် အနီး ရွာတစ်ရွာမှာ ဒေသခံဘုရင်ဟာ ဟိန္ဒူ ၊ မွတ်စ်လင်မ် နဲ့အာဖဂန် မိန်းမ အမြောက်အများ ယူကြောင်း] ဒေသခံဘုရင်လို့ ဆိုထားတော့ အဲဒီဘုရင်တွေ ဟာ ဟိန္ဒူ (သို့) ဗုဒ္ဓဘာသာဝင် တွေ ဖြစ်နိုင်တာ ရာနှုန်း အတော်များနေပါတယ်။ မိန်းမတွေ အများကြီး ယူပြီး အစ္စလာမ်ဘာသာ ကိုတိုးတက်အောင် လုပ်ခဲ့တယ်ဆိုတာလဲ မပါပါဘူး။ မူရင်း အကိုးအကားမှာမပါပဲ၊ သရဝဏ် (ပြည်) ဟာ မိမိစိတ်တွေးထင်ရာ ကို ထည့်ရေးပြီး အစ္စလာမ်ဘာသာကို တိုက်ခိုက် ထားတဲ့ အတွက် သရဝဏ် (ပြည်) ကို “လူလိမ်” လို့ ကျွန်တော် သမုတ် လိုက်တဲ့အပြင် သရဝဏ် (ပြည်) နဲ့ တကွ News Watch(စောင့်ကြည့်သတင်းဂျာနယ်) တာဝန်ရှိသူတွေ မိမိ အမှားကို တရားဝင်ဝန်ခံတောင်းပန်ခြင်း မပြုရင် ကျွန်တော် ကိုယ်တိုင် တရားလိုပြုပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တည်ဆဲ ဥပဒေ အရ တရားစွဲဆို ပါ့မယ်။ လေ့လာထားစေချင်တာ က ပြစ်မှုဆိုင် ရာ ဥပဒေ ပုဒ်မ ၂၉၅-က။
ဆက်ရန်-သရဝဏ် (ပြည်) ၊ စောင့်ကြည့်ဂျာနယ် နှင့် ရဲရင့်သစ္စာ ၏ သစ္စာ (၂)


News Watch(စောင့်ကြည့်သတင်းဂျာနယ်) မှာဖော်ပြခဲ့တဲ့ ဆောင်းပါးရှင် သရဝဏ် (ပြည်) – အမည်ရင်း ဦးညီညီ ဆို တဲ့ ပုဂ္ဂိုလ် က “အာဖဂန်နစ္စတန်တွင် ဗုဒ္ဓဘာသာ ပျောက်ကွယ်သွားခြင်း အကြောင်း မူရင်းဆောင်းပါး

News Watch(စောင့်ကြည့်သတင်းဂျာနယ်) မှာဖော်ပြခဲ့တဲ့ ဆောင်းပါးရှင် သရဝဏ် (ပြည်) – အမည်ရင်း ဦးညီညီ ဆို တဲ့ ပုဂ္ဂိုလ် က “အာဖဂန်နစ္စတန်တွင် ဗုဒ္ဓဘာသာ ပျောက်ကွယ် သွားခြင်းအကြောင်း မူရင်းဆောင်းပါး

About MPN

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
«
Next
Newer Post
»
Previous
Older Post

No comments:

Post a Comment


Top