ads

Slider[Style1]

Style2

Style3[OneLeft]

Style3[OneRight]

Style4

Style5


တမန်တော်မြတ် ဘ၀ဖြစ်စဉ်တော် ဇာတ်ကားသစ် ဒေါ်လာသန်းတစ်ထောင်သုံးကာ ရိုက်ကူးရန်စီစဉ်

MMM
သတင်း – စန္ဒမောင်

တမန်တော်မြတ် (ဆွ) အပေါ် အနောက်တိုင်းမီဒီယာတွေရဲ့ ရိုင်းပျစော်ကားချက်တွေ ဆက်တိုက်ဖြစ်ပေါ်လာနေတဲ့ အတွက် ကာတာအခြေစိုက် ကုမ္ပ္ပဏီတစ်ခုက မွတ်စလင်မ်တို့ရဲ့နမ်ပိုင်းဆိုင်ရာ ခေါင်းဆောင်တမန်တော်မြတ် ရဲ့ဘ၀ဖြစ်စဉ်တော် ကို ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးတင်ဆက်ဖို့ စီစဉ်နေပြီး ရိုက်ကူးမှုအတွက် ဒေါ်လာသန်းတစ်ထောင် သုံးစွဲဖို့လျာထားတယ်လို့ အေအက်ဖ်ပီ သတင်းတစ်ရပ်မှာဖေါ်ပြပါတယ်။
အစ္စလာမ်အပါ် အမြင်မှားနေတဲ့ အနောက်တိုင်းလူ့ အဖွဲ့ အစည်းကိုအမှန်ပြပေးနိင်ဖို့အတွက် အပိုင်း ၇ ပိုင်းပါဝင်မယ့် ဒီရိုက်ကူးတင်ဆက်မှုကို  အင်္ဂလိပ်စကားပြောနဲ့ ပဲရိုက်ကူးမှာဖြစ်ပြီး တခြားဘာသာစကားတွေအတွက်လည်းဘာသာပြန်ထုတ်ဝေပေးမယ်လို့ Alnoor ကုမ္ပဏီဥက္ကဌ အပာမဒ် အယ်လ် ပာာရှေမီ ကပြောပါတယ်။


အနုပညာဖန်တီးမှုပိုင်းနှင့် ဇာတ်ညွန်းပိုင်းဆိုင်ရာအခက်အခဲများစွာကို ကျွမ်းကျင်ပညာရှင်များဖြင့် ကျော်လွားနိင်ခဲ့ပြီး ဇာတ်ညွန်းအပြီးသတ်ရေးပြီးဖြစ်ကြောင်း အထက်ပါ ကုမ္ပဏီက စက်တင်ဘာလကတည်းက ကြေညာခဲ့တာဖြစ်ပါတယ်။
ဇာတ်လမ်းရိုက်ကူုးရာတွင် အစ္စလာမ့် ထုံးတမ်းစဉ်လာအတိုင်း တမန်တော်မြတ်၏ ရုပ်သွင်တော်ကိုမူ ထည့်သွင်းရိုက်ကူးမှာမပာုတ်ဘူးလို့လဲ သိရပါတယ်။
ကမ္ဘာမွတ်စလင်မ် ပညာရှင်များ အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ကာတာအခြေစိုက် နာမည်ကျော် ပညာရှင်ကြီးဒေါက်တာ ယူစွဖ် အယ်ကရဒွါဝီ က ဇာတ်ကားရဲ့ သုတေသနနဲ့ နည်းပညာပိုင်းဆိုင်ရာ အကြံပေးအဖြစ် ပါဝင်ဆောင်ရွက်မှာဖြစ်တယ်လို့လဲ သိရပါတယ်။
စက်တင်ဘာလမှာ “Innocence of Muslims” အမည်နဲ့ တမန်တော်မြတ်ကို မပာုတ်မမှန် ရိုက်ကူးတင်ပြခဲ့တဲ့ ဖြစ်ရပ်ပေါ်ပေါက်ခဲ့ပြီး များမကြာမှီမှာ ပြင်သစ်သတင်းစာတစ်စောင်ကလည်း လွပ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့် လို့အကြောင်းပြပြီး တမန်တော်မြတ် ကိုကာတွန်းတစ်ကွက်မှာ ၀တ်လစ်စလစ်နဲ့ ပုံဖေါ်ခဲ့ပါတယ်။
၂၀၀၅ စက်တင်ဘာမှာ ဒိန်းမတ်သတင်းစာ တစ်စောင်က တမန်တော်မြတ်ကို ဆန့်ကျင်ပြောင်လှောင်တဲ့ ကာတွန်း ၁၂ ကွက်ကိုပုံနိုပ်ထုတ်ဝေခဲ့တဲ့ ဖြစ်ရပ်နောက်ပိုင်း မီဒီယာကနေ တမန်တော်မြတ်ကို စော်ကားမှုတွေ အနောက်တိုင်းမှာမြင့်တက်ခဲ့ပါတယ်။
တမန်တော် အကြောင်းရိုက်ကူးတဲ့ The Message အမည်နဲ့ ရုပ်ရှင်တစ်ကားထွက်ပေါ်ခဲ့ဖူးပြီး အဆိုပါ ဇာတ်ကားကို မုဖ်သီဦးမြင့်သိန်း (ယခု ဒေါက်တာမြင့်သိန်း- မြန်မာမွတ်စလင်မ်ကွန်ရက်) ကနောက်ခံမြန်မာစကားပြောနဲ့ လွန်ခဲ့သော ၁၈ နှစ် ကျော်မှ စပြီး  ဘာသာပြန်ဆိုဖြန့်ချိဖူးပြီး ၊လွန်ခဲ့   တဲ့နှစ်မှာ ကိုအောင်သန်း(မန္တလေး)က မြန်မာစာတမ်းထိုးအနေနဲ့ ဖြန့်ချိပေးခဲ့ပါတယ်။
myanmarmuslim ၊ onislam & kuna

About MPN

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
«
Next
Newer Post
»
Previous
Older Post

No comments:

Post a Comment


Top