
အီရန် ပါလီမန်အမတ်များ ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့
မြန်မာပြည်လာမည်
 တီဟီရန်အနေဖြင့်
ပါလီမန်အမတ်များကိုယ်တိုင်ပါဝင်မည့် ကိုယ်စားလှယ်အဖွဲ့ကို လာမည့် လ (ဇန်န၀ါရီ) ထဲ
တွင် စေလွှတ်ကာ မြန်မာပြည် တွင်း ဖိနှိပ်ခံနေရသည့် လူနည်းစု မွတ်စလင်မ်များ အရေးကို
လေ့လာသုံး သပ်မည်ဖြစ်ကြောင်း၊ အီရန်အစိုးရအဖွဲ့မှ စီနီယာ ပါလီမန် အမတ်တစ်ဦးက FNA သို့
ပြောကြားခဲ့သည်။အီရန်ပါလီမန်အမတ်များပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့ မြန်မာပြည်သို့ လာရောက်မည့်အကြောင်းကို အီရန်ပါလီမန်၏ အမျိုးသား လုံခြုံရေးနှင့် နိုင် ငံခြားရေး မူဝါဒကော်မရှင်၏ ဒုတိယဥက္ကဌဖြစ်သူ မန်ဆူးရ်ဟကီကပူးရ်က စနေနေ့တွင် ပြောကြားလိုက်သည်။
မြန်မာပြည်သို့ လာရောက်မည့်ခရီးစဉ်တွင် အီရန်လခြမ်းနီအဖွဲ့၊ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနအဖွဲ့နှင့် အစ္စလာမ်မစ် ရီပတ်ဘလစ် အီရန်နိုင်ငံ ရုပ်မြင်သံ ကြား ထုတ်လွှင့်ရေးအဖွဲ့တို့ပါ အတူတကွ လိုက်ပါလာကြမည်ဟုလည်း သိရသည်။ အီရန် သံတမန်အဖွဲ့ လာရောက်မည့်အကြောင်း ရင်းမှာ မြန်မာနိုင်ငံ အတွင်းရှိ မွတ်စလင်မ်များ၏ အခြေအနေကို လေ့လာရန်ဖြစ်သည်။
မြန်မာနိုင်ငံ အနောက်ပိုင်းတွင် ဖြစ်ပျက်ခဲ့သည့် ပဋိပက္ခများကြောင့် လူပေါင်း ၂၂၀၀၀ ပမာဏရှိသည့် မွတ်စလင်မ်များမှာ မိမိတို့နေ အိမ်များ၊ ပျောက် ဆုံး ခဲ့ ရကြောင်း ကုလမှ အောက်တိုဘာ ၂၉ တွင်ပြောကြားခဲ့သလို ကုလ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် အာရှော့ခ်နီဂမ်ကလည်း ပဋိပက္ခ တွင် အတိဒုက္ခ ပို၍ခံစားခဲ့ရသည်မှာ မွတ်စလင်မ်များဖြစ်ကြောင်း၊ မွတ်စလင်မ်မိသားစုပေါင်း ၂၁၇၀၀ မှာ အိုးအိမ်မဲ့ခဲ့ ရကြောင်း အေအက်ဖ်ပီ သို့ ပြောကြားခဲ့သည်။
FNA

 
 Posts
Posts
 
 
 
 
No comments: