ဘူးသီးတောင်မြို့
မြင်ကွင်းတစ်နေရာ
|
မောင်တောဘူးသီးတောင်မှာစာရွက်စာတမ်းကြေးတိုးမြင့်ကောက်ခံနေ
(သတင်:MT)ရန်ကုန် ၊ ဒီဇင်ဘာ ၂၂
ဘူးသီးတောင်၊မောင်တော ဘက်မှာ စာရွက်စာတမ်းကြေးတွေကို တိုးမြင့်ကောက်ခံနေတာကြောင့် ဒေသခံတွေအခက်ခဲတွေ့ နေရပါတယ်။
ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ မကိုင်မဖြစ်ကိုင်ဆောင်ရတဲ့ ပုံစံ(၄)ကို ၁၅၀၀ ကျပ်နဲ့ သုံးရက်တကြိမ် အသစ်လဲလှယ်နေရပါတယ်။ ရခိုင်ပြည်နယ်မှာနေထိုင်တဲ့ ရိုဟင်ဂျာတွေအနေနဲ့ တနယ်နဲ့တနယ် ကူးသန်းရာမှာ ပုံစံ(၄) ကမရှိမဖြစ်လိုအပ်ပါတယ်။ ပုံစံ(၄) မကိုင်ဆောင်ထားသူကို နယ်ကျွံတွေ့  ရှိပါက ထောင်ဒဏ်သုံးနှစ်ချမှတ်တယ် လို့သိရပါတယ်။ အရင်တုန်းကတော့ ပုံစံ(၄)ကို တစ်စောင် (၁၀)ကျပ်နဲ့ ဝယ်ယူရတာဖြစ်ပါတယ်။ သက်တမ်းကတော့ (၁)လခံဖြစ်ပါတယ်။ ယခုမှာတော့တစ်စောင် (၁၅၀၀)ကျပ်နဲ့ ရောင်းချပြီး သက်တမ်းမှာလဲ သုံးရက်သာခံတယ်လို့သိရပါတယ်။
ပုံစံ(၄)ကို မောင်တောလဝကမှ ရောင်းချပေးတာဖြစ်ပါတယ်။ပုံစံ(
ပုံစံ(၄)ကိုင်ဆောင်မှုကို ၂၀၀၀ခုနှစ်ကစတင်ခဲ့တာဖြစ်ပါတယ်။
“ အခုလို စားရေးသောက်ရေးခက်ခဲဖြစ်နေချိန်
နစကမှ မိသားစုဓါတ်ပုံကူးမှုတွင်လည်း အိမ်ထောင်စုတစ်စုကို (၃၀၀၀)ကျပ်ကောက်ခံတယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ်လွှတ်တော်အဖွဲ့က တစ်အိမ်ကို ကျပ် ၅၀၀ သာကောက်ခံခိုင်းပေမယ့် နစကမှ တိုးမြင့်ကောက်ခံတာဖြစ်ပါတယ်။ အဆိုပါဓါတ်ပုံတွေကို နစက မှာသိမ်းဆည်းထားဖို့ ရိုက်ကူးတာဖြစ်တယ်လို့လဲ သိရပါတယ်။
No comments: