ads

Slider[Style1]

Style2

Style3[OneLeft]

Style3[OneRight]

Style4

Style5


ကျွန်ုပ်အမြင် အစ္စလာမ်နှင့်ဘင်္ဂါလီ (၅)

သရော်စာ — ၃၁ ဇန်န၀ါရီလ ၂၀၁၃
နဝတ ခေတ်မှစပြီး အစ္စလာမ် ဘာသာဝင်တွေ ဘင်္ဂါလီ စဖြစ်လိုက်ရတယ်ဗျ။ ကရင်ပြည်နယ် ကျိုင်းတုံမြို့နယ်နေ အစ္စလာမ် ဘာသာဝင်တွကို ကုလားမနေရ ဆိုင်းဘုတ်ကြီးနှင့် မောင်းထုတ်ခဲ့ဖူးသလို၊ နဘူးကျေးရွာက အစ္စလာမ် ဘာသာဝင်တွေကိုလဲ မောင်းထုတ်ဖူးတယ် ဒါပေမဲ့ သူတို့တွေ တော်တော်များများ အမေရိကန်နိုင်ငံသား ခံယူကုန်ပြီး၊ ကျွန်တော်မရှင်းတာက အဲဒီက အစ္စလာမ်ဘာသာဝင်တွေက  ဘင်္ဂါလီစကားလဲ မပြောဘူး  ကရင်စကားပဲပြောတယ်  ဒါလဲ ဘင်္ဂါလီ  ဘယ်လိုဖြစ်သွားဒါလဲ?  လူတဦးက  လူဝါးကောင်   (စောရိ) လဝက  ကိုမေးဖူးတယ် ဘာ့ကြောင့်  အစ္စလာမ် ဘာသာဝင်တွေ  ဘင်္ဂါလီဖြစ်ရတာလဲ။ လူဝါးကောင် (စောရိ) လဝက က လွယ်လွယ်လေး ဖြေလိုက်တယ်  သူတို့ပြောတဲ့စကား  ဘင်္ဂါလီ စကားမို့လို့တဲ့   လွယ်လိုက်တဲ့  အဖြေဗျ။ အောက်ပါ သာဓကလေးတခုနှင့်  မရှင်းတာလေးရှင်းပေးပါ လူဝါးကောင်(စောရိ)လဝက အဖွဲ့ကြီးခင်ဗျား။
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ကို အလည်ရောက်ခဲ့သော ၂၀၀၂ ခုနှစ် ကရင်နှစ်သစ်ကူး နေ့တစ်နေ့ပေါ့ အမယ်အို တစ်ယောက်ကို လာရောက် ကန်တော့ကြတဲ့  ကရင်လူငယ်တစ်ဖွဲ့နှင့် အတူတွေ့လိုက်ပါတယ်။ အမယ်အိုက ဆုမွန်ကောင်းတွေခြွေပေးနေရင်း အလ္လာဟ်ဟူ အသျှင် မြတ် ဘက်မှကောင်ချီး မင်္ဂလာအဖြာဖြာ အသင်တို့အပေါ် ကျရောက်ပါစေလို့ ဆု့တောင်းပေးနေတာလဲ ကျွှန်တော်ကြားလိုက်ပါတယ်၊ ဒါနဲ့ကျွန်တော် စစစစ ကဝါသနာအရမေးပါလေရော။
စစစစ        ။      ။ အမေကြီးမင်္ဂလာပါ၊
အမေကြီး  ။      ။ မင်္ဂလာပါသားလေး
စစစစ        ။      ။ အမေကြီး သားသိချင်တာလေးတွေမေးလို့ရမလား
အမေကြီး  ။      ။ မေးပါသား
စစစစ        ။      ။ အမေက ဘာလူမျိုးဘာ ဘာသာလဲ
အမေကြီး  ။      ။ ကရင္လူမ်ိဳး အစၥလာမ္ဘာသာတဲ့
စစစစ        ။     ။ အမေကြီးသားမရှင်းပါ ရှင်းပြပါအုန်း
အမေကြီး   ။     ။ ဒီလိုပါသားရဲ့  အမေတို့မျိုးရိုးက  အားလုံး  ကရင်လူမျိုး  ဗုဒ္ဓဘာသာတွေပါ အမေက အသက် ၂၄ နှစ်အရွယ်မှာ အစ္စလာမ်ဘာသာ ကိုလက်ခံ ယုံကြည် ခဲ့ပါတယ် အသက် ၃၀ အရွယ်မှာ  အစ္စလာမ်ဘာသာဝင်  တဦးနှင့်အိမ်ထောင် ပြုပြီး သားသမီး ၃ ယောက်ထွန်း ကားခဲ့တယ်  ယ္ခုအမေနှင့် မိသားတစ်စုလုံး  အစ္စလာမ်  ဘာသာဝင်တွေပါလို့ ဂုဏ်ယူပြီး ပြောချင်တယ်။
ဒါနှင့် စစစစ က မှတ်ပုံတင်လေး ယူကြည့်လိုက်တော့ လူမျိုး==ကရင်+ဘင်္ဂါလီ+မွန် တဲ့ အမေကြီးရဲ့ မောင်နှမတွေကျတော့ လူမျိုး—– ကရင် တမျိုးဘဲရေးထားတာတွေ့ရပါတယ်  ဝမ်းနည်းပါတယ်  အစ္စလာမ် ဘာသာလေး  လက်ခံလိုက်ရုံနှင့်  လူမျိုးပါ ဇာတ်ပျက်သွားရတယ်။ ကျွန်တော် မေးချင်တာက   ဒီအမယ်အိုလဲ  ဘင်္ဂါလီစကားပြောလို့လား။ ဒီပုံစံမျိုး  လေ့လာရင် သိန်းသန်းချီပြီးတော့တွေ့နိုင်ပါတယ် အစ္စလာမ်ဘာသာဝင် တွေရဲ့မှတ်ပုံတင်တွေမှာ ဘင်္ဂါလီ မပါ မပြီးတဲ့ သာဓက သက်သေတွေ တွေ့ရလိမ္မည်။
လေးစားစွာဖြင့်(စစစစ)

About MPN

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
«
Next
Newer Post
»
Previous
Older Post

No comments:

Post a Comment


Top