ads

Slider[Style1]

Style2

Style3[OneLeft]

Style3[OneRight]

Style4

Style5



သင်္ကန်းဝတ်တွေ ဘယ်ရောက်ကုန်ပြီလဲ| ဌေးလွင်ဦး

ကမ္ဘာမှာ မွတ်ဆလင် လူဦးရေ သန်းပေါင်း နှစ်ထောင်နီးပါးရှိတယ်၊ လူအမျိုးမျိုး စိတ်အဖုံဖုံ၊ ယဉ်ကျေးမှုအလီလီ၊ တိုင်းဒေသ အပြည်ပြည်မှာ ရှိနေကြတယ်။ ဒီလို မတူညီမှုတွေနဲ့ စုံလင်လှတဲ့ လူမျိုးကြီး တစ်ခုထဲမှာ ၀၄ % လောက်က ခံစားချက်အမျိုးမျိုးကြောင့် တော်လှန်ရေးလုပ်နေတယ်၊ စစ်တိုက်နေတယ်၊ ဆန္ဒပြနေတယ်၊ တောင်းဆိုမှုတွေနဲ့ အော်ဟစ်နေကြတယ်။-- လူဦးရေး သန်းပေါင်း နှစ်ထောင်မှာမှ ၀၄% ဆိုတော့- (တစ် ထောင် မှာ လေးယောက်နှုန်း- တစ်သောင်းမှာ လေးဆယ်၊---- တစ်သန်းမှာ လေးထောင်၊ သန်းနှစ်ထောင်မှာ) ၈ သန်းလောက်သာ ရှိပါတယ်။ ဒါဟာ အလွန်အကျွံ အများဆုံး တွက်ပြထားတာပါ။

လူဦးရေ သန်းပေါင်း ၂ ထောင်မှာ လူဦးရေး ၈ သန်းလောက်က တော်လှန်ရေးလုပ်နေတာကို- မွတ်ဆလင်တွေ ဟာ အကြမ်းဖက်တွေ၊ လူသတ်ကောင်တွေ၊ မေတ္တတရားကင်းမဲ့သူတွေ- ဆိုပြီး မြန်မာပြည်က လူသတ်ဂိုဏ်း ဘုန်းကြီး သင်္ကန်းဝတ်တွေနဲ့ သူတို့ရဲ့ နောက်လိုက်အပေါင်းပါ- မျက်ကန်းအမျိုးသားရေးဝါဒီတွေက ငွေအား လူအား အာဏာအား ရှိသမျှ အင်အားများကို သုံးပြီး မွတ်ဆလင် ဆန့်ကျင်ရေးဝါဒဖြန့်မှုတွေကို အနေမနား ကြိုး စားခဲ့ကြတယ်၊ ကြိုးစားနေကြတယ်။ သူတို့ကိုယ်သူတို့ သူတော်ကောင်းဟန်ဆောင်ပြီး- “မေတ္တထားကြပါ၊ သတ္တ၀ါတွေကို မေတ္တထားကြပါ” ဆိုပြီး အရပ်လေးမျက်နှာမှာ လော်စပီကာကြီးတွေနဲ့ အော်ဟစ်နေခဲ့တယ်။ ဓမ္မာရုံတွေဖွင့် ဗိုလ်ကျစိုးမိုးရေးတွေ လျှောက်လုပ်နေခဲ့တယ်။

မြန်မာနိုင်ငံမှာ မြန်မာဗုဒ္ဓဘာသာ အများဆုံးရှိလှ သန်း ၅၀ ပါ။ (ရခိုင်၊ မွန်၊ ရှမ်း၊ ပအို့ဝ်၊ ဗမာ အားလုံးထဲက ဗုဒ္ဓ ဘာသာလူဦးရေကို တွက်ပြတာပါ။) ဒီသန်း ၅၀ ထဲမှာ တစ်ကယ်တမ်းပဲ “မေတ္တာ” ဆိုတာကို လက်ခံထားတာ ရာနှုန်းဘယ်လောက် ရှိပါသလဲလို့ မေးခွန်း မေးစရာ ဖြစ်လာပါပြီ။ လူနည်းစု ကချင်တွေကို လေယာဉ်နဲ့ ဗုံးကျဲ၊ ရိက္ခာဖြတ်၊ ဧရာမ စစ်တပ်ကြီးနဲ့ ၀ိုင်းတိုက်- (အဲ့ဒီ စစ်တပ်ကြီးကလည်း ဗုဒ္ဓဘာသာ အယူသည်း စစ်တပ်ကြီးပါ) သတ်ချင်တိုင်း သတ်နေကြတယ်၊- ဒါဟာ ထိုဆရာတော်ဘုရားကြီးများ ဟောနေတဲ့ “မေတ္တာ တရားများ ဖြစ်ပါ သလား၊” ဒီလို အနိုင်ကျင့် လူသတ်ပွဲကြီးကို ဆန့်ကျင်ဘို့ ရဲရဲတောက်နေတဲ့ သင်္ကန်းဝတ်တွေမှာ သွေးပျက်ကုန် ပါသလား၊ မေတ္တာထားနိုင်အား မရှိတော့ပါသလား။

မြန်မာပြည်က ဆင်းရဲသူဆင်းရဲသားများ၊ ဒုက္ခသည်များကို ကူညီဘို့ ကမ်းလှမ်းလာတဲ့ OIC ကိုတော့ အကြီး အကျယ် ဆန္ဒပြခဲ့တယ်၊ ဆန့်ကျင်ခဲ့တယ်- မြန်မာနိုင်ငံသားချင်း အစ္စလာမ်သာသနာကို ယုံကြည်သူတွေ အပေါ် ခွဲခြားဆက်ဆံဘို့-၊ မလိုမုန်းထားပြုဘို့ ညီညွတ်ခဲ့တယ်၊ သတ္တိကောင်းခဲ့တယ်။ အခု ကချင်လူမျိုးစုကို မျိုးဖြုတ် နေပြီ- ဆိုတာ- ထိုသင်္ကန်းဝတ်များ ကြောင်တောင်ကန်းနေပါသလား။ သို့မဟုတ် မွတ်ဆလင်တွေ ၀င်လာရင် အသက်ပေး အသေခံမယ် ဆိုတဲ့ ရွှေသတ္တိတွေ-၊ မီးလောင်ဗုံး တစ်လုံးတည်းနဲ့ ပျက်ပျယ်သွားပါသလား။ ငြိမ်း ချမ်းရေး ဆန္ဒထုတ်ဖေါ်ပွဲတွေ ဘယ်ဆီကို ရောက်သွားပါသလဲ။

ဖိနှိပ်ခံနေရတဲ့ လူသားတွေအတွက် ဘုန်းကြီးတွေ မရှိဘူး၊ မဟာဗမာ ထေရ၀ါဒအတွက်ပဲ ဘုန်းကြီးတွေ ရှိ တယ်၊- ဆိုတာ ကမ္ဘာက သိနေပါပြီ-၊ ထိုဘုန်းကြီးများ အော်ဟစ်နေတဲ့ မေတ္တာ တရား ဆိုတာလဲ “သူတစ်ပါး ဘာသာကို အတင်းပြောခြင်း၊ ဆဲဆိုခြင်း၊ ငြူဆူခြင်း၊ မုန်းတီးခြင်း၊ မနာလို ဖြစ်ခြင်း-”မျှသာ ဖြစ်တယ် ဆိုတာ လည်း ကမ္ဘာက သိနေပါပြီ။ (ဒီအတွက်လည်း တစ်ကယ့် သံဃာအစစ်တွေ မျက်နှာပျက်ရပေါင်း များခဲ့ပါပြီ၊)
စာမတတ်ပေမတတ်၊ ဗဟုသုတမရှိ အသံထွက်လောက်သာ အလွတ်ကျက်ထားတဲ့ သင်္ကန်းဝတ်များ သိဘို့ လိုတာက- ဖိနှိပ်ခံရတဲ့ လူသားတွေဘက်က ခင်ဗျားတို့ မရှိလည်း- ကမ္ဘာက ရှိနေပါတယ်။ မြန်မာမွတ်ဆလင် တွေ၊ တိုင်းရင်းသား ရိုဟင်ဂျာတွေဘက်က ကမ္ဘာက ရပ်တည်နေတာ “ဘာသာတရား” ကြောင့် မဟုတ်ဘူး- အမှန်တရားကြောင့် ဖြစ်တယ်ဆိုတာ မျက်ကန်းသင်္ကန်းဝတ်များ သိဘို့ လိုသလို-၊ အခု “ကချင်” ကိစ္စမှာလည်း အမှန်တရားဘက်က ကမ္ဘာက ရပ်တည်နေပါတယ်။ သတ်ချင်တိုင်း သတ်လို့ မရသလို၊ ငတ်ချင်တိုင်း ငတ်ပြီး မသေရအောင်- ကျုပ်တို့ ရတဲ့နည်းနဲ့ ၀င်ပြီး ကူညီမှာပါပဲ။- ခင်ဗျားတို့ထက် ပညာတတ်တယ်-၊ ဘယ်လိုပိတ် ပိတ်- ၀င်လမ်းထွက်လမ်းတွေ မျိုးစုံ ရှိနေတယ်- ဆိုတာ သိထားဘို့ လိုပါမယ်။ ကျုပ်တို့က ဘာသာမခွဲဘူး၊ လူမျိုးမခွဲဘူး၊ အဓမ္မသာသနာမပြုဘူး ဟိတ်ဟန်ထုတ် ဂုဏ်မယူဘူး အကူအညီလိုသူ၊ ဒုက္ခရောက်နေသူများကို ကူညီသွားမယ် ဖြည့်ဆီးသွားမယ် ဆိုတာ- ထိုမေတ္တာရှင် ဘုန်းကြီးများ မျက်ဝါးထင်ထင် မြင်တွေ့ရမှာပါ။

သင်္ကန်းဝတ်များဘက်ကတော့- အနိုင်ကျင့်လိုရရင်- ရသလောက် အနိုင်ကျင့်မယ်၊ သတ်လို့ရရင် ရသလောက် သတ်ဘို့ မြှောက်ပင့်ဆော်သြပေးမယ်၊ ရိက္ခာဖြတ်လို့ရရင် ရသလောက် ဖြတ်ဘို့ အကြံပေးမယ်- ဆိုတာများကို တော့- မိမိကိုယ်စားပြုတဲ့ ဘာသာတရားရဲ့ သိက္ခာကိုထောက်ပြီး ပြန်ပြင်ဘို့ လိုပါမယ်။ ပါးစပ်က ပြောနေတဲ့ မေတ္တာကို မိမိရင်ထဲမှာ အရင်အဦး ကိန်းဝပ်အောင် လေ့ကျင့်ယူဘို့လည်း လိုအပ်ပါမယ်။ နို့မဟုတ်ရင်တော့ ၂၁ ရာစုမှာ ကမ္ဘာမပျက်ဘဲ-၊ မြန်မာပျက်သွားဘို့ သေချာနေပါပြီ။

ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
မြန်မာမွတ်ဆလင် တန်းတူညီမျှ လှုပ်ရှားဆောင်ရွက်မှု အဖွဲ့

About MPN

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
«
Next
Newer Post
»
Previous
Older Post

No comments:

Post a Comment


Top