ads

Slider[Style1]

Style2

Style3[OneLeft]

Style3[OneRight]

Style4

Style5


ရခိုင်ရှိ မွတ်စလင်မ်ဒုက္ခသည်များကို လယ်မြေတွင်နေရာချထားပေးရန် စီစဉ်နေ


ရခိုင်ရှိ မွတ်စလင်မ်ဒုက္ခသည်များကို လယ်မြေတွင်နေရာချထားပေးရန် စီစဉ်နေ

ရန်ကုန်၊ဒီဇင်ဘာ ၃၁                                                                                        သတင်း – အမ်တီ ( မြန်မာမွတ်စလမ်မ် မီဒီယာ- MMM)
မြေပုံမြို့ ရှိ ကမန်တိုင်းရင်းသား အစ္စလာမ်ဘာသာဝင်များနှင့် ရိုပာင်ဂျာ တို့အား ဌင်းတို့ပိုင်မှုလနေရာများတွင် နေရာ ချထားမပေးပဲ ယာယီခိုလှုံနေရသည့် မြေပုံမြို့၊ တောင်ပေါ်ရပ်ကွက် ရှိရေမြုပ်လယ်ကွင်းများတွင်  အစွန်းရောက်ရခိုင်များ အလိုကျ ပြန်လည်နေရာချထားပေးရန်အာဏာပိုင်အချို့က ကြိုးစားနေကြောင်း သိရသည်။

မွတ်စလင်မ် ဒုက္ခသည်များကို နေရာပြန်လည်ချထားပေးရန် သက်မှတ်သည့် နေရာသည် ရေအလွန်ဝင်ရောက်သည့် နေရာများဖြစ်နေသောကြောင့် အဆိုပါလယ်မြေနေရာတွင်နေထိုင်ရန်နေရာချထားမှုကို မလိုလားကြောင်း မြေပုံမြို့ ရှိ ဒုက္ခသည်တစ်ဦးက myanmarmuslim.net သို့ပြောသည်။
“ မြေပုံမြို့ အနောက်ဘက်မှာ နေရာတိုင်းပြီးလိုင်းခန်းဆောက်ပေးမယ်လို့ပြောတယ်။ သူတို့ပြောတဲ့နေရာက မိုးတွင်းဆိုရင်ရေတက်တယ်။ ရေကသုံးပေ၊လေးပေလောက်တက်တယ်။” လို့ မြေပုံဒုက္ခသည်စခန်းမှ ဒုက္ခသည်တစ်ဦးကပြောပါသည်။

`           မြေပုံဒုက္ခသည်တွေကို မြေပုံမြို့ အနောက်ဘက်မြေနိမ့်လယ်ကွက်များသို့ပြောင်းရွေ့  နေထိုင်ရန်စီစဉ်ပေးနေတယ်လို့ ဒေသခံတွေက ပြောကြားခဲ့ပါသည်။ ယခုလက်ရှိမှာတောင် အအေးဒဏ်နဲ့ စားနပ်ရိက္ခာမလုံလောက်မှုတွေကြောင့် သေဆုံးသူများရှိနေကြောင်းသိရသည်
ဒုက္ခသည်တွေကိုပေးမယ့်လိုင်းခန်းတွေကတော့ ၉’×၁၅’ ပေ ခန်းကို အိမ်ထောင်စုတစ်စု နေရမယ်လို့ သက်မှတ်ထားပါသည်။ မြေပုံဒုက္ခသည်စခန်းမှာ အိမ်ထောင်စု (၇၀၅)စုရှိပါတယ်။ ပြောင်းရွှေ့  ခိုင်းတဲ့နေရာဟာ မုန်တိုင်းလမ်းကြောင်းပေါ်ရှိတာကြောင့် မုန်တိုင်းခဏခဏ၀င်တယ်လို့သိရပါသည်။ မုန်တိုင်းဝင်ရောက်လာပါ ကလည်းလွတ်လမ်းမရှိဘူးလိုဒေသခံတွေက ဆိုပါသည်။

“ ဒါတောင် တူရကီ အစိုးရဆီက အလှုခံရဦးမှာလို့ လူကြီးတွေက ပြောသွားသေးတယ်  ”လို့ ဒေသခံတစ်ဦးကပြောသည်။ ယခု ကဲ့သို့ ဒုက္ခသည်များသဘောထားဆန္ဒမပါဝင်ပဲ လယ်မြေတွင်နေရာချထားပေးရန် အစီအစဉ်ကို ယခုလ ၂၈ ရက်နေ့တွင် အာဏာပိုင်အချို့  လာရောက်ပြောကြားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
မြေပုံမြို့ အစ္စလာမ် ဘာသာဝင်များ၏ အိမ်ခြေနှင့် ဗလီ ၀တ်ကျောင်းတော်များအားလုံး ကို ရခိုင်အကြမ်းဖက် များက အောက်တိုဘာ ၂၃ ည ၉နာရီမှ စတင်ဖျက်စီးခဲ့ရာ အောက်တိုဘာ ၂၄ နံနက် ၁နာရီ ခန့်တွင် မြေပုံမြို့ ပေါ်ရှိ အစ္စလာမ် ဘာသာဝင်များအားလုံး တောင်ပေါ် ရပ်ကွက်သို့ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။

ကျောက်ဖြူမြို့ တွင်လည်း ရခိုင်ဗုဒ္ဓဘာသာများက ကျောက်ဖြူဒုက္ခသည်စခန်းရှိ ရိုပာင်ဂျာ မွတ်စလင်မ်များကို ကျွန်းတစ်ကျွန်းပေါ်ပို့ထားရန် တောင်းဆိုနေကြောင်းလည်းသိရပါသည်။ အဆိုပါကျွန်းပေါ်တွင်သာ နေရာချထားပေးပါက နွေနဲ့ဆောင်းသာနေလို့ရနိုင်ပြီး မိုးတွင်းမှာဆိုရင်တော့ ရေတက်တဲ့အတွက်နေလို့မရနိုင်ဘူးလို့ ကျောက်ဖြူဒုက္ခသည်တစ်ဦးကပြောသည်


About MPN

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
«
Next
Newer Post
»
Previous
Older Post

No comments:

Post a Comment


Top