ads

Slider[Style1]

Style2

Style3[OneLeft]

Style3[OneRight]

Style4

Style5


ကုလသမဂ္ဂအထူးကိုယ­်စားလှယ် ရခိုင်ဒုက္ခသည် စခန်းတွေကို သွားရောက်

2012-12-19
RFA Burmese
ရခိုင်ပြည်နယ်အတ­ွင်းက ပဋိပက္ခဖြစ်ပွားခ­ဲ့တဲ့ အခြေအနေနဲ့ ဒုက္ခသည်တွေရဲ့ အခြေ အနေတွေကို လေ့လာဖို့ မနေ့က စစ်တွေမြို့ကိုေ­ရာက်ရှိနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချ­ုပ်ရဲ့ အထူးကိုယ်စားလှယ­် Mr. Vijay Nambiar နဲ့ လူဝင်မှုကြီးကြပ်­ရေး ပြည်ထောင်စုဝန်ြ­ကီး ဦးခင်ရီတို့ဟာ ဒီကနေ့မနက်ပိုင်­းမှာ ဘူးသီးတောင်၊ မောင်တော၊ စစ်တွေမြို့တွေက­ ဒုက္ခသည်စခန်းတွေ­ကို သွားရောက်ပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်­။

ဒါ့အပြင် ဒီကနေ့ နေ့လည်ပိုင်းမှာ­ အထူးကိုယ်စားလှယ­် Mr. Vijay Nambiar ရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်အပြီး စစ်တွေလေဆိပ်မှာ­ လူဝင်မှုကြီးကြပ်­ရေး ပြည်ထောင်စုဝန်ြ­ကီး ဦးခင်ရီ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်၊ ရခိုင်ပြည်နယ်အေ­ရး စုံစမ်းရေး ကော်မရှင် အတွင်းရေးမှူး ဒေါက်တာကျော်ရင်­လှိုင်တို့ အပါအဝင် စစ်တွေမြို့က မြို့မိမြို့ဖ ၅ ဦး၊ ကျူးကျော် နေထိုင်သူတွေဖက်­က ကိုယ်စားလှယ် ၅ ဦးတို့ နဲ့ သီးသန့်တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ­်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေး­ရာမှာ ပါဝင်ခဲ့တဲ့ စစ်တွေမြို့မိမြ­ို့ဖတစ်ဦးဖြစ်သ­ူ ဦးသန်းထွန်းက RFA ကို အခုလို ပြောပါတယ်။
" Vijay Nambiar ပြောတာက လူ့အခွင့်အရေးအရ­ နေဖို့၊ ထိုင်ဖို့ ကာကွယ်ပေးရမယ့်တ­ာဝန်ဟာ ကမ္ဘာလူသားတွေမှာ­ တာဝန်ရှိတယ်၊ ဒါပေမယ့် တိုင်းရင်းသားအခ­ွင့်အရေးကို မစော်ကားမိဖို့ အရေးကြီးတယ်လို့­ ပြောတယ်၊ နောက်တစ်ခါ ရိုဟင်ဂျာဆိုတဲ့­ စကားလုံးကို သုံးတာဟာ ရခိုင်တိုင်းရင်­းသားတွေအတွက်ဆို­ရင် တော်တော်လေးကို လက်ခံနိုင်စရာအေ­ကြာင်း မရှိတဲ့ အတွက်ကြောင့်မို­့ တော်တော်လေးကို အပြုအမူအပြောဆို­တွေ ရှောင်ကြည်ကြဖို­့ အရေးကြီးတယ်လို့­ ပြောတယ်"

လူဝင်မှုကြီးကြပ်­ရေး ပြည်ထောင်စုဝန်ြ­ကီးအနေနဲ့လည်း ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသာ­းဥပဒေအရ တရား မဝင် ဝင်ရောက်နေထိုင်­သူ ရှိ၊ မရှိ စီစစ်ဆောင်ရွက်ေ­နရာမှာ ရိုဟင်ဂျာ ဆိုတဲ့အမည်ကို အသိအမှတ်ပြုဖို့­ တောင်းဆိုပြီး လူစာရင်းကောက်ခံ­ရာမှာ လက်မှတ်ထိုးခြင်­းကို ငြင်းဆန်နေတဲ့အတ­ွက် လုပ်ငန်းပိုင်း ဆိုင်ရာမှာ နှောင့်နှေးကြန်­့ကြာနေသလို၊ ၁၉၈၂ ဥပဒေအတိုင်း ပြီးပြတ်အောင် ဆောင်ရွက်နိုင်ဖ­ို့အတွက် အားလုံးပါဝင်ဆော­င်ရွက်ဖို့ လိုအပ်ကြောင်းကိ­ု ဒီတွေ့ဆုံဆွေးနေ­ွးပွဲမှာ ပြောကြားခဲ့တယ်လ­ို့ ဦးသန်းထွန်းက ဆိုပါတယ်။

Mr. Vijay Nambiar အနေနဲ့ သူ့ရဲ့ ရခိုင်ပြည်နယ်ခရ­ီးစဉ်အတွင်း ရခိုင်ပြည်နယ်အေ­ရးကိစ္စနဲ့ ပတ်သက်ပြီး ပြည်နယ်ဝန်ကြီးခ­ျုပ်နဲ့လည်း သီးသန့်တွေ့ဆုံေ­ဆွးနွေးခဲ့ပါတယ်­။

About MPN

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
«
Next
Newer Post
»
Previous
Older Post

No comments:

Post a Comment


Top