ငါတို့က “ပေ” မဟုတ်တော့ဘူး | ဌေးလွင်ဦး
အစ္စလာမ်သာသနာကိုး
သက်ဝင်ယုံကြည်လိုက်တာနဲ့- အဲ့ဒီ လူတစ်ဦးကို နှိမ့်ချတဲ့ သဘောနဲ့ “ကုလား” ဆိုပြီး
ဆိုင်းဘုတ်တွဲ၊ ဟိုက ၀င်လာသလိုလို၊ ဒီက၀င်လာသလိုလို- မြန်မာပြည်မှာ မမွေးဘဲ
မိုးပေါ်က ကျလာသလိုလို တွေ စွပ်စွဲ-၊ မွတ်ဆလင်ကို ဆန့်ကျင်တဲ့ ဥပဒေတွေ
ပေါ်လစီတွေချမှတ်-၊ မျိုးစုံတွေ လျှောက်လုပ်နေခဲ့တာ လည်း နောက်ကျသွားခဲ့ပါပြီ။-
ငါတို့ကို မြန်မာနိုင်ငံသား အဖြစ် မသတ်မှတ်ရင်လည်း အရေးမကြီးဘူး-၊ အခု အချိန်မှာ
ငါတို့က ကမ္ဘာ့ အသိအမှတ်ပြု ကမ္ဘာရဲ့ သားသမီးတွေ ဖြစ်နေခဲ့ပြီ။ ငါတို့နဲ့
ကမ္ဘာ့နိုင်ငံကြီးတွေ ကြားမှာ၊ ငါတို့နဲ့ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတွေကြားမှာ
ကတိက၀တ်တွေလည်း ခိုင်ခိုင်မာမာ ရှိနေခဲ့ပြီ။ ဒီအခြေမျိုးထိ တွန်းပို့ခဲ့တဲ့-
မြန်မာမျိုးချစ် အမျိုးဖျက်များကို ကျေးဇူးတင်ရမှာပါ။
ဥပဒေမဲ့နေတဲ့ အခိုက်အခန့်၊
လူဆိုးလူမိုက်တစ်သိုက်က- မတရားသဖြင့် အနိုင်ကျင့်နိုင်ရင် ခဏပါ။ မကြာမှီ
အဲ့ဒီဒေသများထိ ဥပေဒတွေ ထိုးဖေါက်စိမ့်ဝင်လာတော့မှာပါ။ တရားခံတွေက ဘယ်ကိုမှ ပြေးလို့
မလွတ်ပါဘူး။ ရာသက်ပန် ရှာခဲ့သမျှ ဥစ္စာစီးပွား ပျက်စီးသွားရမယ့်နေ့၊ မျိုးဆက်လိုက်
မျက်နှာသိမ်ငယ် သွားရမယ့်နေ့ရက်များ ခင်ဗျားတို့ဆီကို ရောက်လာပါလိမ့်မယ်။ ငါတို့က
ဘက်က ကမ္ဘာတစ်ခုလုံး ရပ်တည်နေတယ်၊ နှိပ်ကွပ်လေ အမှု ကြီးလေသာ ဖြစ်ရပါမယ်။-
ကမ္ဘာခုံရုံးမှာ- နအဖ လက်ထက်က အလုပ်သမားကိစ္စ ရှုံးနိမ့်ခဲ့ရပြီ။ နအဖနဲ့ ဦးသိန်း စိန်
စပ်ကူးမတ်ကူးကာလ- ဘင်္ဂလားနယ်စပ်က ပင်လယ်- ရေနံပိုင်နက် ရှုံးနိမ့်ခဲ့ရပြီ။-
အဲ့ဒီအမှုတွေ ရှုံးနိမ့်ခဲ့ရ စဉ် တစ်သီးပုဂ္ဂလ တရားခံအဖြစ် ခံရတာ မရှိဘဲ-၊
အစိုးရတစ်ရပ်အနေနဲ့သာ ထိခိုက်ခဲ့ရတယ်။ တိုင်းပြည်တစ်ခု အနေနဲ့သာ ထိခိုက်ခဲ့ရတယ်။
အဲ့ဒီက ထွက်လာတဲ့ ဆိုးကျိုးတွေက တိုင်းသူပြည်သားများကိုသာ နစ်နာစေခဲ့ တယ်။
အခုတစ်ခေါက် ရင်ဆိုင်ရမယ့် နိုင်ငံတစ်ကာ ခုံရုံးကတော့- မျိုးပြုတ်သတ်ဖြတ်မှု
ခေါင်းစဉ်ဖြစ်ပါတော့ တယ်။ ရင်ဆိုင်ရမှာကလည်း သက်ဆိုင်ရာ ရာဇ၀တ်ကောင်များသာ
ဖြစ်ပြီး တစ်သီးပုဂ္ဂလ တစ်ရားခံကိုယ်စီ ဖြစ် နေပါတယ်။- ဒီအတွက်လည်း သက်ဆိုင်ရာ
ပုဂ္ဂိုလ်များ အနေနဲ့ ကမ္ဘာ့ရှေ့နေရှေ့ရပ်များ ငှားယမ်းပြီး ပြင်ဆင် ထားစေလိုတယ်။
(ပြည်သူ့ဘဏ္ဍာကို ကိုယ်ရေးကိုယ်တာအတွက် မသုံးဘို့ ပြောတာပါ။) တူ ဖြစ်စဉ် ထုထောင်း
ခဲ့သမျှ-၊ ဒီတစ်ခါ မိမိ ထုခဲ့တဲ့ ဒဏ်ကို မိမိသာ ခံရမှာပါ။
သေချာတာက--၊ ငါ တို့ကတော့ ပေ
မဟုတ်တော့ဘူး ဆိုတာပါပဲ။
No comments: