အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးကို မြန်မာ သမ္မတနှင့်အတူ တွေ့ရစဉ် |
အိန္ဒိယ နိုင်ငံခြားရေး ၀န်ကြီး သီတဂူနိုင်ငံတကာ ဗုဒ္ဓဘာသာ ကွန်ဖရင့် တက်ရောက်ဖွင့်လှစ် အပြီး ရန်ကုန်ရှိ ဇဖရ်ရှား ဒရ်ဂါ သို့ လာရောက်လည်ပတ်
M-Media
ဒီဇင်ဘာ ၁၅ ရက် ၊ ၂၀၁၂Via Press Trust of India
မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အစ္စလာမ်သာသနာဝင်၊ ဆလ်မန်ခူရ်ရှိဒ်သည် မဂိုအင်ပါယာ၏ နောက်ဆုံးပြည့်ရှင် ဗဟာဒူး ရှား ဇဖရ် (ဇဖရ်ရှား ဒရ်ဂါ)၏ သမိုင်းဝင် အုတ်ဂူသို့ လာရောက် လည်ပတ် ခဲ့ကြောင်း သိရသည်။ ဆလ်မန် ခူရ်ရှိဒ် နိုင်ငံရေးကိစ္စများအတွက် သက်သက်သာမက သီတဂူနိုင်ငံတကာဗုဒ္ဓ ဘာသာ တက္ကသိုလ်တွင်ကျင်းပမည့် ဗုဒ္ဓဘာသာကွန်ဖရင့်ကို ဖွင့်လှစ်ပေးရန် အတွက် လည်း မြန်မာနိုင်ငံ သို့ ရောက်နေခြင်းဖြစ်ကြောင်း သိရသည်။
ဆလ်မန်ခူရ်ရှိဒ်သည် ဇဖရ်ရှားဒရ်ဂါသို့ လာရောက်လည်ပတ်ရာ၌ မဂိုအင်ပါယာပြည့်ရှင် ဇဖရ်ရှားရင့်ကျူးခဲ့သော ကာရံညီစာသားတစ်ပိုဒ်ကို ရွတ် ဖတ် ခဲ့ကြောင်း သိရသည်။ ၄င်းစာပိုဒ်မှာ -
ကိသ်နာ ဟဲ ဗဒ်နစိဘ် ဇဖရ်
ဒဖ်နကိလိယေ
ဒိုဂဇ် ဇမိန် ဘိနမိလိ ကိုဟေယာရ်မဲ
အဓိပ္ပါယ်မှာ – “ကံခေလှသူ အို – ဇဖရ်၊ မြေမြှပ်သင်္ဂြိုလ်ခံရဖို့ မြေကွက်ကလေး နှစ်ကိုက်ကိုတောင် ချစ်လှစွာသော (အမိမြေ) ပေါ်မှာ မရနိုင်ခဲ့ပါပေါ့လား”။
ဇဖရ်ရှားဘုရင်ကိုယ်တိုင်မှာ အသိ အမှတ်ပြုရမည့် နာမည်ကျော် ကဗျာ ဆရာတစ်ဦး လည်းဖြစ်သည်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ခူရ်ရှိဒ်ကမူ မိမိ ကိုယ် တိုင်နှင့် ဇဖရ်ရှား ဘုရင်တို့ ပုဂ္ဂလိက အနှောင်အဖွဲ့ အကြောင်းကို တရေးတယူ ဖော်ပြခဲ့ကြောင်းလည်း သိရသည်။ ထိုသို့ ဖော်ပြရာတွင် ခူရ်ရှိဒ်က ဇဖရ်ရှား ဘုရင်ကြီး၏ အုတ်ဂူနံရံတွင် ၁၉ ရာစုနှစ်က မှုန်းခြယ်ထားသော ကဗျာ (နဇာမ်) များကို ညွှန်းဆိုခဲ့သည်။
ခူရ်ရှိဒ်က ဇဖရ်ရှား အုတ်ဂူထိန်း သိမ်းစောင့်ရှောက် သူအား ၄င်း၏ “ဘဘုရ် ၏သားများ” ပြဇတ် စာအုပ်ကို ပေးခဲ့ကြောင်း လည်း သိရသည်။
ခူရ်ရှိဒ်သည် မြန်မာနိုင်ငံခရီးစဉ်အတွင်း သီတဂူ နိုင်ငံတကာဗုဒ္ဓဘာသာတက္ကသိုလ်တွင် နိုင်ငံ ၁၀ နိုင်ငံမှ ပညာရှင်များတက်ရောက်သည့် ဗုဒ္ဓဘာသာ ကွန်ဖရင့် တက်ရောက်ခဲ့ဖွင့် လှစ်ပေးခဲ့ကြောင်း သိရသည်။ ယင်းကွန်ဖရင့်ကို ၃ ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်သည်။ ထိုအခမ်းအနား ကို မြန်မာနိုင်ငံ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက်ခဲ့ကြောင်း သိရသည်။
No comments: