ads

Slider[Style1]

Style2

Style3[OneLeft]

Style3[OneRight]

Style4

Style5

OIC ကိုလက်မခံတဲ့သံဃာတွေ ၀မ်းကျားပေါင် နဲ့တွေ့ပြီ၊ ရိုပာင်ဂျာအရေး အသံတိတ်ခဲ့တဲ့ဒေါ်စု တရုတ်ပြသနာတွင် လူရှေ့ထွက်

သတင်း – ပာဆီနာပာ် (ရန်ကုန်၊ နိုဝင်ဘာ ၂၈)
လက်ပံတောင်းတောင် ဆန္ဒပြသူတွေကို ရဲများက မျက်ရည်ယိုဗုံးများ၊ မီးခိုးဗုံးများ၊ မီးလောင်ဗုံးများ၊ မီးသတ်ပိုက်များနဲ့ ဖြိုခွင်းခဲ့တာဟာ ဒီမိုကရေစီ နည်းအတိုင်းဖြေရှင်းခြင်း ဖြစ်တယ်လို့ သမ္မတရုံးမှ ယနေ့ ညနေ (၄)နာရီခန့်တွင် သတင်းထုတ်ပြန်ချက် (၁၁/၂၀၁၂) ထုတ်ပြန်လိုက်ပါတယ်။ ဒီလို နိုမ်းနှင်းခဲ့တဲ့အတွက် ဆန္ဒပြသူ သံဃာတော်တွေနဲ့ လူတွေ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြတယ်လို့ သိရပါတယ်။
ဆန္ဒပြနိုမ်းနှင်းမှုမှာ သံဃာအပါး၃၀ကျော်နဲ့ လူပေါင်း၈၀ကျော် ထိခိုက်ဒဏ်ရာရပြီးဆေးရုံး တင်ထားရတယ်လို့ သိရပါတယ်။ ဆေးရုံတင်ထားတဲ့ သံဃာနဲ့ လူတွေ မီးလောင်ဒဏ်ရာ အပြင်းထန် ခံစားနေရပါတယ်။


မုံရွာဆေးရုံတွင် ဆေးကုသမှုခံနေသော ဆန္ဒပြနိုမ်းနှင်းမှုမှ ဒဏ်ရာရသူ သံဃာတော် များ နှင့် ဒေသခံများ
မုံရွာဆေးရုံတွင် ဆေးကုသမှုခံနေသော ဆန္ဒပြနိုမ်းနှင်းမှုမှ ဒဏ်ရာရသူ သံဃာတော် များ နှင့် ဒေသခံများ
မုံရွာဆေးရုံတွင် ဆေးကုသမှုခံနေသော ဆန္ဒပြနိုမ်းနှင်းမှုမှ ဒဏ်ရာရသူ သံဃာတော် များ နှင့် ဒေသခံများ
မုံရွာဆေးရုံတွင် ဆေးကုသမှုခံနေသော ဆန္ဒပြနိုမ်းနှင်းမှုမှ ဒဏ်ရာရသူ သံဃာတော် များ နှင့် ဒေသခံများ
ဆန္ဒပြနိုမ်းနှင်းမှုမှ မီးလောင်ဒဏ်ရာရသူတဦး ဆေးကုသမှုခံယူနေစဉ်
ဆန္ဒပြနိုမ်းနှင်းမှုမှ မီးလောင်ဒဏ်ရာရသူတဦး ဆေးကုသမှုခံယူနေစဉ်
ဆန္ဒပြနိုမ်းနှင်းမှုမှ မီးလောင်ဒဏ်ရာရသူ သံဃာတပါး
ဆန္ဒပြနိုမ်းနှင်းမှုမှ မီးလောင်ဒဏ်ရာရသူ သံဃာတပါး
ဒီလိုဖြစ်ရပ်အပေါ် သံဃာတွေအနေနဲ့ ကျေနပ်ခြင်းမရှိတာကြောင့် ၂၉ရက်နေ့ တွင် ရန်ကုန်မြို့တော်ခန်းမနဲ့ မန္တလေး မဟာမြတ်မုနိရှေ့တွင် ဒီဖြစ်ရပ် အတွက် စုဝေးမှုပြုလုပ်မယ်လို့ သတင်းထွက်ခဲ့ပေမဲ့ ရန်ကုန်မှာတော့ ကန့်ကွက်မယ် ဆိုတဲ့သူတွေရောက်မလာပဲ သတင်းထောက်တွေနဲ့ လုံခြုံရေးတွေ သာရောက်လာ ခဲ့ကြပါတယ်။
လူထူခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် လည်း နေ့လည်ပိုင်းတွင် လက်ပံတောင်းကျေးရွာသို့ သွားရောက်ပြီး ညနေ ၅နာရီ၅၀ အချိန်တွင် မိန်ခွန်းဟောပြောခဲ့ပါတယ်။ မိန့်ခွန်းမှာ လုပ်ငန်းရှင်နှင့် ပြည်သူနှစ်ရပ်လုံး နဲ့တွေ့ဆုံကာ ပြေလည်ရန် ညိုနှိင်းပေးမယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။
ရန်ကုန်မြို့မှာ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး တောင်းဆို ဆန္ဒပြသူတွေထဲက ဦးဆောင်သူ ၆ ဦးကို နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ပုဒ်မ ၂ ခုတပ်ကာ တရားရုံးတင် စစ်ဆေးပြီး အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးထားပါတယ်။
ဆန္ဒပြသူတွေထဲက ကိုရဲလင်း ၊ ကိုဝေဠု၊ ကိုမျိုးချစ် ၊ ကိုညီညီ၊ နော်အုံးလှနဲ့ ဒေါ်ရှမ်းမတို့ကို ပုဒ်မ ၁၈၊ ပုဒ်မ ၅ဝ၅(ခ) နဲ့ တရားစွဲဆိုခဲ့တာပါ။ ဖမ်းဆီးခံ ထားရသူတွေထဲက ကိုညီညီပာာ အစ္စလမ်ဘာသာဝင် တစ်ဦးဖြစ်ပါတယ်။ ကိုညီညီပာာ မြန်မာမွတ်စလင်မ် နိုးကြားရေးကွန်ရက်မှာ ပါဝင်သူ တစ်ဦးလည်း ဖြစ်ပါတယ်။
ဆန္ဒပြသူတွေကို ရဲများက အကြမ်းဖက်နိုမ်းနှင်းခဲ့ရာမှာ ဓါတုဗေဒ လက်နက် တွေကို အသုံးပြုခဲ့ကြောင်း မီဒီယာများနှင့် လူမှုကွန်ယက် များပေါ်မှပြည်သူ တို့ရဲ့ဝေဖန်ချက်များ ထွက်ပေါ်ခဲ့ပါတယ်။ သမ္မတရုံးမှ ဆန္ဒပြမှုဖြိုခွင်းခဲ့တာဟာ ဒီမိုကရေစီ နည်းအတိုင်းဖြေရှင်းခြင်း ဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်အပြီး နာရီပိုင်းအတွင်း ယင်းနေ့ ညဦးပိုင်းတွင် ထိုသတင်းထုတ်ပြန်ချက် (၁၁/၂၀၁၂) ကို ပယ်ဖျက်ကြောင်း နိုင်ငံတော် သမ္မတရုံးဝဘ်ဆိုက်တွင်ဖေါ်ပြ ထားပါတယ်။


MMM

About MPN

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
«
Next
Newer Post
»
Previous
Older Post

No comments:

Post a Comment


Top