ads

Slider[Style1]

Style2

Style3[OneLeft]

Style3[OneRight]

Style4

Style5

ကျွန်ုပ်အမြင် အစ္စလာမ်နှင့်ဘင်္ဂါလီ (၂)


ဆိုရှယ်လစ်ခေတ်က မျက်မြင်ဖြစ်လေးတခု သတိရတယ်ဗျ။ ဦးနေဝင်းဖွဲ့လိုက်တဲ့ လူဝါးကောင်   (စောရိ) လဝကတွေ နိုင်ငံတော် လုံခြုံရေးအတွက် ရထားဘူတာ၊ အဝေးပြေးကားဂိတ်နှင့် မြို့အဝင်ဂိတ်တွေမှာ  မှတ်ပုံတင်  စစ်တယ်ဗျ တာဝန်က အားလုံးကို စစ်ရန်တဲ့ ဒါပေမဲ့ သဘောထားကြီးတဲ့ လူဝါးကောင်(စောရိ) လဝက တွေက အားလုံးကိုမစစ်ဘူးဗျ၊ အစ္စလာမ် ဘာသာဝင် လို့ထင်တဲ့  ကုလားစင် မျက်နှာပေါက်တဲ့  လူတွေကိုဘဲ စစ်တယ်ကွ။ ဒေါသကြီးတဲ့ အစ္စလာမ်ဘာသာဝင်  အသက်ကြီးပိုင်း တစ်ဦးကဘေးနားက  လူတွေကိုဘာကြောင့်  မစစ်လဲလို့မေးတော့ လူဝါးကောင် (စောရိ) လဝကကြီးက ဒါဟာ ကျွန်တော်တို့ရဲ့ လူမျိုးချားရေး စီမံကိန်းပါတဲ့ပြောပြီး မှတ်ပုံတင်ဖြဲလိုက်ပြီး ကြိုက်တဲ့နေရာသွားတိုင် ဆိုပြီး မောင်းထုတ် တယ် ခင်ဗျာ ၊ ဒါကို တရားစီ ပေးမဲ့ရုံးမရှိခဲ့ဘူး ခင်ဗျာ။ (ဒါဟာမော်လမြိုင် မုတ္တမရထား ဘူတာရဲ့ အတွေ့အကြုံပါ)
နဝတခေတ်ကမျက်မြင် ဖြစ်ရပ်တချို့။    ။

(၁) မွန်ပြည်နယ် မော်လမြိုင်တောင်ပိုင်း ကျိုက္မရောမြို့ရှိ လူဝါးကောင်(စောရိ) လဝက ရုံးကိုရောက်ခဲ့တယ် ရုံးထဲမှာ ကျိုက္မရောမြို့ရဲ့ မြေပုံလေးကို စိတ်ဝင်စားစွာ ကြည့်မိတယ်  မြို့နယ်အတွင်းရှိ  ကျေးရွာတစ်ချို့ကို အနီအပြည့်  ချယ်ထားပြီး အချို့ကို အနီတစ်ဝက်   အချို့ကို၃ပုံ၁ပုံ ချယ်ထား တာတွေ့ရပါတယ်။  ဒါဘာကြောင့်လဲလို့မေးကြည့်တော့ ဘင်္ဂါလီတွေနေတဲ့ ရပ်ကွက်ဆိုလို့ပါတဲ့၊ ဒါဆိုရင် အဲ့ဒီမှာလဲ ဘင်္ဂလားဒေ့ရှ်က ဘင်္ဂါလီ စိမ့်ဝင် လာလို့လား ဒါမှမဟုတ် အစ္စလာမ် ဘာသာဝင်တွေဆိုလို့ ဘင်္ဂါလီပုဒ်မ တတ်တာလား သိပါ ရစေ ကျည်ကာဝတ် သမ္မတကြီးရယ်။
(၂) မွန်ပြည်နယ် ကျိုက္မရောမြို့နယ်ရဲ့ လက်တွေ့အမြင် ဒုတိယတခု စစ်အာဏာရှင်တစု အာဏာတည်မြဲဖို့ အရေးကို ဦးတည်ပြီး လုပ်လိုက် တဲ့ရွေးကောက်ပွဲ (အလိမ်)မတိုင်ခင် ၁၈နှစ်ပြည့်နှင့်အထက် မှတ်ပုံတင်၂မျိုး ထုတ်ပေးပါတယ်၊ ၁မျိုးက စစ်ဆေးမေးမြန်းခြင်းမရှိပဲ အလွယ် တကူ ထုတ်ပေးပါရန် အမည်က (နိုင်ငံသားစိစစ်ရေး ကပ်ပြားတဲ့) ဒီကပ်ပြားရရှိရန်စည်းကမ်းချက် တချက်ဘဲ ဗုဒ္ဓဘာသာဝင်ဖြစ်ရမည်။ ဒုတိယတမျိုးက အမျိုးသားမှတ်ပုံတင်တဲ့ အဓိပ္ဗါယ်က ရေလှိုင်းပေါ်က အမှိုက်) မှတ်ချက် ။  ။ ထိုကပ်ပြား ကိုင်ဆောင်ထားသူသည် မည်သည့်နိုင်ငံသားဟူရ်ျ သက်သေ အလျင်းမဖြစ်စေရ။

ဒီကပ်ပြားကျတော့ အမျိုး ၇ ဆက် မြန်မာနိုင်ငံတွင်မွေး၊ သေကြောင်း အထောက်အထားပြနိုင်မှ  ဘင်္ဂါလီပုဒ်မ တတ်ထားသော  အစ္စလာမ် ဘာသာဝင်တွေကို ထုတ်ပေးရန်။  အစ္စလာမ် ဘာသာမြင်တာနှင့်  မမေးမမြန်းကာ  ဘင်္ဂါလီရေးရမည်  ဆိုပြီး သင်တန်းပေးထားသော  လူဝါးကောင် (စောရိ) လဝက ရုံးက စာရေးမတွေက  မွေဖွားရာဒေသမှာ  ကာယကံရှင်၏  မွေးဖွားသည့်ရပ် ကွက်ရေးမည့်အစား ဘင်္ဂါလီလို့ရေးထားတာတွေ့ ရတယ်။ ဒါနဲ့ လူဝါးကောင်  (စောရိ)  လဝက ဦးစိန်မြင့် ဦးစီးမှုးကို တယောက်က ဝင်မေးတော့ပြန်ယူ လာပြင်ပေးမယ်တဲ့၊ပြန်ယူသွားတော့ ပလပ် စတစ်လောင်းပြီးသား  ဆိုတော့ပြင်မရ  ကပ်အသစ်လည်း  မထုတ်ပေးတော့ဘူး၊ ဒါဟာ ရေလှိုင်းပေါ်က အမှိုက် ဆိုတာ လက်တွေ့ပြလိုက်တာပဲ ဆိုတာ သာဓကတခုပါ။

(ဆက်လက်ဖော်ပြပါမည်)
လေးစားစွာဖြင့်
စစစစ(မောင်စူးစမ်းစပ်စု)
MMM

About MPN

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
«
Next
Newer Post
»
Previous
Older Post

No comments:

Post a Comment


Top