မတ်လ ၂၄၊ ၂၀၁၃
M-Media
သတင်း- ၀ါးပင်လေး
ရမည်းသင်းမြို့နယ် ရွှေဒါးရွာတွင် စက်ရုံတစ်ရုံ လုယက် မီးရှို့  ဖျက်ဆီးခံရ
ရမည်းသင်း မြို့နယ် ၊၇မိုင်ခွဲခန့် အကွာ
ရန်ကုန်-မန္တလေးကားလမ်းမကြီးဘေးရှိ ရွှေဒါးရွာတွင် မတ်လ ၂၃ရက်နေ့ည (၇)နာရီက
အစ္စလာမ် ဘာသာဝင်ပိုင်ဆိုင်သော အမဲသား ဆီသွပ်ဗူး စက်ရုံ
လုယက်၊ဖျက်ဆီးခံခဲ့ရကြောင်း ရမည်းသင်းမြို့နေ ပြည်သူတစ်ဦး၏ ယနေ့ နေလယ်
၁း၀၀နာရီက ပေးပို့ချက် အရ သတင်းရရှိသည်။
အဆိုပါ အစ္စလာမ် ဘာသာဝင်ပိုင်ဆိုင်သော အမဲသား ဆီသွပ်ဗူး စက်ရုံထဲသို့
အစွန်းရောက် အကြမ်းဖက် သမားများမှ ၀င်ရောက်၍ ပစ္စည်းများအား လုယက်
ခဲ့ကြပြီး ယင်းအဆောက်အဦးအား မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရမည်းသင်းမြို့နေ ဒေသခံတစ်ဦးအား
ဆက်သွယ်မေးမြန်းရာ “အဲဒီ ရွှေဒါးရွာမှာ မွတ်စလင် ဆိုလို့ အခု
အမဲသားစည်သွပ်ဗူး စက်ရုံ ပိုင်ရှင်တွေပဲ ရှိပါတယ်။မနေ့ညက ၇နာရီထဲက လောင်တာ
ဒီနေ့ မနက်ပိုင်းထိ မငြိမ်းသေးဘူးလို့ သိရတယ်။စပြီး ရုတ်ရုတ် သဲသဲ
ဖြစ်ကတည်းက အဲဒီမှာ မနေရဲလို့ အခြားနေရာတွေမှာ တိမ်းရှောင်နေခဲ့လို့
လူတွေတော့ ဘာမှမဖြစ်သွားပါဘူး။”
“ဒီနေ့ မနက် ၈နာရီက ကျွန်တော်တို့ ရမည်းသင်းမြို့နယ် မဲဆန္ဒနယ်က အမျိုးသား
လွှတ်တော် ဥက္ကဌ ၊ လက်ရှိပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်
ရောက်လာပါတယ်။၁၂း၀၀နာရီက မြို့ရှိ ဘာသာပေါင်းစုံ
အဖွဲ့အစည်းတွေ၊ကြံ့ဖွံ့ပါတီတွေကို ခေါ်ယူပြီး လွှတ်တော် ဥက္ကဌက ကျွန်တော်တို့
ဗုဒ္ဓ ဘာသာက မီးရို့ပြီး သာသနာဖြန့်တဲ့ ဘာသာမဟုတ်ကြောင်း၊ဗုဒ္ဓ ဘာသာထဲက
စုန်းပြူး တွေကို ၀ိုင်းဝန်း ထိန်းသိမ်း ဖော်ထုတ် ပေးဖို့၊တစ်ဘာသာ
နဲ့တစ်ဘာသာ ချစ်ခင် ရင်းနှီးမူကို ပျက်ပြားစေမယ့် စာတွေရေးသား
ဖြန့်ချီတာတွေ မလုပ်ဖို့၊မရေးသားဖို့ ပြောပါတယ်။ကြံ့ဖွံ့ပါတီဝင်တွေရော၊
ဘာသာပေါင်းစုံကရော ၀ိုင်းဝန်းထိန်းဖို့၊ ကျွန်တော့် မဲဆန္ဒနယ်မှာ
မဖြစ်ပွားအောင် တာဝန်ယူ ထိန်းသိမ်း ကာကွယ်မှာ ဖြစ်ကြောင်း ပြောပါတယ်”
ယင်းနောက် ရွာတန်းအုပ်စု ရွာတန်းကျေးရွာ ကို အကြမ်းဖက်သမားများ
မီးရှို့ဖျက်ဆီးမှုကြောင့် တရွာလုံးနီးပါး မီးလောင်ပြာကျ သွားတဲ့နေရာကို အခု
ပြည်ထောင်စု လွှတ်တော်နာယက ဦးခင်အောင်မြင့် သွားရောက် ကြည့်ရူ့နေကြောင်း
M-Media သို့ပြောပြခဲ့သည်။
အဆိုပါ အမဲသား ဆီသွပ်ဗူး စက်ရုံပိုင်ရှင် ဦးလေးဟိန်းထွန်း (ခ) နီကွင်း
ကို M-Media မှ ဆက်သွယ်မေးမြန်ရာ “ကျွန်တော့် စက်ရုံက
ချိတ်ပိတ်ထားတဲ့စက်ရုံပါ အဲဒါကို ကျူးကျော် ၀င်ရောက်ပြီး လုယက် မီးရှို့
ဖျက်ဆီးကြတာပါ၊ စက်ရုံ အဆောက်အဦးတင် တန်ဖိုးကြီးပါတယ်၊
စုစုပေါင်းဆုံးရှုံးမှု တန်ဖိုးကတော့ သိန်း၃၀၀ကျော် ၄၀၀နီးပါးပါ၊ စက်ရုံကို
စောင့်တဲ့ ဗုဒ္ဓဘာသာဝင် ခြံစောင့်သမားကိုပါ အသက်အန္တရာယ်ပြုလို့ သူ
မနည်းလွတ်အောင် ထွက်ပြေးခဲ့ရတယ်၊ သူကတော့ သူပါသူ ပြေးရင်း ခလုပ်တိုက်မိလို့
လဲကျသွားတဲ့ ဒဏ်ရာကလွဲလို့ တစ်ခြားဘာမှ မဖြစ်သွားပါဘူး၊ ကျွန်တော့်
စက်ရုံအရှေ့မှာ မွတ်စလင် တဲ ၂တဲရှိပါသေးတယ်၊ ကွမ်းခြံ
စိုက်ပျိုးရေးလုပ်ကြတာပါ အဲဒီတဲနှင့် ကွမ်းခြံကိုလည်း
ဝင်ရောက်ဖျက်ဆီးသွားပါတယ်၊ ကျွန်တော့်စက်ရုံ မီးလောင်တုန်းက
ရမည်းသင်းခရိုင် ဥက္ကဌ ၊ အုပ်ချုပ်ရေးမှုး တို့ဆီကို အကူအညီပေးဖို့
ဖုန်းဆက်ပြောပါတယ် ဒါပေမယ့် အဲဒီအချိန်မှာပဲ ရွာတန်းမှာလဲ မီးလောင်နေလို့
ကာကွယ်မပေးနိုင်လို့ ကျွန်တော့်ကိုလည်း အဲဒီကိုမသွားဖို့ ပြန်ပြောပါတယ်” ဟု
ပြောသည်။
Source:Here
Slider[Style1]
Style2
Style3[OneLeft]
Style3[OneRight]
Style4
Style5
Home
M-Media
သတင်း
ဗုဒ္ဓ ဘာသာထဲက စုန်းပြူး တွေကို ၀ိုင်းဝန်း ထိန်းသိမ်း ဖော်ထုတ် ပေးဖို မီးရှို့ခံရသည့် ရမည်းသင်းမြို့ ရွာတန်းကျေးရွာသို့ ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့် သွားရောက်ကြည့်ရှု့စဉ်ပြောကြား
About MPN
This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
Subscribe to:
Post Comments (Atom)
- Popular Post
- Video
- Category
Películas populares
-
မေ-၂၅၊၂၀၁၃ M-Media မောင်သမာဓိ ဆောင်ပုဒ် အရွေးတော်သော ကုလသမဂ္ဂ။ ရေလှူသည့် အကျိုး ၁၀ ပါးရှိသည်ဟု ဟောကြားထားသော ဗုဒ္ဓဘာသာ ထွန်းကားသ...
-
လူထုကို သတ်နေသူများ (၁) | ဌေးလွင်ဦး လူတွေကို သေနတ်နဲ့ပစ်သတ်၊ ဓါးနဲ့ခုတ်သတ်၊ လှံနဲ့ထိုးသတ်၊ လည်ပင်းညှစ်သတ်- မှ သတ်တယ်လို့ မပြောနိုင် ပ...
-
မြေပုံ မွတ်စလင်မ်ဒုက္ခသည်စခန်း ဆေးဝါးကုသမှု မရစေရန် RNDP ပါတီဝင်အချို့ နှောက်ယှက် သတင်း – SK (မြန်မာမွတ်စလင်မ် မီဒီယာ) ရန်ကုန် ...
-
ရိုက်တာ အထူး အစီရင်ခံချက် – မွတ်စလင် ဆန့်ကျင်ရေး ဘုန်းကြီးများကို အစိုးရမှ တရားဝင် အမွှန်းတင် M-Media မူရင်းဆောင်းပါးရှင် – အန...
-
“ကျောက်နီမော် အခြေအနေ အေးချမ်းသွားပြီလား” M-Media ဆက်သွယ်မေးမြန်းချက် နိုဝင်ဘာ ၈၊ ၂၀၁၂ M-Media သတင်း – ထွန်းတောက် ကျောက်နီမော်။ ...
-
သရဝဏ် (ပြည်) ၊ စောင့်ကြည့်ဂျာနယ် နှင့် ရဲရင့်သစ္စာ ၏ သစ္စာ (၁) နိုဝင်ဘာ ၂၄၊ ၂၀၁၂ M-Media ရဲရင့်သစ္စာ ၂၀.၁၁.၂၀၁၂ issue News Watch...
-
ရခိုင် သတင်းဌာန ၂ ခုမှ သတင်း ၃ ပုဒ် မှန်ကန်မှု မရှိကြောင်း ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန် Media To Monitor, ပြည်တွင်း သတင်း ဇန်နဝါရီ ၁၈ ၊ ...
-
ရခိုင်ပဋိပက္ခအတွက် လူပေါင်း ၁၀၀၀ကျော် ထိန်းသိမ်းပြီးဖြစ် M-Media ဒီဇင်ဘာ ၁၄ ၊ ၂၀၁၂ ရခိုင်ဒေသတွင်ဖြစ်ပွားခဲ့သော ပဋိပက္ခများအတွက် သ...
-
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) အရ ဘာသာရေး လွတ်လပ်ခွင့် M-Media, ပြည်ထောင်စု သမ္မတမြန်မ...
-
ရိုဟင်ဂျာ အပိုင်း (၃) ဌေးလွင်ဦး ရိုဟင်ဂျာ အပိုင်း (၃) ဌေးလွင်ဦး
Video Of Day
Labels
- ( မြန်မာမွတ်စလင်မ် မီဒီယာ – MMM)
- BMY
- DR. မောင်ဇာနည်
- Hate Crime စောင့်ကြည့်ရေး
- Letter
- M-Media
- MMCRM
- MMM
- Naytthit
- NDPD
- Pin Lone by U Phay Khin
- RFA
- RNDP
- The Muslims of Burma_Moshe Yegar_Burmese
- USCIS
- VOA
- ကမ္ဘာ့မွတ်စလင်မ်သတင်း
- ဂုဏ်ယူဖွယ်ရာမြန်မာမွတ်စလင်များ
- ကြားဖြတ်သတင်း
- ဗွီအိုအေ (မြန်မာဌာန)
- ဗွီအိုအေမြန်မာ
- ဗွီအိုအေမြန်မာပိုင်း
- ပြည်တွင်း သတင်း
- ရိုဟင်ဂျာသတင်း
- ရုပ်သံ
- ရိုဟင်ဂျာသတင်း
- လျှို့ဝှက်အစီအရင်ခံစာ (1826)
- သတင်း
- သတင်းဆောင်းပါး
- အင်တာဗျူး
- အထူးသတင်း
- အပြန်အလှန် ဆွေးနွေးချက်
- အာရ်ကန်ရိုဟင်ဂျာ
- အာရ်ကန်ရိုဟင်ဂျာသတင်း
- အာဘော်/ဆောင်းပါး
- ဦးဦးမှော်ဆရာ
- ဆောင်းပါး
- ဌေးလွင်ဦး
- နေပြည်တော်
- ပေးစာ
- ကြေညာချက်
- မောင်သမာဓိ
- မော်ကွန်းမဂ္ဂဇင်းနှင့်ဒေါက်တာဇာနည်အင်တာဗျူး
- အောင်တင်
- အောင်ထူး (ရှေ့နေ)
-်ကြေငြာချက
- နိုင်ငံတကာသတင်း
No comments: