ads

Slider[Style1]

Style2

Style3[OneLeft]

Style3[OneRight]

Style4

Style5


ရခိုင်အားလုံးနဲ့ မသက်ဆိုင် | ဌေးလွင်ဦး

ရခိုင်နယ်မှာ ရိုဟင်ဂျာ မရှိဘူး ဆိုပြီး ပြောဆိုနေမှု အားလုံးဟာ မျက်ကန်းမျိုးချစ် ခွဲထွက်ရေးဝါဒီ အနောက် သား မျိုးနွယ် လူယုတ်မာ တစ်စုရဲ့ ပြောဆိုချက်သာ ဖြစ်တယ်။ ဒီကိစ္စရပ်မှာ ရခိုင်ပြည် အတွင်းအပြင်နေ ရခိုင် လူမျိုးအားလုံးနဲ့ သက်ဆိုင်ခြင်း လုံးဝ လုံးဝ မရှိပါ။ ရခိုင်ဒေသနေ သာမန် ရခိုင်လူမျိုးဟာ မိမိရဲ့ စားဝတ်နေရေး ကိုသာ နေ့စဉ်အမျှလုံးပန်း ရှာဖွေ စားသောက်နေရပြီး နိုင်ငံရေး၊ ခွဲထွက်ရေး၊ လူမျိုးရေး ကိစ္စများကိုလည်း စိတ် ၀င်စားခြင်း မရှိပါ။
သင်္ကန်းဝတ် တစ်ချို့က ခွဲထွက်ရေးနဲ့ အမျိုးသားရေးကို လှုံ့ဆော်နေပေမယ့်-၊ ထိုကိစ္စမှာ မိရိုးဖလာ သာမန်ရိုးရိုး ရဟန်းသံဃာများနဲ့လည်း ပတ်သက်ခြင်း မရှိပါ။ သာမန်ရိုးရိုး ရဟန်းသံဃာများ အနေနဲ့ ဘိုးစဉ်ဘောင်ဆက်က ပဲ အတူနေထိုင်ခဲ့တဲ့ မွတ်ဆလင်များ အပေါ်မှာ သမိုင်းတစ်လျှောက် ရန်လိုခြင်း၊ ရန်ရှာခြင်း၊ မုန်းတီးခြင်းများ မရှိ ခဲ့တဲ့ အပြင်-၊ ကျောသားရင်သား မခွဲခြားဘဲ ပြောစရာရှိတာပြော၊ ဆုံးမစရာရှိတာ ဆုံးမ၊ ကျွေးစရာရှိတာကျွေး၊ ခိုင်းစရာရှိတာခိုင်း ရင်းနှီးပတ်သက် ကျွမ်းဝင်ခဲ့သည်သာ ဖြစ်ခဲ့ပါတယ်။
ရခိုင်မှာ မွတ်ဆလင်မရှိ၊ ရိုဟင်ဂျာ မရှိဆိုတဲ့ စကားကို ရခိုင်နေလူအများစုကြီးက ဘယ်သောအခါမှ မပြောခဲ့ပါ။ ရိုဟင်ဂျာ ဆိုတဲ့ အမည်နာမကို မနီးစပ်သူများက မကြားဘူးခဲ့တာပဲ ရှိနေပါတယ်။ သူတို့ကို သွားမေးကြည့်ရင် မရှိဘူးမပြောခဲ့ဘဲ၊ အသိဘူးပဲ ပြောခဲ့တာများပါတယ်။ မွတ်ဆလင် မရှိဘူးလား မေးရင်တော့--၊ အရူးကတောင် ရှိ-တယ် ပြောပါမယ်။ အရူးထက် ပိုဆိုးတဲ့ အမိုက်တွေကသာ မိုက်ငြင်းငြင်းနေခြင်း ဖြစ်ပါတယ်။ နောင်တစ်ချိန် သမိုင်းတရားခံဟာလည်း အဲ့ဒီ လူမိုက်တွေပဲ ဖြစ်ပါလိမ့်မယ်။ ရခိုင် ပြည်သူတစ်ရပ်လုံးနဲ့ လုံးဝ မသက်ဆိုင်ပါ။
အခုလည်း ရိုဟင်ဂျာ မရှိဘူး ဆိုတဲ့ သမိုင်းအဖြေထုတ်ဘို့-၊ ထိုင်းနိုင်ငံဘန်ကောက်မြို့- ၂၀၁၃ ခု မတ်လ ၉ ရက်နေ့မှာ Forum တစ်ရပ်ကျင်းပဘို့ ခွဲထွက်ရေးဝါဒီ တစ်စု စိုင်းပြင်းနေပါတယ်။ အစဉ်အလာနဲ့ တည်ခဲ့တဲ့ နယ်မြေတစ်ခုရဲ့ သမိုင်းကြောင်းကို ဖြေရှင်းဘို့ Forum တစ်ရပ် ကျင်းပတာမှာ-၊ ရခိုင်နယ်ရှိ လူမျိုးအားလုံးထဲက ပညာရှင်များကို ဖိတ်ကြားခြင်း မရှိခဲ့ပါ။ ရခိုင်လူမျိုးဆိုတဲ့ အထဲကလည်း တောင်ပိုင်းမြောက်ပိုင်း ဒေသစုံက ပညာရှင်များကို ခေါ်ယူခြင်း မရှိခဲ့ပါ။ နိုင်ငံတစ်ကာ ပညာရှင်များ ဆိုတာမှာလည်း အငြင်းပွားနေတဲ့ နှစ်ဦး နှစ်ဘက်က ပညာရှင်များ၊ ဂုဏ်သရေရှိ ပုဂ္ဂိုလ်များကို ခေါ်ယူခြင်း မရှိခဲ့ပါ။ ခွဲထွက်ရေးဝါဒီ မျက်ကန်းတစ်ချို့နဲ့ သူတို့ကို မြှောက်ပင့်ပေးနေတဲ့ နိုင်ငံခြားသား တစ်ချို့ကိုသာ ခေါ်ယူပြီး တစ်ဘက်သတ် စီစဉ်ပါတော့တယ်။
တစ်ဘက်သတ် ခိုးပြီးပြုလုပ်၊ ပြီးရင် တစ်ဘက်သတ်ကြေငြာချက်ထုတ်၊ လုပ်တဲ့ လုပ်ရပ်များက အမှန်တရားကို ချစ်သူ၊ သတ္တိရှင်တို့ရဲ့ အလုပ်မဟုတ်ဘဲ--၊ ကမ္ဘာ့အလယ်မှာ မျက်နှာပျက်ရမယ့် သူရဲဘောကြောင်သူ၊ အမှား တရားကို ကျူးလွန်သူတို့ရဲ့ ပွဲသာ ဖြစ်ကြောင်း သက်သေပြနေပါတယ်။ တစ်ကယ်တမ်း မျက်နှာပျက်စရာ ရှိရင် ရခိုင်လူမျိုးအားလုံး မျက်နှာပျက်ရမယ့် လုပ်ရပ်လည်း ဖြစ်နေပါတယ်။
ကိုယ့်ဘက်က မှန်နေရင်၊ မှန်ကန်ကြောင်းကို ရဲရဲတင်းတင်း သက်သေပြနိုင်ရင်- ဘာကိုမှ ကြောက်နေစရာ မလိုပါ၊ နှစ်ဦးနှစ်ဘက်က ပညာရှင်တွေကို ပင့်ဖိတ်ပြီး လူကြီးလူကောင်းပီပီ သက်သေထုတ်ပြလိုက်ယုံမျှသာ ဖြစ်ပါတယ်။ ပညာမဲ့ လူယုတ်မာတွေ လုပ်သလို လုပ်နေစရာ မလိုပါ။ အခုလို တစ်ဘက်သတ် ပြုလုပ်နေခြင်း ဆိုတာကိုယ်က မိမိဘက်က မှားယွင်းကြောက်လန့်နေကြောင်းကို ငွေကုန်ကြေးကျခံပြီး ကမ္ဘာ့အလယ်မှာ ၀န်ခံ လိုက်ခြင်းသာ ဖြစ်ပါတယ်။ ရွှေမှန်ရင် မှတ်ကျောက်အတင်ခံရဲရပါမယ်။ အခုတော့ ယိုသူမရှက် မြင်သူရှက် ဖြစ် ရပြီး မဆီမဆိုင်တဲ့ အပြစ်မဲ့ ရခိုင်ပြည်သူ တစ်ရပ်လုံး မျက်နှာပျက်ရတော့မယ့် အလုပ် ဖြစ်နေပါတယ်။
ဒီကိစ္စမှာ ကျွန်တော်တို့ ရခိုင်လူမျိုးအားလုံးနဲ့ မသက်ဆိုင်ကြောင်းကိုပဲ ကျွန်တော့အနေနဲ့ ကမ္ဘာ့မိတ်ဆွေများကို ပြောလိုပါတယ်။ ဒီနေရာမှာ ကျွန်တော်က အစ္စလာမ်သာသနာဝင် ဖြစ်နေလို့ ခင်ဗျားနဲ့ မဆိုင်ဘူး ဆိုပြီး ကျွန် တော့ကို ရခိုင်လူမျိုးထဲက ဖယ်ထားခွင့်မရှိပါ။ ကျွန်တော့ဘက်က ရပ်တည်နေတဲ့ ရခိုင်လူမျိုးရဟန်းသံဃာများ၊ ပြည်သူများလည်း မြောက်များစွာ ရှိနေပါတယ်။ ရခိုင်လူမျိုးအားလုံးက ကျွန်တော့ကို မထောက်ခံရင်တောင် သာမန်ရိုးရိုး လုပ်ကိုင်စားသောက်နေတဲ့ အများစုသော ရခိုင်လူမျိုးများက ကျွန်တော့ကို ထောက်ခံပြီးသား ဖြစ် နေတယ် ဆိုတာလောက်တော့--၊ မျက်ကန်းများ သိစေလိုပါတယ်။ ခွဲထွက်ရေးဝါဒီ မျက်ကန်းများ ကြားမှာ ကြားညပ်နေရတဲ့ ရဟန်းတော် တစ်ချို့ကိုယ်တိုင်က ကျွန်တော့ကို လျှို့ဝှက်ဆက်သွယ် ထောက်ခံပြီးသားပါ။ အချိန်တစ်ခုမှာ အမှန်တရားဟာ ဘွားကနဲ ပေါ်လာမှာ ဖြစ်တယ် ဆိုတာကိုပဲ-၊ မျက်ကန်းများ သိထားစေလိုပါ တယ်။
ရိုးသားတဲ့ ပြည်သူများကို အမျိုးသားရေးမှိုင်းတိုက် ခွဲထွက်ရေး စိတ်သွင်းမယ့် အဖြစ်မျိုးကိုတော့ ပြည်သူကို မသွပ်သွင်းဘို့ မေတ္တာရပ်ခံပါတယ်။ အာဏာမက် လူတစ်စုကြောင့် အပြစ်မယ့် ပြည်သူများ အသက်သွေးမြေကျ ရမယ့် အဖြစ်မျိုးကိုလည်း မဖြစ်စေလိုပါ။ ရိုဟင်ဂျာများကို မုန်းတီးဘို့ “ဓါးစာခံလုပ် လှုံ့ဆော်ရင်း” အမျိုးသားရေး စိတ်တွေဝင်လာအောင် သွပ်သွင်း- အမျိုးသားရေးတွေ အဟုန်မြင့်လာရင် - ဘိုးတော်မောင်ဝိုင်းခေတ်က ငါတို့ ရခိုင်တွေကို မျိုးပြုတ်သတ်ခဲ့တဲ့ အောက်သား (ဗမာ)တွေဆီက ခွဲပြီး အဖ နိုင်ငံ ပြန်လည်ထူထောင်မယ် ဆိုတဲ့ စိတ်ကူးယဉ်မှုကို ရခိုင်ပြည်သူများလည်း ရိပ်မိလာနေပြီ ဆိုတာလောက်တော့-၊ အာဏာရူးမျက်ကန်းများ သိစေ လိုပါတယ်။
“တစ်ဘက်သတ် -ကစားရည်လုခြင်း” “နှစ်ခမ်းတစ်ခုတည်းနဲ့ အစာစားခြင်း” တို့ဟာ ဒုက္ခိတတွေရဲ့ အလုပ်မျှသာ ဖြစ်တယ်။ ပညာဗဟုသုတ ဒုက္ခိတတွေထဲမှာ ရခိုင်လူမျိုး စစ်စစ်များ မပါဝင်ပါ။ ၂၀၁၃ ခုနှစ် မတ်လ ၉ ရက်နေ့ မှာ ပြုလုပ်မယ့် ရခိုင်သမိုင်းဆိုင်ရာ Bangkok Forum အား ရခိုင်လူမျိုးအားလုံးမှ အသိအမှတ်မပြု သကဲ့သို့ ထို Forum မှ ထွက်ပေါ်လာမယ့် အဖြေ၊ ထုတ်ပြန်ချက်များသည်လည်း ရခိုင်လူမျိုးအားလုံးနှင့် လုံးဝ မသက်ဆိုင်ပါ။
(တောင်ကုတ်မြို့မှ ဆရာတော် ဦးပညာဝံသမှ ဖုံးဆက် မေတ္တာရပ်ခံသောကြောင့် ဤစာတမ်းအား ရေးသား ထုတ်ပြန်ခြင်း ဖြစ်သည်။ တစ်ချိန်တစ်ခါတွင် ဤစာတမ်းအတွက် ဆရာတော်မှ တာဝန်ယူနိုင်သည်ဟုလည်း ၀န်ခံထားပါသည်။)
ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
မြန်မာမွတ်ဆလင် တန်းတူညီမျှ လှုပ်ရှားဆောင်ရွက်မှု အဖွဲ့
အမေရိကန်ပြည်ထောင်စု

About MPN

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
«
Next
Newer Post
»
Previous
Older Post

No comments:

Post a Comment


Top