ads

Slider[Style1]

Style2

Style3[OneLeft]

Style3[OneRight]

Style4

Style5


ဓားပြ-စိတ်
ဓမြ (ဓားပြ)တွေမှာ အရည်အချင်း တစ်ရပ် ရှိတယ်။ အဲ့ဒါက- သူမမြင်ဘူး၊ မတွေ့ဘူး၊ ဘယ်စဉ်ကမှ မသိဘူး၊ သူနဲ့ ရန်စလည်း မရှိဘူးတဲ့ လူတစ်ဦးကို ဓပြတိုက်တာနဲ့ သူဟာ အဲ့ဒီလူအပေါ်မှာ အကြီးအကျယ် စိတ်ဆိုး မာန်ဆိုးနဲ့ သတ်မယ် ဖြတ်မယ် တစ်ကဲကဲ လုပ်နိုင်တဲ့ အရည်အချင်းပါပဲ။ ဟန်ဆောင်တာ ဖြစ်ကောင်းဖြစ်မယ်- ဒါပေမယ့်- သူ့လုပ်စာလည်း မဟုတ်တဲ့ အရာတစ်ခုကို သူများဆီက ယူတဲ့အခါမှာ ဓားပြတိုက်ခံရသူက မပေး ရင်တော့ အမှန်တစ်ကယ်ကို စိတ်ဆိုးတော့တာပဲ။ အမှန်တစ်ကယ်ကို ကိုယ်ထိလက်ရောက် ရိုက်ထောင်း၊ သတ်ပစ်တော့တာပဲ။ ဓားပြတိုက်ခံရသူဟာ အသက်အရွယ်ကြီးတဲ့ သနားစရာ အဖွားအို ဖြစ်နေရင်ပြီး- ဒါလေး ကို ချမ်းသာပေးပါလို့ ငိုယိုတောင်းပန်ရင်တောင်- အဲ့ဒီဓားပြ ဆိုတဲ့ လူတွေက မဆီမဆိုင်ထွက်လာတဲ့ ဒေါသ များက ငယ်ထိပ်ထိ ရောက်သွားတော့တာပါပဲ။
ဒါတွေဟာ သာမန်ရိုးရိုးလူတစ်ယောက် လုပ်ယူလို့ မရတဲ့ စိတ်နေစိတ်ထား တစ်မျိုးပါ။ ဒါဟာ စိတ်ရောဂါ တစ်မျိုးလို့ မဆိုနိုင်ပါ။ သူတို့ကို သူတို့ထက် ကြီးတဲ့သူ (သူတို့အထက်က ဗိုလ်) တစ်ဦးက- အမိန့်ပေးလိုက်တဲ့ အတိုင်း ချက်ချင်း ပုံပြောင်းသွားပါတော့တယ်။ သေနတ်နဲ့ ပစ်အံ့ဆဲဆဲမှာတောင်- သူ့ရဲ့ အထက်လူက “မပြစ်နဲ့” လို့ အမိန့်ပေးလိုက်ရင် သေနတ်ပစ်မယ့် လက်က ရပ်သွားပါတော့တယ်။ အထက်လူ စကားကို ဖီဆန်မိသူ ဆို လို့ ရာနှုန်း အလွန်နည်းပါတယ်။
အခု- မြန်မာပြည်မှာ ဖြစ်ပျက်နေတာတွေကို ကြည့်ရင်-၊ မြန်မာပြည်က စစ်သားတွေဟာ အဲ့ဒီလို ဓားပြစိတ်တွေ လွှမ်းမိုးနေတာကို တွေ့နေရတယ်။ ကချင်ဒေသမှာ အရပ်သူ အရပ်သားဆီက လူယက်မှု၊ အဓမ္မသိမ်းပိုက်မှု၊ ရခိုင်ဒေသမှာ ရိုဟင်ဂျာတွေဆီက ငွေညှစ်မှု၊ အဓမ္မသိမ်းပိုက်မှု၊ မတန်တဆ ခြိမ်းခြောက်နှိပ်စက်မှု၊ ကိုယ်ထိ လက်ရောက် ကျူးလွန်မှုတွေအားလုံးက သူတို့တွေမှာ စစ်သားတစ်ဦးရဲ့ ဂုဏ်အင်္ဂါရပ်များနဲ့ ကင်းဝေးနေတာကို မြင်တွေ့နေရပါတော့တယ်။
တစ်ကယ်တော့- စစ်သင်တန်းမှာ အဲ့လိုမျိုး ပြုကျင့်ဘို့ သင်ခဲ့ရခြင်း မရှိသလို၊ စစ်စည်းကမ်းမှာလည်း ပြဌာန်း ထားခြင်း မရှိပါ။ အထက်အမိန့်ကို နာခံတတ်ဘို့ တစ်ခုတည်းကို ပုံဝင်အောင် သင်တန်းမောင်းပြီးမှ လက်နက် ကိုင်နည်း၊ ပစ်နည်း၊ တိုက်နည်းတွေကို သင်ခဲ့ရတာချည်းပါပဲ။ တစ်ကယ်သင်တန်းတက်ခဲ့တာ တစ်ခု၊ ဖြစ်နေ တာက တစ်ခု- ဒီတော့ မြန်မာစစ်သားတွေ၊ မြန်မာလက်နက်ကိုင် ရဲတွေမှာ ဒီစိတ်ဓါတ်တွေ ဘယ်က လာခဲ့ပါ သလဲ။ ပြောနိုင်တာ တစ်ခုက ဒါတွေအားလုံးဟာ အထက်က အမိန့်ပေးထားတဲ့ ပေါ်လစီ တွေဆီက လာတယ် ဆိုတာပါပဲ။ အပြစ်မဲ့ ပြည်သူတွေက မိမိကို အားကိုးပြီး ငိုယိုတောင်းပန်နေတာကိုတောင် သနားစိတ်၊ စာနာ စိတ် မရှိ-၊ မိမိနဲ့ ရန်သူ မဟုတ်သူကိုလည်း မဟာရန်သူကြီး ဖြစ်သလို ခံစားပြီး- ရိုက်၊ မောင်း၊ ထု၊ ထောင်း ပစ် သတ်နေတဲ့ အဆင့်ထိ ဖြစ်နေပါပြီ။
နိုင်ငံရေးအရ အမြင်မတူလို့ လက်နက်ကိုင် စစ်ပြိုင်နေတဲ့ အုပ်စုတစ်ခုကို လက်နက်ချင်း ယှဉ်တိုက်ပြီး နယ်မြေ ထိန်းချုပ်မှု ကြိုးစားရတာ၊ စစ်တိုက်ရတာ၊ အသက်ပေးရတာ တွေဟာ အပြစ်မဟုတ်သလို၊ အဲ့ဒီ လက်နက်ကိုင် တွေဆီက ပစ္စည်း ဥစ္စာများကို စစ်သုံ့အဖြစ် သိမ်းဆည်းရတာလည်း အပြစ်တစ်ရပ် မဟုတ်ပါ။ ဒါပေမယ့် အပြစ် မယ့် ကချင်ပြည်သူများနဲ့ အထူးသဖြင့် လက်နက်ကိုင်တော်လှန်နေခြင်း မရှိဘဲ တစ်ဘက်သတ် လက်နက်မဲ့ အနိုင်ကျင့်ခံနေရတဲ့ ရိုဟင်ဂျာများဆီက ကျွဲ၊ နွား၊ ဆိတ်၊ ကြက် ပါမကျန် ရှိသမျှ ဥစ္စာပစ္စည်းများကို သိမ်းပိုက် ခြင်း၊ ဆက်ကြေးတောင်းခြင်း၊ ပေါ်တာဆွဲခြင်းများ ပြုလုပ်နေခြင်းဟာ စစ်ဥပဒေ အရကိုယ်က အပြစ်ရှိနေပါ တယ်။ ဥပဒေ ဖေါက်ဖျက်ခြင်းကို ဥပဒေ ဖေါက်ဖျက်ခြင်းလို့ မမြင်ဘဲ- ဥပဒေ ဖေါက်ဖျက်သူများကို အရေးမယူ ဘဲ ရမ်းချင်သလို ရမ်းနိုင်အောင် လွှတ်ပေးထားခြင်းသည်လည်း ရာဇ၀တ်မှုထဲမှာ ပါဝင်နေပါတယ်။
ကချင်ပြည်သူများသည် ရန်သူများ ဟုတ်မဟုတ်၊ ရိုဟင်ဂျာများသည် တိုင်းရင်းသား ဟုတ်မဟုတ်- အောက်ခြေ စစ်သားများ မသိပါ။ သိရန်လည်း မလိုအပ်ပါ။ အောက်ခြေစစ်သားများဟာ သမိုင်းသုတေသီ ပညာရှင်များ လည်း မဟုတ်ပါ။ သူတို့ဟာ သူတို့အပေါ်က အမိန့်ပေးတဲ့ အတိုင်းပဲ လုပ်နေကြရတဲ့ သူများ ဖြစ်နေပါတယ်။ သူတို့ကို အမိန့်ပေးတဲ့ အထက်အရာရှိက စစ်ဥပဒေ အတိုင်း စစ်စည်းကမ်းနဲ့ အညီ အမိန့်ပေးရင်လည်း သူတို့ နာခံရမယ်၊ သူတို့ဆီက ဓားပြတိုက်သလို ဥစ္စပစ္စည်းများကို သိမ်းပိုက်၊ ဆက်ကြေးတောင်းခိုင်းရင်လည်း သူတို့ နာခံရမှာသာ ဖြစ်ပါတယ်။
နိုင်ငံတော် နာမည်ခံထားတဲ့ စစ်တပ်တစ်ရပ် ဖြစ်နေပြီး- စစ်ဥပဒေများကို ချိုးဖေါက် လုယက်နေရတဲ့ အဖြစ်ကို ပုံသွင်းနေတဲ့ သူများမှာသာ တာဝန်ရှိပါတယ်။ ဒါတွေဟာ အပေါ်ပိုင်းက ဓားပြစိတ် ၀င်နေလို့သာ ဖြစ်ရတယ် လို့ ဆိုနိုင်ပါတယ်။ ကချင် ပြည်သူများသည် သူပုန်နဲ့ ပတ်သက်သလား၊ မပတ်သက်သလား နောက်မှ ရှင်း၊ အခု လောလောဆယ် သူတို့ ဥစ္စာပစ္စည်းများကို အရင်သိမ်း၊ ရသလောက် ယူလိုက် ဆိုတဲ့ စိတ်ဓါတ်မျိုး၊ ရိုဟင်ဂျာ များသည် တိုင်းရင်းသား ဟုတ် မဟုတ် နောက်မှရှင်း လောလောဆယ် သူတို့ဆီက ဥစ္စာပစ္စည်းများကို ရသ လောက်ယူလိုက်-၊ နောက်ဆုံး ပြသနာတွေ ရှင်းပြီးသွားတဲ့ အခါ-၊ စစ်ကာလ မှားခဲ့တာတွေ အတွက် ဆော်ရီးပဲ ဆိုတဲ့ စကားတစ်လုံးနဲ့ ချေပ လိုက်မယ်-၊ ဆိုတဲ့ အပြုအမူကိုလည်း ထင်ထင်ရှားရှား တွေ့နေရပါတယ်။
ခေါင်းကြီးပိုင်း ကိုယ်တိုင် ဒီလို ဓားပြ စိတ် တွေ ရှိနေရင်- ပြည်ထောင်စု တစ်ခုကို ဘယ်လို ထူထောင်မလဲ၊ အနာဂါတ် မြန်မာပြည်ရဲ့ ကံကြမ္မာကို ဘယ်လို သမိုင်းရေးနိုင်မလဲ-၊ ဆိုတဲ့ အချက်က မတွေးဝံ့စရာပါ။ ကမ္ဘာ ပေါ်မှာ ဂုဏ်သိက္ခာရှိတဲ့ ပြည်ထောင်စု တစ်ခု ဖြစ်လာဘို့ကို ထားတော့- ကိုယ့်သိက္ခာကိုတောင် ကိုယ်ဘယ်လို အဖတ်ဆယ်ရမလဲ- မသိလောက်အောင် တုံးအ အမိုက်မှောင်စီးနေတဲ့ လူတစ်စုက တိုင်းပြည်ကို ဦးဆောင် နေပါကလားလို့ စိတ်မသက်မသာ ဖြစ်ရပါတော့တယ်။ ရှောင်ထွက်မရနိုင်တဲ့ အမှုတွေကတော့ တန်းစီနေပါပြီ။

ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
မြန်မာမွတ်ဆလင် တန်းတူညီမျှ အခွင့်အရေး လှုပ်ရှားဆောင်ရွက်မှု အဖွဲ့
အမေရိကန် ပြည်ထောင်စု

About MPN

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
«
Next
Newer Post
»
Previous
Older Post

No comments:

Post a Comment


Top