ads

Slider[Style1]

Style2

Style3[OneLeft]

Style3[OneRight]

Style4

Style5



လယ်ယာကော်မတီ ဖွဲ့စည်းလျှင် ရိုဟင်ဂျာတွေ ပါဝင်ခွင့်မရှိ

လယ်ယာကော်မတီ ဖွဲ့စည်းလျှင် ရိုဟင်ဂျာတွေ ပါဝင်ခွင့်မရှိ


MMM
၀၃ ဖေဖော်ဝါရီလ ၂၀၁၃

သတင်း – ပာဆီနာပာ် (မြန်မာမွတ်စလင်မီဒီယာ)
ရန်ကုန်၊ ဖေဖော်ဝါရီ ၂
မောင်တောခရိုင်မှာ ရှိတဲ့ကျေးရွာတိုင်းမှာ လယ်ယာကော်မတီ ဖွဲ့စည်းမယ်လို့ သိရပါတယ်။ ဒါပေမယ့် ရိုဟင်ဂျာတွေ အနေနဲ့ ပါဝင်ခွင့်မရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
မောင်တောခရိုင်မှာ လယ်ယာကော်မတီ ဖွဲ့စည်းပါက ရခိုင်လူမျိုးတွေသာ ပါဝင်ခွင့်ရမယ်လို့ ဒေသခံတွေက ဆိုပါတယ်။ လယ်ယာကော်မတီကနေ လယ်ယာနဲ့ ပတ်သက်တဲ့ ကိစ္စအဝဝကို တာဝန်ယူဆောင်ရွက်ပေးမယ်လို့ သိရပါတယ်။ ဒါပေမယ့် ရိုဟင်၈ျာတွေအနေနဲ့ လယ်ယာကော်မတီထဲ ပါဝင်ခွင့်မရှိဘူးလို့ သိရပါတယ်။ ဒီလို ပါဝင်ခွင့်မရဘူးဆိုရင် ရိုဟင်ဂျာတွေအနေနဲ့ လယ်ယာကိစ္စတွေမှာ နစ်နာမှုတွေ ကြုံတွေ့နိုင်တယ်လို့ ​ဒေသခံတွေက ဆိုပါတယ်။
“ခုတောင် ကျွန်တော်တို့ လယ်မြေတွေ သူတို့သိမ်းပြီး လုပ်စားနေကြတာ။ လယ်ယာကော်မတီ ဖွဲ့ပြီးရင် ပိုပြီးနစ်နာနိုင်တယ်” လို့ မောင်တောဒေသခံ တစ်ဦးကဆိုပါတယ်။
၂၀၁၂ ခုနှစ် ဇွန်လမှာ ဖြစ်ပွားခဲ့တဲ့ ရခိုင်အရေးခင်းမှာ အမှတ် ၅၅၁ ၊ အမှတ် ၃၅၂ ၊ အမှတ် ၅၆၄ တပ်ရင်း သုံးခုက ရိုဟင်ဂျာလယ်မြေတွေကို သိမ်းဆည်းပြီး စပါးစိုက်နေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ရိုဟင်ဂျာတွေ အနေနဲ့အဓိက လုပ်ကိုင်းစားသောက်ရတဲ့ လယ်ယာလုပ်ငန်းကို ဆုံးရှုံးသွားတာကြောင့် စားဝတ်နေရေးလဲ ခက်ခဲလာတယ်လို့ သိရပါတယ်။
ဒါအပြင် ထိုစပါးစိုက်ကွက်တွေမှာလည်း ရိုဟင်ဂျာတွေကို လုပ်အားပေးအနေနဲ့ တစ်နေ့ကို ဆယ်ယောက်နီးပါး ​ခေါ်ယူခိုင်းစေတာတွေလဲ ရှိနေပါတယ်။ လုပ်အားပေးခေါ်ယူသူတွေကိုလဲ ထမင်းတစ်နပ်တောင် မကျွေးပဲ မနက် (၇)နာရီကနေ ည(ဂ)နာရီထိ ခိုင်းစေတာဖြစ်ပါတယ်။ လုပ်အားပေး လုပ်ကိုင်ရသူတွေ အနေနဲ့ ကိုယ့်ထမင်းထုပ် ကိုယ် ယူလာရတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ခိုင်းစေရာမှာလဲ တပ်တွင်း လုပ်ငန်းတွေကိုပါ လုပ်ဆောင်ရတာ ဖြစ်ပါတယ်။ အိမ်သာသန့်ရှင်းရေး ၊ အိမ်သန့်ရှင်းရေး၊ ၀က်စာကောက်၊ ၀က်စာကျွေးတာတွေကိုပါ ရိုဟင်ဂျာတွေကို ခိုင်းစေတာဖြစ်ပါတယ်။ ခိုင်းစေတာကို ငြင်းဆန်ပါက ရွာပါမီးရှို့တယ်လို့ ဒေသခံတွေကဆိုပါတယ်။

About MPN

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
«
Next
Newer Post
»
Previous
Older Post

No comments:

Post a Comment


Top