ads

Slider[Style1]

Style2

Style3[OneLeft]

Style3[OneRight]

Style4

Style5


ရိုဟင်ဂျာတွေ ကျေးရွာ အုပ်ချုပ်ရေးမှူး တာဝန်ယူပါက လစာနဲ့ အခြား အထောက်အပံ့တွေ မပေး

၃၀ ဇန်န၀ါရီလ ၂၀၁၃
MMM
သတင်း – အမ်တီ
ရန်ကုန်၊ဇန်န၀ါရီ ၂၇

ရိုဟင်ဂျာတွေ ကျေးရွာအုပ်ချုပ်ရေးမှူး တာဝန်ယူပါက လစာနဲ့ အခြားအထောက်အပံ့တွေ မပေးနိုင်ဘူးလို့ မောင်တောခရိုင် ဥက္ကဋ္ဌအောင်မင်းစိုးက ခ.ရ.က ရုံး စည်းဝေးပွဲမှာ ပြောကြားခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။
“အစည်းဝေးပွဲမှာ မင်းတို့ ဘင်္ဂါလီတွေက နိင်ငံခြားသားတွေပဲ။ မင်းတို့က အစိုးရကောင်းလို့ အခွန်မဆောင် ရတာ။ ဒါကြောင့်မင်းတို့ ရ.ယ.က ဥက္ကဋ္ဌ မဖြစ်နိုင်ဘူးလို့ ပြောခဲ့တယ်” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
ရခိုင်ပြည်နယ် ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်တဲ့နေရာမှာ ရခိုင်လူမျိုးတွေကိုသာ အဓိကထားရွေးချယ် သွားမယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။ ကျေးရွာတစ်ရွာလုံးမှာ ရခိုင်လူမျိုး တစ် ရာခိုင်နှုန်းပဲ ရှိရင်တောင် ရခိုင်လူမျိုးကိုသာ ရွေးချယ်မယ်လို့ ဆိုပါတယ်။ ရခိုင်လူမျိုးလုံးဝမရှိတဲ့ ရိုဟင်ဂျာ ကျေးရွာတွေမှာတော့ ရိုဟင်ဂျာတွေကို ကျေးရွာအုပ်ချုပ်ရေးမှူး ခန့်အပ်ပေမယ့် လစာနဲ့တခြား အထောက်အပံ့ လုံးဝ မပေးဘူးလို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။
ဒီလိုအစိုးရရဲ့ လစာခံစားခွင့် မရှိဘူးဆိုတာ ရိုဟင်ဂျာတွေကို နိုင်ငံခြားသားအဖြစ် သက်မှတ်တာကြောင့် ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ဒီလိုရွေးချယ်မှု အပေါ်မှာလဲ ရိုဟင်ဂျာတွေအနေနဲ့ ပါဝင်ပတ်သက်ခွင့်၊ ပြောဆိုခွင့်၊ စွက်ဖက်ခွင့်လဲ မရှိဘူးလို့​ ဒေသခံတွေထံမှ သိရပါတယ်။

About MPN

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
«
Next
Newer Post
»
Previous
Older Post

No comments:

Post a Comment


Top