ads
Slider[Style1]
Style2
Style3[OneLeft]
Style3[OneRight]
Style4
Style5
ရိုဟင်ဂျာကျေးရွာထဲကျုးကျော်သူတစ်ချို့ ဖမ်းဆီးရမိ
၀၇ ဇန်န၀ါရီလ ၂၀၁၃
သတင်း - ဟစီနာဟ် ( မြန်မာမွတ်စလင်မ် မီဒီယာ – MMM)
ရန်ကုန်၊ဒီဇင်ဘာ(၇)ရက်                                                                     
ရခိုင်ပြည်နယ်၊စစ်တွေလမားရှည်ရိုဟင်ဂျာကျေးရွာကို ရခိုင်လူမျိုးတွေ အလုံးအရင်းနဲ့  ဒီဇင်ဘာခြောက်ရက်နေ့ က ၀င်ရောက်လာခဲ့ တယ်လို့  ဒေသခံတစ်ဦးကဆိုပါတယ်။
ရိုပာင်ဂျာတွေနေတဲ့ စစ်တွေလမားရှည်ကျေးရွာကို ရခိုင်လူမျိုးတစ်ရာ့ ငါးဆယ်ခန့် က ဒီဇင်ဘာခြောက်ရက်နေ့ ညဆယ်နာရီဝန်းကျင်လောက်မှာ ကျုးကျော်ဝင်ရောက်ခဲ့ ပါတယ်။ကျုးကျော်သူဆယ်ယောက်မှာ စစ်တပ်ယူနီဖောင်းနဲ့  ဖြစ်ပြီးကျန်သူတွေကတော့  အရပ်ဝတ်နဲ့ သာဖြစ်ပါတယ်။
            “ရခိုင်တွေတစ်ရာ့ ငါးဆယ်လောက်ဝင်လာပြီးတော့  ဒီထဲမှာအလ္လာလ်ခေါ်တဲ့ သူဘယ်သူတွေရှိလဲကုလားကားကြည် လား ဗမာကားကြည့် လားဆိုပြီးမေးတယ် ။ရိုဟင်ဂျာတွေက ဗမာကားရော ကုလားကားရောနှစ်မျိုးလုံးကြည့် တယ်လို့ ပြန်ဖြေလိုက်တယ်”လို့ ဒေသခံတစ်ဦးကဆိုပါတယ်။
ရိုဟင်ဂျာတွေက ကျုးကျော်ဝင်ရောက်သူတွေကို ဘာအတွက်ကျုးကျော် ၀င်ရောက်တယ်လို့ မေးတဲ့ အခါ ရခိုင်လူမျိုးတွေက နွားပျောက်လာရှာတာပါလို့  ပြန်လည်ဖြေကြားပေးခဲ့ တယ်လို့ ၎င်းဒေသခံတစ်ဦး ကိုပြောပါတယ်။ရိုဟင်ဂျာကျေးရွာ မှဒေသခံတစ်ဦးက နွားပျောက်ရှာတာ လူအများကြီးလိုလို့ လားလို့ မေးတဲ့ အခါမှာလည်းမေးတဲ့ သူကိုပါ ၀င်တိုးထွက်ပြေးသွားတာမျိုး ပါပြုမူခဲ့ကြတယ်လို့ သိရပါတယ်။
ဖမ်းဆီးမိသူသုံးဦးထဲမှ တစ်ဦးသာ တပ်မတော်သားဖြစ်တယ်လို့ သိရပြီးကျန်နှစ်ဦးကတော့ အရပ်သားလို့ ဆိုပါတယ်။ အဆိုပါဖမ်းဆီးမိသူသုံးဦးကို ဒီဇင်ဘာခုနစ်ရက်နေ့ မနက်တစ်နာရီဝန်းကျင်မှာ စစ်တွေမြို့  ၈၁၈ ဆက်သွယ်ရေးတပ်ရင်းကိုပို့ ဆောင်အပ်နှံခဲ့ ပါတယ်။ ဖမ်းဆီးမိသူသုံးဦးဆီမှ ဓားရှည်နှစ်လက်၊ဓားတိုတစ်လက်၊ဂျင်ကလိသုံးလက် သိမ်းဆည်းရမိခဲ့ တယ်လို့ လည်းသိရပါတယ်။
စစ်တွေလမ်းမရှည်ကျေးရွာမှာ ရိုဟင်ဂျာလူမျိုးသုံးထောင့် သုံးရာကျော်နေထိုင်လျက်ရှိတယ်လို့ သိရပါတယ်။
About MPN
This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
«
Next
Newer Post
»
Previous
Older Post
No comments:
Post a Comment
Top