ads

Slider[Style1]

Style2

Style3[OneLeft]

Style3[OneRight]

Style4

Style5



ရိုဟင်ဂျာဒုက္ခသည် စခန်းတွေအတွက် ၀ယ်ယူလာသည့် စားနပ်ရိက္ခာများ လုယူသိမ်းဆည်း


၂၂ ဇန်န၀ါရီလ ၂၀၁၃

သတင်း – ဟစီနာဟ် (မြန်မာမွတ်စလင်မ် မီဒီယာ – MMM)
ရန်ကုန်၊ ဇန်န၀ါရီ ၂၀ ရက်
ရခိုင်ဘုန်းကြီးတွေက ရိုဟင်ဂျာဒုက္ခသည် စခန်းတွေအတွက် ၀ယ်ယူလာသည့် စားနပ်ရိက္ခာတွေကို အ၀ယ်တော်တွေထံမှ သိမ်းဆည်းသွားခဲ့သည်ဟု သိရပါသည်။
သိမ်းဆည်းသွားသည့် အခါမှာလည်း ရခိုင်ဘုန်းကြီးတွေက အီရန်ကမင်းတို့ အဖေတွေလာတယ်၊ မင်းတို့ အဖေတွေပေးတာကိုပဲစား ငါတို့ ဆီကဟာကို မစားနဲ့လို့ကွဟု ကြွေးကြော်မှုပါ ပြုလုပ်ခဲ့တယ်လို့ ဒေသခံပြည်သူတစ်ချို့က ပြောပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီးနဲ့ ပါလီမန်အမတ်တွေ ဇန်န၀ါရီ ၁၅ ရက်နေ့က ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေဆီကို သွားရောက် ကြည့်ရှုပြီးနောက်ပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပါသည်။ စစ်တွေမြို့ မီးစက်ကွက်ဆုံနားမှာ ရခိုင်ဘုန်းကြီးအပါးနှစ်ရာခန့်က ဒုက္ခသည် စခန်းတွေဆီလာတဲ့ ရိက္ခာတွေကို ကြားဖြတ် သိမ်းယူမှုတွေ ပြုလုပ်နေတာ ဖြစ်ပါသည်။ သိမ်းယူသွားခဲ့သည့် ပစ္စည်းတန်ဖိုးများက ကျပ်သိန်းလေးရာငါးဆယ်ခန့် ရှိပါသည်။ ဆိုင်ကယ်ကယ်ရီ၊ ဒိုင်နာတွေနဲ့ရောက်ရှိ လာတဲ့ ပစ္စည်းတွေ အားလုံး ကိုသိမ်းဆည်းသွားခဲ့တာ ဖြစ်တယ်လို့ စစ်တွေဒေသခံ တစ်ဦးကဆိုပါသည်။
ရိုဟင်ဂျာတွေအနေနဲ့ ဒုက္ခသည်စခန်းကနေ အပြင်ထွက်ခွင့် မရှိတာကြောင့် ရခိုင်အ၀ယ်တော် တစ်ရာ့ခြောက်ယောက် ထားရှိပြီး ဒုက္ခသည် စခန်းတွေအတွက် ရိက္ခာကို မှာယူရတာဖြစ်ပါသည်။ စစ်တွေ မီးစက်ကွက်ဆုံနားမှာ စစ်တပ်၊ ယာဉ်ထိန်းရဲတွေ ရှိနေပေမယ့်လည်း တားဆီးခြင်း မပြုကြဘူးလို့ သိရသည်။ ဘုန်းကြီးတွေနဲ့ အတူ မင်းဂံရွာသားမောင်စောနိုင်လည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

About MPN

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
«
Next
Newer Post
»
Previous
Older Post

No comments:

Post a Comment


Top