ads

Slider[Style1]

Style2

Style3[OneLeft]

Style3[OneRight]

Style4

Style5


Rohingya007
Add caption

သတင်း – ဟစီနာဟ် (မြန်မာမွတ်စလင်မ် မီဒီယာ -MMM)
ရန်ကုန်၊ ဇန်နဝါရီ ၂၂


ရိုပာင်ဂျာတို့ စီးပွားရေး အာဏာပိုင်များ ထပ်မံတင်းကျပ်


ရခိုင်ပြည်နယ်၊ မြောက်ဦး၊ ပေါက်တောကျေးရွာများတွင် တစ်ရွာနှင့် တစ်ရွာ လှည့်လည်ဈေးရောင်း အသက်မွေး ၀မ်းကြောင်းတဲ့ ရိုဟင်ဂျာ လူမျိုးတွေကို သက်ဆိုင်ရာကျေးရွာ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေ ထံမှာ ထောက်ခံချက် ရယူရတယ်လို့သိရပါတယ်။
ထောက်ခံချက် မပါတဲ့သူတွေကို ဖမ်းတယ်၊ သွားရင်လဲ ထောက်ခံချက် ယူရတယ်၊ ပြန်ရင်လည်း အကြောင်းကြားရတယ်၊ တော်တော် အနေရကြပ်တယ်။
လို့ပေါက်တောဒေသခံ တစ်ဦးကဆိုပါသည်။
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှာ ရှိတဲ့ကျေးရွာတွေက ရိုဟင်ဂျာတွေ တစ်ရွာနဲ့တစ်ရွာ ကူးသန်းရာမှာ ထောက်ခံချက် ရယူတာဟာ တစ်ပတ်ဝန်းကျင်ပဲ ရှိပါသေးတယ်။ အရင်အချိန်တွေတုန်းကတော့ ဒီလိုထောက်ခံချက် မျိုးယူစရာမလိုပဲ ရိုဟင်ဂျာလူမျိုးအားလုံး ကိုင်ဆောင်ရတဲ့ပုံစံ (၄)သာ လိုအပ်ပါတယ်လို့ သိရပါတယ်။
ဒီလိုကျေးရွာအုပ်ချုပ်ရေးမှူးတွေ ထံမှထောက်ခံချက် ရယူရာမှာလည်း ထောက်ခံစာ တစ်စောင်လျှင် ကျပ်နှစ်ရာပေးရတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။ သက်တမ်းကတော့ တစ်ရက်ဖြစ်ပါတယ်။ ထောက်ခံချက် မယူပဲနယ်ကျွံမိရင်တော့ ဒဏ်ကြေးကျပ် တစ်ထောင်ကနေ ကျပ်နှစ်ထောင်ထိ ပေးဆောင်ရပါတယ်။ တစ်ခါတလေ ရိုက်နှက်မှုတွေပါကြုံရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒီလိုရိုဟင်ဂျာတွေကို ထောက်ခံချက် ရယူမှုတွေကို အထက်က ခိုင်းစေခဲ့တာကြောင့် ဖြစ်တယ်လို့ အုပ်ချုပ် ရေးမှူးတွေကပြောပါတယ် လို့ဒေသခံတွေက ဆိုပါတယ်။ ဒေသခံတွေ အနေနဲ့တစ်နေ့ရောင်းရငွေမှာ ကျပ်ငါးရာဝန်းကျင်သာ ရှိတဲ့အတွက် ကျပ်နှစ်ရာနဲ့ ယူရတဲ့ထောက်ခံစာကို မယူလိုကြပါဘူးလို့ ဒေသခံတွေက ဆိုပါတယ်။ ဒီလိုထောက်ခံချက်ပေါက်တောမှာ ရယူနေရတာ တစ်ပတ်ဝန်းကျင်ခန့် ရှိပြီးလို့ သိရပါတယ်။ မင်းပြားဘက်မှာတော့ ထောက်ခံချက်ရယူနေရတာ တစ်လဝန်းကျင်ခန့် ရှိပြီးလို့သိရပါတယ်။
ရိုပာင်ဂျာတွေကို အခုလို ဖိနိုပ်ခံနေရချိန်မှာ ရခိုင် ဗုဒ္ဓဘာသာတွေကတော့ လွတ်လပ်စွာ ကူးသန်းသွားလာ ရောင်းဝယ်ဖောက်ကားခွင့် ရနေပါတယ်။

About MPN

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
«
Next
Newer Post
»
Previous
Older Post

No comments:

Post a Comment


Top