ads

Slider[Style1]

Style2

Style3[OneLeft]

Style3[OneRight]

Style4

Style5

သွေးဖြင့်ဆုံးဖြတ်သည် ဆိုသည့် ၈၂ နိုင်ငံသားဥပဒေသည် ဖက်ဆစ်နာဇီ ဥပဒေမျိုးလော ?

ဦးဦးမှော်ဆရာ
ဒီဇင်ဘာ (၁၄) ၂၀၁၂
မြန်မာသံတော်ဆင့်စာမျက်နှာမှ 
သွေးနဲ့စပ်ပြီးတော့ နိုင်ငံသားဖြစ်ခွင့် ဆုံးဖြတ်တယ်ဆိုတာကို မိတ်ဆွေတို့ ဘယ်လိုနား လည်ကြ သလဲဗျို့.. မြန်မာနိုင်ငံဟာ သွေးနဲ့ ဆုံးဖြတ်တဲ့နိုင်ငံဖြစ်တယ်လို့ ဦးခင်ရီက ပြောလိုက်ပါပြီ ။ ဒီလိုဆုံးဖြတ် တဲ့ နိုင်ငံတွေ ကမ္ဘာပေါ်မှာ အများကြီး ရှိပါတယ် တဲ့။ လုပ်ချလိုက်ပြန်ပြီ ၀န်ကြီးရာ ။ အခန့်မ သင့် ရင် ကျနော် မှော်ဆရာလည်း ယိုးဒယားလူမျိုးအဖြစ် ကျမ်းကျိန် စရာမလိုဘဲ လူမျိုးပြောင်း ခံရပြီး မောင်း ထုတ်နေမှဖြင့ှ် ဒုက္ခ.. ကျနော်သိ သလောက် နိုင်ငံအများစုမှာ နိုင်ငံသားအဖြစ် စဉ်းစားတဲ့ အခါ ထိုပု ဂ္ဂိုလ်မွေးဖွားရာ နိုင်ငံ (jus Soli) ဒါမှမဟုတ် ထိုပုဂ္ဂိုလ်မွေးဖွားစဉ်က မိဘနှစ်ပါး နိုင်ငံသား ဖြစ်မှု (jus sanguinis) ဥပဒေတွေအပြင်၊ မျိုးဆက်နဲ့ စဉ်းစားတာတွေလည်း ရှိပါတယ်။ ဦးခင်ရီပြောသလိုသာဆိုရင် ဘယ် သူနဲ့မှသွေးမနှောဘဲ လူမျိုးတစ်စုထဲ သီးသန့်ကြီး ရှိနေသလားဆိုတာ သိရအောင် ၀န်ကြီးမင်းကိုပဲ အရင်ဆုံး စစ်ဆေးကြည့်သင့် တယ်။ တမျိုးတော့ မထင်လိုက်ပါနဲ့။ တိုင်းပြည်အကျိုးအတွက် မို့ပါ .. ၀န်ကြီးမင်းရဲ့ အပြင်ပန်းသဏ္ဍာန်ကို ကြည့်ရင် အသားရောင်က Indian နဲ့ ပိုနီးစပ်ပေမဲ့၊ မျက်လုံးကတော့ Chinese.. အဲ စိတ်ဓါတ်ကတော့ မြန်မာမှ မြန်မာပဲ။ ဒီတော့သေချာအောင် ၀န်ကြီးမင်းကစပြီး မျိုးဆက်သွေးကိုစစ်ကြည့် တာ ပိုကောင်းလိမ့်မယ်။

တော်ကြာ ၁၉၇၈ ခုနှစ်က ရိုဟင်ဂျာတွေကို ကမ္ဘာကျော်သွားအောင် လုပ်ပေးခဲ့တဲ့ နဂါးမင်းစစ်ဆင်ရေးကို အစအဆုံးအဓိကဦးစီးပြီး မွတ်ဆလင်တွေကိုနှိပ်ကွပ်မောင်းနှင်ခဲ့တဲ့ ရခိုင်ပြည်နယ်ကောင်စီဥက္ကဌဟောင်း ဗိုလ်မှူးကျော်မောင်လိုဖြစ်နေပါဦးမယ်။ ဗိုလ်မှူးကျော်မောင်နဲ့သူ့မိန်းမစ်ယောက်လုံးကတကယ့်ဘင်္ဂလား ဒေ့ရှ်နိုင်ငံသားတွေ..၊ ၁၉၉၀ ရွေကောက်ပွဲမှာကိုယ်စားလှယ်အဖြစ်ဝင်ပြိုင်ဖို့ နိုင်ငံသားအစစ်ဆေးခံတဲ့အခါ ကျမှ ဘင်္ဂါလီ ရခိုင်စစ်စစ်ကြီး ဖြစ်တယ်ဆိုတာပေါ်သွားလို့ ၀င်ပြိုင်ခွင့်မရခဲ့ဘူးလေ..။

ကျနော်တို့ ပြည်သူတွေဆိုတာ ၀န်ကြီးမင်းလို ဒီကိစ္စနဲ့ပက်သက်ပြီး professional မဟုတ်တော့ ကမ္ဘာပေါ် မှာ အဲဒီလို သွေးနဲ့ နိုင်ငံသားဖြစ် မဖြစ်ဆုံးဖြတ်တဲ့ နိုင်ငံ တကယ်ရှိလား ၊ မရှိဘူးလား ဆိုတာမသိဘူးပေါ့.. ဒါပေမဲ့ သေချာသိတာတစ်ခုတော့ ရှိတယ်ဗျ။ နာဇီပါတီအာဏာရလာပြီးနောက် ဂျူးလူ မျိုးတွေ ကို ခွဲခြားနှိပ်ကွပ် ဆက်ဆံဖို့အတွက်ရည်ရွယ်ပြီး ခုဝန်ကြီးမင်းပြောသလိုပဲ သွေးနဲ့ နိုင်ငံသားဖြစ် မဖြစ် ဆုံးဖြတ် တဲ့လို့ ဥပဒေအသစ် ထုတ်ခဲ့ပါတယ်ဗျ ။ ကျနော်တို့ နိုင်ငံသား ဥပဒေက နာဇီဥပဒေနဲ့ တူနေတာ ဂုဏ်ယူ စရာပဲနော် ၀န်ကြီး .. ။ အဲဒီဥပဒေထွက်လာပြီး ယခင်ထဲကရှိနေတဲ့ ဂျူးတွေဟာ ဒုတိယတန်းစားနိုင်ငံ သားတွေဖြစ်သွားပြီး တဖြေးဖြေးနဲ့ အစိုးရ၀န်ထမ်းဖြစ်ခွင့်တွေ ၊ ပညာသင်ကြားခွင့်တွေ ပိတ်ပင်ခံလာရပါ တယ်။ နောက်ဆုံး စစ်ကြီးဖြစ်လာတာ့ အခွင့်ကောင်းယူပြီး ရက်စက်စွာ genocide လုပ်တာပါ ခံခဲ့ရပါတော့ တယ်။ ဒါတွေလဲ ၀န်ကြီးမင်းသိပြီးသားတွေပါ။

Nuremberg Laws on Reich Citizenship, 1935 = Union of Bumar Citizenship Acts, 1982
နောက်ပြီးဟင်္သာစီမံချက်တွေ၊နဂါးမင်းစစ်ဆင်ရေးတွေအကြောင်းထည့်ပြောသွားတော့ အဲဒီတုန်းကနိုင်ငံ ခြားသားဘင်္ဂါလီတွေများရောပြီးဝင်ရောက်လာသေးလားလို့ကျနော်လည်း မဆီမဆိုင်စိုးရိမ်စွာနဲ့ ပြန်လေ့ လာကြည့်မိပါတယ်။ အဲဒီတော့မှ ၀န်ကြီးမင်းတို့က ကျနော်တို့ရဲ့ယုံကြည်မှုကို အခွင့်ကောင်းယူပြီးလိမ်ညာ ရက်တယ်လို့ဝမ်းနည်းပက်လက် ဖြစ်သွားရပါတော့တယ်..။ ကြည့်ပါဦး။ အဲဒီတုန်းက မြန်မာစစ်တပ်ရဲ့ ဒဏ်ကြောင့်ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားတဲ့သူတွေကို ပြန်လက်ခံတဲ့အခါမှာ ရိုဟင်ဂျာလူမျိုး များအဖြစ် လက်ခံခဲ့တာတဲ့။ ဒါနဲ့များအဲဒီနာမည်နဲ့လူမျိုးတခါမှမရှိပါဘူး၊ ဒီကလူတွေမဟုတ်ပါဘူးနဲ့ ခုတမျိုး တော်ကြာတမျိုးနဲ့ အရူးချီးပန်းလျောက်ပြောရင်း လူထုကိုအိပ်မက်တွေပေးပြီးအပျော်ကြံခဲ့တာပေါ့လို့ သဘောပေါက်လိုက်ပါတယ်ခင်ဗျာ ..။

(ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားသူများကို ဟင်္သာစီမံချက်ဖြင့် ပြန်လက်ခံခဲ့သော သက်သေခံစာ)

ကဲဗျာ .. အချိန်မရှိသေးလို့လောလောဆယ် ဒီလောက်ပဲ။ ဆက်လာပါဦးမယ် ။ stateless ဆိုတာ ဘာလဲ။ ဘယ်လိုကြောင့် stateless persons တွေ ဖြစ်လာတာလဲ ။ Rohingya ဟာ ဘယ်လို stateless မျိုးလဲ။ UNHCR မဟာမင်းကြီးက ဦးသိန်းစိန်ရဲ့စကားကိုဘာကြောင့်ပယ်ချခဲ့တာလဲ။ တွေးစရာတွေသိချင်စရာ တွေ အများကြီး .. အဲဒါတွေကိုသိထားမှ လက်တွေ့ကျတဲ့အဖြေကို အကောင်းဆုံး ပံ့ပိုးနိုင် လိမ့်မယ်လို့ ယုံကြည် တယ်။

About MPN

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
«
Next
Newer Post
»
Previous
Older Post

No comments:

Post a Comment


Top