ads

Slider[Style1]

Style2

Style3[OneLeft]

Style3[OneRight]

Style4

Style5

ရခိုင်အစွန်းရောက်များကြောင့် မီးလောင်ခံရသော မင်းပြားမြို့တစ်နေရာ

သက်သေမပြနိင်ပဲ အစ္စလာမ်ဘာသာဝင်များကို မင်းပြားတွင် တရားစွဲရန်စီစဉ်
MMM
နာဂရာပေါက်တော ဒုက္ခသည်စခန်းရှိ အစ္စလာမ်ဘာသာဝင် ၅ ဦးအား  ကုလားမြုပ်ကွင်းကွမ်းစိုက်ခင်းရှိ ရခိုင်တစ်ဦးကို မြားစူးဖြင့် တိုက်ခိုက်သည်ပာူသော အထောက်အထားမဲ့တိုင်ကြားချက်ကို လက်ခံကာ အမှုဖွင့်ခွင့်ပြုပြီး မင်းပြားတရားရုံးတွင်စစ်ဆေးတော့မည်ဖြစ်ကြောင်း ဒေသခံတစ်ဦးက myanmarmuslim.net သို့ ယခုလ ၁၉ ရက်နေ့တွင် သတင်းပေးပို့သည်။
“မင်းပြားရဲတပ်ဖွဲ့ က ဒုရဲအုပ်စိုးနိင်နဲ့ ရဲဘော်တစ်ယောက် လာပြောတယ်၊ ၁လပိုင်းမှာရုံးတင်စစ်မယ်လို့လာပြောတာ၊ပန်းမြောင်းရွာသားတစ်ယောက်က သူ့ကို ဒီကလူတွေက လေးခွနဲ့တိုက်တယ်လို့ ပြောလို့ အရေးယူမယ်လို့ပြောတာပါ”ပာုဒုက္ခသည်စခန်းတွင်ရောက်ရှိနေသည့် ရိုပာင်ဂျာ တစ်ဦးက ပြောသည်။

နာဂရာပေါက်တော ဒုက္ခသည်စခန်းနှင့်  ၁၀ မိုင်ကွာသည့် ကုလားမြုပ်ကွင်းကွမ်း စိုက်ခင်း ရှိ ပန်းမြောင်းကျေးရွာနေ ရခိုင်တစ်ဦးက နဂရာပေါက်တောဒုက္ခသည် စခန်းရှိ မွတ်စလင်မ် ၅ ဦးက အောက်တိုဘာလ  ၄ ရက်နေ့ ည ၇ နာရ်ီတွင် မိမိအား လေးခွဖြင့်ပစ်ခတ်တိုက်ခိုက် ကြောင်း တိုင်တန်းချက်ကို လက်ခံကာ ယခုကဲ့သို့ အမှုဖွင့်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။
လေးခွဖြင့်ပြစ်သည်ပာု စွပ်စွဲခံ ရသူများမှာ မောင်ကျော်(ခ) နဇီမွတ်လာ၊ မောင်မောင်(ခ)အွတ်စမန်း၊မောင်ဖြူ(ခ)မာမွတ်သာမင်၊ အဗ္ဗဒွလ်ရပီားမ် နှင့် ပာာရှင် တို့ဖြစ်ကြသည်။

” အဲဒီ့နေ့က လုံခြုံရေးအတွက် တပ်ရင်း ၃၇၃ ကတပ်ရင်းမှုးရယ်၊ဗိုလ်မှုး ရင်အောင်ဖြိုးရယ် တခြားကျေးရွာ လူကြီးတွေနဲ့ အဲဒီ့ အချိန်မှာ အတူရှိနေပါတယ်ပာု စွပ်စွဲခံထားရသူတစ်ဦးဖြစ်သည့် ဦးမောင်ကျော် ကmyanmarmuslim.net ၏ဆက်သွယ်မေးမြန်းချက်တရပ်တွင်ဖြေကြားသည်။

ရခိုင်ပြည်နယ်တွင် အစ္စလာမ်ဘာသာဝင်များနှင့် ရိုပာင်ဂျာများကို အစဉ်တစိုက်နိုပ်ကွပ်မှုများဖြစ်ပေါ်နေဆဲဖြစ်သည်။ထင်ရှားသည့် အမှုများမှာ ယခုနှစ် ဇွန်လ ၃ ရက်နေ့ တွင်ဖြစ်ပွားခဲ့သည့် တောင်ကုတ်လူသတ်ပွဲ၊စက်တင်ဘာ ၃၀ ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် ပေါက်တောမြို့နယ် အမှတ် ၃ ရကပ်ကွက်နေ ရိုပာင်ဂျာ ၄ ဦး အားလည်လှီးမီးရှို့သတ်မှု တို့ကိုမှု သက်သေထင်ရှားရှိသော်လည်း ယခုအချိန်အထိ ရုးံတင်စစ်ဆေးခြင်းမရှိသေးကြောင်းသိရသည်။

About MPN

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
«
Next
Newer Post
»
Previous
Older Post

No comments:

Post a Comment


Top