ရိုဟင်ဂျာ ဒုက္ခသည်ကျေးရွာကို စစ်တပ်က ထပ်မံဝင်ရောက် ပစ်ခတ်
သတင်း – ပာဆီနာပာ် (ဒီဇင်ဘာ၂၊ ရန်ကုန်)
ဒီဇင်ဘာ ၁ရက်နေ့ ည ၁၂နာရီခန့်တွင် စစ်တပ်မှ ရိုဟင်ဂျာဒုက္ခသည်ကျေးရွာကို ထပ်မံဝင်ရောက်၍သေနတ်နဲ့ ပစ်ခတ်မှုကြောင့် ဒုက္ခသည် ၂ ဦးဒဏ်ရာ အပြင်းထန် ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒဏ်ရာရရှိခဲ့တဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၂ ဦးကတော့ အမွန်နူရာဘေကွန် (ဘ) မာမွတ်ဂျလီ နဲ့ အလ်ဖာခါတူလ်(ဘ)အီစွတ် တို့ဖြစ်ပါတယ်။ ဒဏ်ရာရရှိသူတွေကို စစ်တွေပြည့်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသနေတယ် လို့သိရပါတယ်။
သဲချောင်းအနီး ဒုက္ခသည်ကျေးရွားမှာ ရိုဟင်ဂျာဒုက္ခသည် ၂၀၀၀ ၀န်းကျင် ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။ အဆိုပါ ဒုက္ခသည်တွေကို လဲ ဘော်တူဘော် စခန်းနဲ့ ဆေးသမားစခန်းတို့ကို အတင်းအဓမပြောင်းရွေ့ခိုင်းထားတယ်လို့ သိရပါတယ်။ ဒုက္ခသည်တွေအနေနဲ့ အကာအကွယ်၊ အဆောက်အဦး မရှိတဲ့ အဆိုပါ ဒုက္ခသည်စခန်းတွေကို မသွားလိုကြပါဘူး။ ယခုလက်ရှိ ဘော်ဒူဘော်စခန်းကို ရောက်ရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည် မိသားစုဦးရေ ကတော့ ၂၃၀ ၀န်းကျင်ခန့် ရှိပြီး ဆေးသမားကုန်းမှာတော့ မိသားစု ၂၀၀ ၀န်းကျင်ခန့် ရောက်ရှိသွားပြီလို့ သိရပါတယ်။
ရိုဟင်ဂျာဒုက္ခသည် တွေဟာ ဒုက္ခသည်စခန်းတွေမှာ နေရာမရရှိတာကြောင့် သဲချေင်းတံတားအနီး ရိတ်ပြီးစပါးကွက်တွေမှာ တဲထိုးကာ စုပေါင်းနေထိုင်နေကြတာ ဖြစ်ပါတယ်။ အိမ်ခြေ ၃၀၀၀ ၀န်းကျင်ခန့်ရှိတယ် လို့လဲသိရပါတယ်။
ဒီလိုရိုဟင်ဂျာဒုက္ခသည်တွေကို အကာရံမဲ့လေဟာပြင်တွေမှာနေရာ ချထားပေးတာတွေကြောင့် ပင်းပန်းမှုနဲ့ ရာသီဥတု ဒဏ်တွေကြောင့် ကလေးငယ်တွေ အသက်ဆုံးရှုံးမှုတွေ ကြုံတွေ့နေရတယ်လို့လဲ သိရပါတယ်။
Source:MMM
No comments: