ads

Slider[Style1]

Style2

Style3[OneLeft]

Style3[OneRight]

Style4

Style5


အင်္ဂလိပ်အစိုးရ အရာရှိက သခင်အောင်ဆန်းကို လွတ်လပ်ရေးကို ဘယ်လို ရယူမှာလည်း မေးတော့

(ရိုဟင်ဂျာကလူမျိုး မသတ်မှတ်ရင် ဦးအောင်ဆန်း နမူအတိုင်း ယူရလိမ်မည်။)

သခင်အောင်ဆန်းက ခင်ဗျာ ဘောပင်လေး ပေးစမ်းပါဗျာ လို့ ပြောကာ မေးသူရဲ့ အကျီင်္အိတ်ပါ ပါအောင် ဆွဲဖြဲပြီး ဘောပင်ကို ယူလိုက်တယ် ။
အဲဒီအချိန်မှာ သခင်အောင်ဆန်းရဲ့ ဘေးမှာ ထိုင်နေတဲ့ မြန်မာအများက သခင်အောင်ဆန်းရဲ့ လုပ်ရပ်ဟာ မှားယွင်းတဲ့ လုပ်ရပ်လို့ ထင်သလို အကျီင်္ ဆွဲဖြဲတာ ခံလိုက်ရတဲ့ အရာရှိလည်း အံ့သြသွားတယ်ဗျ ။
နောက်မှ သခင်အောင်ဆန်းက တောင်းတုန်းက အသာတကြည်ပေးခဲ့မယ်ဆိုရင် ခင်ဗျာ အိတ်လည်း မပြဲဘူး၊ ကျနော်လည်း လက်မနာဘူးလို့ ပြောမှာ အားလုံး နားလည်သွားကြတယ် ။
အဲဒီအချိန်မှာ ဘေးနားထိုင်တဲ့ လူတွေရဲ့ စိတ်ထဲမှာ သခင်အောင်ဆန်းကို ဘယ်လောက် ဝေဖန်ကြမလည်း ၊ ကဲ့ရဲ့ ပြစ်တင်ကြမလည်း ဆိုတာ စဉ်းစား ကြည့်ရင် သိသာပါတယ် ။

အင်္ဂလိပ်ကို သခင်အောင်ဆန်းက ပြန်တိုက်မယ်ဆိုတော့ သခင်အားရ ကျွန်ပါးဝတော်တော်များများက ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စကို လုပ်ဆောင် တာဟာ ကိုယ့်သေတွင်း ကိုယ်တူးတာလို့ ပြောဆိုဝေဖန်ကြပြန်တယ် ။
အခုလည်း ဒီလိုပါဘဲဗျာ …. အစိုးရရဲ့ မှားယွင်းတဲ့ ကိစ္စကြီးကို မသိကျိုးကျွန်ပြုကာ နေကြသူများနှင့်ဒီအစိုးရကြောင့် ကောင်းစားနေသူများက ဆန္ဒဖော် ထုတ်တာ ကို မှားပါတယ်လို့ သူတို့ဝေဖန်နေကြပါတယ် ။
ဗုဒ္ဓဘာသာ တိုင်းပြည်မှာ သံဃာကို တရားဝင် စော်ကားခံရတောင် ငြိမ်ခံကြဆိုတဲ့ မင်းတို့ စိတ်ဓါတ်က ဘယ်အဆင့် အတန်းကို ရောက်သွားပြီ လည်း တွေးကြည့်ရင် သိလာမှာပါ ။
လက်ရှိ အစိုးရက တောင်းပန်လိုက်ရင် သူတို့ အပြစ် ၀န်ခံသလို ဖြစ်သွားနိုင်လို့ ဘယ်တော့မှ တောင်းပန်မှာ မဟုတ်ဘူး လို့ ပြောဆိုနေတဲ့ လူတွေ ရဲ့ စကားသံကြီး အဓိပ္ပယ်မရှိ သလို ခံစားရပါတယ် ။
ဦးသိန်းစိန်ဟာ အခုချိန်မှာ သမ္မတတာဝန်ထမ်းဆောင်နေလို့ သူ့အနေဖြင့် သူလက်အောက်ဝန်ထမ်းများရဲ့ အပြစ်ရှိတဲ့ လုပ်ရပ်ကို တရားဝင် ဖြေရှင်းပေး သင့်တဲ့ အနေအထားပါ ။ ဒါပေမယ့် ဦးသိန်းစိန်ဟာ ယခုချိန်ထိ ဘာတခုမှာ ထိရောက်စွာ မဖြေရှင်းပေးသေးဘဲ ဒေါ်အောင်ဆန်း စုကြည် ခေါင်းပေါ်ကို အဲဒီ ပြဿနာ အထုပ်ကို ပစ်တင်လိုက်တာဘဲ တွေ့ရပါတယ် ။
ပြစ်မှုကျူးလွန်သူများကို ထိရောက်စွာ အပြစ်ပေး အရေးမယူနိုင်ဘဲ အေးချမ်းသာယာကာ ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကြီးဆီသို့ ဆိုတဲ့ ခင်ဗျာ တို့  ဆောင်ပုဒ်ကြီးကို ဘယ်လို အကောင်အထည် ဖော်ကြမလည်း ။

About MPN

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
«
Next
Newer Post
»
Previous
Older Post

No comments:

Post a Comment


Top