ads

Slider[Style1]

Style2

Style3[OneLeft]

Style3[OneRight]

Style4

Style5


ရခိုင်နေ ရိုပာင်ဂျာများ၏ နေ့စဉ်ဘ၀များတွင် အကြမ်ဖက်မှုနှင့် အနှောက်အယှက်မျိုးစုံ ကြုံတွေ့နေရ
ရခိုင်နေ ရိုပာင်ဂျာများ၏ နေ့စဉ်ဘ၀များတွင် အကြမ်ဖက်မှုနှင့် အနှောက်အယှက်မျိုးစုံ ကြုံတွေ့နေရ
MMM
သတင်း  -  ဟစီနာဟ် (ဒီဇင်ဘာ  ၃)ရခိုင်ပြည်နယ် မြောက်ဦး အနီးတ၀ိုက်နေ အစ္စလာမ်ဘာသာဝင်များ ၀မ်းရေးအတွက် စီးပွားရှာဖွေရာမှာ အနှောက်အယှက်မျိုးစုံ ကြုံတွေ့နေရ တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဖြစ်စဉ်(၁)                                                                                 
မြောက်ဦးမြို့နယ်၊ ပေါက်တူးကျေးရွာမှာ ၂၁.၁၁.၂၀၁၂ နေ့လယ်(၂)နာရီ ၀န်းကျင်ခန့်က လိုင်စင်ရ ခွင့်ပြုထားသောနေရာမှာ ရိုဟင်ဂျာ အမျိုးသား (၃)ဦး ၀မ်းရေးအတွက် ငါဖမ်းနေစဉ် ရခိုင်လူမျိုး (၁၅)ဦးခန့်က လာရောက် ဖမ်းဆီးခေါ်ဆောင် သွားပါတယ်။ ရိုဟင်ဂျာလူမျိုး တွေရဲ့ ငါဖမ်းကွန်ကိုလဲ သိမ်းပြီး ရိုက်နှက်မှုတွေပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် အဆိုပါ ရိုဟင်ဂျာ ၃ ဦးကို ခိုးဝင်လာသူများအဖြစ် ရဲစခန်းတွင် သွားရောက် အမှုဖွင့်ခဲ့ပါတယ်။ ရဲစခန်းမှာလည်း တာဝန်ကျရဲတွေက ထပ်မံရိုက်နှက်ခဲ့တယ်လို့ သိရပါတယ်။ ဖမ်းဆီးခေါ်ဆောင်ခံရ သူတွေကတော့
(၁)ဦးဟူစင်အာမက် (ဘ) ဒူဒူမြင့်အောင်  – ၂၅နှစ်
(၂) ဦးအဗူသာဟစ် (ဘ) စူရ်တာအာမက်  -  ၅၅နှစ်
(၃) မောင်ဇိုကရီယာ (ဘ) အဗူသာဟစ်  -  ၂၅နှစ်
တို့ဖြစ်ကြပြီး ၂၉.၁၁၂၀၁၂ နေ့မှာတော့အဆိုပါ ဖမ်းဆီးခံရသူတွေကို ငွေကျပ် ခြောက်သောင်းနဲ့ ပြန်လည်ရွေးယူခဲ့ရတယ်လို့ သိရပါတယ်။

ဖြစ်စဉ် (၂)
အဆိုပါ ပေါက်တူကျေးရွာမှာပင် ၂၁.၁၁.၂၀၁၂ ရက်ကပင် ရိုဟင်ဂျာ အမျိုးသမီး (၂) ဦး စပါးကောက်သွားချိန်တွင် မတရား အကြမ်းဖက် ၀ိုင်းဝန်ဖမ်းဆီး၍ ခိုးဝင်လာသူများ အဖြစ် ရခိုင်အမျိုးသားများက ရဲစခန်းတွင်သွားရောက် အပ်နှံခဲ့ပါတယ်။ ရဲစခန်းမှာ ကိုယ်ထိလက်ရောက် ရိုက်နှက်မှုတွေ ကိုလည်းပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ၃.၁၂.၂၀၁၃ ရက်မှာတော့ ငွေကျပ် ငါးသောင်းနဲ့ ပြန်လည်ရွေးယူခဲ့ရပါတယ်။ အဆိုပါ အမျိုးသမီးတွေမှာ စိတ်ပိုင်ဆိုင်ရာ ဝေဒနာတွေ ခံစားနေရပါတယ်။

ဖြစ်စဉ် (၃)
၂၈.၁၁.၂၀၁၂ ရက်မှာလည်း လိုင်စင်ရနေရာမှာ ငါးရှာနေတဲ့ ရိုဟင်ဂျာအမျိုးသား (၂) ဦးကို ရခိုင်အမျိုးသား (၅)ဦး က၀ိုင်းဝန်း အကြမ်းဖက် ရိုက်နှက်ခဲ့ပါတယ်။ ငါးဖမ်းကွန်းတွေကိုလည်း သိမ်းယူခဲ့ပါတယ်။ အဆိုပါ အမျိုးသား  နှစ်ဦးမှာ ရိုက်နှက်ခံရတဲ့ ဒဏ်ရာတွေကြောင့် ယခုချိန်ထိ အိပ်ရာထဲမှ မထနိုင်သေးဘူးလို့ သိရပါတယ်။ သူတို့ နှစ်ဦးကိုတော့ ရဲစခန်းမှာသွားရောက် အပ်နှံခြင်းမရှိပါဘူး။ ရိုက်နှက်ခံ ရတဲ့ သူနှစ်ဦး ကတော့
(၁) မွန်ရှီယာမောက်စ် (ဘ) ဘေဒူ   –   ၄၀နှစ်
(၂) အမွတ်အီစွတ်   – ၂၅နှစ်
တို့ဖြစ်ကြပါတယ်။
ဒါ့အပြင် ရိုဟင်ဂျာတိုင်းရင်းသားများ တရွာနဲ့တစ်ရွာ ကူးသန်းသွားလာတဲ့အခါမှာလည်း လုံခြုံရေး တာဝန်ယူသူတွေက ပိုက်ဆံတောင်းတာမျိုးတွေ လည်းကြုံရ တယ်လို့ သိရပါတယ်။ ပိုက်ဆံတောင်းတာ မပေးနိုင်တဲ့ အခါမျိုးတွေမှာ ရိုက်နှက်ခံရတယ် လို့လည်းသိရပါတယ်။
“တစ်ရွာနဲ့တစ်ရွာ ကူးတဲ့အခါ အလှကုန်ပစ္စည်းတွေ အစားအသောက်တွေ ပါတဲ့အခါ အရမ်းအနှောက်အယှက် ပေးတယ်။ ဆန်တွေတောင်းတယ်။ ပိုက်ဆံတွေတောင်းတယ်။ မရရင်ရိုက်တယ်။ အရာရှိ ရှိရင်တော့မလုပ်ဘူး အရာရှိမရှိရင် လုပ်တယ်″ လို့ ပေါက်တူကျေးရွာ ဒေသခံ တစ်ဦးကဆိုပါတယ်။




About MPN

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
«
Next
Newer Post
»
Previous
Older Post

No comments:

Post a Comment


Top