ads

Slider[Style1]

Style2

Style3[OneLeft]

Style3[OneRight]

Style4

Style5


ရခိုင်ရိုဟင်ဂျာ ဒုက္ခသည်စခန်းများ အခြေခံထောက်ပံ့ရေး ပြတ်လပ်သဖြင့် သေဆုံးမှုများရှိလာရခိုင်ရိုဟင်ဂျာ ဒုက္ခသည်စခန်းများ အခြေခံထောက်ပံ့ရေး ပြတ်လပ်သဖြင့် သေဆုံးမှုများရှိလာ

MMM
သတင်း – ဟစီနာဟ် (ရန်ကုန်၊ ဒီဇင်ဘာ ၉)
ရခိုင်ပြည်နယ် ရိုဟင်ဂျာဒုက္ခသည် စခန်းအချို့ မှာ ရိက္ခာနဲ့ ဆေးဝါးမလုံလောက်တာကြောင့် ဒုက္ခသည် တွေ ကျန်းမာရေး ချို့တဲ့မှုတွေ ဖြစ်ပေါ် ပြီးလူသေပျောက်မှုတွေရှိလာတယ်လို့ သိရပါတယ်။
ကျွန်မတို့ဆီမှာ အခန်းမရသေးတဲ့ မိသားစုတွေ အများကြီးရှိသေးတယ်။ ကျွန်မတို့ဝင်လို့လဲမရ ထွက်လို့ လဲမရဖြစ်နေတယ်။ ကယ်ဆယ်ရေးတွေနဲ့လည်း အဆက်သွယ် မရတော့ဘူး
လို့ မြေပုံဒုက္ခသည်စခန်းမှ ဒုက္ခသည် တစ်ဦးကဆိုပါတယ်။
ပေါက်တောမြို့၊ ငှက်ချောင်းဒုက္ခသည်စခန်းနဲ့ မြေပုံဒုက္ခသည် စခန်းတွေမှာ နေထိုင်စရာအခန်း၊ ရိက္ခာ၊ ဆေးဝါး လုံလောက်မှုမရှိတာကြောင့် ရိုဟင်ဂျာ ဒုက္ခသည်တွေ ကျန်းမာရေးချို့ တဲ့ပြီး ဒုက္ခရောက်နေရတယ်လို့ သိရပါတယ်။ ဒုက္ခသည်တွေ အနေနဲ့ ၀မ်းပျက်ဝမ်းလျှော နဲ့ အအေးမိချောင်းဆိုး တာတွေ အဖြစ်များနေပါတယ်။ ဒါ့အပြင် အခန်းမလုံလောက်တဲ့အတွက် အအေးဒဏ်ကိုလဲ ခံစားနေရပါတယ်။

ပေါက်တော ၊ငှက်ချောင်း ဒုက္ခသည်စခန်းတွင် ရွာပေါင်း (၅၀)မှ ဒုက္ခသည် ခုနစ်ထောင်ကျော်ရှိပါတယ်။ မြေပုံဒုက္ခသည်စခန်းမှာတော့ ဒုက္ခသည် ခြောက်ထောင်ကျော် ရှိတယ်လို့ သိရပါတယ်။ ရိက္ခာအတွက် အပြင်ထွက်ရှာဖွရာမှာလည်း လုံခြုံရေးတွေရဲ့ အနှိပ်စက်ခံရတယ်လို့ သိရပါတယ်။ ဆေးဝါးအကူညီ လိုအပ်သူတွေကိုလည်း အကူအညီမပေးဘူးလို့ သိရပါတယ်။
လယ်စပ်မှာ ရေတစ်လုံးခပ်ဖို့သွားရင်တောင် အရိုက်ခံရတယ်။ဟိုတစ်နေ့က လယ်စပ်မှာငါးရှာသွားတဲ့ လင်မယားနှစ်ယောက် လည်လှီခံရတယ်။ စခန်းမှာ ဂျင်ကလိနဲ့ပစ်လို့ မျက်စိကန်းနေသူ (၉) ယောက်၇ှိပါတယ်။ သူတို့ကို ကုသပေးတာလည်း မရှိဘူး
လို့မြေပုံဒုက္ခသည်တစ်ဦးက ဆိုပါတယ်။
မြန်မာမီဒီယာအချို့မှာ တော့ NGO ရဲ့ ဆေးဝါးကုသမှုအပိုင်းမှာ ရိုပာင်ဂျာတွေအပေါ်ကုသမှုပေးတာများတယ်လို့ စွပ်စွဲရေးသားချက်မျိုးတွေ ရှိပေမဲ့ အစိုးရဆေးရုံတွေမှာ တော့ အစ္စလာမ်ဘာသာဝင်မှန်သမျှ ရိုပာင်ဂျာဖြစ်စေ၊ ကမန်ဖြစ်စေ တက်ရောက်ကုသခွင့်အလွန်ခက်ခဲပြီး ပေါ်ယံပာန်ပြလောက်သာ ကုသပေးတာမျိုးတွေရှိတာ ကိုတော့ ဘက်မလိုက် အမည်ခံ မီဒီယာတွေမှာ ဖေါ်ပြထားတာမျိုးကို မတွေ့ရပါဘူး။

About MPN

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
«
Next
Newer Post
»
Previous
Older Post

No comments:

Post a Comment


Top