သဲချောင်းဒုက္ခသည် စခန်းတွင် လုံထိန်းများမှ အကြမ်းဖက်ပစ်ခတ်မှု့ ဆက်သွယ်မေးမြန်းချက်
ဒီဇင်ဘာ ၁၊ ၂၀၁၂
M-Media
ထွန်းတောက်
M-Media
ထွန်းတောက်
သဲချောင်း။
။စစ်တွေ သဲချောင်းရွာမှ မွတ်စလင်မ်ဒုက္ခသည် စခန်းရှိ ဒုက္ခသည်တို့အား စစ်တပ်က ယနေ့
ဒီဇင်ဘာ ၁-ရက်နေ့တွင် အတင်းအဓမ္မရွှေ့ပြောင်းခိုင်းပြီး ညနေ ၅-နာရီ
၄၀-မိနစ်ဝန်းကျင်တွင် လုံထိန်းများမှ သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိပါသည်။
လုံထိန်းများမှ သေနတ်ဖြင့်
ပစ်ခတ်မှုကြောင့် မွတ်စလင်မ် ဒုက္ခသည် အမျိုးသား ၆-ယောက် သေနတ်ဒဏ်ရာ ပြင်းထန်စွာ
ရရှိသွားပြီး၊ အမျိုးသမီး ၃-ယောက်လည်း သေနတ်ဖြင့် ရိုက်ခံရ၍ ဒဏ်ရာများ
ရရှိသွားကြောင်း သိရသည်။ ယင်းဒဏ်ရာ ရရှိသူများအား သဲချောင်းမှတဆင့်
သက္ကယ်ပြင်ရွာသို့ ခေါ်ဆောင်သွားပြီး သက္ကယ်ပြင် ကဗရ်စတာန်(သုဿာန်) ဗလီထဲမှာ
ထားရှိပြီး ဆေးကုသ နေကြောင်းသိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး
သဲချောင်းဒုက္ခသည် စခန်းကို ဆက်သွယ်မေးမြန်းခဲ့ပါသည်။
မေး – သဲချောင်းက ဒုက္ခသည်တွေကို
သေနတ်နဲ့ပစ်လို့ ဒဏ်ရာရသွားကြတယ်ဆိုတာ ဟုတ်ပါသလား။
ဖြေ – ဟုတ်ပါတယ်။ ၆-ယောက် သေနတ်ဒဏ်ရာအပြင်းအထန်ရသွားတယ်။

မေး – ဘယ်လိုဖြစ်လို့ ဒုက္ခသည်တွေကို
သေနတ်နဲ့ပစ်ခတ်မှုဖြစ်ခဲ့တာလဲ။ ဘယ်သူတွေက ပစ်ခဲ့တာလဲ။
ဖြေ – ဖြစ်တာကတော့ သူတို့က ဒုက္ခသည်တွေကို သဲချောင်ကနေ ဗောဒူဝရွာကို ပြောင်းခိုင်းတယ်။ ရွေှ့ခိုင်းမယ်လုပ်ထားတဲ့ ဒုက္ခသည်တွေကို မခေါ်ပဲ တစ်ခြားသူတွေကိုခေါ်တယ်။ သူတို့က မလာတော့ သေနတ်နဲ့ပစ်တယ်။ လူအုပ်ထဲကို ရမ်းပစ်တာ။ ၇-ချက်ပစ်တယ်။ ၆-ယောက်ကို မှန်သွားတယ်။ ပစ်တာက လုံထိန်းကပစ်တာ။ လုံထိန်းက (၂၅)ယောက်လောက်ရှိတယ်။ အဲလိုဖြစ်တော့ တစ်ခြားသူတွေ ၀ိုင်းအုံလာတာနဲ့ လုံထိန်းတွေ ထွက်ပြေးသွားကြတယ်။

မေး –
ရွေှ့ခိုင်းတဲ့ဒုက္ခသည်တွေကိုမခေါ်ပဲ တစ်ခြားသူတွေကို ခေါ်တယ်ဆိုတာ ဘယ်လိုကိုပြောတာလဲ
ခင်ဗျ။ ဗောဒူဝရွာကရော ဘာရှိတာလဲ။
ဖြေ – ဗောဒူဝကလည်း မွတ်စလင်မ်ရွာပဲ။ အဲဒီမှာ ဒုက္ခသည်စခန်းလုပ်ပြီး အဲဒီကို ရွှေ့ခိုင်းတာဗျ။ ဒီသဲချောင်းမှာ ဒုက္ခသည်တွေအတွက်ပေးထားတဲ့ တဲတွေရှိတယ်ဗျ။ အဲဒီတဲတွေက ဆော်ဒီကပေးထားတဲ့တဲတွေရယ်၊ UNHCR က ပေးထားတဲ့ တဲတွေရယ် ကွဲတယ်။ UNHCR က တဲတွေမှာ ပိုက်သည်နဲ့ မော်လိပ်က ဒုက္ခသည်တွေနေတယ်။ ဆော်ဒီကပေးတဲ့ တဲတွေမှာ နာဇီက ဒုက္ခသည်တွေနေတယ်။ အဲဒါ ဆော်ဒီက တဲမှာနေတဲ့သူတွေကို စစ်တပ်က သဲချောင်းကနေ ဗောဒူဝကို ပြောင်းခိုင်းတယ်။ ဒုက္ခသည်တွေကလည်း မပြောင်းချင်ကြတော့ဘူး။ အဲဒါနဲ့ စစ်တပ်က ဘာမှ မပြောတော့ပဲ ထိုင်နေတယ်။ လုံထိန်းတွေက ပြောင်းခိုင်းတာ။

မေး – အဲလို မပြောင်းတာနဲ့
သေနတ်နဲ့ပစ်တာလား။
ဖြေ – စစ်တပ်က ပြောင်းခိုင်တာက ဆော်ဒီတဲကလူတွေကို ပြောင်းခိုင်းတာ။ တကယ်တမ်း သူတို့ကခေါ်တော့ UNHCR တဲက လူတွေကိုခေါ်တယ်။ အဲဒီတော့ UNHCR တဲကလူတွေက မလာဘူးပေါ့ဗျာ။ မလာတာနဲ့ UNHCR တဲသမားတွေကို ပစ်တာ။ လူတွေကြားထဲပစ်တာ ၇-ချက်၊ ၆-ယောက် မှန်သွားတယ်။

မေး – သူတို့က
ဘာလို့ပြောင်းခိုင်းတာလဲ။
ဖြေ – ကျွန်တော်ထင်တာတော့ အခုက စစ်တွေမှာ နိုင်ငံတကာကအဖွဲ့တွေ တစ်နေ့ကို ၁၀-ကြိမ်ထက်မနည်းလာနေကြတယ်။ ဒီလောက်ဒုက္ခသည်တွေများနေတော့ အစိုးရက သိက္ခာကျလာတယ်။ ဒါကြောင့် ဒုက္ခသည်တွေကို ခွဲထုတ်ဖို့လုပ်တာ။

မေး – ခုနက သေနတ်မှန်တဲ့ ၆-ယောက်
အခြေအနေက အခု ဘယ်လိုရှိလဲ။
ဖြေ – သူတို့ ၆-ယောက်ကို အခုတော့ သက္ကယ်ပြင်ကိုခေါ်သွားပြီပြောတယ်။

ဖြေ – စစ်တွေမှာလည်း ပြဿနာပြန်ဖြစ်လာနိုင်တဲ့ အနေအထားတွေဖြစ်နေတယ်။ ဒုက္ခသည်စခန်းတွေထဲမှာလည်း ဒုက္ခသည်တွေကို ဒုက္ခတွေထပ်ပေးနေတယ်။ အဲဒါတွေကို
No comments: