ads

Slider[Style1]

Style2

Style3[OneLeft]

Style3[OneRight]

Style4

Style5

ကျွန်ုပ်အမြင် အစ္စလာမ်နှင့်ဘင်္ဂါလီ (၁)


မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်ဖြစ်ခဲ့သော အဓိဂရုဏ်းသည် ဘာသာရေးအဓိဂရုဏ်းမဟုတ် လူမျိုးစုပြသနာပါတဲ့။ ကျွန်တော်တို့ သမတ္တကြီး အရမ်းတော်တာပဲ သူဝတ်လိုက်တဲ့ ကျည်ကာအင်္ကျီက စကတ်ဒုံးကျည်နှင့်တောင် မတိုးဘူး တော်တယ်ဗျတော်တယ် ကျုပ်တို့ သမတ္တကြီး။
မရှင်းတာလေးတွေမေးပါရစေ ခင်ဗျား – တစ်ဖက်နိုင်ငံကဘင်္ဂါလီတွေ သန်းနှင့်ချီပြီး မြန်မာနိုင်ငံမှာ အခြေချနေထိုင်တယ်ဆိုတော့ သမ္မတ္တကြီးတို့ အလေးထားဆုံးနှင့် လေးစားဆုံးဖြစ်တဲ့ အာဏာရှင် ဦးနေဝင်းနှင့်တကွ သူဖွဲ့စည်းခဲ့သော လူဝါးကောင်(စောရိ)လဝကတွေ နိုင်ငံ့အပေါ် သစ္စာမရှိ ငွေယူပြီးမြေရောင်းစားခဲ့တာလား? ဒါမှမဟုတ် သူတို့တွေအစ္စလာမ် ဘာသာဝင်တွေဆိုလို့ သမိုင်းဖျောက်ရန် ဘင်္ဂါလီပုဒ်မ တတ်နေတာလား?

ကျွန်တော့အမြင်၁)-ပြောရရင်တော့ အစ္စလာမ် မို့လို့ ဘင်္ဂါလီဖြစ်နေတာပါ။ နောက်မဟုတ်ပါက တစ်ခြား ဘင်္ဂါလီစကားပြောပြီး ဘင်္ဂါလီရုပ်နှင့် တူသော ဗုဒ္ဓဘာသာဝင်တွေ ယနေ့ထိ ရခိုင်ပြည်နယ် အပါအဝင်မြန်မာ တစ်နိုင်ငံလုံးမှာ အေးချမ်းစွာနေနိုင်တာပဲ။

ကျွန်တော့အမြင်(၂)-ပြောရရင်တော့ ရန်ကုန်မြို့မှာနေထိုင်တဲ့ အစ္စလာမ်ဘာသာဝင် နိုင်ငံသား စိစစ်ရေးကဒ်ရထားသော မိဘနှစ်ပါးကမွေးလာတဲ့ သားသမီးတွေ နိုင်ငံသားကဒ်မပြောနဲ့ လူဝါးကောင်(စောရိ)လဝက ရုံးအနားတောင် မကပ်ရဲဘူး။ ဘာကြောင့်လဲ?
ကျွန်တော့အမြင်(၃)-ပြောရရင် ဒီမိုကရေစီပြောင်းလဲနေသော ကျွန်ုပ်တို့ မြန်မာနိုင်ငံကြီးဟာ တစ်ခြားနှင့်မတူ တမူထူးခြားတယ်ဗျ… ကျွန်တော်တို့ရဲ့ လူဝါးကောင်(စောရိ)လဝကတွေ ရပ်ကွက်အလိုက် ကျောင်းအလိုက်ထိကွင်းဆင်း မှတ်ပုံတင် ထုတ်ပေးနေတယ်ဗျ… ပျော်စရာကြီးဘဲ ဒါပေမဲ့ ဘင်္ဂါလီပုဒ်မ အတတ်ခံထားရသော အစ္စလာမ် ဘာသာဝင်များမပါပါ။

ကျွန်တော့အမြင်(၄)-ရန်ကုန်တိုင်း အထက်တန်းကျောင်း တစ်ကျောင်းမှာ ကျွန်တော့အိမ်ဘေးက အာမင်ဘိုင်ရဲ့ သားလေးတစ်ယောက် အလယ်တန်းကျောင်း တက်နေပါတယ်၊ တနေ့ ကျောင်းမှာ အတန်းပိုင်ဆရာမက မနက်ဖန်ကျောင်းသား/သူ အားလုံး ၁လက္မပတ်လည်ဓါတ်ပုံ ၆ ပုံစီယူလာတဲ့ ဒါနဲ့ အာမင်ဘိုင့် သားလေးအိမ်ရောက်တာနဲ့ ဓါတ်ပုံရိုက်ပြီး အစဉ်သင့်ပေါ့ သားလေးက ဆရာမ စကားလေးစားတော့ နောက်နေ့ မနက် ကျောင်းတက်တာနဲ့ ဆရာမရှေ့မှာ ဓါတ်ပုံတွေသွားပေးတာပေါ့ ဒါနဲ့ ဆရာမ က ဟဲ့… နေပါအုံးတဲ့ ဒီဓါတ်ပုံတွေဟာ လူဝါးကောင် (စောရိ) လဝက ရုံးက မှတ်ပုံတင်ထုတ်ပေးဖို့တောင်းလိုက်တာ မင်းတို့ကုလားကလေးတွေမပါ ပါစေနဲ့လို့ မှာလိုက်တယ်(ဗြောင်ကြီးကွာ)ဆိုပြီး ဓါတ်ပုံတွေ လက်မခံခဲ့ဘူး။ ဒါ လူဝါးကောင် (စောရိ) လဝက ရဲ့ငြိမ်းချမ်းသောဥပဒေလား သမ္မတကြီးရယ်။ အော် သနားစရာကောင်းလိုက်တဲ့ အစ္စလာမ် ဘာသာဝင်တွေ လူဝါးကောင်(စောရိ) လဝကတွေက ဘင်္ဂါလီပုဒ်မ ဆရာမတွေက ကုလားပုဒ်မနှင့် ဆိုတော့ နိုင်ငံလဲမဲ့ လူမျိုးလဲပျောက်နေတာ သမ္မတကြီးအသိဆုံးပါ။ မသိချင်ယောင်ဆောင်တော့ မသိဘူးလို့ဆိုရမှာပေါ့။

(အစ္စလာမ် ဘာသာဝင်တွေကိုဗြောင်ခွဲခြားနေပုံ လက်တွေ့ အမြင်များ ဆက်လက်ဖော်ပြပါမည်)
လေးစားစွာဖြင့်
စစစစ(မောင်စူးစမ်းစပ်စု)

MMM

About MPN

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
«
Next
Newer Post
»
Previous
Older Post

No comments:

Post a Comment


Top