ရခိုင် အကြမ်းဖက် သမားများ သောက်သုံးရေကန်ထဲသို့ အဆိပ်ခပ်
၁၇.၁၁.၂၀၁၂နေ့ ည(ရ)နာရီ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့
ဘူးသီးတောင်မြို့နယ် ရွက်ညိုတောင်ကျေးရွာ အုပ်စုရှိ ရိုဟင်ဂျာ ကျေးရွာ
(၃)ရွာရှိ သောက်သုံးရေကန်(၂၀)ကျော် အား ဖါးရှာသူများ အယောင်ဆောင်၍
အင်ကြင်မြိုင်ကျေးရွာအနီးရှိ (န.တ.လ)ကျေးရွာမှ ရခိုင် အကြမ်းဖက်
မသမာသူလူတစ်စုက တစ်ချိန်းတည်း ၊တစ်ပြိုင်နက်တည်း အဆိပ်ခပ်ကြောင်း
သိရှိရပါသည်။
အခင်းဖြစ်ပွားရာသို့ ဘူးသီးတောင်မြို့နယ် ရဲစခန်းမှ စခန်းမှူး နှင့်
အဖွဲ့များ လာရောက်၍စိစစ်ရာ ထိုကမ်းများအနီးတွင် အဆိပ်အခွံ ပလက်စတစ်အိတ်များ
တွေ့ရှိကြောင်း နှင့် ထိုအဆိပ်ခပ် အဖွဲ့တွင် မြင့်ဇော် ၊ ထွန်းကျော်လှ ၊
ဖိုးသား နှင့် မောင်မြင့်ဆွေ တို့ပါဝင်ကြောင်းသိရှိရပါသည်။
အထက်ပါ (၄) ဦး အပါအ၀င် အကြမ်းဖက်မှု့များအား
ကြိုးကိုင်ဆောင်ရွက်နေသော မသမာသူများအား ရဲများမှ တွေ့ရှိသော်လည်း
အရေးယူမှု့တစ်စုံတစ်ရာ မရှိသေးကြောင်းသိရှိရပါသည်။
MMM
No comments: