ads

Slider[Style1]

Style2

Style3[OneLeft]

Style3[OneRight]

Style4

Style5




ရခိုင်များ ဥပဒေ အဆုံးအဖြတ်ကို မလိုက်နာသဖြင့် ပဋိပက္ခဖြစ်ပွားပာု သမ္မတပြော၊ ယနေ့ခေတ်တွင် သတင်းမှန် ထိန်းချုပ်၍ မရတော့ပာုလည်း သတိပေး

သတင်း – SK ( မြန်မာမွတ်စလင်မ် မီဒီယာ – MMM)
ရခိုင်ဗုဒ္ဓဘာသာ – ရိုဟင်ဂျာ ပဋိပက္ခ စတင်ဖြစ်ပွားရခြင်းသည် ဗုဒ္ဓဘာသာအခြေခံနှင့် လူမျိုးရေးစိတ်ဓါတ် ပြင်းထန်သော ရခိုင်များ ဥပဒေကြောင်းအရ ဖြေရှင်းရမည့် ဖြစ်ရပ်ကို ဒေါသဖြင့် ဖြေရှင်းခြင်းကြောင့် လူ ၆ သိန်းကျော် အတိဒုက္ခ ရောက်ရသည့်၊ နိုင်ငံတော်ဂုဏ် ထိခိုက်နစ်နာရသည့် ဖြစ်ရပ်ဆိုးကြီး ပေါ်ပေါက်ခဲ့ရခြင်းကြောင့် နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် က ယခုလ ၁၆ ရက်နေ့တွင် ရခိုင်ပြည်နယ် ဖြစ်စဉ်နှင့် ပတ်သက်၍ ရှင်းလင်းချက်တွင် ထည့်သွင်းပြောကြားသည်။
ဤကဲ့သို့ ဖြစ်ပွားရခြင်း၏ အဓိကအကြောင်းအရင်းမှာ ရာဇဝတ်မှု ကျူးလွန်ဖြစ်ပွားခဲ့သည့် ဖြစ်ပွားမှု တစ်ခုအပေါ် မကျေမနပ်ဖြစ်ပြီး ဥပဒေကြောင်းအရ အရေးယူမှုကို လက်ခံ လိုက်နာရမည့်အစား ဒေါသအလျောက် အုပ်စုတစ်ခုနှင့်တစ်ခု သတ်ဖြတ်မှုများ ဖြစ်ပွား ကျူးလွန်ရာမှ ကြီးမားကျယ်ပြန့်သည့် အကြမ်းဖက်မှုအသွင်သို့ ကူးပြောင်းရောက်ရှိကာ ယခုကဲ့သို့ သေဆုံးမှု၊ ပျက်စီးမှုနှင့် အတိဒုက္ခရောက်မှုများ ဖြစ်ပေါ်ခဲ့ရခြင်း ဖြစ်ပါတယ်။ ဤ ဆုံးရှုံးမှု အားလုံးသည် နိုင်ငံတော်၏ ဆုံးရှုံးမှုများပင် ဖြစ်ပါတယ်။





ဟု သမ္မတ ဦးသိန်းစိန်က ရခိုင်ပြည်နယ် ဖြစ်စဉ် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံး ၀က်ဘ်ဆိုဒ် စာမျက်နှာတွင် ဖေါ်ပြထားသည်။
ရခိုင်အမျိုးသမီး မသီတာထွေး အားဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုကို လူမျိုးစွဲဝါဒီ ရခိုင်ဗုဒ္ဓဘာသာဝင်များက ပြဿနာကို ပိုမိုကြီးထွားစေရန် ဖန်တီးခဲ့သဖြင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများအနက် အဆိုးရွားဆုံး အပြင်းထန်ဆုံးသော ဖြစ်ရပ်ကြီး ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်။ ၁၉၄၂ ခုနှစ်မှ စတင်၍ အထက်ပါ ပဋိပက္ခမျိုး ဖြစ်ပွားခြင်းမှာ (၇)ကြိမ် ရှိပြီ ဖြစ်ကြောင်းနှင့် ယခုအကြိမ်သည် နိုင်ငံရေး ဖြစ်စဉ်များဆီအထိ ကူးပြောင်းအောင် ကြိုးပမ်းလှုံ့ဆော်မှုများ ပါဝင်နေကြောင်း သမ္မတကြီး ဦးသိန်းစိန်က ပြောကြားသည်။
ရခိုင်အမျိုးသမီး တစ်ဦးအား အခြေပြု၍ စတင်ဖြစ်ပွားခဲ့သည့် အကြမ်းဖက်၊ မီးရှို့၊ လူသတ် ဖြစ်စဉ်များကြောင့် မီးရှို့ဖျက်ဆီးခံရသည့် အိုးအိမ်နှင့် အခြားအဆောက်အဦးပေါင်း တစ်သောင်းတစ်ရာ (၁၀၁၀၀) ရှိပြီး၊ ထိုသို့ ဖျက်ဆီးခံရမှုကြောင့် အိမ်ထောင်စုပေါင်း တစ်သောင်း ခြောက်ထောင် ကိုးရာ ရှစ်ဆယ် (၁၆၉၈၀)၊ လူဦးရေး အားဖြင့် တစ်သိန်းတစ်သောင်းတစ်ထောင် (၁၁၁၀၀၀) ခန့် အိုးမဲ့၊ အိမ်မဲ့ အတိဒုက္ခ ရောက်ခဲ့ကြရကြောင်း လည်း နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က ပြောကြားသည်။
ရခိုင်ဗုဒ္ဓဘာသာ – ရိုဟင်ဂျာ ပဋိပက္ခတွင် ရိုဟင်ဂျာများက ကိုယ့်အိမ်ကိုယ် မီးရှို့သည်ဟု တစ်ဖုံ၊ ရခိုင် တိုင်းရင်းသားတို့အား တိုက်ခိုက်သည်ဟု တစ်မျိုး၊ မမှန်သတင်းများ ရေးသားဖေါ်ပြခဲ့သည့် သတင်းများနှင့် ပတ်သက်၍လည်း ယနေ့ကမ္ဘာသည် Globalization ဖြစ်စဉ်ကြောင့်၊ ဖြစ်ရပ်များကို ဖုံးကွယ်ထားရန် မဖြစ်နိုင်တော့ကြောင်းလည်း သမ္မတ ဦးသိန်းစိန် က ပြောသည်။
ယနေ့ ကမ္ဘာသည် Globalization ဖြစ်စဉ်ကြောင့် ကမ္ဘာတစ်ခုလုံးသည် ရွာကြီးတစ်ရွာ သဖွယ် ဖြစ်တည်လျက် ရှိနေပါတယ်။ ကမ္ဘာ့တစ်နေရာတွင် ဖြစ်ပွားသည့် ဖြစ်စဉ် မှန်သမျှကို မိနစ်ပိုင်း၊ နာရီပိုင်းအတွင်း၌ တစ်ကမ္ဘာလုံးသို့ အလျင်အမြန် ပြန့်နှံ့ စေလျက် ရှိပါတယ်။ မည်သည့် ဖြစ်စဉ်ကိုမျှ ဖုံးကွယ်ထားရန် မဖြစ်နိုင်တော့သည်ကို သတိပြုဖွယ်ရာ ဖြစ်ပါတယ်။
ဟု နိုင်ငံတော် သမ္မတကြီးက ပြောကြားသည်။
မီဒီယာအမည်ခံ ပြည်တွင်းသတင်းတိုက် အားလုံးနီးပါးသည် ရခိုင်ဗုဒ္ဓဘာသာ – ရိုဟင်ဂျာ ပဋိပက္ခကို တစ်ဘက်သက် ရေးသားဖေါ်ပြခဲ့ကြသည်။ သို့သော် ပြည်ပအခြေစိုက် မီဒီယာသမားများ၊ ကျင့်ဝတ် သိက္ခာ စောင့်ထိန်းသော ဂျာနယ်လစ်များကြောင့် ရခိုင်ပြည်နယ် ပဋိပက္ခတွင် အဓိက နစ်နာရသူအများစုမှာ ဒေသတွင်း နေထိုင်သည့် ရိုဟင်ဂျာ မွတ်စလင်မ်များနှင့် ကမန်မွတ်စလင်မ်များ ဖြစ်ကြောင်း ကမ္ဘာ့မီဒီယာများတွင် ဖေါ်ပြခဲ့ကြသည်။
မြန်မာသတင်းဌာနများသည် ရခိုင်ပြည်နယ်အရေးတွင် “အမျိုးသားရေးအမြင်ဖြင့် ရေးသားမှု” (၀ါ) ဘက်လိုက်ခဲ့ခြင်းများ ရှိကြောင်း လည်း သမ္မတကြီး ဦးသိန်းစိန်က VOA သတင်းဌာနနှင့် အင်တာဗျူးတွင် ၀န်ခံပြောကြားခဲ့ပြီးဖြစ်သည်။
Source:MMN

About MPN

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
«
Next
Newer Post
»
Previous
Older Post

No comments:

Post a Comment


Top