သံတွဲ-ရန်ကုန်ကားများပေါ်တွင်
မွတ်စလင်များမပါရေးကြပ်မတ်ရန်ညွှန်ကြားချက်ထုတ်
Source: YPI
၂၀၁၂၊ နိုဝင်ဘာ၊
၂၃
သံတွဲမြို့မှ
ရန်ကုန်သို့သွားသောအဝေးပြေးခရီးသည်တင်ယာဉ်များတွင် အစ္စလာမ်ဘာသာဝင်များမပါရှိစေရေးကြပ်မတ်ရန်
ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ် မ.ထ.သ မှ
ညွှန်ကြားချက်ထုတ်ပြန်လိုက်သည်။
ခရိုင်အုပ်ချုပ်ရေးမှူးမှ အောက်တိုဘာ ၂၄ ရက်စွဲဖြင့်
ထုတ်ပြန်လိုက်သောယင်းညွှန်ကြားချက်အား မြို့နယ် မ.ထ.သ က နိုဝင်ဘာ ၁၆
ရက်စွဲဖြင့်အဝေးပြေးကားလိုင်းများထံဆက်လက်အကြောင်းကြားခဲ့သည်။ခရိုင်အုပ်ချုပ်ရေးမှူး၏
ညွှန်ကြားစာဒေသခံတစ်ဦးက“ လေယာဉ်နဲ့သွားမယ်ဆိုရင်
ကားခထက် လေးငါးဆမကကုန်တာပေါ့၊ တော်ရုံနဲ့ ခရီးသွားဖို့ မလွယ်တော့ဘူး” ဟုပြောသည်။သံတွဲ-
ရန်ကုန်ကားခမှာ ၁၂၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ် အထိဖြစ်ပြီးလေယာဉ်ခများမှာ
မြန်မာ့လေကြောင်း ၄၈၀၀၀ ကျပ်နှင့် ကျန်ပုဂ္ဂလိကလေကြောင်းလိုင်းများမှာ ၇၅၀၀၀
ကျပ်ဖြစ်သည်။“တစ်ကယ်ဆိုရင် ကားလမ်းမှာ လုံခြုံမှု မရှိဘူးဆိုရင် အာဏာပိုင်တွေကလုံခြုံရေးစီစဉ်ပေးသင့်တယ်”
ဟုလည်း အခြားဒေသခံတစ်ယောက်က ပြောသည်။
အဆိုပါ ညွှန်ကြားစာများတွင် မည်သည့်
အကြောင်းကြောင့်ဟုမပါရှိပဲနောက်ထပ်ညွှန်ကြားချက်မရမီ အချိန်ထိ လိုက်နာရန်ဟုသာ
ဖော်ပြထားသည်။
သံတွဲ-ရန်ကုန်ကားများပေါ်တွင်
မွတ်စလင်များမပါရေးကြပ်မတ်ရန်ညွှန်ကြားချက်ထုတ်
No comments: