ads

Slider[Style1]

Style2

Style3[OneLeft]

Style3[OneRight]

Style4

Style5






ကျောက်နီမောင် အကြမ်းဖက် အဖွဲ့မှ ဒုတိယခေါင်းဆောင်​ ဒေါက်တာ အောင်စစ်ထွန်း၏ လူမဆန်သော လုပ်ရပ်
Source:MMM
သတင်း – (၀င်းထွန်း)
ရခိုင်ပြည်နယ် ၊ ရမ်းဗြဲမြို့နယ် ၊ ကျောက်နီမောင်ကျေးရွာ အုပ်စုရှိ မွတ်စလင်မ် ဒုက္ခသည် များမှ ကိုယ်ဝန် အရင့် အမာဖြင့် ကိုယ်ဝန်ဆောင် မိခင် တဦးဖြစ်သူ မချိုချို အသက်(၃၇) နှစ်သည် ၂၅.၁၁.၂၀၁၂ နံနက် ၁၀း၀၀ နာရီခန့် တွင် ဗိုက်အရမ်းနာလာ၍ ခင်ပွန်းဖြစ်သူ ကိုဇော်ဇော်မှ ပတ်ဝန်းကျင်ရှိ လူများနှင့် ရွာလူကြီး များမှတဆင့် ကျေးရွာအတွင်းတာဝန် ထမ်းဆောင်နေသော တပ်မတော်သားများနှင့်တကွ တာဝန်ရှိလုံထိန်းများမှ တဆင့်အထက် အဆင့်ဆင့်သို့ တင်ပြအကူအညီတောင်းခံခဲ့ပါသည်။
အထက်အရာရှိများ၏ စီစဉ်ပေးမှုကြောင့် တပ်ဆရာဝန် တဦးမှစစ်ဆေး ပေးရာတွင် အခြေအနေမ ကောင်းကြောင်း မြို့နယ်ဆေးရုံတွင် အရေးပေါ်ခွဲစိတ် ကုသရမည်ဖြစ်ကြောင်း ကိုပြောပါသည် ၊ကာယကံရှင် လူနာများမှာ ဆင်းရဲနွမ်းပါးပါသဖြင့် ကျောက်နီမော် တွင် ပဲကြိုးစား၍ ကုသပေးရန် ထပ်မံ၍ တာဝန်ရှိသူများထံ အကူအညီတောင်းခံရာတွင် တာဝန်ရှိအာဏာပိုင်များမှ ကျောက်နီမော် တိုက်နယ်ဆရာဝန် ဒေါက်တာ အောင် စစ်ထွန်းကို မွတ်စလင်မ် ရွာသို့ လာရောက်၍ ထိုမွေးလူနာကို ကြည့်ရှုစေပါသည်။ (ဒေါက်တာအောင်စစ်ထွန်းမှာ ကျောက်နီမောင်တွင် အကြမ်းဖက် မီးရှို့ဖျက်ဆီးတိုက်ခိုက် ရန် ကြိုးစားနေသော ကျောက်နီမောင် အဖွဲ့မှ ဒုတိယခေါင်းဆောင် တဦးဖြစ်ပါသည်။ ပထမခေါင်းဆောင်မှာ ညီပု ဖြစ်ပါသည်။)

ဒေါက်တာအောင်စစ်ထွန်းသည် အထက်ကအမိန့်အရ မွတ်စလင်မ် ကျေးရွာသို့နံနက် ၁၁း ၀၀ နာရီ အချိန်တွင်ရောက်ရှိလာကာ လူနာကိုကြည့်ရှု၍ ၎င်းကိုယ်တိုင်လည်း မတတ်နိုင်ကြောင်း ရမ်းဗြဲမြို့နယ်ဆေးရုံ သို့သွားရောက် ခွဲစိတ်ကုသရန်လိုအပ်ကြောင်းပြောကြားရာ ၊ ရွာသားများက ကျောက်နီမောင် တိုက်နယ် ဆေးခန်းတွင်ပဲ ကြိုးစား၍ ကုသပေးရန် တောင်းပန်၍ပြောဆိုရာတွင် တိုက်နယ်ဆရာဝန် ဒေါက်တာအောင်စစ် ထွန်းမှ မိမိတွင် ခွဲစိတ်ခန်းသုံး ပစ္စည်းများနှင့် အကူ(Nurse) များလည်း မရှိကြောင်းပြောဆိုပြီး ရမ်းဗြဲဆေးရုံကို ပို့ပေးနိုင်ရန် ၁၁း၃၀ နာရီတွင် Reffer ထုတ်ပေးလိုက်ပါသည်။
ကာယကံရှင်နှင့် ရွာသားများမှာ ရမ်းဗြဲသို့သွားရောက်ရန် လုံခြုံရေး အခြေအနေ ကိုစုံစမ်း ကြည့်ရာတွင် တာဝန်ရှိသော တပ်နှင့် လုံခြုံရေးဝန်ထမ်းများမှာ ရမ်းဗြဲသို့ သွားရောက်ရာလမ်းတွင် တာဝန်ကျနေသော တပ်နှင့် လုံခြုံရေး ရဲများကို လိုအပ်သောအကူအညီများကို ပေးနိုင်ရန်အတွက် သတင်းပေးပို့ထားမည် ဖြစ်ကြောင်း လုံခြုံရေးကို မစိုးရိမ်ရန် အားပေးစကားပြောကြားပါသည်။
နေ့လည် ၁၂း၄၅ နာရီခန့်တွင် ကိုယ်ဝန်သည် အမျိုးသမီးနှင့် မိသားစုဝင် (ရ)ဦးသည် စက်လှေငယ် တစီးဖြင့်ရမ်းဗြဲမြို့သို့ ထွက်ခွာလာခဲ့ပါသည်။ ရမ်းဗြဲမြို့နယ်သို့ ညနေ (၅း၀၀) နာရီခန့်တွင် ရောက်ရှိခဲ့ပါသည်။ ရမ်းဗြဲမြို့နယ်သို့ အရောက်တွင် ဒေါက်တာအောင်စစ်ထွန်းကို အဖေါ်နှစ်ဦး ဖြစ်သော ရွှေဘ နှင့်မောင်မောင်လွင်တို့ကို ဆိုင်ကယ်တစီးဖြင့်တွေ့ရှိရပြီး ၊ ဒုက္ခသည်လှေ များရောက်ရှိပြီး ရမ်းဗြဲမြို့ ကမ်းနဖူးပေါ်တက်ပြီး ဆေးရုံသို့ သွားချိန်လမ်းတွင် ရခိုင်အကြမ်းဖက်သမားများ (၃၀)ခန့် စုရုံး၍ အန္တရာယ်ပေးရန် လာနေကြောင်း တွေ့ရှိရပါ သည်၊ ထိုသူ တို့ကိုဒေါက်တာအောင် စစ်ထွန်းနှင့် အပေါင်ပါများက ဦးဆောင်ပြီး စည်းရုံးခေါ်ဆောင်လာသည်ကိုလည်း သိရှိ ရပါသည်။ ထို့နောက် ဒေါက်တာအောင်စစ်ထွန်း မှ ဆေးရုံသွားရာ လမ်းခုလတ်တွင် ကိုယ်ဝန်ဆောင် အမျိုးသမီးလူနာရှင်ထံ လာရောက်၍ သူကိုယ်တိုင် ကျောက်နီမောင်တွင် ထုတ်ပေးထားသော (Reffer) ကို အတင်းပြန်လည်တောင်းယူပြီး လူနာရှင်က အကူအညီပေးရန် တောင်းဆိုသည်ကိုလည်း ငါ့ကို ဘာမှလာမပြောနဲ့တော့ဟု ကြိမ်းမောင်းပြောဆို ထွက်ခွာ သွားကြောင်း သိရပါသည်။
ထို့နောက် ကိုယ်ဝန်ဆောင်လူနာရှင်များက ဆေးရုံသို့ အလျင်အမြန်သွားရောက်ပြီး ပတ်ဝန်းကျင် အခြေအနေ မကောင်းတော့သောကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး နှင့်သူ၏ ခင်ပွန်းဖြစ်သူ ကိုဇော်ဇော် ကိုဆေးရုံ တွင်ထားခဲ့ပြီး အတူပါလာသော မိသားစုဝင် များသည် ဆေးရုံတွင် မနေရဲတေ့ပဲ ပေ(၂၀၀)ခန့် သာဝေးသော ရဲစခန်းသို့ အကူအညီတောင်းရန် သွားစဉ် လမ်းတွင် အကြမ်းဖက် ရခိုင်အမျိုးသားများက မလှမ်း မကမ်းမှ အုတ်ခဲ၊ အုတ်ကျိုး ၊ တုတ်ပိုင်းများဖြင့် ၀ိုင်းဝန်း ပစ်ခတ်သဖြင့် လူနာရှင်မိသားစုများမှာ ဒဏ်ရာများဖြင့် ရဲစခန်းသို့ရောက်ရှိခဲ့ပြီး ရဲစခန်းမှ ကူညီစောင့်ရှာက်ပေးမှုကြောင့် အသက်ချမ်းသာရာ ရခဲ့ပါသည်။
ထို့နောက် ရဲစခန်းမှ တာဝန်ရှိသူများက အခြေအနေ ကြည့်၍ လူနာရှင်မိသားစု လေးယောက်အား ကျောက် နီမောင်သို့ ပြန်ရန်အတွက် လှေပေါ်တွင် တင်ပေးလိုက်ရာ ထိုမိသားစု လေးယောက် သည် ၂၅ . ၁၁. ၂၀၁၂ ရက် ည (၁၂း ၄၅)နာရီတွင် ကျောက်နီမောင်သို့ ပြန်လည်ရောက် ရှိလာပြီး အဖြစ်ပျက် အလုံးစုံကို ကြားသိရခြင်း ဖြစ်ပါသည်။
ကျောက်နီမော်ကျေးရွာသည် ၂၀၁၂ ခုနှစ် ဇွန်လိုင်လ ကတည်းက ရွာအပြင်သို့မွတ်စလင်မ် တဦးတယောက်မျှ ထွက်ခွင့်မရှိပဲ အသက်မွေးဝမ်းကျောင်း အပြင် ဆေးဝါးကုသခွင့်လည်း မရရှိသော ရခိုင်ပြည်နယ် အတွင်းရှိ ဒုက္ခသည်စခန်း များနှင့်ကျေးရွာများမှ ကျေးရွာတရွာဖြစ်ပါသည်။
ဒုတိယအကြိမ် ထပ်မံဖြစ်ပွားသော အကြမ်းဖက်မှုတွင်လည်း နောက်ဆုံး တောင်ကုတ်သား ၊ အမ်းသား ၊ မြေပုံ နှင့် မင်းပြားတို့မှ အကြမ်းဖက်သမားများ အားလုံးစုပေါင်း၍ ကျန်ရှိနေသော ကျောက်နီမောင်ရှိ မွတ်စလင်မ် ကျေးရွာကို အကြမ်းဖက် ဖြိုဖျက် တိုက်ခိုက်ရန် အင်အား ၁၀၀၀၀ ခန့် လာရောက် ခဲ့ပါသည်။ တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ များ၏ ကာကွယ်ပေးမှုကြောင့် အစ္စလမ် ဘာသာဝင်များ အသက် အိုးအိမ် စည်းစိမ် ချမ်းသာရာ ရခဲ့ပါသည်။
ယခုနောက်ဆုံးကျောက်နီမောင်တွင် အစားသောက် ၊ ဆေးဝါးနှင့် ဆရာဝန်များ အရေးတကြီးလိုအပ် နေပြီး အကြမ်းဖက် သမားများ၏ ရန်ကိုလည်း စိုးရိမ်ကြောက်လှန့်နေရပါသည်။

About MPN

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
«
Next
Newer Post
»
Previous
Older Post

No comments:

Post a Comment


Top