ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးတွင် အစ္စလာမ် ဆန့်ကျင်ရေး သွေးတိုးစမ်း လှုပ်ရှား
နိုဝင်ဘာ ၂၀၊ ၂၀၁၂
M-Media
နေသစ်ထွန်း
M-Media
နေသစ်ထွန်း
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အတွင်းရှိ ကျခတ်ထောင်း၊ တံတားဦး ၊ အလယ်ရွာ ၊ ချောင်းဝ ရွာများတွင် မွတ်စလင်ဆန့်ကျင်ရေးစာရွက်များ ကို နိုဝင်ဘာ ၁၅ ရက်နေ့မှစ၍ သွေးတိုးစမ်း စဖြန့်နေကြောင်း သိရသည်။ အဆိုပါကျေးရွာများရှိ ဗုဒ္ဓဘာသာဝင်များထံ မွတ်စလင် ဆန့်ကျင် ရေး စာများပေး ပို့လှုပ်ရှားနေကြောင်း ၊ ယင်းလှုပ်ရှားမှုကို ကြာအင်းဆိပ်ကြီးမြို့ပေါ် မှ လူလတ်ပိုင်း တစ်ချို့ ဦးဆောင်နေကြောင်း သိရသည်။ မွတ်စလင်များနှင့် စီးပွားရေး လူမှုရေး ဆက်ဆံမှု မပြုလုပ်ရန် ၊အစ္စလာမ်ဘာသာအား စော်ကားတိုက်ခိုက်မှု များကို ယင်းအမုန်းတရားလှုံ့ဆော်စာများ တွင်ဖေါ်ပြထားသည်ဟု ဒေသခံ များက ပြောပါသည်။
ကြာအင်းဆိပ်ကြီးမြို့တွင် ဒေသခံမွတ်စလင်များသည် အေးချမ်းစွာ နေထိုင်လျက်ရှိကြပြီး အရောင်းအ၀ယ် လုပ်ငန်း အဓိက လုပ်ကိုင်ကြသည်။ မြို့ပေါ်တွင် မွတ်စလင် အိမ်ခြေ ၂၅၀ ခန့် နှင့် ဗလီ ၀တ်ပြုကျောင်းတစ်ခု ရှိကြောင်းသိရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်တွင် အစ္စလာမ် ဘာသာဝင် နှင့် ဗုဒ္ဓဘာသာဝင်များအေးချမ်းစွာ နေထိုင် စည်းလုံး လျက်ရှိ သည် ကို ဖြိုခွဲရန် ကြံစည်လုပ်ဆောင်မှု ဖြစ်သည်ဟု မြန်မာမွတ်စလင် အရေးလေ့လာ စောင့်ကြည့် နေသူ တစ်ဦးက သုံးသပ်သည်။
ကရင်ပြည်နယ် ဘားအံမြို့တွင် ဘုန်းကြီးများက ဦးဆောင်၍ မွတ်စလင်များနှင့် စီးပွားရေး ၊လူမှုရေး ဆက်ဆံခြင်းမပြုရန် ၊ ဆက်ဆံပါက ပြစ်ဒဏ်ပေးမည် ဖြစ်ကြောင်းကြေငြာချက်ကို မြန်မာဂလိုဘယ် ပို့စ် ဂျာနယ်မှ အောက်တိုဘာ ၁၉ရက်နေ့ တွင်ဖေါ်ပြခဲ့သည်။
အောက်တိုဘာ ၂၈ ရက်နှင့် ၂၉ရက်နေ့ များတွင် ဒေသခံ မွတ်စလင်များအား ခြိမ်းခြောက်သည့် အနေဖြင့် ကော့က ရိတ်မြို့ ရေနံဆီ ကုန်းဗလီ ကျုံဒိုးမြို့ဗလီ များ ဗုံးပစ်သွင်းတိုက်ခိုက်မှုခံခဲ့ရသည်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၅-ရက်နေ့က ကရင်ပြည်နယ် နှစ်ခြင်းရွာမှာ နေထိုင်တဲ့ အဘိုးအိုဟာ ဘားအံ့မှာရှိတဲ့ သမီးဖြစ်သူ ထံ အလည်လာတဲ့အချိန် မနက်စောစော ဗလီဝတ်ကျောင်းတော်သို့ ဝတ်ပြုပြိးပြန်အလာမှာ ဆွမ်းခံကြွလာတဲ့ ဘုန်းကြီးတန်းကို ဖြတ်လို့ ဆိုပြီး ဘုန်းကြီးသုံးပါးက ဝိုင်းဝန်းရိုက်နက်မှု့ ကြောင့် နံရိုးကျိုးပြီးပြင်းထန်တဲ့ ဒဏ်ရာများကြောင့် အောက်တိုဘာ ၂၂ ရက်နေ့မှာ ကွယ်လွန်သွားတဲ့ ဖြစ်စဉ်တခု ဖြစ်ပွားခဲ့ပါသေးတယ်။
No comments: