ads

Slider[Style1]

Style2

Style3[OneLeft]

Style3[OneRight]

Style4

Style5



ရခိုင်အကြမ်းဖက်မှုတွင် ပါဝင်ပတ်သက်မှု့ ALP နှင့် အစိုးရ အပြန်အလှန်စွပ်စွဲ
နိုဝင်ဘာ ၃၀၊၂၀၁၂
M-Media
မောင်ပုည

ရခိုင်ပြည် လွှတ်မြောက်ရေးတပ် (ALP)
အောက်တိုဘာလ အတွင်း ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် မြို့နယ် (၆) ခုတွင်  ဖြစ်ပွားခဲ့တဲ့ မွတ်စလင်မ် လူနည်းစုများအပေါ် အကြမ်းဖက် မီးရှို့သတ်ဖြတ်မှုခြင်း၊ နေရပ်အတင်းစွန့်ခွာအောင် လုပ်ဆောင်ခဲ့သည့်  ဒုတိယအကြိမ် အကြမ်းဖက်လုပ်ရပ်များတွင် ပါဝင်ပတ်သက်ကြောင်း  ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီ (ALP) နှင့် အစိုးရအဖွဲ့တို့ အပြန်အလှန်စွပ်စွဲနေကြပါတယ်။

ရခိုင်ပြည်နယ်အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံးက သတင်းထုတ်ပြန်ချက် ၂⁄ ၂၀၁၂ တွင် အပိုဒ်(၄) တွင်” ယခုကဲ့သို့ လူစုလူဝေးဖြင့် ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်ခြင်း၊ တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီး ခြင်းကိစ္စများတွင် တစ်ဖက်အဖွဲ့အစည်းမှာ ကြိုတင်ပြင်ဆင်ခြင်း၊ အသေးစိတ်စီစဉ်ခြင်း၊ ဒေသန္တရလုပ် လက်နက်များဖြင့် အချိန်ကိုက် ပူးပေါင်းလှုပ်ရှားဆောင်ရွက်ခြင်းများ တွေ့ရှိရသည့်အပြင်၊ နိုင်ငံရေးအဖွဲ့ အစည်းနှင့် ငြိမ်းချမ်းရေးယူထားသော အဖွဲ့အစည်းများပါ ပါဝင်ပတ်သက်မှု ရှိနေသကဲ့သို့၊ အခြား တစ်ဖက်အဖွဲ့အစည်းမှလည်း အချို့သော ပြည်တွင်းပြည်ပအဖွဲ့အစည်းများ ပါဝင်ပတ်သက်နေသည့် အထောက်အထား များကို တွေ့ရှိရပါသည်။” ဟုထည့်သွင်းထုတ်ပြန်ကြေငြာခဲ့ပါသည်။

ငြိမ်းချမ်းရေး ယူထားသော တစ်ခုတည်းသော ရခိုင်တော်လှန်ရေး ပါတီ ALP ရည်ရွယ်ထားပုံ ရကြောင်း၊ ALP အတွင်းရေးမှူး ၂ ခိုင်သုခ၏ ပြောကြားချက်ကို ဘင်္ဂလားဒေရှ်အခြေစိုက်  နိရဉ္စရာ သတင်းဌာ၏ သတင်းတပုဒ်မှာအောက်ပါ အတိုင်းပြောကြားထားတာကို တွေ့ရပါတယ်။

“နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ချက် အမှတ် ၂/၂၀၁၂ မှာ အောက်တိုဘာလအတွင်း တကျော့ပြန်ဖြစ်တဲ့ ရခိုင်ပြည် အကြမ်းဖက် ဆူပူမှုမှာ ငြိမ်းချမ်းရေးယူထားတဲ့ အဖွဲ့တွေပါဝင်ပတ်သက်မှု ရှိတယ်ဆိုပြီး ရေးထားတဲ့အတွက်ကျွန်တော်တို့ကိုရည်ညွန်းပြီး ပြောဆို တာ ဖြစ်တယ်လို့ ကျွန်တော်တို့ နားလည်တယ်။ ဒါပေမယ့် ကျွန်တော်တို့ဘက်က ထုတ်ပြန်ကြေငြာ ချက် မထုတ်ဘဲ စောင့်နေခဲ့တယ်။ နောက်ဆုံး နိုဝင်္ဘာ ၁၀ ရက်နေ့မှာကျွန်တော်တို့ဆီကလူကြီးတွေနဲ့ ဦးအောင်မင်းထိုင်းနိုင်ငံချမ်းမိုင်မှာ တွေ့တဲ့အခါ ဦးအောင်မင်းကလည်း အဲဒီအတိုင်း စွပ်စွဲပြောဆိုလာတယ်။ ဒီလို ပြောဆိုလာတဲ့ အပေါ်မှာ ရှင်းရှင်းလင်းဖြစ်ဖို့ အတွက် ကျွန်တော်တို့ ဘက်က ကြေငြာချက်ထုတ်ပြီး တုန့်ပြန်ရတာ ဖြစ်ပါတယ်” ဟု ဆိုသည်။ဆက်လက်ပြီး ရခိုင်ပြည်နယ် အကြမ်းဖက်မှုတွေမှာ စစ်တပ် က ပါဝင်ပတ်သက်မှုရရှိကြောင်း ခိုင်သုခ စွပ်စွဲလိုက်ပါတယ်။

“စစ်တပ်ဖက်က ပါဝင်ပတ်သက်မှုရှိတဲ့ အထောက်အထားတွေ အများကြီးရထားတာရှိတယ်။ အဲဒါ ကိုလည်း ဦးအောင်မင်းကို တရားဝင် ပြောလိုက်တယ်။ အခုဖြစ်ပွားတဲ့ အကြမ်းဖက်မှုတွေမှာ ရခိုင်ပြည်လွတ် မြောက်ရေး ပါတီဖက်က လုံးဝ ပတ်သက်မှုမရှိဘူးဆိုတာကို ရှင်းပြလိုက်ပါတယ်” လို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မီတီ ဒုတိယဥက္ကဌ ဦးအောင်မင်းနှင့် ချမ်းမိုင်တွင် တွေ့ဆုံစဉ်ပြောကြားခဲ့ ကြောင်း ခိုင်သုခ၏ ပြောကြားချက်ကို နိရဉ္စရာ ဖော်ပြထားပါတယ်။

ရိုက်တာရဲ့သတင်းတပုဒ်မှာတော့  RNDP ပါတီရဲ့ အထွေထွေ အတွင်းရေးမှူး “ဦးလှစော”ကတော့ ဇွန်လနဲ့ အောက်တိုဘာလတွေမှာ ဖြစ်ပျက်ခဲ့တဲ့မွတ်စလင်ဆန့်ကျင်သုတ်သင်ရေးအကြမ်းဖက်မှု တွေမှာသူတို့ပါတီကလုပ်တာမဟုတ်ဘူး၊ ကြိုးကိုင်တာမဟုတ်ဘူးရယ်လို့ ငြင်းဆိုပေမယ် နောက်ဆုံးတစ်ခေါက် ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးတဲ့အခါ အောက်ခြေကပါတီဝင်တွေ ပါဝင်နိုင်ပါတယ်လို့ ဝန်ခံဖြေဆိုသွားကြောင်းကို ဖော်ပြပါတယ်။

အဓိကရုန်း အကြမ်းမှုတွေမှာ ပါဝင်ပတ်သတ်မှု ထင်ရှားစွာ အထောက်အထားတွေ့ရှိရင် RNDP ပါတီကို ဖျက်သိမ်းပစ်နိုင်တယ်လို့သမ္မတဦးသိန်းစိန်က သတိပေးထားကြောင်း ဒီသတင်းကို RNDP ဘက်၊ စစ်တပ်ဘက်နှစ်ဘက်စလုံးဆီမှရိုက်တာသတင်းဌာနက ရရှိထားတာ ဖြစ်ကြောင်း  ဖော်ပြခဲ့တာဖြစ်ပါတယ်။ မြန်မာ- ဘင်္ဂလာနယ်စပ်တွင် မြန်မာတပ်မတော်မှ GE တပ်သား (၁) ဦး အသတ်ခံရပြီး (၃) ဦးဖမ်းဆီးသွားမှုမှာ ရခိုင်တော်လှန်ရေး ပါတီ ALP ရဲ့ လက်ချက်ဆိုပြီး ကုလားတန် သတင်းဌာနရဲ့ သတင်းတပုဒ်မှာဖော်ပြခဲ့ပါတယ်။

About MPN

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
«
Next
Newer Post
»
Previous
Older Post

No comments:

Post a Comment


Top