မြန်မာမွတ်ဆလင်များ ညီညွတ်ရေး လမ်းညွှန် | ဌေးလွင်ဦး
(ကျွန်ုပ်၏ အတွေးအခေါ်အား တင်ခြင်းသာ ဖြစ်သည်)
အမှန်သော်ကား- ကျွန်ုပ်တို့ မြန်မာမွတ်ဆလင် ညီနောင်များကြား၌ သွေးကွဲ
ရန်ဖြစ်နေခြင်း မဟုတ်၊ ငြင်းခုံ စကားများနေခြင်းမျှသာ ဖြစ်၏။ ဤထက်ပို၍
ဆိုရသော်- တစ်ယောက်နှင့်တစ်ယောက်၊ တစ်ဘက်နှင့် တစ် ဘက် စေတနာ မေတ္တာ
ပိုမိုကြီးမားခြင်းကြောင့်- အကီဒါဟ် ပျက်သွားမည်- အီမာန်အား
ထိခိုက်သွားမည်ဟူ သည့် အစွဲဖြင့် အော်ဟောက်နေကြခြင်းပင် ဖြစ်၏။ ဤဖြစ်စဉ်တို့အား အပြန်အလှန်နားလည်မှုများဖြင့် တည် ဆောက်လိုက်လျှင် အလွန်တရာလှပသော အသိုင်းအ၀ိုင်းတစ်ခု ဖြစ်လာမည်ပင်။
(၁) အ၀တ်အစား ပြသနာ--၊ ကျွန်ုပ်တို့၏ သာသနာ့ပညာရှင်များနှင့်
ဆရာတော်ကြီးများက အိန္ဒိယဆန်ဆန် ၀တ်စားဆင်ယင်မှုနှင့် မုတ်ဆိတ်ထားမှုသည်အား
သာသနာ့ဝတ်ရုံ အဖြစ် ခံစား၏၊ မြန်မာမွတ်ဆလင် အွမ္မတ် ကိုလည်း ထိုကဲ့သို့
ဝတ်စားဆင်ယင်စေလိုသော စေတနာ ရှိ၏။ ဤသည်ကို သာသနာ့ စာပေ သုတေသီများ ဘက်မှ
အယူသည်းမှု တစ်ခုသဖွယ် ထင်မှတ်ပြန်၏၊ မြန်မာဆန်ဆန် ၀တ်စားလျှင်လည်း
တရားတော်နှင့် ညီ ညွတ်သည်ဟု ခုခံချေပနေ၏။ ခုခံချေပရာမှ ငြင်းခုံမှု ဖြစ်လာ၏၊
ထို့နောက် သူတစ်ပြန် ကိုယ်တစ်ပြန် ကျမ်းကိုး ကျမ်းကားများဖြင့်
စောဒကတက်လာကြ၏၊ ထိုမှ ဆက်၍ မဆီမဆိုင် ပုဂ္ဂိုလ်ရေး အမြင်မကြည်လင်မှုများပင်
ဖြစ်လာသည်က ရှိသေး၏။ ဤအခြေအနေအား သုံးသပ်လိုက်လျှင်--၊
ကျမ်းကိုးကျမ်းကားများနှင့် တင်ပြကြ၊ စောဒကတက်၊ စောကြောဒနာပြုခြင်းများထိ
လှပသော အဆင့်များ၌ ရှိ၍-၊ ပုဂ္ဂိုလ်ရေး ထိပါးပြောဆိုသော အဆင့်မှာမူ-
ရွံဘွယ်လိလိ ဖြစ်တော့သည်။ အဘယ်ကြောင့်ဆိုသော ဒသန တစ်ခုအား အဖြေရှာဖွေသောအခါ
အပြန်အလှန် စောကြောဒနာ ပြုလျှက် ဘက်ပေါင်းစုံမှ သုတေသနပြုခြင်းတို့မှာ-
တိုးတက်မှုဆီသို့ ဦးတည်နေ၍၊ ပုဂ္ဂိုလ်ရေး ထိခိုက်မှုတို့မှာ “မိမိသာ အမှန်
ဖြစ်သည်”ဟူ သော အတ္တဖက်မှုကြောင့်ပင်။ အတ္တကို ဖယ်လိုက်လျှင် ပုဂ္ဂိုလ်ရေး
ပဋိပက္ခများ ရှိတော့မည် မဟုတ်ပေ။
စင်စစ် ထိုနှစ်ဘက်လုံးတွင်
မြန်မာမွတ်ဆလင် အွမ္မတ်အပေါ်၌ မေတ္တာစေတနာများကို တွေ့နေရ၏၊ ဆရာတော် ကြီးများ
အနေဖြင့်- သာမန် အီမန်ရှင် မွတ်ဆလင်လူငယ်များ ပျက်စီးလေလွင့်နေမည့် အစား-၊
သူ့အား သာသ နာ့ ၀တ်ရုံဟု ကင်ပွန်းတပ်ထားသော ဆင်ယင်မှုဖြင့်
ဆင်ယင်စေလိုက်လျှင်- ထိုလူသား၊ လူငယ်များမှာ-၊ မိမိ၏ ၀တ်ရုံအား အားနာလျှက်-
ဒုစရိုက်မှု၊ မကောင်းမှုများမှ ရှောင်ကြဉ်နိုင်ကောင်းသည် ဟူသည့် ဟီကမတ်
ရှိနေ၏၊ ဥပမာအားဖြင့်-- ထိုဝတ်ရုံကို ၀တ်ဆင်ထားသော ဒါရီမုတ်ဆိတ်နှင့်
လူတစ်ဦးသည်- ပြည့်တန်ဆာရုံများ၊ အရက် ဆိုင် များသို့ သွားလာရန်-
သူ့ကိုယ်သူ အဟန့်အတား ဖြစ်နေမည်ပင်--၊ (သွားလာရဲသော သူများမှာ ရာနှုန်း
အလွန်နည်းမည်ပင်)-၊ ထိုသို့ သာမန်လူတန်းစားကြား၌ ၀တ်စားဆင်ယင်မှုသည်လည်း
ထိုလူတန်းစား အတွက် စာရိတ္တအား ထိမ်းသိမ်းစေသည်ဟူသည့် စေတနာ ရှိနေ၏။
သာသနာ့ သုတေသီများ ဘက်မှလည်း-၊ မြန်မာနိုင်ငံသည် အ၀တ်အစားဖြင့်
လူမျိုးနွယ်အား ခွဲခြားသော တိုင်း ပြည်ဖြစ်၏၊ ဥပမာအားဖြင့် ကရင်၌
ကရင်ဝတ်စုံဖြင့်၊ ကချင်၌ ကချင်ဝတ်စုံဖြင့်၊ မြန်မာ၌ မြန်မာဝတ်စုံဖြင့် သတ်
မှတ်ထားသော အစွဲ ရှိနေ၏။ သို့ဖြစ်၍ မိမိသည် မြန်မာဟု ခံယူလျှင်
မြန်မာဝတ်စုံကို ၀တ်ဆင်ခြင်းသည်- အများသူငါ လူထုကြား၌
အထင်အမြင်လွဲမှားမှုများကို ရှောင်ကြည်နိုင်သည်၊ လူထု၏ အထင်လွဲမှားမှုများကို
ဖယ်ရှားနိုင်သည်ဟူသော စေတနာရှိနေ၏။
နှစ်ဦးနှစ်ဘက်လုံးမှ
အွမ္မတ်အပေါ်၌ စေတနာကောင်းများ ရှိပါလျှက်- ထိုစေတနာကောင်းများအား
နှစ်ဦးနှစ် ကြား၌ အပြန်အလှန်နားလည်မှုများ၊ သည်းခံမှုများ တည်ဆောက်လျှက်
ဖြေရှင်းမှုအားနည်းချက်များကြောင
(၂) ဒသန ဆိုင်ရာ ပြသနာများ- ဒသန ဆိုင်ရာ
ပြသနာများသည်လည်း တစ်ဘက်နှင့်တစ်ဘက် အပြန်အလှန် နားလည်ပေးမှု မရှိနိုင်ဘဲ-
ငါသည်မှန်သည်၊ ငါ့အယူအဆသည်သာ အလ္လာဟ်အရှင်မြတ်က မိန့်ဆိုထားသော အယူ အဆနှင့်
ကိုက်ညီသည် ဟူသည့် “ငါ” ဟူသော အစွဲကြောင့်သာ ဖြစ်တည်လာရ၏။ အမှန်သော်ကား-
ထို “ငါ” “ငါ” ဟု ပြောဆိုနေသည့် မည်သည့် ပုဂ္ဂိုလ်မှ ၀ဟီ (ဉာဏ်စဉ်)
ရရှိထားများ မဟုတ်ပေ။ မိမိ၏ ဗဟုသုတ၊ မိမိ၏ အတွေးအခေါ် အားဖြင့် မိမိ၏
ပတ်ဝန်းကျင်ပေါ် မူတည်၍ ဖြစ်တည်လာသော ဒသန များသာ ဖြစ်၏။ ထို ဒသန တို့အား
တင်ပြခြင်းမှာ အပြစ်သင့်သော အရာ မဟုတ်ပေ၊ သို့သော် ထိုဒသန တို့အား
အခြားသူများက လက်ခံရမည်ဟု ခံယူချက်သည်သာ အပြစ်သင့်စေသော၊ သွေးကွဲစေသော
အရာဖြစ်၏။ လူပုဂ္ဂိုလ်တစ်ဦး၏ တင်ပြသော ဒသန တစ်ခုအား အခြား ပုဂ္ဂိုလ်တစ်ဦးမှ
စောဒက တက်ပိုင်ခွင့်ရှိ၏၊ ချေပ ပိုင်ခွင့်ရှိ၏၊ မတူညီ သော ဒသနတစ်ခုအား
တင်ပြပိုင်ခွင့်ရှိ၏၊ ဆွေးနွေး ပိုင်ခွင့်ရှိ၏၊- သို့မှသာ လေ့လာသော သူများ
အဘို့ အပြန် အလှန် ရှုဒေါင့်မျိုးစုံမှ စဉ်းစားဆင်ခြင်ခွင့်
ရနိုင်ကောင်းပေသည်။ သို့သော် ဒသန တစ်ခုအား တင်ပြသူတစ်ဦး သည်- မိမိ၏
ဒသနကိုသာ လက်ခံရမည်ဟူသော ခံယူချက်အား ပါယ်သတ်ထားနိုင်ရမည်၊ ဤသည် မိမိ၏ လေ့
လာမှုဖြင့် မိမိဆင်ခြင်မိသော ဒသနသာ ဖြစ်၍-၊ လက်ခံလိုသူများက လက်ခံပါစေ၊
လက်မခံလိုသူများသည် လည်း လက်မခံပဲ နေပါစေ-၊ လက်ခံသောသူသည် ငါ့လူ
ငါ့ဘက်တော်သား မဟုတ်သလို-၊ လက်မခံသော သူသည်လည်း ငါ့ရန်သူ၊ ငါ့အတိုက်အခံ
မဟုတ်ပေ- ဆိုသည့် အချက်ကို သဘောထားကြီးစွာ စွဲကိုင်ထားရန် သာ လိုပေသည်။
ဒသန တိုင်းသည် ဟာ့က် (အမှန်တရား) ဖြစ်သည်ဟု အာမ- မခံနိုင်သကဲ့သို့၊
မည်သည့် ဒသန ကိုမျှ မတင်ပြရ ဟု ပိတ်ပင်ထားခြင်းသည်လည်း အမှန်တရား (ဟာ့က်)
မဟုတ်ပေ။ လက်ခံသည်ဖြစ်စေ၊ လက်မခံသည် ဖြစ်စေ ပျော်ပျော်ပါးပါး-
ရင်းရင်းနှီးနှီး ဆွေးနွေးတတ်သည့် အတတ်ပညာကိုသာ လိုအပ်ပေသည်။ ဒသန အသစ်များ၊
သီအိုရီအသစ်များ မစဉ်းစား မဆင်ခြင်သော လူ့အသိုင်းအ၀ိုင်းသည် မည်သည့်အခါမှ
တိုးတက်ဖွံ့ဖြိုးလာမည် မဟုတ်- ဟူသည့် အခြေခံ ဆင်ခြင်မှုကိုလည်း
မေ့မထားအပ်ပေ။
ကျွန်ုပ်တို့ မြန်မာမွတ်ဆလင် လူ့အသိုင်းအ၀ိုင်းသည်
အမှန်တစ်ကယ်တွင် တစ်ဦးနှင့်တစ်ဦး အီမန်ပျက်သွား မည်ကိုစိုးရိမ်သောက
ကြီးသော လူ့အသိုင်းအ၀ိုင်းသာ ဖြစ်၍- မနာလို၊ ရန်ပြု၊ ရန်ထောင်နေသော
လူ့အသိုင်း အ၀ိုင်းကြီး မဟုတ်ပေ။ ကျွန်ုပ် ကျင်လည် ကျက်စားဘူးသော
ကမ္ဘာ့လူ့အသိုင်းအ၀ိုင်းနှင့် နှိုင်းယှဉ်လျှင် တစ်ဦး အပေါ် တစ်ဦးထားသော
မေတ္တာ၊ စေတနာ၊ ကူညီရိုင်းပင်းမှုများမှာ- အကောင်းဆုံးအုပ်စုဝင် စာရင်း၌ ထည့်
ပြောနိုင်သည့် အဆင့်၌ ရှိနေပေသည်။ ထို တန်ဘိုးအား အပြန်အလှန်နားလည်
ဆွေးနွေးမှု ပေါင်းစပ်လိုက်လျှင် ပြော၍ မဆုံးနိုင်အောင် လှပ ညီညွတ်သော
အွမ္မတ် တစ်ခု ဖြစ်လာမည်ပင်။
(နားလည်ပေးမှု၊ ဆွေးနွေးညှိနှိုင်းမှု၊
အပြန်အလှန် တန်ဘိုးထား လေးစားမှု၊ မိမိပြောလိုသည်ထက် အခြားတစ်ဦး ၏
ပြောလိုသည်ကို နားထောင်ပေးနိုင်မှု၊-- တို့၊ မြန်မာမွတ်ဆလင် အွမ္မတ်တို့၏
နှလုံးသား၌ တိုးပွားလာပါစေ)-
ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
မြန်မာမွတ်ဆလင် တန်းတူညီမျှ လှုပ်ရှားဆောင်ရွက်မှု အဖွဲ့
အမေရိကန် ပြည်ထောင်စု
Slider[Style1]
Style2
Style3[OneLeft]
Style3[OneRight]
Style4
Style5
Tagged with: ဌေးလွင်ဦး
About MPN
This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
Subscribe to:
Post Comments (Atom)
- Popular Post
- Video
- Category
Películas populares
-
မေ-၂၅၊၂၀၁၃ M-Media မောင်သမာဓိ ဆောင်ပုဒ် အရွေးတော်သော ကုလသမဂ္ဂ။ ရေလှူသည့် အကျိုး ၁၀ ပါးရှိသည်ဟု ဟောကြားထားသော ဗုဒ္ဓဘာသာ ထွန်းကားသ...
-
လူထုကို သတ်နေသူများ (၁) | ဌေးလွင်ဦး လူတွေကို သေနတ်နဲ့ပစ်သတ်၊ ဓါးနဲ့ခုတ်သတ်၊ လှံနဲ့ထိုးသတ်၊ လည်ပင်းညှစ်သတ်- မှ သတ်တယ်လို့ မပြောနိုင် ပ...
-
မြေပုံ မွတ်စလင်မ်ဒုက္ခသည်စခန်း ဆေးဝါးကုသမှု မရစေရန် RNDP ပါတီဝင်အချို့ နှောက်ယှက် သတင်း – SK (မြန်မာမွတ်စလင်မ် မီဒီယာ) ရန်ကုန် ...
-
“ကျောက်နီမော် အခြေအနေ အေးချမ်းသွားပြီလား” M-Media ဆက်သွယ်မေးမြန်းချက် နိုဝင်ဘာ ၈၊ ၂၀၁၂ M-Media သတင်း – ထွန်းတောက် ကျောက်နီမော်။ ...
-
ရိုက်တာ အထူး အစီရင်ခံချက် – မွတ်စလင် ဆန့်ကျင်ရေး ဘုန်းကြီးများကို အစိုးရမှ တရားဝင် အမွှန်းတင် M-Media မူရင်းဆောင်းပါးရှင် – အန...
-
သရဝဏ် (ပြည်) ၊ စောင့်ကြည့်ဂျာနယ် နှင့် ရဲရင့်သစ္စာ ၏ သစ္စာ (၁) နိုဝင်ဘာ ၂၄၊ ၂၀၁၂ M-Media ရဲရင့်သစ္စာ ၂၀.၁၁.၂၀၁၂ issue News Watch...
-
ရခိုင် သတင်းဌာန ၂ ခုမှ သတင်း ၃ ပုဒ် မှန်ကန်မှု မရှိကြောင်း ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန် Media To Monitor, ပြည်တွင်း သတင်း ဇန်နဝါရီ ၁၈ ၊ ...
-
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) အရ ဘာသာရေး လွတ်လပ်ခွင့် M-Media, ပြည်ထောင်စု သမ္မတမြန်မ...
-
ရခိုင်ပဋိပက္ခအတွက် လူပေါင်း ၁၀၀၀ကျော် ထိန်းသိမ်းပြီးဖြစ် M-Media ဒီဇင်ဘာ ၁၄ ၊ ၂၀၁၂ ရခိုင်ဒေသတွင်ဖြစ်ပွားခဲ့သော ပဋိပက္ခများအတွက် သ...
-
ရိုဟင်ဂျာ အပိုင်း (၃) ဌေးလွင်ဦး ရိုဟင်ဂျာ အပိုင်း (၃) ဌေးလွင်ဦး
Video Of Day
Labels
- ( မြန်မာမွတ်စလင်မ် မီဒီယာ – MMM)
- BMY
- DR. မောင်ဇာနည်
- Hate Crime စောင့်ကြည့်ရေး
- Letter
- M-Media
- MMCRM
- MMM
- Naytthit
- NDPD
- Pin Lone by U Phay Khin
- RFA
- RNDP
- The Muslims of Burma_Moshe Yegar_Burmese
- USCIS
- VOA
- ကမ္ဘာ့မွတ်စလင်မ်သတင်း
- ဂုဏ်ယူဖွယ်ရာမြန်မာမွတ်စလင်များ
- ကြားဖြတ်သတင်း
- ဗွီအိုအေ (မြန်မာဌာန)
- ဗွီအိုအေမြန်မာ
- ဗွီအိုအေမြန်မာပိုင်း
- ပြည်တွင်း သတင်း
- ရိုဟင်ဂျာသတင်း
- ရုပ်သံ
- ရိုဟင်ဂျာသတင်း
- လျှို့ဝှက်အစီအရင်ခံစာ (1826)
- သတင်း
- သတင်းဆောင်းပါး
- အင်တာဗျူး
- အထူးသတင်း
- အပြန်အလှန် ဆွေးနွေးချက်
- အာရ်ကန်ရိုဟင်ဂျာ
- အာရ်ကန်ရိုဟင်ဂျာသတင်း
- အာဘော်/ဆောင်းပါး
- ဦးဦးမှော်ဆရာ
- ဆောင်းပါး
- ဌေးလွင်ဦး
- နေပြည်တော်
- ပေးစာ
- ကြေညာချက်
- မောင်သမာဓိ
- မော်ကွန်းမဂ္ဂဇင်းနှင့်ဒေါက်တာဇာနည်အင်တာဗျူး
- အောင်တင်
- အောင်ထူး (ရှေ့နေ)
-်ကြေငြာချက
- နိုင်ငံတကာသတင်း
No comments: