အချုပ်အခြာကို ကာကွယ်ပါ- | ဌေးလွင်ဦး
လက်ရှိ
မြန်မာအစိုးရဟာ- ၂၁ ရာစု ဒီမိုကရေစီ ပြည်ထောင်စု ဆိုတာကို ထူထောင်ဘို့
အသံကောင်း ဟစ်နေ ပေမယ့်-၊ ရခိုင်နယ်ထဲမှာ ဘင်္ဂလီ ဗုဒ္ဓဘာသာကို ကိုးကွယ်တဲ့
မော့ဂ် (ရခိုင်)နဲ့ ချာ့က်မာ (မာရ်မာကီး) လူမျိုး တွေကို တရားဝင် ကမ္ဘာသိ
ကြေငြာ သွပ်သင်းနေပြီး- ရခိုင်နယ်ထဲက မူလဘူတ လူမျိုး ရိုဟင်ဂျာများကိုတော့
ကျူးကျော်သူ ဘင်္ဂလီများ ဖြစ်တယ်လို့ စွပ်စွဲကာ နည်းမျိုးစုံနဲ့
မောင်းထုတ်နေဆဲပါ။
ကမ္ဘာ့မျက်လုံးအောက်၊
မီဒီယာများအောက်ကို ရောက်နေပြီ ဖြစ်တဲ့ အခုခေတ်၊ ၂၀၁၃ ခုနှစ်ရဲ့
ဇန်န၀ါရီလထဲ မှာတောင်-၊ ဗုဒ္ဓဘာသာကို ကိုးကွယ်ရင် ဘင်္ဂလီဖြစ်စေ၊
သီရိလင်္ကာဖြစ်၊ တရုတ်ဖြစ်စေ၊ အိန္ဒိယ ဖြစ်စေ မြန်မာ နိုင်ငံရဲ့
အမွေခံစားထိုက်သူ အဖြစ် စိတ်နှလုံးမှာ ကပ်ငြိနေပြီး-၊ မြန်မာနိုင်ငံဆိုတဲ့
ဧရိယာထဲမှာ နှစ်ပေါင်း ထောင် ချီ နေထိုင်ခဲ့တဲ့ မူလဘူတ လူမျိုးများကိုတော့
ဗုဒ္ဓဘာသာ မဟုတ်တဲ့ အခြားဘာသာ တစ်ခုခုကို ကိုးကွယ်ယုံ ကြည်လိုက်တာနဲ့-
အဲ့ဒီလူ၊ လူမျိုးနွယ်ဟာ သူ့မြေသူ့ရေ ဖြစ်တဲ့ ဇာတိမြန်မာနိုင်ငံထဲမှာ
အမွေလက်လွတ် ဆုံးရှုံး ရတဲ့အပြင် တိုင်းပြည်ကပါ မောင်းထုတ်ခံရတဲ့ အဆင့်၊
တိုင်းပြည်တွင်းမှာ နေထိုင်လျှက် အစာဖြတ်၊ ရေဖြတ် ငရဲစခန်းထဲမှာ
ထည့်သွင်းခံထားရတဲ့ အဆင့်မျိုး ဖြစ်နေပါတော့တယ်။
ကျွန်တော်ဟာ
ရခိုင်မြေက ဇာတိပါ။ ရခိုင်ပြည်မွေး- ရခိုင်လူမျိုးလို့ ခေါ်ဆိုနေတဲ့
ဗမာမျိုးနွယ် တစ်ဦးပါ။ ရခိုင်က မူလအခြေချနေခဲ့တဲ့ ဒေသခံ ရခိုင်
(ဗမာ)လူမျိုးတွေဟာ အနောက်သား (ဘင်္ဂလားပြည်က ဗုဒ္ဓဘာသာများ)ကို
သမိုင်းတစ်လျှောက် ကြည်ဖြူခဲ့ခြင်း မရှိဘူး ဆိုတာကို အသိဆုံးပါ။
အနောက်သားတွေဟာ- ကျွန်တော်တို့ ရခိုင် လို့ခေါ်ခံနေရတဲ့ ဗမာ လူမျိုးများနဲ့
လူမျိုးနွယ် နီးစပ်ကောင်း နီးစပ်ပါမယ်-၊ ဒါပေမယ့် သူတို့ဟာ ဘင်္ဂလီစိတ်ဓါတ်
အပြည့်အ၀ ရှိနေပြီး- ရခိုင်ဗုဒ္ဓဘာသာများ အပေါ် လိမ်ညာကောက်ကျစ်မှု၊
အာဏာပိုင်များနဲ့ ပေါင်းပြီး အနိုင် ယူ ဗိုလ်ကျမှုများကို ဦးနေ၀င်းလက်အောက်
အုပ်ချုပ်မှု တစ်လျှောက်လုံးနဲ့ စစ်အစိုးရလက်ထက် တစ်လျှောက် လုံးမှာ
ကျင့်သုံးခဲ့ပါတယ်။ ရခိုင်နယ်က ရိုဟင်ဂျာ လူမျိုးများသာ သူတို့ရဲ့
အနိုင်ကျင့် ဗိုလ်ကျခြင်းကို ခံခဲ့ရခြင်း မဟုတ်ဘဲ- ကျွန်တော်တို့
ရခိုင်ချင်းလည်း သူတို့ရဲ့ ဒဏ်ကို အလူးအလဲ ခံခဲ့ရပါတယ်၊ ခံနေရပါတယ်။ (ဒါတွေ
ဟာ လူမျိုးရေး အမုန်းပေါ် မူတည်ပြီး ပြောဆိုခြင်းမဟုတ်ပါ၊ သမိုင်းဆိုတာ
လိမ်ညာလို့ပါ၊ ဘယ်ခေတ်မှာ ဘယ် အာဏာပိုင်တွေက ဘယ်လိုမူကို ကျင့်သုံးခဲ့တယ်၊
ဘယ်လိုလူမျိုးတွေက ခံစားခဲ့ရတယ် ဆိုတာ တစ်ချိန်မှာ အမှန်အတိုင်း
ပေါ်လာပါလိမ့်မယ်။)
ဒီခေတ်ဒီကာလမှာတောင် ဘင်္ဂလီမော့ဂ် တွေကို
အစုလိုက်အပြုံလိုက် သွင်းပြီး ရခိုင်နယ်ထဲမှာ နေရာချနေ တယ်၊ ရခိုင်နယ်ထဲက
အစ္စလာမ်ဘာသာကိုးကွယ်သူတွေကို ပြည်ပကို မောင်းထုတ်နေတယ်ဆိုရင်- အခုလို ကမ္ဘာက
စောင့်မကြည့်နိုင်မှီ၊ မီဒီယာများ မပွင့်လင်းမှီကာလက ဒီလိုစီမံချက်မျိုး
ဘယ်လောက်ထိ လုပ်ခဲ့ပြီလဲ- ပညာတတ်သူတိုင်း သိနေနိုင်ပါတယ်။ ရခိုင်နယ်မှာ
မိဘလုက်ငုတ်နေထိုင်တဲ့ ရခိုင်ဗုဒ္ဓဘာသာများဟာ ကိုယ့် အိုးနဲ့ ကိုယ့်အိမ်နဲ့၊
ကိုယ့်ယာနဲ့ ကိုယ့်ချောင်းနဲ့- ဆင်းရဲသည် ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ အနေတကျ
လုပ်ကိုင် စားသောက်နေသူများ ဖြစ်ပါတယ်။ ဘာသာမတူတဲ့ အကြောင်းပြချက်နဲ့
အတူနေထိုင်ခဲ့တဲ့ လူများရဲ့ အိမ်များ ယာများကို လုယက်ယူစရာ မလိုပါ၊ အဲ့သလို
အလုပ်ကိုလည်း မလုပ်ခဲ့ပါ။ တစ်ယောက်တစ်ယောက် မျက်နှာသိ တွေ ဖြစ်ပြီး
မျက်နှာပျက်ရမယ့် အလုပ်ကိုလည်း မလုပ်ဆောင်ပါ။ အိုးမဲ့ အိမ်မဲ့
လယ်မဲ့ယာမဲ့များ ကို အစိုးရ ကိုယ်တိုင်က အောက်လမ်း အထက်လမ်း
လမ်းပေါင်းစုံနဲ့ သွင်းခဲ့တော့-၊ စက်ရုံအလုပ်ရုံတွေ မရှိတဲ့ ဒေသမှာ အဲ့ ဒီ
အိုးမဲ့ အိမ်မဲ့များက သူတစ်ပါးရဲ့ အိုးအိမ်တွေကို အတင်းဝင်လု၊ လယ်ယာတွေကို
အတင်းဝင်လုခဲ့ကြပါတော့ တယ်။ နောက်ဆုံးတော့ ကမ္ဘာအလယ်မှာ တစ်ကယ်
မျက်နှာပျက်ရတာက- “ရခိုင်လူမျိုး ဗုဒ္ဓဘာသာ” ဆိုတဲ့ ခေါင်းစီးနဲ့
ဖြစ်ရပါတယ်။ ဒါတွေကို ဒေသခံ ရခိုင်လူမျိုးတွေက မတတ်သာလို့
ငုံ့ခံနေရပေမယ့်-၊ ဒီလို အနိုင်ကျင့် ပြုမူခဲ့တဲ့ ရာဇ၀တ်ကောင်များကို
ဒေသခံရခိုင်လူမျိုးများရဲ့ ရင်ထဲမှာ မှတ်တမ်းရှိနေတယ် ဆိုတာကိုတော့ သတိ
ပြုမိ စေလိုပါတယ်။
အမှန်တစ်ကယ် သမိုင်းအရ စစ်တကောင်း ဆိုတာဟာ
ရခိုင်ပိုင်နယ် ဖြစ်ပါတယ်။ စစ်တကောင်းဒေသခံအား လုံးက ရခိုင်နယ်က လူသားတွေ
ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့မှာ အတိတ်က သမိုင်းဖြစ်ခဲ့ပါပြီ။ ဒါကို သမိုင်း
စာမျက်နှာသစ် ပြန်ရေးလိုရင်- မြန်မာနိုင်ငံ ရခိုင်နယ်ထဲကို စစ်တကောင်းနယ်က
ဘယ်သူဝင်လာလာ လက်ခံ ပေးရမှာ ဖြစ်ပါတယ်။ သို့မဟုတ် စစ်တကောင်းနယ်ကို
မြန်မာပြည်ထဲ ပြန်လည်ရအောင် ယူဘို့ ဖြစ်ပါတယ်။ လွတ်လပ်ရေး ယူစဉ်က
ကိုယ့်နယ်ကိုယ် ရအောင် ယူလိုက်ရင် ရနိုင်ပါလျှက်-၊ အစ္စလာမ်မုန်းတဲ့ စိတ်နဲ့
အရှေ့ ပါ ကစ္စတန် ထဲ အသာတကြည် ထည့်ပေးခဲ့တယ်-၊ အခုမှ ဗုဒ္ဓဘာသာကို
ကိုးကွယ်သူတွေ ပြန်လာခဲ့ပါ၊ ဒီက မွတ် ဆလင်တွေကိုလည်း မောင်းထုတ်ပစ်မယ်
ဆိုတဲ့ စီမံချက်ကို ချနေကြတာ-၊ အတော့ကို ပညာမဲ့လွန်းနေပါ တယ်။
ဒီစကားတွေဟာ- ဘင်္ဂလားက ခိုလှုံလာတဲ့ လူသားတွေအပေါ်- လူသားချင်း မစာနာလို့
ပြောခြင်းမဟုတ်ပါ။ နိုင်ငံ တစ်နိုင်ငံရဲ့ အချုပ်အခြာ တည်မြဲမှုနဲ့
ဂုဏ်သိက္ခာအတွက် ပြောဆိုခြင်းသာ ဖြစ်ပါတယ်။ ဘေးဒုက္ခရောက် နေသူတွေ၊
ခိုလှုံစရာမဲ့နေသူတွေကို လူသားချင်းစာနာပြီး ခိုလှုံခွင့်ပေးရမှာ
လူသားနှလုံးသား ရှိသူတိုင်းရဲ့ လူ့ တာဝန် တစ်ရပ် ဖြစ်ပါတယ်။ မိမိမြေမှာ
ရှိနေတဲ့ မိမိနိုင်ငံက လူမျိုးကို မောင်းထုတ်ပြီး သူတစ်ပါးတိုင်းပြည်က
နိုင်ငံခြားသားကို အဲ့ဒီမြေမှာ အစားထိုးနေရာချပေးခြင်းက လူသား နှလုံးသား
ရှိသူတို့ရဲ့ လုပ်ရပ်ရယ်လို့ သတ် မှတ်လို့ မဖြစ်ပါ။ ခိုလှုံလာသူတွေကို
ကိုယ်တိုင်က သူတို့ဟာ “သူတို့ရဲ့ နိုင်ငံထဲမှာ သူတို့ရဲ့ ဘင်္ဂလီ အစိုးရက
မောင်းထုတ်ခဲ့လို့ လာခဲ့ရခြင်း မဟုတ်၊ လူမျိုးမတူသူများရဲ့ ရွာကိုသွားရင်
ဖိနှိပ်မှု၊ အနိုင်ကျင့်မှုတွေကြောင့်သာ ဖြစ်တယ်”လို့ တရားဝင်
ထုတ်ပြောခဲ့ပါတယ်။ အဲ့လို လူနည်းစုကြောင့် ဖိနှိပ်ချုပ်ချယ် ခံရတာ ဆိုရင်-
သူတို့ဟာ သက်ဆိုင်ရာ အစိုးရဆီမှာ တိုင်တန်းရမယ်၊ သူတို့ လူနည်းစု
အခွင့်အရေးတွေ အကာအကွယ်တွေ အတွက် သူတို့ လှုပ်ရှားရ မယ်၊ ကမ္ဘာက သိအောင်
ပြောဆိုရမယ်-။ အခုတော့ အဲ့လို မဟုတ်ဘဲ- လူများက ဖိနှိပ်တယ် ဆိုတာ ဘယ်သူ ကမှ
သက်သေမပြနိုင်တဲ့ အကြောင်းပြချက် တစ်ခုမျှသာ ဖြစ်ပါတယ်။ ဖိနှိပ်တဲ့
အကျင့်ရှိသူ ရွာများကို မသွားဘဲ မိမိအရပ်ဒေသမှာ မိမိ
လုပ်ကိုင်စားသောက်နေရင်လည်း ရတာပါပဲ။
အကြောင်းပြချက်က မယ်မယ်ရရ
မရှိတဲ့ လူတစ်စုကို ဘယ်လိုသဘောနဲ့ လက်ခံပါသလဲ။ အကယ်၍ သူတို့ဟာ ခွဲထွက်ရေး
သောင်းကျန်းသူတွေ ဖြစ်နေခဲ့ရင်၊ အကယ်၍ သူတို့ဟာ သက်ဆိုင်ရာနိုင်ငံရဲ့
ရာဇ၀တ်ကောင်တွေ ဖြစ်နေခဲ့ရင်၊- ဆိုတာတွေကိုကော လက်ခံတဲ့ အာဏာပိုင်များက
ထည့်စဉ်းစားခဲ့ပါသလား။
ဘယ်လို ဖြစ်ဖြစ် သူတို့ကို လက်ခံမယ် ဆိုရင် ယာယီ
ဒုက္ခသည်စခန်းတွေ ဖွင့်ပေးရပါမယ်။ ကမ္ဘာ့ဥပဒေနဲ့ အညီ ပြန်လည်နေရာချထားရေး
အစီအစဉ်တွေကို ဆောင်ရွက်ပေးရပါမယ်။ ကိုယ့်နိုင်ငံ ဇာတိ မွတ်ဆလင်များရဲ့
လယ်ယာမြေများကို မတရားသိမ်းပိုက်ပြီး သူတို့ကို လုပ်စားကိုင်စား ပေးတယ်
ဆိုတာကော- နိုင်ငံတစ်နိုင်ငံမှာ ရှိတဲ့ အစိုးရတစ်ရပ်ရဲ့ ကျင့်ဝတ်သိက္ခာများ
ဖြစ်ပါသလား- ဆိုတဲ့ မေးခွန်းတွေက အများကြီး ဖြစ်နေပါတယ်။ တစ်ကယ်တော့
ဒါတွေအားလုံးက ၁၉၇၂ ခုနှစ်မှာ ဦးနေ၀င်း စိတ်ကူးယဉ်ခဲ့တဲ့ အလုပ်တွေပါ။
ဦးနေ၀င်ဟာ ၁၉၇၂-၇၃ လောက်မှာ အိန္ဒိယ၊ နီပေါလ်၊ ဘင်္ဂလား ဘက်က
မြန်မာမျိုးနွယ်တွေကို မြန်မာနိုင်ငံထဲကို ပြန်ခေါ်ပြီး
စကိုင်းတိုင်းမြောက်ပိုင်း မှာ နေရချပေးဘို့ စီစဉ်ခဲ့ပါတယ်။ သူ့ရဲ့ မဆလ
ပါတီတွင်းက တစ်ချို့သော ဗဟိုကော် မတီများကိုယ်တိုင် သဘောမတူလို့
ပျက်သွားခဲ့ရတဲ့ အစီအစဉ်ပါ။ အာဏာရှင် ဦးနေ၀င်းဟာ သူလုပ်ချင်တိုင်း လုပ်တဲ့
စိတ်ရှိပေမယ့်-၊ နိုင်ငံနဲ့ အချုပ်အခြာကို ထိခိုက်မယ့် လုပ်ရပ်ကို
လက်မခံတဲ့ သတ္တိရှင် တစ်ချို့နဲ့ ခေတ် ကာလရဲ့ မဖြစ်နိုင်မှုများက
သူ့အစီအစဉ်ကို ရပ်တန့်စေခဲ့ နိုင်ပါတယ်။
ခေတ်ကာလကိုလည်း မသိ၊
ကမ္ဘာ့ ဥပဒေ စည်းကမ်းများကိုလည်း မသိ၊ ကမ္ဘာ့လူ့ကျင့်ဝတ်များကိုလည်း မသိ၊
ပြည်ထောင်စု ဆိုတာ ဘယ်လို ဖွဲ့စည်းရမလဲ မသိ၊ ဘာဆိုဘာမှ မသိဘဲ-၊ ဗုဒ္ဓဘာသာ
အယူသည်း စိတ်တစ်ခု နဲ့ ၂၁ ရာစုမှာ ဒီမိုကရေစီ ထအော်နေတဲ့ နိုင်ငံ
ဦးဆောင်များကြောင့် နိုင်ငံတော်ဟာ ပျက်စီးခြင်းဆီသို့ ဦးတည် နေပြီ
ဆိုတာတော့ တိုင်းချစ်ပြည်ချစ် ပုဂ္ဂိုလ်များ နားလည်သင့်ပါပြီ။ ပျက်စီးမယ့်
လမ်းကြောင်းကို စတက်နေချိန် မှာ မကာကွယ်ရင် ပျက်စီးခြင်းဟာ
အရှိန်အဟုန်ကောင်းလာနိုင်ပါတယ်။
ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
မြန်မာမွတ်ဆလင် တန်းတူညီမျှ လှုပ်ရှားဆောင်ရွက်မှု အဖွဲ့
Slider[Style1]
Style2
Style3[OneLeft]
Style3[OneRight]
Style4
Style5
Tagged with: ဌေးလွင်ဦး
About MPN
This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
Subscribe to:
Post Comments (Atom)
- Popular Post
- Video
- Category
Películas populares
-
မေ-၂၅၊၂၀၁၃ M-Media မောင်သမာဓိ ဆောင်ပုဒ် အရွေးတော်သော ကုလသမဂ္ဂ။ ရေလှူသည့် အကျိုး ၁၀ ပါးရှိသည်ဟု ဟောကြားထားသော ဗုဒ္ဓဘာသာ ထွန်းကားသ...
-
လူထုကို သတ်နေသူများ (၁) | ဌေးလွင်ဦး လူတွေကို သေနတ်နဲ့ပစ်သတ်၊ ဓါးနဲ့ခုတ်သတ်၊ လှံနဲ့ထိုးသတ်၊ လည်ပင်းညှစ်သတ်- မှ သတ်တယ်လို့ မပြောနိုင် ပ...
-
မြေပုံ မွတ်စလင်မ်ဒုက္ခသည်စခန်း ဆေးဝါးကုသမှု မရစေရန် RNDP ပါတီဝင်အချို့ နှောက်ယှက် သတင်း – SK (မြန်မာမွတ်စလင်မ် မီဒီယာ) ရန်ကုန် ...
-
“ကျောက်နီမော် အခြေအနေ အေးချမ်းသွားပြီလား” M-Media ဆက်သွယ်မေးမြန်းချက် နိုဝင်ဘာ ၈၊ ၂၀၁၂ M-Media သတင်း – ထွန်းတောက် ကျောက်နီမော်။ ...
-
ရိုက်တာ အထူး အစီရင်ခံချက် – မွတ်စလင် ဆန့်ကျင်ရေး ဘုန်းကြီးများကို အစိုးရမှ တရားဝင် အမွှန်းတင် M-Media မူရင်းဆောင်းပါးရှင် – အန...
-
သရဝဏ် (ပြည်) ၊ စောင့်ကြည့်ဂျာနယ် နှင့် ရဲရင့်သစ္စာ ၏ သစ္စာ (၁) နိုဝင်ဘာ ၂၄၊ ၂၀၁၂ M-Media ရဲရင့်သစ္စာ ၂၀.၁၁.၂၀၁၂ issue News Watch...
-
ရခိုင် သတင်းဌာန ၂ ခုမှ သတင်း ၃ ပုဒ် မှန်ကန်မှု မရှိကြောင်း ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန် Media To Monitor, ပြည်တွင်း သတင်း ဇန်နဝါရီ ၁၈ ၊ ...
-
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) အရ ဘာသာရေး လွတ်လပ်ခွင့် M-Media, ပြည်ထောင်စု သမ္မတမြန်မ...
-
ရခိုင်ပဋိပက္ခအတွက် လူပေါင်း ၁၀၀၀ကျော် ထိန်းသိမ်းပြီးဖြစ် M-Media ဒီဇင်ဘာ ၁၄ ၊ ၂၀၁၂ ရခိုင်ဒေသတွင်ဖြစ်ပွားခဲ့သော ပဋိပက္ခများအတွက် သ...
-
ရိုဟင်ဂျာ အပိုင်း (၃) ဌေးလွင်ဦး ရိုဟင်ဂျာ အပိုင်း (၃) ဌေးလွင်ဦး
Video Of Day
Labels
- ( မြန်မာမွတ်စလင်မ် မီဒီယာ – MMM)
- BMY
- DR. မောင်ဇာနည်
- Hate Crime စောင့်ကြည့်ရေး
- Letter
- M-Media
- MMCRM
- MMM
- Naytthit
- NDPD
- Pin Lone by U Phay Khin
- RFA
- RNDP
- The Muslims of Burma_Moshe Yegar_Burmese
- USCIS
- VOA
- ကမ္ဘာ့မွတ်စလင်မ်သတင်း
- ဂုဏ်ယူဖွယ်ရာမြန်မာမွတ်စလင်များ
- ကြားဖြတ်သတင်း
- ဗွီအိုအေ (မြန်မာဌာန)
- ဗွီအိုအေမြန်မာ
- ဗွီအိုအေမြန်မာပိုင်း
- ပြည်တွင်း သတင်း
- ရိုဟင်ဂျာသတင်း
- ရုပ်သံ
- ရိုဟင်ဂျာသတင်း
- လျှို့ဝှက်အစီအရင်ခံစာ (1826)
- သတင်း
- သတင်းဆောင်းပါး
- အင်တာဗျူး
- အထူးသတင်း
- အပြန်အလှန် ဆွေးနွေးချက်
- အာရ်ကန်ရိုဟင်ဂျာ
- အာရ်ကန်ရိုဟင်ဂျာသတင်း
- အာဘော်/ဆောင်းပါး
- ဦးဦးမှော်ဆရာ
- ဆောင်းပါး
- ဌေးလွင်ဦး
- နေပြည်တော်
- ပေးစာ
- ကြေညာချက်
- မောင်သမာဓိ
- မော်ကွန်းမဂ္ဂဇင်းနှင့်ဒေါက်တာဇာနည်အင်တာဗျူး
- အောင်တင်
- အောင်ထူး (ရှေ့နေ)
-်ကြေငြာချက
- နိုင်ငံတကာသတင်း
No comments: