ပဋိပက္ခဖြစ်ပွားရာ ကချင်နှင့် ရခိုင်ရှိ ပြည်သူများအတွက် အကူအညီများ ပိုမိုပေးမည် ဟု ICRC ဥက္ကဌ ပြော
ဇန်နဝါရီ ၁၇ ၊ ၂၀၁၃
M-Media
သမ္မတ ဦးသိန်းစိန် နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC) ဥက္ကဌ Mr. Peter Maurer နေပြည်တော်တွင် တွေ့ဆုံခဲ့စဉ်
“ရခိုင်ပြည်နယ်မှာ အထောက်ပံတွေ တိုးမြှင့်ကူညီသွားမှာ ဖြစ်ပါတယ်။ ဆေးဝါးအကူအညီတွေ ရွေ့လျားဆေးခန်းတွေ (Mobile Clinic) တွေကို ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ အရေးကြီးအခြေအနေတွေ့ကြုံနေရတဲ့ ကချင်ပြည်နယ်မှာ လည်း ဆေးဝါးထောက်ပံ့မှုတွေ၊ ကျန်းမာရေးစောင့်ရှောက် မှုတွေ အပါအဝင် လူသားချင်းစာနာထောက် ထားမယ့် အကူ အညီတွေ ပေးသွားမှာ ဖြစ်ပါတယ် ” ဟု ယင်းကပြောကြားသည်။
အလားတူ ICRC အနေဖြင့် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယင်းက မီဒီယာများကို ပြောကြားခဲ့သည်။ ICRC ဥက္ကဌသည် ဇန်နဝါရီ ၁၄ ရက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အပါအဝင် ပြည်ထောင်စု ဝန်ကြီးများ ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် အရပ်ဘက်အဖွဲ့အစည်းများနှင့် လည်းတွေ့ဆုံခဲ့သည်။
ရန်ကုန်တိုင်းမ်
No comments: