မြန်မာနိုင်ငံ၏ ကိုယ်ယောင်ဖျောက် စင်ပြိုင်အစိုးရ
M-Media
မောင်သမာဓိ
Hidden Rival Government of Myanmar မြန်မာနိုင်ငံ၏ ကိုယ်ယောင်ဖျောက် စင်ပြိုင်အစိုးရ
၁။ Aljazeera Investigation ၏တွေ့ရှိချက်နှင့် ကျွန်ုပ်၏ အမြင်။
တကယ်ဆိုရင် ပြုပြင်ပြောင်းလဲရေး သမ္မတကြီး ဦးသိန်းစိန်အနေဖြင့် အယ်လ်ဂျာဇီးရား သတင်းဌာနကို ကျေးဇူးတောင် တင်ရဦးမယ်။ သမ္မကြီး ကိုယ်တိုင်ခန့်ထားတဲ့ ရခိုင်အရေး စုံစမ်းရေး ကော်မရှင် နှစ်ရပ်ထက် စောလျှင်စွာ ရခိုင်အရေးကို အချက်အလက် စုံစုံလင်လင် ခိုင်ခိုင်မာမာနဲ့ အစီရင်ခံစာတင်သွင်းနိုင်ခဲ့တဲ့အပြင် ဒီလုပ်ငန်းအတွက် နိုင်ငံတော်က ကုန်ကျစာရိတ် တစ်စုံတစ်ရာ ငွေကြေး တစ်ပြားတစ်ချပ်မှ ပေးစရာလိုလို့ပါ။ လာမယ့် လွတ်လပ်ရေးနေ့မှာ အယ်ဂျာဇီးရား ရုပ်-သံ ကို မီဒီယာ လူမှုထူးချွန်ဆု ပထမအဆင့် ပေးဖို့ အဆိုကို လည်း တခါတည်း တင်သွင်းချင်ပါတယ်။
အယ်လ်ဂျာဇီးရား သတင်းဌာနက သူ့ရဲ့ စုံစမ်းတွေ့ရှိချက် ရလဒ်ကို ခေါင်းစဉ်အဖြစ် ထိထိမိမိ လိုတိုရှင်း ရွေးပေးလိုက်ပုံက Hidden Genocide တဲ့ဗျား။ ရုပ်ရှင်ထုတ်လုပ်သူက သူ့ရုပ်ရှင်ကို ကြည့်ပြီးရင် စောဒက တက်ခွင့်လည်း ပေးထားလေတော့ တရားမျှတတယ်လို့မြင်ပါတယ်။
လက်ရှိရခိုင် အရေးအခင်းကြီးဟာ လူမျိုးရေး၊ ဘာသာရေးတွေ ကြောင့်မဟုတ်ဘဲ၊ လူအုပ်စုနှစ်ခု အကြား ဒေါသကြောင့်ဖြစ်တဲ့ သာမန် ရန်ပွဲမျှသာဖြစ်တယ်လို့ မြန်မာအစိုးရက တချိန်လုံး ပြောနေခဲ့တာ မဟုတ် လား။ ဒါကြောင့် ခေါင်းစဉ်ကို ကြားရုံနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြိုတင်ကန့်ကွက်ခဲ့ပြီး၊ ဒီရုပ်ရှင်ကို ကြည့်ပြီး ရင်လည်း လိုအပ်ရင် ချေပမယ်လို့ နယ်စပ်ဝန်ကြီး ဦးသိန်းဌေးက ပြောတယ်ခင်ဗျာ့။ အခုအထိတော့ ဘာမှပြော သံမကြား ရသေးပါဘူးခင်ဗျာ့။
မြန်မာပြည်က မီဒီယာအများစုက လူမျိုးရေးအထိကရုံးတွေ ဖန်တီးဖို့ တဖက်လှည့်နဲ့ ကြိုပမ်းနေကြခိုက် အဓိကရုဏ်း အကဲသိ ကမ္ဘာ့မီဒီယာကြီးတစ်ခုက တာဝန်ကျေစွာ၊ မီဒီယာ ပီသစွာ တိတ်တိတ်ကလေး မှိတ်ထားတဲ့ လူမျိုးတုန်း သတ်ဖြတ်မှု ကြီးကို ဘွားကနဲဖေါ်ထုတ်လိုက်တော့ ဗဟိုအစိုးရ၊ ပြည်နယ်အစိုးရ များသာမက ရခိုင် အရေး စုံစမ်းရေး ကော်မရှင်နှစ်ရပ်ရဲ့ အဖွဲ့ဝင်များနှင့် တကွ မြန်မာပြည်က ဂျာနယ်မျိုးစုံရဲ့ အယ်ဒီတာချုပ်ဆိုသူ တွေ ကို တကယ်ပင် ငုတ်တုတ် မေ့စေခဲ့ပါတယ်။
မီဒီယာများ အတွက်ကလည်း သနားစရာပါခင်ဗျာ။ လောလော ဆယ်ဆယ်မှာ ဘာလုပ်လို့ ဘာကိုင် ရမှန်း မသိ ယောင်ချာချာ ဖြစ်နေကြလို့ ခေါင်းခံပြီး တစ်စုံတစ်ရာ စတင်ပြောမယ့်သူကို စောင့်မျှော် နေကြ လေရဲ့။ မီဒီယာ လွတ်လပ်ခွင့်ကို တစ်စာစာ အော်နေကြတဲ့ မီဒီယာသမားတွေ ဒီရုပ်ရှင် ဇာတ်လမ်းကို ဘယ်ဂျာနယ်မှာမှ ဖေါ်ပြတာမတွေ့ရသေးဘူး။ စဉ်းစား စရာလေးတွေကို ထောက်ပြတာပါ။
တကယ်တော့ ဒီရုပ်ရှင်က မြန်မာပြည် စင်ပြိုင်အစိုးရရဲ့ အဖွဲ့ဝင်တွေကို ထုတ်ဖေါ်ပြသ သွားတာသာ ဖြစ်လို့ Hidden Genocide ဆိုတဲ့ Documentary Film ရဲ့ခေါင်းစဉ်ကို ကျနော်အနေဖြင့် (Hidden Rival Government of Myanmar) မြန်မာနိုင်ငံ၏ ကိုယ်ယောင်ဖျောက် စင်ပြိုင်အစိုးရ လို့သာ ပေးလိုက် ချင်ပါတော့ တယ်။
၂။ အမေရိကန်နိုင်ငံ LA မှာ ပြောခဲ့တဲ့ အမေစု စကားတွေကို English Version ပြောင်းရန်လိုသည်။
ဒီရုပ်ရှင်ထဲတွင် ရိုဟင်ဂျာ အရေးနှင့် ပတ်သက်လို့ အမေစု အသံတိတ်လွန်းသည်ဟု စွပ်စွဲထားပါတယ်။ တကယ်တော့ လုံးဝ ရေငုံနေတာမျိုးတော့ မဟုတ်ပါ။ အပြန်အလှန် လူ့အခွင့်အရေးတွေ မချိုးဖေါက်ကြဖို့ အမေစု တိုက်တွန်းခဲ့ရုံမက လူများစုဟာ လူနည်းစုကို ညှာတာရမယ်လို့ ပြောခဲ့သလို ရိုဟင်ဂျာတွေကို ဥပဒေမဲ့ ဟိုနိုင်ငံ ပို့မယ်၊ ဒီနိုင်ငံပို့မယ် ဆိုတာကို လုံးဝလက်မခံနိုင်သည့်အပြင် အထောက် အထား ခိုင်လုံအောင် ပြသနိုင်တဲ့ ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် အသိအမှတ် ပြုပေးရမယ် ဆိုပြီး လော့စ် အိန်ဂျယ်လိစ်မှာ အမေစု ပြောခဲ့တာ တွေက မြန်မာဘာသာနဲ့ ဆိုတော့ အနောက်နိုင်ငံ မီဒီယာတွေကို မပေါက်လို့သာ အသံတိတ်လွန်းတယ်လို ပြောနေကြ တာပေါ့။
အမေစု မိန့်ခွန်းပြောအပြီး LA ရှိ မြန်မာပရိတ်သတ်က အမေစုသာ မြန်မာနိုင်ငံရဲ့ သမ္မတဖြစ်ရင် ရိုဟင်ဂျာအရေးကို ဘယ်လို ဖြေရှင်းပေးမှာလဲ ဆိုတဲ့ ပထမဆုံး မေးတဲ့ မေးခွန်ကို ဖြေတဲ့မြန်မာလို အဖြေ တွေပါတဲ့ ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန် ခရီးစဉ် VCD အမှတ် ၆ ကို အင်္ဂံလိပ်လို စာတမ်းထိုးပြီး Aljazeera News Agency သို့ပို့ကာ ထုချေသင့်တယ်လို့ ကျနော်အနေနဲ့ မြင်ပါတယ်။
သူများမကြိုက်တဲ့ ကုလားဆိုတဲ့ အမည်ကို မခေါ်ဖို့နဲ့၊ ဒီလိုမခေါ်ဖို့ကို ဆရာသမားနဲ့ မိဘများက တပည့်နဲ့ သားသမီးတွေကို သင်ကြားပေးဖို့ လိုတယ်လို့ LA မှာပြောဆို ခဲ့တဲ့ အကြောင်းကိုလည်း မပါ ပါအောင်ထဲ့သင့်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီရုပ်ရှင်ထဲမှာ ဆရာတော်က ကုလားဆိုတဲ့စကားကို မိုးမွှန်အောင် ခေါ်သွားလို့ပါ။
ဒါမှမဟုတ် ဒီရုပ်ရှင်ကို ကြည့်ပြီးလို့ တစ်စုံတစ်ရာ ပြောစရာရှိပါက အချိန်မရွေး ပြောနိုင်ကြောင်း၊ စောဒကတက်နိုင်ကြောင်း ဗြိတိသျှ ရုပ်ရှင်ထုတ်လုပ်သူက တံခါးဖွင့်ထားတဲ့အတွက် အမေစုအနေဖြင့် ဖုန်းဆက် ဖြေရှင်းသင့်ပါတယ်လို့ အကြံပေးချင်ပါတယ်။
၃။ Aljazeera News Agency အနေဖြင့် ဦးဝင်းမရ ကိုလည်း View ဖို့လိုသည်။
အယ်ဂျာဇီးရား သတင်းဌာန အနေဖြင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဌ ဦးဝင်းမရ ကို တွေ့ဆုံ မေးမြန်းခဲ့ပါလျှင် ပိုမိုပြည့်စုံသည့် Documentary Film ဖြစ်သွားနိုင်ပါသည်။ ရခိုင် ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်ကတော့ Aljazeera သတင်းထောက်ကို အတွေ့မခံဘဲရှောင်နေခဲ့ တယ်လို့ဆိုတယ် ခင်ဗျာ့။
၂၀၁၂ ဇွန်လ ၃ ရက်နေ့တွင် တောင်ကုတ်မြိုတွင် ရက်စက်စွာ အကြမ်းဖက်သတ်ဖြတ်ခြင်း ခံခဲ့ရသော မြန်မာမွတ်စလင်မ် (၁၀)ယောက် တွင် (၈) ယောက်၏ ကိုယ်ရေး အချက်အလက် အကျဉ်း၊ ၄င်းတို့ ၈ ယောက်မှာ ရခိုင်ပြည်နယ်မှ မဟုတ်ဘဲ ပြည်မ တွင်နေတိုင်သော နိုင်ငံသား မွတ်စလင်မ်များဖြစ်ကြသည်။
၎။ ပါဏာတိပါတာကို ဝစီကံဖြင့် အားပေးသော ရခိုင်ဆရာတော်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၈) နိုင်ငံသားများ၏ မူလ အခွင့်အရေးနှင့် တာဝန်များ ပုဒ်မ ၃၅၅ တွင် နိုင်ငံသားတိုင်းသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အတွင်း မည်သည့်အရပ်ဒေသ၌ မဆို ဥပဒေနှင့်အညီ အခြေစိုက်နေထိုင်ခွင့်ရှိသည်ဟု အတိအလင်းပြဌာန်းထားပါသည်။
သံတွဲ တောင်ကုတ်လမ်းကို အစ္စလာမ်ဘာသာဝင်များ မသွားရဟူသော ဥပဒေကို မည်သည့်အစိုးရ အဖွဲ့က ပြဌာန်းပြီး မည်သည့်လွှတ်တော်က အတည်ပြုထားပါသနည်း။
ရခိုင်ပြည်နယ်တွင် စင်ပြိုင်အစိုးရ တရပ်ရှိခြင်းကြောင့်သာ ဥပဒေထုတ်ခွင့်၊ မွတ်ဆလင် ခရီးသည် များကို အရေးယူသည့် အနေဖြင့် အုပ်စုဖွဲ့သတ်ခွင့်၊ လူသတ်မှု ကျူးလွန်သူများကိုလည်း စင်ပြိုင်အစိုးရ အမိန့်ကို အကောင်အထည်ဖေါ်သူများဖြစ်၍ ဗဟိုအစိုးရ၏ ဥပဒေအထက်တွင် နေခွင့်များရနေခြင်းဖြစ်သည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင် ကိုယ်ယောင်ဖျောက် စင်ပြိုင်အစိုးရ ကျိန်းသေပေါက်ရှိ၏။
၅။ တတိယလှိုင်း ဒေါက်တာ အေးမောင် (3rd Wave Dr. Aye Maung)
Hidden Genocide သတင်းဗီဒီယိုထဲတွင် စစ်တွေမြို့ အောင်မင်္ဂံလာရပ်ကွက်သား တစ်ဦးက ရိုဟင်ဂျာအိမ်များကို မီးရှို့ရန်နှင့် ရိုဟင်ဂျာများကိုသတ်ရန် RNDP ဒေါက်တာအေးမောင်က အနယ်နယ် အရပ်ရပ်မှ ၎င်း၏ ပါတီဝင်များကို စစ်တွေမြို့သို့ ဆင့်ခေါ်ခဲ့သည်ဟု အခိုင်အမာပြော၏။ ဒေါက်တာအေးမောင်နှင့် မျက်နှာချင်းဆိုင် စကားပြောရန် ထိုရိုဟင်ဂျာထံတွင် သက်သေ အထောက်
အထားများ ခိုင်ခိုင်လုံလုံ ရှိသည်ဟု ဆို၏။
ထို့အပြင် RNDP ဒေါက်တာအေးမောင်၏ နောက်လိုက်နောက်ပါများသည် ရိုဟင်ဂျာ ဒုက္ခသည်များကို ရိက္ခာနှင့် ဆေးဝါး ဖြတ်တောက်ရန် ဥပဒေ ထုတ်ခွင့်ရှိသည့်အပြင် ရိုဟင်ဂျာများနှင့် ဆက်သွယ်သော ပြစ်မှု ကြောင့် ရခိုင်အချင်းချင်း လည်ပင်းတွင် သစ္စာဖေါက်ဟု ရေးထားသော စာကိုချိတ်ဆွဲကာ အရပ် တကာလှည့်၍ အရှက် ခွဲခွင့် များ ရှိနေခြင်း သည်လည်း ရခိုင်ပြည်နယ်တွင် ဦးသိန်းစိန်၏ ဗဟိုအစိုးရ အာဏာနှင့် ယှဉ်လျှင် စင်ပြိုင်အစိုးရ၏ အာဏာက ပိုမို သက်ရောက်လွှမ်းမိုး နေသော ကြောင့် ဖြစ်၏။
ထို့ကြောင့် မြန်မာနိုင်ငံတွင် ကိုယ်ယောင်ဖျောက် စင်ပြိုင်အစိုးရ ကျိန်းသေပေါက်ရှိ၏။
၆။ သမိုင်းဆရာ ဒေါက်တာ အေးချမ်း
မြန်မာနိုင်ငံ တစ်ခုလုံး အပြင်နှင့် အနောက်ဖက်နယ်စပ်၏ အချုပ်အခြာ အာဏာကို မြန်မာအစိုးရနှင့် မြန်မာပြည်သူများ ကသာ ထိန်းသိမ်းရပါမည်။ မြန်မာနိုင်ငံ၏ အနောက်ဖက် နယ်စပ်ကို ကာကွယ်ရန် ရခိုင်များ၌သာ တာဝန်ရှိသည်ဟု ရခိုင်လူထုကို ထင်မှတ်မှားအောင် ကိုယ်ယောင်ဖျောက် စင်ပြိုင် အစိုးရအဖွဲ့က ဖြားယောင်း သိမ်းသွင်း သွေးထိုးထားကြ၏။
ရခိုင့် စင်ပြိုင် အချုပ်အခြာအာဏာ (Arakan Rival Sovereignty) ရှိ၍ ရခိုင်များကိုယ်တိုင် ကာကွယ် ပေးနေသယောင် မျက်နှာထိ မျက်နှာထားနှင့် ပြောသွားပုံကို စာဖတ် ပရိတ်သတ် အနေဖြင့် ဂရုပြု၍ နောက်တကြိမ် ပြန်ကြည့်ပြီး သုံးသပ်စေချင်ပါတယ် ခင်ဗျား။
ပြသမည့်အချိန် ။ ။ ဒီဇင်ဘာ ၁၁ ရက် အင်္ဂါံနေ့ ညနေ ၆း၃၀
ဒီဇင်ဘာ ၁၂ ရက် ဗုဒ္ဓဟူးနေ့ နံက် ၇း၃၀
ဒီဇင်ဘာ ၁၃ ရက် ကြသပတေးနေ့ နေ့လည် ၁၂း၃၀

၂၃၊ ၉၊ ၂၀၁၂ နေ့ နံနက် ၁၁း၀၀ နာရီခန့်တွင် နေပြည်တော်ရှိ MICC ခန်းမ Room(1) တွင်ပြောကြားခဲ့သော ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟို အလုပ်အမှုဆောင် နှင့် ရခိုင်ပြည်နယ် တာဝန်ခံ ဦးမောင်ဦး( ယခင် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချူပ်မောင်ဦး) ၏ ရခိုင်ပြည်နယ်အစိုးရအပါ် သုံးသပ်ချက်
—————–
လက်ရှိ စစ်တွေမြို့ ပေါ်မှာ ဒီ Local Government ရဲ့အာဏာအပေါ်မှာ နောက်လွှမ်းမိုးနေတဲ့ အဖွဲ့အစည်းတစ်ခုရှိ တယ်။ဒါ မ ပြော မဖြစ် လို့ ကျွန် တော် ပြောရတာပါ။ပါတီတွေ၊နိုင်ငံရေးတွေ ကျွန်တော်မပါဘူး။ လက်တွေအစိုးရအနေနဲ့သူ့ ဟာသူလွတ် လွတ် လပ်လပ်လုပ်လို့မရအောင် လွှမ်းခြုံထားနောက်က xxxxxxxxxx ရှိနေလို့ ကျွန်တော်ပြောရတာပါ။
Report အပြည့်အစုံဖတ်လိုလျှင် http://goo.gl/FPIbo
—————–
လက်ရှိ စစ်တွေမြို့ ပေါ်မှာ ဒီ Local Government ရဲ့အာဏာအပေါ်မှာ နောက်လွှမ်းမိုးနေတဲ့ အဖွဲ့အစည်းတစ်ခုရှိ တယ်။ဒါ မ ပြော မဖြစ် လို့ ကျွန် တော် ပြောရတာပါ။ပါတီတွေ၊နိုင်ငံရေးတွေ ကျွန်တော်မပါဘူး။ လက်တွေအစိုးရအနေနဲ့သူ့ ဟာသူလွတ် လွတ် လပ်လပ်လုပ်လို့မရအောင် လွှမ်းခြုံထားနောက်က xxxxxxxxxx ရှိနေလို့ ကျွန်တော်ပြောရတာပါ။
Report အပြည့်အစုံဖတ်လိုလျှင် http://goo.gl/FPIbo
ဒေါက်တာ အေးချမ်းသည် သမိုင်းဘာသာရပ်တွင် ဆရာဖြစ်သော်လည်း နိုင်ငံတကာ ဥပဒေများကို လုံးဝမသိသူဖြစ်၏။ မြန်မာ နိုင်ငံတွင် မဲပေးခွင့်ကို ပိုင်ဆိုင်သော ရိုဟင်ဂျာများသည် မြန်မာပြည်၏ အချုပ်အခြာ အာဏာ (Myanmar Sovereignty) ကို ထိပါး ကျူးကျော် အခြေချနေထိုင်သူ (Invaders) များမဟုတ်ပါ။ နိုင်ငံသား ရိုဟင်ဂျာများမှာလည်း မြန်မာပြည်၏ အချုပ်အခြာ အာဏာကို ကာကွယ်ပေးရန် တာဝန်ရှိပြီးသူများသာ ဖြစ်သည်။
အချုပ် အခြာ အာဏာကို ထိပါး သောကြောင့် စစ်ဖြစ်သည်ထားဦး။ မိလာသော သုံ့ပန်းတို့ကို ဂျနီဗာ သဘော တူညီချက် (Geneva Convention) အရသာ ဆက်ဆံပိုင်ခွင့်ရှိ၏။ လက်ရှိ ရိုဟင်ဂျာများကို လက်လွတ် စံပါယ် (လက်လွတ် ဇပယ်) ဆက်ဆံမှုသည် Arakan Rival Government Convention အရ ဆက်ဆံနေတာများလား ဟု စေ့ငုနေမိသည်။
အနှစ်ချုပ်ရရင် ဒေါက်တာအေးချမ်းက ရခိုင်နိုင်ငံတော်ကြီးတွင် သီးသန့် အချုပ်အခြာအာဏာ (Arakan Sovereignty) ရှိသည်ဟု ကမ္ဘာကိုရော မြန်မာကို အသိပေးကြေငြာသွားခြင်းဖြစ်သည်ဟု မြင်ပါသည်။ တစ်နည်းအားဖြင့် သူကိုယ့်သူ စင်ပြိုင်အစိုးရ အဖွဲ့ဝင်လို့ ကြေငြာလိုက်တာ နဲ့ အတူတူပါဘဲ။
၇။ ရခိုင်နိုင်ငံ တော်ကြီးကို များမကြာမီ ကြေငြာပါအံ့။
နိုင်ငံတစ်ခုအဖြစ် ကြေငြာနိုင်ဖို့ လိုအပ်သော အချက်များ။
(က) နယ်မြေ (Territory)
(ခ) လူဦးရေ (Population)
(ဂ) အစိုးရ (Government) နှင့်
(ဃ) အချုပ်အခြာအာဏာ (Sovereignty)
ဟူသော လက္ခဏာ ၄ ခုရှိရမည်ဟု ဆိုသော ကြောင့် ထိုအရာ ၄ ခုစလုံး ပိုင်ဆိုင်သော ရခိုင်သားတို့သည် ရခိုင်နိုင်ငံတော်ကြီး အဖြစ် ကြေငြာကာ မြန်မာနိုင်ငံမှ ခွဲထွက်ရန်သာ လိုပါတော့သည် ခင်ဗျား။
၈။ စင်ပြိုင် အစိုးရကို ဖေါ်ထုတ်ဖမ်း စီးမလား။ လူမျိုးတုံး သတ်မှုနဲ့ အရေးယူခြင်းခံမလား။
မြန်မာအစိုးရအဖွဲ့ကို မေးချင်ပါသည်။ ဒီပြိုင်ပွဲကို နိုင်ငံတကာ စောင့်ကြည့်မှုအောက်မှာ ဆက်ပြီး ကစား မလား။ နားမလား။ တစ်ခုလေးသတိပေးချင်တာက ရခိုင်တွေ ရခိုင်ပြည်ကို သိမ်းပိုက်အုပ်ချုပ်ရင် ပြည်သူတွေ အတွက် ကတော့ တော်လှန်ရေးတရပ် ဆင်နွဲကြရုံပေါ့။ ဦးသိန်းစိန်ရဲ့အစိုးရ အဖွဲ့ဝင်တွေကတော့ စင်ပြိုင်အစိုးရ ထောင်ခွင့်ပြုထားတဲ့ ပုဒ်မနဲ့ ထောင်နန်း အရင်စံရမှာကို မြင်ယောင်ရင်း သတိပေး တင်ပြလိုက်ပါတယ် ခင်ဗျား။
မှတ်ချက်။ ။ Hidden Genocide ကို နောက်တစ်ကျော့၊ နှစ်ကျော့ ပြန်ကြည့်ပြီးနောက် Rival Government of Myanmar (New Version) ကို တင်ပါဦးမည်။ စောင့်မျှော် ဖတ်ရှုပြီး လိုအပ်သည်များကို မန့်ပေးကြပါခင်ဗျား။
ဆောင်းပါးရှင်ရဲ့ အမြင်နှင့် အာဘော်သာဖြစ်ပါတယ်။
No comments: