ads

Slider[Style1]

Style2

Style3[OneLeft]

Style3[OneRight]

Style4

Style5

ကလေး ၂ ယောက် ဥပဒေသည် လူအခွင့်အရေးကို ချိုးဖောက်ခြင်းသာဖြစ်ဟု ဒေါ်စုကြည် ဝေဖန်

မေလ ၂၇ ရက်၊ ၂၀၁၃
M-Media
သတင်းအရင်းအမြစ် – အင်တာနက်

2013-05-27T113335Z_1_CBRE94Q0W4600_RTROPTP_2_MYANMAR-POLITICS



သတင်းထောက်များနဲ့ တွေ့ဆုံနေတဲ့ ဒေါ်အောင်ဆန်းစုကြည်
မွတ်စလင်များအရေးနဲ့ပတ်သတ်ပြီး မှတ်ချက်ပေးမှုနည်းပါးတဲ့ ဒေါ်အောင်ဆန်းစုကြည်က ရိုဟင်ဂျာတွေကို ကလေးနှစ်ယောက်သာ ယူခွင့်ရှိတဲ့ ဥပဒေပြဌာန်း ကန့်သတ်တာနဲ့ပတ်သတ်ပြီး ဒါဟာလူအခွင့်အရေးကို ဆန့်ကျင်တာဖြစ်တယ်လို့ ယနေ့ ဝေဖန်ပြောကြားလိုက်ပါတယ်။
အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယခင်အာဏာရှင်အစိုးရ အဆိုပြုခဲ့တဲ့ အဲဒီအငြင်းပွားဖွယ်ရာ ဥပဒေကို လက်ရှိအာဏာပိုင်တွေက အတည်ပြုပြဌာန်းလိုက်တဲ့အပေါ်မှာ သူမအနေနဲ့ ဆန့်ကျင်ကြောင်း ယနေ့သတင်းထောက်များကို ရန်ကုန်မြို့မှာ ပြောကြားခဲ့တာဖြစ်ကြောင်း ရိုက်တာက ဆိုပါတယ်။
“ဒီလိုမျိုး ခွဲခြားမှုမျိုးရှိနေတာ မကောင်းပါဘူး၊ ဒါက လူအခွင့်အရေးနဲ့လည်း လိုက်လျောညီထွေ မရှိလှပါဘူး” ဟု ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်က သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။
ရခိုင်ပြည်နယ်အစိုးရကတော့ ဒီဥပဒေကို မွတ်စလင်အများစုရှိရာ ဒေသနှစ်ခုမှာ အတည်ပြုပြီးဖြစ်တယ်လို့ အေအက်ဖ်ပီကို ရခိုင်ပြည်နယ်အစိုး ရ ပြောခွင့် ရပုဂ္ဂိုလ် ဦးဝင်းမြိုင်က ပြောကြားခဲ့သလို ယခင်ကတော့ အုပ်စုအချင်းချင်း ပဋိပက္ခတွေကြောင့် အတည်ပြုဖို့ နှောင့်နှေးနေ တာ ဖြစ်တယ်လို့ လည်း သူက ဆိုပါတယ်။
လူအခွင့်အရေး စောင့်ကြည့်မှုအဖွဲ့ကတော့ ဒီဥပဒေကို “စက်ဆုပ်ဖွယ် ဥပဒေ၊ လူသားမဆန်တဲ့ ဥပဒေ” စတဲ့ စကားလုံးတွေ သုံးပြီး ဝေဖန်ခဲ့သလို ဒီဥပဒေက လူ့အခွင့်အရေးနဲ့ လုံးဝဥဿုံဆန့်ကျင်နေတယ်လို့လည်း ဆိုပါတယ်။
ဧပြီလ ၂၉ ရက်နေ့မှာ ထွက်ခဲ့တဲ့ ရခိုင်ပဋိပက္ခစုံစမ်းရေးကော်မတီအစီရင်ခံစာမှာတော့ တကယ်လို့ အစိုးရကသာ ဒီလိုမျိုး ကလေးယူခွင့် ကန့်သတ်တဲ့ ဥပဒေ ကို ကာယကံရှင်များရဲ့ သဘောဆန္ဒမပါဘဲ ပြဌာန်းခြင်းမျိုးကနေ ရှောင်ရှားသင့်ကြောင်း၊ အကယ်၍ အဲဒီလိုမျိုးသာ ပြဌာန်းခဲ့မယ်ဆိုရင် လူအခွင့်အရေး စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီတော့မှာ မဟုတ်ဘူးလို့ ရေးသားဖော်ပြထားပါတယ်။ ဒါပေမယ့် အစိုးရကတော့ စုံစမ်းရေးကော်မတီရဲ့ အကြံပေးချက်ကို ထုံးစံအတိုင်း လျစ်လျူရှုခဲ့တာပါလို့ လေ့လာသူတွေက ဝေဖန်ကြပါတယ်။
အဲန်အလ်ဒီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကတော့ အစိုးရအနေနဲ့ ၁၉၈၂ ဥပဒေကို ပြင်ဆင်ပြီး ရိုဟင်ဂျာတွေကို ကန့်သတ်ချုပ်ခြယ် မှုတွေ ဖြေလျော့ပေး သင့်တယ်လို့ ဒီမေလ အတွင်းမှာပဲ ရိုက်တာကို ပြောကြားခဲ့ပါသေးတယ်။

“ရခိုင်တွေမှာ အဖြေမရှိဘူး၊ သူတို့က ရိုဟင်ဂျာတွေကို မောင်းထုတ်ပစ်ချင်တယ်၊ ဒါက မဖြစ်နိုင်တဲ့ကိစ္စပဲ” လို့ ဦးဥာဏ်ဝင်းက ပြောကြားခဲ့ပါတယ်။

လူမျိုး စာရင်းကောက်ခံတဲ့နေရာမှာ ဘင်္ဂါလီလူမျိုး အဖြစ် လက်မှတ် ထိုးပေးရမယ်လို့ ခြိမ်းခြောက်


MMM

သတင်း – မိုးကြယ်စင် (ရန်ကုန်၊ ဧပြီ ၂၆)
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာ လူမျိုးစာရင်းကောက်ခံတဲ့ အခါမှာ ရိုဟင်ဂျာတွေအနေနဲ့ ဘင်္ဂါလီ လူမျိုးအဖြစ် လက်မှတ်ထိုးပေးရမယ် လို့ ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေပြောစကားအရ သိရပါတယ်။
“ဒီနေ့ စစ်ဆေးရေးဝင်မယ်လို့ပြောတယ်။ ၀င်တဲ့အခါမှာလဲ ကိုယ့်ကိုကို ဘဂါင်္လီလို့ လက်မှတ်ထိုးရမယ်တဲ့ လက်မှတ်မထိုးလဲ ရတယ်တဲ့၊ အသံနဲ့ပြောတော့ သူတို့ မှတ်တမ်းတင်ထားမယ်လို့ ပြောတယ်။
ပြီးတော့ ရွာတိုင်းက ဗလီဂေါပကတွေ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေကိုခေါ်ပြီး ဘင်္ဂါလီခံယူဖို့ ပြောတယ်။ မခံယူရင် မင်းတို့ကို ဖမ်းမယ် ဆိုပြီးလ.၀.က က လူတွေက ခြိမ်းခြောက်တယ်”လို့ စစ်တွေဒေသခံတစ်ဦးက ဆိုပါတယ်။
လူမျိုးစာရင်းကောက်ခံမှုမှာ ပါဝင်သူတွေကတော့ စစ်တွေမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင် လ.၀.က၊ စစ်တပ်မှ တာဝန်ရှိသူတွေ ပါဝင်တယ်လို့ သိရပါတယ်။ ရိုဟင်ဂျာရွာတွေမှာ လူမျိုးစာရင်းကောက်ခံဖို့ အတွက် လ.၀.က ၀န်ထမ်းပေါင်း သုံးထောင်ကျော် ချထားပေး တယ်လို့လည်း သိရပါတယ်။ စစ်တွေဒေသခံတွေ အနေနဲ့ ဘင်္ဂါလီ လူမျိုးအဖြစ် ခံယူဖို့အစီစဉ် မရှိဘူးလို့လည်း သိရပါတယ်။
ကျွန်တော်တို့ကို ဘင်္ဂါလီအဖြစ် အတင်းအကြပ်လက်ခံခိုင်းမယ်ဆိုရင် ကျွန်တော်တို့ငြင်းမှာပါ၊ ကျွန်တော်တို့ ဘင်္ဂလားဒေရှ့်က လာတာမဟုတ်ပါဘူး၊ ခင်ဗျာတို့ မြန်မာနိုင်ငံသားဖြစ်သလို၊ ကျွန်တော်တို့တွေလဲ မြန်မာနိုင်ငံသားပါ
လို့ စစ်တွေဒေသခံ တစ်ဦးကဆိုပါတယ်။
ရိုဟင်ဂျာရွာတွေမှာလဲ စစ်တပ်ကလုံခြုံရေးတွေ ချထားတယ်လို့ သိရပါတယ်။ ရွာတိုင်းမှာ လုံခြုံရေး ချထားတာဖြစ်ပါတယ်။ ရွာတိုင်းမှာ စစ်တပ်အင်အား ၇၀ ၀န်းကျင် ကနေ ၂၀၀ ၀န်းကျင်အထိ လူဦးရေအနည်းအများလိုက် ချထားပေးတယ်လို့ သိရပါတယ်။
“ကျွန်တော်တို့ရဲ့ ထွက်ပေါက်တွေကို ပိတ်ထားတယ်။ ပြီးတော့ မင်းတို့ဘယ်မှ မထွက်နဲ့စစ်စရာရှိသေး တယ်ဆိုပြီး ပြောတယ်။ လူမျိုးသက်မှတ်ရက် နီးလာပြီလေ၊ လပိုင်းပဲ လိုတော့တယ်။ အဲဒီအတွက် ကျွန်တော်တို့ကို ဘင်္ဂါလီ အဖြစ် အတင်းအကြပ်ခံယူ ခိုင်းနေတာဖြစ်တယ်လို့ ထင်တယ်။” လို့ ဒေသခံတစ်ဦးက သူ့ထင်မြင်ချက်ကိုပြောပြပါတယ်။

မင်္ဂလာဒုံတွင် ရိုပာင်ဂျာ ၁၆ ဦး နယ်ကျော်မှုဖြင့် ဖမ်းဆီးခံထားရ



MMM
သတင်း – ပိာန်းအောင် (ဧပြီ ၂၇)
မင်္ဂလာဒုံမြို့နယ် သစ်ဆိမ့်ကုန်း ရှိ Scorpion Cplus စက်ရုံ အနီးရှိ အစ္စလာမ်ဘာသာဝင် တစ်ဦးပိုင် ခြံတစ်ခု အတွင်းသို့ ကျောက်တော်မြို့နယ်မှ ရိုပာင်ဂျာ ၁၆ ဦးအား ဗုဒ္ဓဘာသာ ပွဲစားတစ်ဦးက ယနေ့နံနက် ၃ နာရီဝန်းကျင် အချိန်တွင် စွန့်ပစ်သည့် ပုံစံဖြင့် ချထားခဲ့သဖြင့် မင်္ဂလာဒုံ ရဲစခန်းက ရိုပာင်ဂျာများအား ဖမ်းဆီး ထားကြောင်းသိရသည်။
ပွဲစားကို တစ်ယောက် ၅ သိန်းပေးရတယ်တဲ့။ ယောကျာင်္လေး ၁၆ ယောက်လုံးကို ဒီမှာလာချထားခဲ့ပြီး အတူပါလာတဲ့ မိန်းကလေး ၂ ယောက်ကိုတော့ ပွဲစားက ခေါ်သွားတယ်လို့လည်း ကျန်ခဲ့တဲ့သူတွေကပြောတယ်
ပာု နေရပ်စွန့်ခွာ ထွက်ပြေးလာရသည့် ရိုပာင်ဂျာများအား သွားရောက်တွေ့ဆုံခဲ့သူ တစ်ဦးက မြန်မာမွတ်စလင်မ် မီဒီယာသို့ပြောသည်။
ကျောက်တော်မြို့မှ ယခုလ ၂၄ ရက်နေ့တွင်ထွက်ခွါလာသည့် အထက်ပါ ရိုပာင်ဂျာများကို ကျွေးမွေးရန်အတွက် မင်္ဂလာဒုံ စခန်းမှုးက နီးစပ်ရာ အစ္စလာမ် ဘာသာဝင်များထံ အကြောင်း ကြားထားကြောင်းလည်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း ဖိနိုပ်ခံရမှုမျိုးစုံကြောင့် ရခိုင်ပြည်နယ် ပြင်ပသို့ ရိုပာင်ဂျာများ ထွက်ပြေးမှုများ ဖြစ်ပေါ်ခဲ့သည်။ ယခုနှစ် ဇန်န၀ါရီလ ၅ ရက်နေ့တွင် ရိုပာင်ဂျာ ၈၆ ဦးအား ရန်ကုန်မြို့မှ မှုရင်းဒေသသို့ ပြန်လည်ပို့ဆောင်မှု၊ ယမန်နှစ် နိုဝင်ဘာ ၉ ရက်နေ့တွင်ရိုပာင်ဂျာ ၇၆ ဦးတို့ အား ကော့သောင် နှင့် ကလေးမြို့တို့တွင် ဖမ်းဆီးပြီး နယ်ကျော်မှုဖြင့် ဖမ်းဆီး အရေးယူမှုများရှိခဲ့သည်။
ရခိုင်ပြည်နယ်အတွင်းမှ မြန်မာနိင်ငံအတွင်းရှိ အခြားဒေသတစ်ရပ်ရပ်သို့ ရိုပာင်ဂျာများ သွားလာခွင့် ပိတ်ပင်ခြင်း အပါအ၀င် အခြားသော လူမဆန်သည့် ဖိနိုပ်မှုမျိုးစုံကို မြန်မာအာဏာရှင် အစိုးရလက်ထက်မှ ဒီမိုကရေစီ အစိုးရလက်ထက် အထိ မပြောင်းလဲဘဲ ဆက်လက်ကျင့်သုံးလျှက် ရှိသည်။ တိုင်းရင်းသားအဖြစ် ယခင်က အသိအမှတ်ပြုခံခဲ့ရသည့် ရိုပာင်ဂျာများသည် ယခုအချိန်တွင် နိုင်ငံဖြစ်ခွင့်ပင် ဆုံးရှုံးရမည့် အခြေ အနေနှင့်လည်း ရင်ဆိုင်နေရသည်။
မကြာသေးမီ ကာလအတွင်း လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) က ထုတ်ပြန်သည့် အစီရင်ခံစာတွင် မြန်မာနိင်ငံတွင် ရိုပာင်ဂျာများသည် လူမျိုးတုန်း သတ်ဖြတ်ခံနေရကြောင်း ဖေါ်ပြထားသည်။

ရိုဟင်ဂျာများအပေါ် လူသားဖြစ်မှုကို ဆန့် ကျင်ကျူးလွန်မှုနှင့် လူမျိုးတုံး သုတ်သင်မှု အစီရင်ခံစာ Human Rights Watch ထုတ်ပြန်



ဧပြီလ-၂၂၊၂၀၁၃
M-Media
လူမဆန်သည့် ဒုစရိုက်ပြစ်မှုများကို   မြန်မာအစိုးရမှ အရေးမယူဘဲ မျက်ကွယ်ပြုနေကြောင်း HRW မှ ထုတ်ပြန်ပြောကြား

201304ASIA_Burma_Arakan_01

၂၀၁၂ ခုနှစ်၊ ဇွန်လမှစ၍ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာမွတ်စ်လင်မ်များအား လူမျိုးစုရှင်းလင်းဖယ်ရှားရေး လှုပ်ရှားမှု၌ မြန်မာ အာဏာပိုင်များနှင့် ရခိုင်လူမျိုး အုပ်စုများက ကရုဏာ တရားကင်းမဲ့စွာ ကျုးလွန်ပြုလုပ်နေခဲ့ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့ HRW  မှ အစီရင်ခံချက် အသစ်တစ်ရပ်ကို ယနေ့ထုတ်ပြန်လိုက်သည်။
All You Can Do is Pray : Crimes Against Humanity and Ethnic Cleansing of Rohingya Muslims in Burma’s Arakan State  ဟု ခေါင်းစဉ် တပ်ထားသော စာမျက်နှာ ၁၅၃ မျက်နှာရှိ ယင်းအစီရင်ခံစာ၌် ရိုဟင်ဂျာနှင့် အခြား မွတ်စ်လင်မ်ပေါင်း ၁၂၅,၀၀၀ ကျော်အား အဓမ္မ အင်အားသုံး ဖယ်ရှားခြင်း ၊  လူသားချင်း အကူအညီပေးရေး၌ ဆက်လက်ပြဿနာ ရှာနေခြင်းတွင်  မြန်မာအစိုးရ နှင့် ဒေသခံ အာဏာပိုင်များ၏ အခန်းကဏ္ဍကို ဖော်ပြထားသည်။
HRW ၏ အာရှရေးရာတာဝန်ခံ ဒါရိုက်တာ Phil Robertson က “ ရိုဟင်ဂျာလူမျိုးစု ဖယ်ရှားရေး လှုပ်ရှားမှုထဲမှာ မြန်မာအစိုးရ ပါဝင်ပတ်သက်နေပါတယ်။ ဒီနေ့ထက်ထိ ထောက်ပံ့ ကူညီမှုကို ငြင်းဆိုနေဆဲ၊ သွားလာလှုပ်ရှားမှုကို ကန့်သတ် ချုပ်ခြယ်နေဆဲ ဖြစ်ပါတယ်။ အစိုးရအနေနဲ့ ဒီလို စော်ကားမှုတွေကို ချက်ခြင်းရပ်တန့်ဖို့ လိုပါတယ်။ ပြီးတော့ ဒီအမှု ကျူးလွန်သူတွေကို အရေးယူဖို့ လိုအပ်နေပါတယ်။ ဒီလိုမှမဟုတ်ယင် တိုင်းပြည်ထဲရှိနေတဲ့ လူမျိုးရေး ဘာသာရေးဆိုင်ရာ လူနည်းစုတွေဆီမှာ ထပ်မံဖြစ်ပွားတဲ့ အကြမ်းဖက်မှုတွေ အပေါ် တာဝန်ယူရပါလိမ့်မယ် ”  ဟု ပြောကြားလိုက်သည်။
၂၀၁၂ ခုနှစ်၊ ဇွန်လတွင် ရခိုင်နှင့်ရိုဟင်ဂျာတို့အကြား မျက်ကန်း အကြမ်းဖက်မှု ဖြစ်ပွားခဲ့သည့်နောက်ပိုင်း အစိုးရ အာဏာပိုင်များသည် ဗလီဝတ်ကျောင်းတော်များအား ဖျက်ဆီးခြင်း၊ လူတို့ကို အစုလိုက်အပြုံလိုက် ဖမ်းဆီးခြင်း၊ မောင်းထုတ်ခံရသည့် မွတ်စ်လင်မ်တို့အား အထောက်အပံ့ အကူအညီမရနိုင်အောင် တားဆီး ပိတ်ဆို့ခြင်းများ ပြုလုပ်ခဲ့ကြသည်ဟု HRW မှ ဆိုသည်။ လူမျိုးစုရှင်းလင်းဖယ်ရှားရေးဆွေးနွေးပွဲများ၊ ဟောပြောမှုများကို ၃ လတာမျှ အရှိန်မြှင့်တင်ပြီးနောက်ဝယ် အောက်တိုဘာ ၂၃ ရက်တွင် ရခိုင်လူရမ်းကားအုပ်စုများသည် မြို့နယ် ၉ ခု၌ မွတ်စ်လင်မ်လူ့အဖွဲ့အစည်းများကို တိုက်ခိုက်ခြင်း၊ ကျေးရွာများကို မီးတင်ရှို့ခြင်း၊ ရပ်ကြည့်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များ ရှေ့မှောက်မှာပင် ဒေသခံများအား သတ်ဖြတ်ခြင်း (၀ါ) နှိပ်စက်စော်ကားခြင်း စသည်တို့ ကျူးလွန်ခဲ့ကြသည်။ သေဆုံးသူအများအပြားအနက် အချို့သာ မြှုပ်နှံခွင့်ရခဲ့သည်။
ဇွန်လနှင့်အောက်တိုဘာလအတွင်း အကြမ်းဖက်မှုဖြစ်ပွားပြီးနောက်  ရခိုင်ပြည်နယ်ရှိ အတိုက်ခိုက်ခံရသည့်နေရာများ၊ တရားမ၀င် အရွှေ့ပြောင်းခံနေရာများ၊ မောင်းထုတ်ဖယ်ရှားခံရသည့် ဒုက္ခသည်စခန်းများ မှန်သမျှထံ HRW မှ သွားရောက်ကြည့်ရှုလေ့လာခဲ့သည်။ ရိုဟင်ဂျာများ၊ ရိုဟင်ဂျာ မဟုတ်သည့် မွတ်စ်လင်မ်များ၊ စော်ကားနှိပ်စက်ခံရသည့် ရခိုင်လူမျိုးများ၊ အကြမ်းဖက်မှုဖြစ်အောင်လှုံ့ဆော်သူနှင့်ကျူးလွန်သူ အချို့ အပါအ၀င် လူအယောက်တစ်ရာကျော်အား တွေ့ဆုံမေးမြန်းခဲ့မှုမှ အစီရင်ခံစာ ရေးသားထားခြင်း ဖြစ်သည်။
ဒေသတွင်း ရဲတပ်ဖွဲ့၊ အဓိကရုဏ်းနှိမ်နှင်းသည့် လုံထိန်းတပ်ဖွဲ့၊ နစက လက်နက်ကိုင်အဖွဲ့၊ ကြည်း/ရေတပ်မတော်သားများ အပါအ၀င် ရခိုင်ပြည်နယ်ရှိ နိုင်ငံတော် လုံခြုံရေးတပ်ဖွဲ့ဝင်အားလုံးတို့သည် ယင်းရက်စက်မှုများအား တားဆီးရန် ပျက်ကွက်ကြောင်း  သို့တည်းမဟုတ် ၄င်းကိစ္စများ၌ တိုက်ရိုက် ပါဝင် ပတ်သက်နေကြောင်း တွေ့ခဲ့ရသည်။် မိမိ၏ရွာအား မီးတင်ရှို့နေကြချိန်  မွတ်စ်လင်မ် အမျိုးသားတစ်ဦးမှ လုံခြုံမှုပေးရန် တောင်းဆိုပန်ကြားသည်ကို တပ်မတော်သားတစ်ဦးက “ မင်းတို့အသက်ရှင်ဖို့ကိုဘဲ ဆုတောင်းနေကြပါ (အသက်နဲ့ကိုယ် အိုးစားမကွဲဖို့ဘဲ ဘုရားတရား တ,ထားကြတော့) ” ဟူ၍ ပြောဆိုခဲ့သည်။
အောက်တိုဘာလှိုင်း၌ လုံခြုံရေးတပ်ဖွဲ့များ၏ ရပ်တည်ပုံ (တစ်နည်း) မီးဒုတ်များ၊ ဓားလွယ်များ၊ လက်လုပ်သေနတ်များ ကိုင်ဆောင်ထားသည့် ရခိုင်လူအုပ်စုကြီးများနှင့် ပူးပေါင်းခဲ့ပြီး မိမိတို့ ကျေးရွာများအား တိုက်ခိုက် ဖျက်ဆီးပုံတို့ကို မောင်းထုတ်ခံရသည့် ရိုဟင်ဂျာများက HRW သို့ ပြောပြခဲ့သည်။
ဇွန်လမှစ၍ ဖျက်ဆီးခံရသော မြို့နယ် ၁၃ ခုမှ ၅ ခု၏ ဂြိုလ်တုမှတ်တမ်းတင်ပုံများကို HRW မှ ရရှိခဲ့သည်။  နေရာ ၂၇ ခုသည် လုံးလုံးလျားလျား ဖျက်ဆီးခံလိုက်ရကြောင်း၊ နေအိမ်ပေါင်း ၄၈၆၂ လုံး နှင့် မြေ ၃၄၈ ဧက အထိ ပါဝင်ကြောင်း၊ ၄င်းတို့မှာ ဒေသခံ မွတ်စ်လင်မ်အများစု၏ ပိုင်ဆိုင်မှုများဖြစ်ကြောင်း ၄င်း၌ ဖော်ပြလျက်ရှိသည်။
အောက်တိုဘာ ၂၃ ရက်တွင်ဖြစ်ပွားခဲ့သော ဖြစ်ရပ်ဆိုးကြီး၌ မြောက်ဦးမြို့နယ်၊ ရန်သေရွာတွင် တစ်နေ့တည်းအတွင်း ရိုဟင်ဂျာ ၇၀ ဦး အနည်းဆုံး သတ်ဖြတ်ခံရသည်။ တိုက်ခိုက်မှုအရှိန်အဟုန် ကြီးမားလာသည့်တိုင်အောင် လုံခြုံရေးတာဝန်ပေးထားသော လုံထိန်း၊ ရဲ နှင့် စစ်သားတို့၏ဦးရေမှာ မဆိုစလောက်မျှသာ ရှိခဲ့သည်။ သို့သော် ၄င်းသူတို့သည် အကြမ်းဖက်မှုကို ကာကွယ်ထိန်းသိမ်းပေးမည့်အစား မိမိတို့ကိုင်ဆောင်ထားသော (နံပါတ်)တုတ်များ၊ ကာကွယ်ရေး လက်နက်ပစ္စည်းများကို အသုံးပြုလျက် လက်နက်မဲ့ ရိုဟင်ဂျာတို့အား သတ်ဖြတ်ရာ၌ ပူးပေါင်းပါဝင်ခဲ့ကြသည်။ သေဆုံးသွားသော ရုပ်အလောင်းများ၌ ကလေးငယ် ၂၈ ဦးကို တွေ့ရပြီး ၄င်းတို့အနက် အသက် ၅ နှစ်အောက်ကလေး ၁၃ ဦး ပါဝင်သည်။ အသက် ၂၅ နှစ်အရွယ် သေဘေးမှ လွတ်မြောက်လာသူ တစ်ဦးက “ ပထမတုန်းကတော့ စစ်သားတွေက ပြောပါတယ်။ ဘာမှပြန်မလုပ်နဲ့တဲ့။ ငါတို့က မင်းတို့ကို ကာကွယ်ကယ်တင်ပေးမယ်တဲ့။ ဒါကြောင့် ကျွန်တော်တို့က သူတို့ကို ယုံကြည် အားထားခဲ့ကြတယ်။ နောက်ပိုင်းကျတော့ သူတို့ ကတိ မတည်တော့ဘူး။ ရခိုင်(လူရမ်းကား)တွေက ကျွန်တော်တို့ကို အလွယ်တကူ ရိုက်နှက် သတ်ဖြတ်သွားကြတယ်။ အဲ့ဒီအကြမ်းဖက်မှု အပေါ် လုံခြုံရေးအရ ဘာအကာအကွယ်မှ မပေးခဲ့ပါဘူး ” ဟု HRW သို့ ပြန်လည်ရှင်းပြခဲ့သည်။
“ အောက်တိုဘာလတုန်းက လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ချို့ ဒေသခံမွတ်စ်လင်မ်တွေအပေါ် ရခိုင်လူရမ်းကားတွေတိုက်ခိုက်နေတာကို လက်ပိုက်ကြည့်နေကြတယ်၊ တစ်ချို့ကတော့ သွေးချောင်းစီးသတ်ဖြတ်မှုနဲ့ မီးတင်ရှို့မှုမှာ ပါဝင်ခဲ့ကြတယ်။ ဒီသေကြေပျက်စီးမှုတွေနဲ့ ပတ်သက်ပြီး အပြန်အလှန် အကြမ်းဖက်တိုက်ခိုက်မှု (အဓိကရုဏ်း)ကြောင့် ဖြစ်ပွားရတာပါ လို့ အစိုးရက ခြောက်လကျော်ကြာအောင် လိမ်ညာနေတုန်းပါဘဲ။ အမှန်ကိုဆိုရယင် ဘာတွေဖြစ်ပျက်နေခဲ့တာလဲ၊ ဘယ်လိုရပ်တန့်အောင်လုပ်ရမလဲ ဆိုတာကို အစိုးရဖက်က သိရှိထားခဲ့ပါတယ် ” ဟူ၍ Robertson မှ ပြောကြားသည်။
အောက်တိုဘာတိုက်ခိုက်မှု မတိုင်မီနှင့် တိုက်ခိုက်မှုနောက်ပိုင်း ဒေသတွင်းရှိ လှုံ့ဆော်ချက်များ နှင့်ပတ်သက်၍ HRW မှ ဤသို့ တင်ပြသည်။ ရိုဟင်ဂျာဆန့်ကျင်ရေးလုပ်ရပ်များတွင်  သြဇာအသက်ရောက်ဆုံးအုပ်စု ၂ စုမှာ ပြည်တွင်းရှိ ဗုဒ္ဓဘာသာသံဃာများ နှင့် ဒေသဆိုင်ရာနိုင်ငံရေးပါတီ RNDP – Rakhine Nationalities Development Party ဖြစ်ကြ၏။ RNDP ပါတီကို ရခိုင်အမျိုးသားရေးဝါဒီများမှ ၂၀၁၀ ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ကြသည်။ ဤအုပ်စုများနှင့်အခြားသူတို့သည် ဇွန်လမှအောက်တိုဘာလတစ်လျှောက် ရိုဟင်ဂျာဆန့်ကျင်ရေး လက်ကမ်းစာစောင်များ မြောက်များစွာ ထုတ်ဝေဖြန့်ချိခြင်း၊ လူထုအတွင်း ၀ါဒဖြန့်ဟောပြောခြင်း၊ တိုက်ရိုက်တစ်ဖုံ သွယ်ဝိုက်တစ်မျိုးဖြင့် ရိုဟင်ဂျာလူမျိုးစု မရှိဟု ငြင်းပယ်ခြင်း၊ ၄င်းတို့အား အသရေဖျက်ခြင်း နှင့် တိုင်းပြည်တွင်းမှထွက်ခွာအောင် လှုံ့ဆော်ခြင်း၊ အမျိုးသားရေး ဟူသည့် အသုံးအနှုန်းကို မပြတ် အသုံးပြုခြင်း ပြုလုပ်ခဲ့ကြသည်။ ဒေသတွင်း၊ ပြည်နယ် နှင့် နိုင်ငံတော်အာဏာပိုင်များကို အလျဉ်း အရေးမစိုက်ဘဲ အစည်းအဝေးများပြုလုပ်၍ ကြေငြာချက်များကိုလည်း  မကြာခဏ ထုတ်ပြန်ကြသည်။ ဒေသဆိုင်ရာ အာဏာပိုင်များ၊ နိုင်ငံရေးသမားများ၊ ဘုန်းကြီးများကလည်း လူထုသဘောထားနှင့် တွန်းအားပေးမှု ဟု တွင်တွင်ဆိုကာ – မွတ်စ်လင်မ်တို့၏ လွတ်လပ်စွာ သွားလာခွင့်၊ ဘ၀ရပ်တည်မှုအတွက် သက်မွေးဝမ်းကြောင်းခွင့်၊ ဈေးရောင်းဈေးဝယ်ခွင့် နှင့် လူသားချင်းစာနာထောက်ထားရေး ရပိုင်ခွင့် အစရှိသည့် အခွင့်အရေးတို့ကို ပယ်ချခဲ့ကြသည်။  မိမိတို့ နေအိမ်၊ ရပ်ရွာဒေသများ စွန့်ခွာထွက်သွားစေရန် ၄င်းတို့အပေါ် အဓမ္မကျင့်ဆောင်နေခြင်းကို ထင်သာမြင်သာသည့် ရည်ရွယ်ချက်အဖြစ် တွေ့လာရသည်။
“ ဒေသတွင်း အာဏာပိုင်များ၊ လူ့အဖွဲ့အစည်းခေါင်းဆောင်များက မွတ်စ်လင်မ်လူထုကို သီးခြား ဖယ်ထုတ်ဖို့ နဲ့ သေးသိမ်တဲ့အမြင်ဖြစ်လာဖို့ ပူးပေါင်းလှုံ့ဆော်ခဲ့ကြတယ်။ ဒါတင်မကပါဘူး။ သွေးမြေကျကိစ္စ ဖြစ်ချိန်ကတည်းက ဗဟိုအစိုးရကလည်း အဲ့ဒီတာဝန်ရှိသူတွေကို တစ်စုံတစ်ရာ အရေးယူမှု မရှိသေးဘူး။ မွတ်စ်လင်မ်တွေကို အဓမ္မအင်အားသုံး ဖယ်ထုတ်စေတဲ့ လူမျိုးစုရှင်းလင်းဖယ်ရှားရေးအပေါ် ဆန့်ကျင်တုန့်ပြန်တာမျိုးလည်း မရှိသေးပါဘူး ” ဟု ရောဘတ်ဆင်က ပြောဆိုလိုက်သည်။
လူ့အခွင့်အရေးစောင့်ကြည့်လေ့လာမှုအဖွဲ့ HRW မှ သူသေများကို အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့် နေရာလေးခုအား အထောက်အထားအဖြစ် ရှာဖွေတွေ့ရှိခဲ့သည်။ ဇွန်လအကြမ်းဖက်မှုအပြီး မရှေးမနှောင်းမှာပင် ပြုလုပ်ထားသည့် နေရာ ၃ ခု နှင့် အောက်တိုဘာအကြမ်းဖက်မှုအပြီး ပြုလုပ်ထားသည့်နေရာ ၁ ခု ဖြစ်သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်တို့သည် အင်တိုက်အားတိုက် ကျင်းကြီးများတူး၍ ပြစ်မှုဆိုင်ရာသက်သေများကို လက်စဖျောက်ရန် ကြံစည်ဆောင်ရွက်ခဲ့မှု၌ တာဝန်ရှိကြောင်း HRW မှ ပြောကြားသည်။
ဥပမာအားဖြင့် ဇွန်လ ၁၃ ရက်တွင် စစ်တွေမြို့ပြင်ဖက် ရိုဟင်ဂျာဒုက္ခသည်စခန်းတစ်ခုအနီး အစိုးရပိုင်ထရပ်ကားတစ်စီးပေါ်မှ အ၀တ်မဲ့နှင့်လည်းကောင်း၊ အ၀တ်စတစ်ပိုင်းတစ်စနှင့်လည်းကောင်း ရုပ်အလောင်း ၁၃ ခုကို သယ်ယူပုံချခဲ့သည်။ ၄င်းတို့အနက် အချို့မှာ ကွပ်မျက်သတ်ဖြတ်ခြင်းမခံရမှီ ကြိုးများ၊ ပလပ်စတစ်ပိုက်မျှင်များဖြင့် တုပ်နှောင်ထားခြင်းခံထားရသည်ကို တွေ့ကြရသည်။ အလောင်းများကို လာရောက်ပုံချခဲ့သည့် စစ်သားများက အနီးအနားစခန်းရှိ ရိုဟင်ဂျာဒုက္ခသည်များအား ပြန်မလာတော့ဘဲ အပြီးတိုင် ထွက်ခွာသွားကြရန် အကြောင်းကြားပြောဆိုနေခဲ့ကြသည်။
“ ရုပ်အလောင်းတွေကို သူတို့ ဒီနေရာမှာ ပစ်ချခဲ့တာပါ။ ရုပ်အလောင်းသုံးခုမှာ ကျည်သင့်ဒ ဏ်ရာတွေတွေ့ရတယ်။ သေနတ်ဒဏ်ရာ တစ်ခုက နဖူးမှာ၊ နောက်တစ်ခုက ရင်ဘတ်မှာ ဖြစ်ပါတယ်။ တစ်ချို့သူတွေကို မီးရှို့ထားပြီး၊ တစ်ချို့ဆီမှာ ဓားနဲ့ ထိုးထားတာ တွေ့ရပါတယ် ” ဟု မျက်မြင်သက်သေ ရိုဟင်ဂျာတစ်ဦးက ပြောပြခဲ့သည်။
ဖယ်ရှားခံရသော ရိုဟင်ဂျာများထံ ပေးပို့သော လူသားချင်းစာနာရေးအထောက်အပံ့များအပေါ် မြန်မာအစိုးရမှ အစီအစဉ်ရှိရှိ ကန့်သတ် ပိတ်ပင်မှုကြောင့် ရခိုင်ပြည်နယ်အတွင်း ကူညီထောက်ပံ့ရေးပြဿနာများ အဓိကကြုံတွေ့နေရသည်။
ရိုဟင်ဂျာများ၊ ရိုဟင်ဂျာ မဟုတ်သော မွတ်စ်လင်မ်များ နှင့် ရခိုင်တိုင်းရင်းသားအနည်းငယ် အပါအ၀င် လူပေါင်း ၁၂၅,၀၀၀ တို့မှာ ရခိုင်ပြည်နယ်ဒုက္ခသည် စခန်းများသို့ ဇွန်လကတည်းက ရောက်ရှိနေခဲ့ကြသည်။ သမ္မတဦးသိန်းစိန်၏ အစိုးရအဖွဲ့မှ ရွှေ့ပြောင်းနေရာများသို့ သွားရောက်ကြည့်ရှုခဲ့ပြီးဖြစ်သော်လည်း ထိရောက်သည့်ကူညီထောက်ပံ့ပေးဝေမှုအား ပိတ်ပင် တားဆီးလျက်ရှိနေသည်။ ဖယ်ရှားခံရသည့် မွတ်စ်လင်မ် များစွာတို့မှာ ဒုက္ခသည်စခန်းများအတွင်း ကျဉ်းကြပ်စွာ နေထိုင်ကြရပြီး အစာရေစာ၊ နေရာထိုင်ခင်း၊ သန့်ရှင်းမှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာသင်ကြားခွင့် အပြည့်အ၀ မရနိုင်ကြပေ။ အချို့ဒေသများတွင် လုံခြုံရေး တပ်ဖွဲ့ဝင်တို့သည် ဒုက္ခသည်မွတ်စ်လင်မ်တို့အား အကာအကွယ်ပေးထားကြ၏။ သို့သော် ဈေးသို့သွားလာခြင်း၊ အလုပ်အကိုင်၊ အရေးပေါ်လိုအပ်နေသူများအား အကူအညီပေးရေးတို့ကို ကန့်သတ်တားဆီး၍ ထောင်သားများ သဖွယ် ပြုမူဆက်ဆံလျက်ရှိသည်။
သောင်းနှင့်ချီသော ရိုဟင်ဂျာများမှာ မေလတွင်စတင်မည့် မိုးရာသီမတိုင်မီ ရေလွတ်ရာ ကုန်းမြင့်ပိုင်းသို့ မပြောင်းရွှေ့နိုင်ပါက ရေညစ်ရေဆိုးမှဖြစ်ပွားလာမည့် ရောဂါဘယများနှင့် ဆိုးဆိုးဝါးဝါး ရင်ဆိုင်ရဖွယ်ရှိကြောင်း HRW မှ သုံးသပ်သည်။
“ ရခိုင်ပြည်နယ်အတွင်း ကူညီထောက်ပံ့ရေးပစ္စည်း ပေးကမ်းဖြန့်ဝေမှုမှာ မပူးပေါင်းမဆောင်ရွက်တာက ပြဿနာ မဟုတ်ပါဘူး။ ပြဿနာက ဒုက္ခသည်မွတ်စ်လင်မ်တွေ လက်ထဲ ထောက်ပံ့ရေးပစ္စည်းတွေ ရောက်ရှိဖို့ နဲ့ လွတ်လပ်စွာသွားလာနိုင်ဖို့ အစိုးရပိုင်းက ဦးဆောင်လမ်းပြမလုပ်ပေးတာပါဘဲ။ မိုးကျလို့ စခန်းရေလွှမ်းလာပြီး ရောဂါကူးစက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ လူသားချင်းစာနာရေးလုပ်ငန်းတွေကို ကြိုတင်တွက်ဆ ကာကွယ်ဆောင်ရွက်ထားနိုင်ဖို့ ရက်သတ္တပတ် အနည်းငယ်သာ ကျန်ပါတော့တယ် ” ဟုလည်း ရောဘတ်ဆင်က ပြောကြားသည်။
HRW ၏အဆိုအရ အဖယ်ရှားခံရသော ရိုဟင်ဂျာတို့သည် မိမိတို့၏ နေရင်းဒေသ မြို့ရွာများထံ ပြန်လည်သွားရောက်အခြေချရေး၊ လူထုအကြားမှ ရေရှည် ခွဲထုတ်ခံရခြင်းတို့ပတ်သက်၍  ပြောဆိုဆွေးနွေးခွင့် မရသေးချေ။
အထောက်အပံ့၊ အကာအကွယ် မရရှိခြင်း နှင့် အကြမ်းဖက်မှု၊ စော်ကားမှုခံရခြင်းတို့ကြောင့် ထောင်နှင့်ချီသော ရိုဟင်ဂျာတို့သည် နိုင်ငံကို စွန့်ခွာ၍  ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ ထိုင်းနိုင်ငံသို့ ရေကြောင်းဖြင့် ပင်လယ်ဖြတ်ကာ ထွက်ပြေးခဲ့ကြသည်။ ကျန်သူများစွာတို့ကလည်း ယင်းသို့ပင်ပြုရန် အလားအလာရှိနေသည်။ ပင်လယ်ပြင်၌ ရာနှင့်ချီ၍ အသက်ဆုံးရှုံးခဲ့ကြပြီးလည်း ဖြစ်သည်။
အစိုးရတစ်ရပ်မှဖြစ်စေ အဖွဲ့အစည်းတစ်ခုမှဖြစ်စေ ပြည်သူလူထုလူ့အဖွဲ့အစည်းတစ်ရပ်အပေါ် ရည်ရွယ်ချက်ရှိရှိ စံနစ်တကျစီမံတိုက်ခိုက်ခြင်း၊ သို့တည်းမဟုတ် ၄င်း၌ တစ်စိတ်တစ်ဒေသအားဖြင့်ပါဝင်ခြင်းသည် အပြည်ပြည်ဆိုင်ရာဥပဒေအရ လူမဆန်သောရာဇ၀တ်မှု အပြစ်ထိုက်နေသည်။ ယမန်နှစ်ဇွန်လမှ ရိုဟင်ဂျာတို့အပေါ် ကျူးလွန်ခဲ့မှုများအနက် လုပ်ကြံသတ်ဖြတ်ခြင်း၊ နယ်နှင်ခြင်း၊ လူဦးရေ အပြောင်းအလဲဖြစ်အောင် အဓမ္မဆောင်ရွက်ခြင်း နှင့် ညှင်းပန်းနှိပ်စက်ခြင်းတို့မှာ ရာဇ၀တ်မှုများ ဖြစ်သည်။
“ လူမျိုးစု သန့်စင်ဖယ်ရှားရေး ” ဟူသည် ဥပဒေဝေါဟာရ မဟုတ်သော်လည်း လူ့အုပ်စုတစ်စုမှလည်းကောင်း၊ ဘာသာရေးအုပ်စုတစ်စုမှလည်းကောင်း မိမိတို့ပထ၀ီဝင်ပိုင်နက်များရှိ အခြား လူမျိုးတစ်စုကို ဖြစ်စေ၊ ဘာသာရေးအုပ်စု တစ်စုကိုဖြစ်စေ ပြင်းပြင်း ထန်ထန် အကြမ်းဖက်နည်းလမ်းများဖြင့် ဖယ်ထုတ်ရန်အလို့ငှာ ရည်ရွယ်ချက်ရှိရှိ မူစံနစ်ချ ဆောင်ရွက်ခြင်း ဟု အဓိပ္ပာယ်ဖွင့် သတ်မှတ်ထားပေသည်။
ရိုဟင်ဂျာများကို နှိပ်စက်ညှင်းပန်းမှု၏ အဓိကအူတိုင်မှာ ၁၉၈၂ နိုင်ငံသားဥပဒေ ဖြစ်ကြောင်း၊ ၄င်းမှာ လူမျိုးခွဲခြားနှိမ့်ချရေးအမြင်ဖြင့် ရိုဟင်ဂျာ (အပါအ၀င် အချို့ လူမျိုးစု)တို့ကို မြန်မာနိုင်ငံသား မဟုတ်သည့်အဖြစ်သို့ သက်ရောက်အောင် ရေးဆွဲ ထားခဲ့ခြင်းဖြစ်ကြောင်း HRW က ဆိုသည်။ ၄င်းဥပဒေတွင် အသိအမှတ်ပြုထားသော တိုင်းရင်းနွယ် ရှစ်မျိုး (ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ မြန်မာ(ဗမာ)၊ ရခိုင်၊ ရှမ်း) အနက် အပါအ၀င် မဟုတ်သဖြင့် ၄င်းတို့မှာ တင်းပြည့် ကျပ်ပြည့်နိုင်ငံသားအဖြစ် ထည့်သွင်း စဉ်းစားခြင်း မခံရချေ။ မိမိတို့၏ဘိုးဘေးစဉ်ဆက်တို့သည် သက္ကရာဇ်ကာလတစ်ခု မတိုင်မီ မြန်မာနိုင်ငံ၌  အခြေချနေထိုင်လာကြောင်း ထင်ရှားပြတ်သားသည့် အထောက်အထား တင်ပြနိုင်မှသာ နိုင်ငံသားအဖြစ် စဉ်းစားပေးသည်။ ထိုအချက်မှာ ရိုဟင်ဂျာ အများစုအဖို့ အခက်အခဲကြီး တစ်ရပ်ဖြစ်နေသည်။
အစိုးရ နှင့် ဗမာလူမျိုး အသိုင်းအ၀ိုင်းတို့က ရိုဟင်ဂျာတို့ကို (ယခု) ဘင်္ဂလားဒေ့ရှ်ဖက်မှ တရားမ၀င်လာရောက် အခြေချနေထိုင်သူများ အဖြစ် ပြောင်ပြောင်တင်းတင်း သတ်မှတ်ကြသည်။ ၄င်းတို့သတ်မှတ်သော တိုင်းရင်းသားမျိုးနွယ်များထဲ မပါဝင်သောကြောင့် နိုင်ငံသား အဖြစ် အသိအမှတ်ပြုရန် ငြင်းဆိုကြသည်။ ရိုဟင်ဂျာ ဟုအမည်တွင်သူများကို အစိုးရကလည်း ဘင်္ဂါလီ (ဘင်္ဂလားဒေ့ရှ်နိုင်ငံသား)ဟု တရားဝင် သုံးနှုန်းဖော်ပြကြပြီး၊ သေးသိမ်အောင်ချိုးနှိမ်သည့်အားဖြင့် “ ကုလား ” ဟုလည်း ခေါ်ဆိုကြသည်။
ချိုးနှိမ်ခွဲခြားမှုများ အဆုံးသတ်စေရေးအလို့ငှာ ၁၉၈၂ နိုင်ငံသားဥပဒေအား အရေးပေါ်ပြင်ဆင်အပ်ကြောင်း၊ ရိုဟင်ဂျာ ကလေးငယ်များမှာ နိုင်ငံသားဖြစ်ခွင့်ရှိကြောင်း၊ သို့မဟုတ်ပါက ၄င်းတို့အဖို့ ခိုလှုံနေထိုင်ရာနိုင်ငံမရှိကြောင်း HRW  မှ မြန်မာနိုင်ငံအစိုးရကို ပြောဆိုတိုက်တွန်းခဲ့သည်။
“ ရခိုင်ပြည်နယ်က လူသားမဆန်စွာကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို စုံစမ်းစစ်ဆေးဖို့၊ ဒုက္ခသည်တွေကို ပြန်လည်နေရာချ စီစဉ်ပေးနိုင်ဖို့ မြန်မာနိုင်ငံအနေနဲ့ လွတ်လပ်သော နိုင်ငံတကာကော်မရှင်တစ်ရပ်ကို လက်ခံသင့်ပါတယ်။  မြန်မာနိုင်ငံအတွက် လှူဒါန်းသူများကလည်း ရိုဟင်ဂျာတွေရဲ့ အဖြစ်ဆိုးအပေါ် သဘောပေါက်ထားဖို့ လိုအပ်ပါတယ်။ ထို့အတူ မြန်မာအစိုးရအနေနဲ့ ရှုတ်ချစော်ကားမှုတွေကို ချက်ခြင်းရပ်တန့်လိုက်ဖို့၊ ဖယ်ရှားခံရတဲ့ မွတ်စ်လင်မ်တွေကို ဘေးကင်းစွာ ပြန်လည်ပို့ဆောင်ပေးဖို့၊ ရခိုင်ပြည်နယ်အတွင်းက အကြမ်းဖက်လုပ်ရပ်ဆိုးများကို အဆုံးသတ်လိုက်ဖို့ တောင်းဆိုရမှာဖြစ်တယ် ” ဟု ရောဘတ်ဆင် ကပြောကြားလိုက်ပါသည်။
http://www.hrw.org/news/2013/04/22/burma-end-ethnic-cleansing-rohingya-muslims တွင် ဖော်ပြထားသည့် ကြေငြာချက်ကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။

မြေပုံမြို့တွင် ရိုပာင်ဂျာ ပပျောက်ရေးကော်မတီဖွဲ့

မြေပုံမြို့တွင် ရိုပာင်ဂျာ ပပျောက်ရေးကော်မတီဖွဲ့

မြေပုံမြို့တွင် ရိုပာင်ဂျာ ပပျောက်ရေးကော်မတီဖွဲ့

၁၇ မတ်လ ၂၀၁၃
ရန်ကုန်၊ မတ် ၁၅
MMM

မြေပုံမြို့နယ်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုပြီးပါက ရိုဟင်ဂျာအမြစ်ပြတ်ချေမှုန်းမယ်ဆိုတဲ့ ဆန့်ကျင်ရေး ပြုလုပ်မယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။
ဒီနေ့တောင် ကျောင်းဘုန်းကြီးကျောင်းမှာ အစည်းအဝေးလုပ်တယ်။ မြေပုံမှာ ရိုဟင်ဂျာအမြစ်ဖြတ်ချေမှုန်းမယ် ဆိုပြီး အစည်းအဝေးလုပ်တာ။ ဆယ်တန်းစာမေးပွဲပြီးရင် အစီအစဉ်စမယ်လို့ ကြားတယ် ဟု မြေပုံဒေသခံတစ်ဦးက ဆိုပါတယ်။
မြေပုံမြို့နယ်မှာ ရိုဟင်ဂျာပပျောက်ရေးကော်မတီကို တောင်ကျောင်းဘုန်းတော်ကြီးက ဦးဆောင်ပြီး မတ်လ (၄ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ ရိုဟင်ဂျာတွေကို မြေပုံမြို့မှ ပပျောက်ရေး၊ ရိုဟင်ဂျာတွေကို အစားအသောက် ကုန်ပစ္စည်းမရောင်းချရေး စတာတွေကို အဆိုပါကော်မတီက အဓိကထားလုပ်ဆောင်မယ်လို့ သိရပါတယ်။ ရိုဟင်ဂျာတွေကို အကူအညီပေးတဲ့ ရခိုင်တွေရော၊ စစ်တပ်ရော၊ ရဲတွေကိုပါ အရေးယူ ချေမှုန်းသွားမယ်လို့  အဆိုပါကော်မတီက ဆိုပါတယ်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေပြီးဆုံးပါက ရိုဟင်ဂျာအမြစ်ပြတ် ချေမှုန်းရေး အစီအစဉ်ကို စတင်မယ်လို့ ဒေသခံတွေထံက သိရပါတယ်။ အဆိုပါအစီအစဉ်ကို မြေပုံမြို့ တစ်မြို့နယ်လုံးအတိုင်းအတာနဲ့ လုပ်ဆောင်မယ် လို့လည်း သိရပါတယ်။ မြေပုံမြို့ပေါ် လူတွေသာမက မြေပုံအပိုင် ကျေးရွာအားလုံးပါဝင်ရမယ်လို့ သိရပါတယ်။
စစ်တပ်ကတော့ သူတို့ ဒီနေ့လုပ်တဲ့ အစည်းအဝေးမှာ သွားတားသေးတယ်။ ဒါပေမယ့် မရဘူး။ ဗိုလ်ကြီးကတော့ ကျွန်တော်တို့ကို သတိဝီရိယနဲ့နေဖို့ သတိပေးထားတယ် လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။ ရိုဟင်ဂျာတွေနေနဲ့တော့ မိမိတို့လုံခြုံရေးအတွက် တက္ကသိုလ်ဝင်တန်း ဖြေဆိုပြီးနောက်ပိုင်းမှာ အသွားအလာ ဆင်ခြင်မယ်လို့ဆိုပါတယ်။ စစ်တပ်အနေနဲ့တော့ ရိုဟင်ဂျာတွေကို သတ်မှတ်နေရာအတွင်းမှာ နေရန်နှင့် တပ်က အပြင်ပိုင်းကို ၀န်းရံပေးမယ်လို့ သိရပါတယ်။
ရိုဟင်ဂျာတွေအနေနဲ့လည်း မိမိတို့လုံခြုံရေးအတွက် စခန်းတွင်း ကင်းချတာတွေ ပြုလုပ်မယ်လို့ ဆိုပါတယ်။ ကလေးသူငယ်တွေကိုတော့ လုံခြုံတဲ့နေရာမှာ ရွှေ့ထားမယ်လို့ သိရပါတယ်။
မြေပုံမြို့နေ ရိုဟင်ဂျာ ဒုက္ခသည်တွေ စိုးရိမ် ရတဲ့ အနေအထားမှာ ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ရိုဟင်ဂျာပပျောက်ရေး ကော်မတီက ရိုဟင်ဂျာအရေးအတွက် ထုတ်ပြန်ထားတဲ့ စာတွေလည်း ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် မြေပုံမြို့နေ ရိုဟင်ဂျာတွေအပေါ် ခြိမ်းခြောက်မှုတွေ ပြုလုပ်နေပါတယ်။
မြေပုံမှာ WFP ကပေးတဲ့ ဆန်ပဲရတယ်။ ချက်စားဖို့ ထင်းမရှိဘူး၊ ဟင်းစားမရှိဘူး။ ပိုက်ဆံပေးပေမယ့် ၀ယ်လို့မရဘူး။ အဲဒီတော့ သူတို့ဘယ်လိုလုပ်ပြီး ရှင်သန်မလဲလို့ စစ်တွေ ဒေသခံတစ်ဦးကဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ တရားဥပဒေ စိုးမိုးရေးဆိုတာ မရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။ အကြမ်းဖက် ဖြစ်ရပ်တွေ အပေါ် ရခိုင်ပြည်နယ် အစိုးရ၊ မြို့နယ် အာဏာပိုင်နဲ့ ဗဟိုအစိုးရတို့မှ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ခဲ့ခြင်းမရှိဘူးလို့ ဒေသခံတွေထံမှ သိရပါတယ်။
မြန်မာနိုင်ငံမှာ ရှိတဲ့ အုပ်ချုပ်သူတွေဟာ ကိုယ်ချင်းစာတရား၊ ကြင်နာတရားနည်းပါးတာ လူကိုလူလို့မမြင်တာ တွေဟာ ကမ္ဘာ့အလယ်မှာ အရှက်ရစရာပါ။ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်မှာ တာဝန်အပြည့်ရှိပါတယ်။ ဒီလူတွေ တစ်ခုခုဖြစ်ခဲ့ရင် တာဝန်ရှိသူတွေရဲ့ အပြစ်သာဖြစ်ပါတယ်။ ဒီအပြစ်အတွက် ကမ္ဘာ့စစ်ခုံရုံးအထိ တင်ဖို့လည်း စဉ်းစားထားပါတယ် လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
ရိုဟင်ဂျာပပျောက်ရေး ကော်မတီတွင် အဖွဲ့ဝင်(၅၀)၀န်းကျင်ခန့်ရှိတယ်လို့ သိရပါတယ်။ တောင်ကျောင်း ဘုန်းကြီးကျောင်း၊ ကျောင်းထိုင်ဆရာတော်နဲ့ အောင်မင်္ဂလာ ဆရာတော်တို့က ဦးစီးဦးဆောင်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ခေါင်းဆောင်ပိုင်းပါဝင်တဲ့ လူအချို့ကတော့အောက်ပါ အတိုင်းပဲဖြစ်ပါတယ်။
(၁) မောင်ရီရှင်း                    (ဘ) မောင်ရှီထွန်း                 မြေပုံဈေးပိုင်းရပ်ကွက်
(၂) မောင်းချမ်းမြား              (ဘ) မောင်ရှီထွန်း                 သဲတန်းရပ်ကွက် မိသားစုထမင်းဆိုင်
(၃) ဦးအောင်သာစံ               (ဘ)                                       ဈေးပိုင်းရပ်ကွက် ၀ိုင်းဝိုင်းလည်းလည်ထမင်းဆိုင်
(၄) ဦးဥာဏ်ဝင်း                    (ဘ) မောင်ရှီထွန်း                 မြစံပယ်လ္ဘက်ရည်ဆိုင်
(၅) ဦးအောင်တန်း                                                                 တရုတ်တန်းရပ်ကွက် ကုန်စုံဆိုင်
(၆) ဦးမောင်စောမြား                                                            ဈေးပိုင်းရပ်ကွက် ဇွဲဝပ်ရှော့
(၇) ဦးတင်ထွန်း                     (ဘ) ဦးတင်အေး                   လှည်းတန်းရပ်ကွက် ကုန်စုံဆိုင်
(၈) ဦးဘစောမော်                                                                  အလယ်ပိုင်းရပ်ကွက်
(၉) ဦးကျော်သန်း                                                                  ရဲအငြိမ်းစား ဈေးပိုင်ရပ်ကွက် ဆေးဆိုင်
(၁၀) ဦးလှိုင်းဋ္ဌေး                                                                   တရုတ်တန်းရပ်ကွက် လျှပ်စစ်ပစ္စည်းဆိုင်
(၁၁) ဦးထွန်းအေး                                                                 တရုတ်တန်းရပ်ကွက် အင်ဂျင်စက်ပစ္စည်းဆိုင်

Source:Here

ဖိနိုပ်မှုများကြောင့် ရိုပာင်ဂျာများ ပြည်ပ ခိုးထွက်ရန် ကြိုးပမ်းမှုများ တိုးပွားလာနေ




ဖိနိုပ်မှုများကြောင့် ရိုပာင်ဂျာများ ပြည်ပ ခိုးထွက်ရန် ကြိုးပမ်းမှုများ တိုးပွားလာနေ


MMM
သတင်း – မိုးကြယ်စင်
ရန်ကုန်၊မတ် ၇
ရခိုင်ပြည်နယ်အတွင်းက ဖိနိုပ်ခံ ရိုဟင်ဂျာတွေကို မလေးရှားနိုင်ငံဘက် ထွက်ပြေးဖို့အတွက် န.စ.က တွေနဲ့ ပွဲစားအချို့ပေါင်းပြီး တုံကင်ရောင်းတာတွေ၊ စက်လှေစီစဉ်ပေးတာတွေ ပြုလုပ်ပေးနေတယ်လို့ဒေသခံတွေက myanmarmuslim.net သို့ပြောကြားခဲ့ပါတယ်။
“နှစ်ရက်နေ့က ဒိတ်နဲ့သုံးစီးထွက်သွားတယ်။ လူခြောက်ယောက်လောက် ပါသွားတယ်။ န.စ.ကရယ်၊ ပွဲစားတွေရယ်ပေါင်းပြီး လုပ်နေတာ” လို့စစ်တွေမြို့မှ ရိုပာင်ဂျာဒေသ ခံတစ်ဦးကဆိုပါတယ်။
န.စ.က နဲ့ ပွဲစားတွေပေါင်းပြီး ဒေသခံ ရိုဟင်ဂျာတွေကို မလေးရှားနိုင်ငံကို ထွက်ပြေးဖို့ စီစဉ်ပေးနေတယ်လို့ သိရပါတယ်။ ဒီလိုထွက်ပြေးမှုဟာ အာမခံချက် မရှိပဲစိုးရိမ်စရာ အခြေအနေတစ်ရပ် ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ဒီလိုထွက်ပြေးဖို့ စီစဉ်ပေးတာတွေကြောင့် ရိုဟင်ဂျာ လူမျိုးပျောက်မှာတောင် စိုးရိမ် ရတယ်လို့ ဆိုပါတယ်။
ပွဲစားတွေအနေနဲ့ မော်တော်တစ်စီးကို ငွေကျပ်သုံးသိန်းဆယ် န.စ.က တွေကိုပေးသွင်းရပါတယ်။ မလေးသွားလိုတဲ့ ရိုဟင်ဂျာတွေကို ပွဲစားတွေကို တစ်ယောက်ကို ငါးသိန်းဝန်းကျင် ကောက်ခံပါတယ်။ ဆယ်နှစ်အောက် ကလေးငယ်တွေကိုတော့ ကျပ်နှစ် သိန်းခွဲ ကောက်ခံပါတယ်။ မော်တော်ပေါ် တက်ရောက်ဖို့ တုံကင်ကိုတော့ န.စ.က တွေက တုံကင်တစ်ခုကို ကျပ်နှစ်သောင်းခွဲကောက်ခံ တယ်လို့သိရပါတယ်။
မတ်လ (၂) ရက်နေ့ကမလေးရှားနိုင်ငံကို ဒါးပိုင်ရှိ ဘောဂါဒီယားဆိပ်ကနေ မော်တော်သုံးစီးထွက်ခွာခဲ့ ပါတယ်။ အဆိုပါမော်တော် သုံးစီးတွင် အသက် ၂၅နှစ်ဝန်းကျင် အမျိုးသမီး ၄၅ယောက်၊ အသက်၁၉-၂၀ ၀န်းကျင် အမျိုးသမီး ၃၇ယောက်၊ ၅နှစ်အောက်ကလေးငယ် ၄၁ယောက်နဲ့ အမျိုးသားအယောက် ၄၀၀ ၀န်းကျင်ရှိတယ်လို့သိရပါတယ်။
အထက်ပါအတိုင်းပြည်ပ နိင်ငံခိုးထွက်ဖို့ အားပေးကူညီ လုပ်နေသူတွေပာာ ဒါးပိုင် နဲ့ ဆေးသမားအုပ်စု အခြေစိုက် န.စ.က တွေက အများဆုံးပဲ ဖြစ်တယ်လို့လည်း နယ်မြေကျွမ်းကျင်တဲ့ ရိုပာင်ဂျာ တစ်ဦးက စွပ်စွဲထားပါတယ်။
ရိုဟင်ဂျာတွေအနေနဲ့ ဇွန်လအရေးခင်းနောက်ပိုင်း တရားဝင်လုပ်ကိုင် စားသောက်လို့ မရတော့တဲ့ အခြေအနေ၊ အနေအစား ကျပ်တည်း လာမှုတွေကြောင့် မလေးရှာနိုင်ငံကို ထွက်ပြေးရခြင်း ဖြစ်တယ်လို့ ဒေသခံ တွေကဆိုပါတယ်။.
“အဓိက ကတော့ န.စ.ကန်ပွဲစားတွေကို အရေးမယူလို့ကတော့ ဒီအတိုင်းဖြစ်နေဦးမှာပဲ၊ ဒီလုပ်ရပ်ကြောင့် ကမ္ဘာအလယ်မှာ မြန်မာအရှက် ရစရာပဲဖြစ်မယ်။” လို့စစ်တွေဒေသခံ ရိုဟင်ဂျာတစ်ဦးက ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာရှိတဲ့ န.စ.က တွေဟာရိုဟင်ဂျာတွေ အပေါ် အဖက်ဖက်မှနှိပ်စက်မှုတွေ၊ ဖိနှပ်မှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ စစ်တွေဒေသခံတွေ အနေနဲ့ န.စ.က ကို လုံးဝအလိုမရှိဘူးလို့ သိရပါတယ်။
မြန်မာနိင်ငံမှာ ရိုပာင်ဂျာလူမျိုးတွေကို နည်းလမ်းမျိုးစုံနဲ့ ဖိနိုပ်ညှင်းပမ်းမှုတွေ ရှိနေတာကြောင့် ရခိုင်ပြည်နယ်ရှိ ရိုပာင်ဂျာလူမျိုးတွေပာာ မလေးရှား နိင်ငံနဲ့ ထိုင်းနိင်ငံ ဘက်ကို နှစ်စဉ်ထောင်ချီ ထွက်ပြေးမှုတွေ ရှိနေတယ်လို့လည်း ပြည်ပ သတင်းဌာန တွေရဲ့ ဖေါ်ပြချက်တွေ အရသိရပါတယ်။
ယမန်နှစ် အတွင်းဖြစ်ပွားခဲ့တဲ့ ရခိုင်(မောဂ်)-ရိုပာင်ဂျာ ပဋိပက္ခ မှာ ရိုပာင်ဂျာတွေရဲ့ ပျက်စီးဆုံးရှုံး မှုတွေပာာ တိုင်းရင်းသားအဖြစ် သတ်မှတ်ခံထားရတဲ့ ရခိုင်(မောဂ်)တွေထက် ၁၀ ဆကျော်ပိုမိုများပြားခဲ့ ပေမဲ့ထောက်ပံ မှုတွေကိုတော့ တန်းတူ မရရှိခဲ့ကြောင်းလည်း သိရပါတယ်။
ရခိုင်ပြည်နယ် ထောက်ပံမှုလို့ ခေါင်းစဉ်တပ်ထားတဲ့ ပြည်တွင်းလှုဒါန်းမှုတွေပာာ ရခိုင်(မောဂ်)တွေထံသာ အားလုံးနီးပါး ရောက်ရှိနေတာ ဖြစ်ပါတယ်။
ထောက်ပံမှုတွေကို ပဋိပက္ခဖြစ်ပွားရာ လူမျိုးစု ၂ခုလုံးကို ပေးအပ်မယ်လို့ ကြေညာခဲ့တဲ့ အိုအိုင်စီ အဖွဲ့ကို ဆန့်ကျင်တဲ့ အုံကြွမူတွေလည်း ယမန်နှစ် တော်သလင်းလမှာ အရှိန် အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။
အထက်ပါ ဖြစ်ရပ်တွေကြောင့် ရိုပာင်ဂျာတွေ အနေနဲ့ ပြည်ပနိုင်ငံ အချို့ထံ ထွက်ပြေးခိုလှုံမှုတွေ တိုးပွားလာရတာလို့လည်းသိရပါတယ်။

Source:HERE

ကိုယ့်လယ်ကိုပြန်ငှားစားနေရတဲ့ ဒေသခံ ရိုဟင်ဂျာတွေ


ကိုယ့်လယ်ကိုပြန်ငှားစားနေရတဲ့ ဒေသခံ ရိုဟင်ဂျာတွေ
MMM
ရန်ကုန်၊ ဖေဖော်ဝါရီ  ၁၉                                                                 ရှကီလားပာ်
စစ်တပ်ရင်းအချို့ ရိုဟင်ဂျာတွေရဲ့လယ်မြေတွေကို ဇွန်လအရေးခင်းမှာသိမ်းယူခဲ့ပြီးနောက်ပိုင်း မှာ
ဧကအလိုက်ပြန်လည်ငှားစားနေတယ်ကြောင့်ဒေသခံတွေဒုက္ခခံစားနေရတယ်လို့သိရပါတယ်။
စစ်တပ်ရင်း (၅၅၁) ၊ တပ်ရင်း (၅၆၄)၊ တပ်ရင်း(၅၅၂) ၊ တပ်ရင်း (၃၅၂) တို့က ဇွန်လအရေးခင်းမှာ မွတ်စလင်တွေရဲ့လယ်မြေ ဧကပေါင်း
(၅၄၀)ကိုသိမ်းယူခဲ့ပါတယ်လို့သိရပါတယ်။  အဆိုပါလယ်မြေများထဲမှ ဧက (၄၀)မှာ ဆူပူမှုမှာ စိုက်ပျိုးလို့မရအောင်ပျက်စီးသွားခဲ့တယ်လို့သိရပါတယ်။
သိမ်းဆည်းထားတဲ့လယ်မြေ များထဲမှ ဧက (၅၀၀)ကိုတစ်ဧက ကျပ်ခုနစ်သောင်းနဲ့ဒေသခံရိုဟင်ဂျာတွေကို ပြန်လည်ငှားစားနေပါတယ်။
    “ကိုယ့်လယ်ကိုပြန်ငှားစားနေရတယ်။ ဒီလိုမှမလုပ်ရင်လဲလုပ်စရာမရှိဘူး၊တနယ်နဲ့တစ်နယ်လဲကူးသန်း လို့မရတော့ပိုဆိုးတယ်”လို့မောင်တောဒေသခံတစ်ဦးကဆိုပါတယ်။
ဒီလအတွင်းမှာတော့ ပျက်စီးသွားတဲ့ လယ်မြေဧကပေါင်း (၄၀)ကျော်အတွက် မြေငှားခကို ဒေသခံတွေထံမှာ အဓမ္မ တောင်းယူနေတယ်လို့ဒေသခံတွေကဆိုပါတယ်။ အဆိုပါလယ်ဧကတွေမှာ သီးစားချလို့မရအောင် ပျက်စီးနေတဲ့လယ်မြေတွေဖြစ်ပါတယ်။အသုံးပြုလို့မရတဲ့လယ်မြေတွေအတွက်ပါ မြေငှားခတောင်းခံနေတာဟာ ဒေသခံရိုဟင်ဂျာတွေအပေါ်မတရားဖိနှိပ်မှုတွေပြုလုပ်တာဖြစ်တယ်လို့ဒေသခံ  တွေကဆိုပါတယ်။
မြေငှားခတွေကိုအတင်းအဓမ္မတောင်းခံနေယုံသာမက အဓမ္မလုပ်အားခိုင်းစေမှုတွေပါရှိတယ်လို့သိရပါ တယ်။ အဆိုပါတပ်ရင်း လေးခုမှ
နီးစပ်ရာဒေသခံရိုဟင်ဂျာကိုခေါ်ယူကာ အဓမ္မခိုင်းစေမှုတွေရှိပါတယ်။ တပ်ရင်း တစ်ခုမှာအနည်းဆုံး ရိုဟင်ဂျာဒေသခံ ၅ယောက်ကနေ
ဆယ်ယောက်အထိခေါ်ယူခိုင်းစေနေပါတယ်။ ရိုဟင်ဂျာဒေသခံတွေလုပ်ရတဲ့အလုပ်တွေကတော့ မြတ်၇ှင်း၊ ချုံခုတ်
ဝက်စာကျွေးရတာတွေဖြစ်ပါတယ်။ ပြင်ပလုပ်စရာမရှီရင်တော့ အိမ်သန့်ရှင်းရေးနဲ့ အ၀တ်လျှော်စတာတွေလုပ်ကိုင်ရတယ်လို့ဒေသခံတွေက ဆိုပါတယ်။
ခိုင်းတဲ့အလုပ်ကိုငြင်းဆန်ရင်တော့ ရိုက်နှက်ညှင်းစဲတာတွေပြုလုပ်တယ်လို့သိရပါတယ်။ ဒါ့အပြင် တပ်ရင်းတစ်ခုမှာ သက်မှတ်ထားတဲ့ လူဦးရေမပြည့်ရင်လည်း ဒေသခံတွေက အဆိုပါတပ်ရင်းကို လျော်ကြေးငွေ ပြန်လည်ပေးဆောင်ရတယ်လို့လည်းဆိုပါတယ် ။
လူတစ်ဦးအတွက်လျော်ကြေးငွေကို ကျပ်သုံးထောင် သက်မှတ်ထားပြီး ပျက်ကွက်တဲ့လူဦးရေအလိုက် လျော်ကြေးငွေပေးဆောင်ရတယ်လို့သိရပါတယ်။
“တပ်ရင်းတစ်ခုကို လူဆယ်ယောက်ဆိုတော့ လူတစ်ယောက်သုံးထောင်နဲ့ ဆယ်ယောက်စာ သုံးသောင်းကို ကျေးရွာက စိုက်လျော်ပေးရတယ်လေ၊ဒါကဒီမှာနေ့စဉ်နဲ့အမျှရှိနေတဲ့ပြဿနာပါ ၊ဒီပြဿနာနဲ့ ပတ်သက်ပြီး ILO ကိုဖုန်းဆက်တိုင်ကြားဖူးပါတယ်။ဒီမှာကတနယ်နဲ့တနယ်ကူးလို့မရတော့ဒေသခံတွေစုပြီး ဖုန်းနဲ့တိုင်ကြားတာပါ။ ILO က ပြန်အကြောင်းကြားပေးမယ်ဆိုပြီး
ခုထိပြန်မဆက်သွယ်သေးပါဘူး” လို့ဒေသခံရိုဟင်ဂျာတစ်ဦးကဆိုပါတယ်။

ကော်မရှင် သုတေသန အဖွဲ့ ရိုပာင်ဂျာ တို့အား မမှန်မကန်လုပ်နေပာု စွပ်စွဲခံရ


ကော်မရှင် သုတေသန အဖွဲ့ ရိုပာင်ဂျာ တို့အား မမှန်မကန်လုပ်နေပာု စွပ်စွဲခံရ

ကော်မရှင် သုတေသန အဖွဲ့ ရိုပာင်ဂျာ တို့အား မမှန်မကန်လုပ်နေပာု စွပ်စွဲခံရ

 ၂၆ ဖေဖော်ဝါရီလ ၂၀၁၃
MMM
ကော်မရှင် သုတေသန အဖွဲ့ ရိုပာင်ဂျာ တို့အား မမှန်မကန်လုပ်နေပာု စွပ်စွဲခံရ
SK
ဖေဖေါ်ဝါရီ ၂၅
ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်က စေလွှတ်သည့် ကော်မရှင်  သုတေသန အဖွဲ့ တစ်ခုသည် ရိုဟင်ဂျာတို့၏ ဖြေကြားချက်များကို မဟုတ်မမှန် ရေးသွင်းကြသည်ဟု မင်းပြားမြို့နယ် သရက်အုပ် ကျေးရွာမှ ရိုဟင်ဂျာတစ်ဦးက ပြောသည်။
မြန်မာစာမှာ ဗျည်း ဘယ်နှစ်လုံးရှိသလဲလို့မေးတာကို ကျွန်တော်ကလည်း ၃၃ လုံးလို့ဖြေပါတယ်။ အဲဒါကို အဖွဲ့ခေါင်းဆောင် ဦးအောင်ထွန်းဆိုတဲ့သူက ၂၃ လုံးလို့ သူ့စာအုပ်မှာ စာရင်းသွင်းလိုက်တယ်″ဟု သရက်အုပ်ကျေးရွာမှ ရိုဟင်ဂျာတစ်ဦးက ကိုယ်တွေ့ဖြစ်ရပ်က myanmarmuslim.net  သို့ ပြောသည်။
ရခိုင်ပြည်နယ် ပဋိပက္ခ စုံစမ်းရေးကော်မရှင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာကျော်ရင်လှိုင်စီစဉ်သည့် အဖွဲ့ဝင် ၅ ဦးပါ သုတေသန အဖွဲ့တစ်ဖွဲ့သည် ယခုလ ၂၃ ရက်နေ့တွင် မင်းပြားမြို့နယ် သရက်အုပ်ကျေးရှိ ရိုဟင်ဂျာ ၉ဦးအား သုတေသနအတွက် မေးခွန်းများမေးမြန်းရာတွင် အထက်ပါဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
မသိနားမလည်တဲ့လူတွေကိုပဲ အဓိကထား ရွေးပြီးမေးတယ်။ ခိုးဝင်လာတာ မဟုတ်လားလို့မေးတယ်။ နိုင်ငံသားလိုချင်လားလို့လည်း မေးတယ်ဟု မေးမြန်းခံရသည့် ရိုဟင်ဂျာတစ်ဦးက ပြောသည်။
ကော်မရှင်သုတေသနအဖွဲ့သည် ရိုဟင်ဂျာတို့အား ပညာအရည်အချင်း၊ ကိုးကွယ်သည့်ဘာသာ၊ နိုင်ငံသား ဟုတ် မဟုတ်၊ နိုင်ငံတော်အလံအား အလေးပြုမပြု ရခိုင်(မောဂ်)တို့နှင့် အိမ်ထောင်ပြုခွင့်ရှိမရှိ စသည့် အချက်များကို မေးမြန်းခဲ့သည်ဟု သိရသည်။
ဒီနိုင်ငံသားလားလို့ မေးတော့ မိဘဘိုးဘွားအစဉ်ဆက် နေလာခဲ့တာလို့ ဖြေလိုက်တယ်။ နှစ်ဘက်ပြဿနာ ဖြစ်တာကို သိလားလို့ မေးတော့ မင်းပြားမှာတော့ မွတ်စလင်မ် တွေခံရတာချည်းပဲ ရခိုင်ရွာ ဘယ်နှစ်ရွာ မီးရှို့ခံရလို့လဲ လို့ပဲဖြေလိုက်တယ် ဟု ရိုဟင်ဂျာတစ်ဦးက ဆက်လက်ပြောကြားသည်။
ကော်မရှင်အဖွဲ့က သုတေသနအတွက် စေလွှတ်သည့် သုတေသန အဖွဲ့ဟုဆိုသော်လည်း ခိုးဝင်လာတာ မဟုတ်လားဟု မေးမြန်းခြင်း၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးရမည်ဟု အမိန့်ပေးခြင်း၊ မကျေနပ်ရင် ကြိုက်တဲ့နေရာသွားတိုင်ဟူသော စကားရပ်များကို အဖွဲ့ခေါင်းဆောင်ဟုဆိုသူ ဦးအောင်ထွန်းက သရက်အုပ် ကျေးရွာသို့ ၀င်ရောက်မှတ်တမ်းယူခဲ့သည်။ ယခုလ ၂၃ ရက်နေ့တွင် ပြောကြားခဲ့သည်ဟုလည်း သိရသည်။
သရက်အုပ်ကျေးရွာသို့ ကော်မရှင် သုတေသနအဖွဲ့ဝင် ၅ ဦးဖြစ်သည့် ဦးအောင်ထွန်း၊ ဦးမြတ်ကိုကိုသိန်း၊ ဦးကျော်မင်းလွင်၊ ဒေါ်ခင်ပြည့်စုံ၊ ဒေါ်အေးသန္တာလွင်တို့က ယခုလ ၂၃ ရက်နေ့ နံနက် ၉းနာရီမှ ၁၂ နာရီအထိ သရက်အုပ်ကျေးရွာရှိ ရိုဟင်ဂျာ ၉ ဦးအား မေးမြန်းမှတ်တမ်းတင်မှုများ ပြုလုပ်ခဲ့သည်။
⬆
Top